ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, January 20, 2016

ဒိဋ္ဌိ ရှိနေလျှင် မဂ်ဖိုလ် မရနိုင်


 ဝေဒနာပေါ်မှန်းသိတော့မှ ပျက်မှန်းလဲသိတယ်။ ဝေဒနာပေါ်တာရော
ပျောက်တာရော ပုဂ္ဂိုလ်သတ္တ၀ါ မဟုတ်၊ ဝေဒနာက္ခန္ဓာတွေသာဖြစ်တယ်။
အဲ့လိုဥာဏ်ရောက်သွားတော့ သက္ကာယဒိဋ္ဌိပြုတ်တယ်။


ဒုက္ခပျက်လိုက် သုခ အစားထိုးလိုက၊် သုခပျက်လိုက် ဥပေက္ခာ အစားထိုး
လိုက်ဆိုတာ သိလာရင် မခိုင်မြဲဘူးဆိုတာ ပေါ်လာတယ်။
ဝေဒနာနဲ့တရားနာနေတယ်လို့သိရင် သက္ကာယဒိဋ္ဌိပြုတ်ပြီ။
တစ်ခုသောဝေဒနာလေးပျက်သွားတာသိရင် သဿတ ဒိဋ္ဌိပြုတ်တယ်။
နောက်ဝေဒနာလေး အစားထိုးတာသိရင် ဥစ္ဆေဒ ဒိဋ္ဌိပြုတ်တယ်။
သဿတရယ်၊ဥစ္ဆေဒရယ်၊ သက္ကာယရယ်၊ ဒီ ၃ - ခု မပြုတ်ရင်
မဂ်ဖိုလ် မရဘူး။ သူတို့က တားတယ်။
(က)သုခဝေဒနာလေး ချုပ်သွားတာမြင်လို့ရှိရင် သဿတပြုတ်။
(ခ)ဒုက္ခဝေဒနာ အစားထိုးတာမြင်လို့ရှိရင် ဥစ္ဆေဒ ပြုတ်။
 ဝေဒနာက္ခန္ဓာကြီးနဲ့ တရားနာနေတယ်ဆိုတာမသိတော့
ဝေဒနာ ပစ္စယာ တဏှာ လာတယ်။ တဏှာပစ္စယာ ဥပါဒါန။
ဥပါဒါန ပစ္စယာ ကမ္မဘ၀    အဲ့ဒီလို ပဋိစ္စသမုပ္ပါဒ်တွေ တန်းကုန်ရော။



(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)



*****တတိယမြောက်သမီးတော်*****

0 comment: