ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Friday, January 8, 2016

အနာမရှိသောလက် အဆိပ်မတက်


ကုက္ကုဋမိတ္တမုဆိုးကြီး၏ ဇနီးသည် အိမ်ရှင်မကောင်းပီသ၏။
သောတာပန် တည်ပြီးသူလည်းဖြစ်သည်။ မုဆိုးကြီးက
သားကောင် ငှက်ကောင်တို့ကိုထောင်၍ ကျွေး၏။


မုဆိုးကြီးတောလည်ထွက်ခါနီးတွင် ဇနီးက လေးယူပေးရ။
မြှားယူပေးရ။ ဓား ယူပေးရ။ ကျော့ကွင်းတွေ ယူပေးရ။ စတဲ့
အလုပ်တွေ လုပ်ကိုင်ပေးရသည်။ဤ ကိစ္စ၌ သောတာပန်မှာ
အပြစ် မရှိဘူးလား  ..ဟု စောဒကတက်ကြ၏။ အဖြေကတော့
 အပြစ်မရှိပါ..တဲ့။
အဘယ်ကြောင့် ဆိုသော် အိမ်သူမတို့၏ ၀တ္တရား အရ ပြုလုပ်
ပေးခြင်းသာဖြစ်၏။ သားငှက်တိရစ္ဆာတွေ သေစေလိုသော
စိတ်ထား သူမ မှာ မရှိပါ တဲ့။ ဥပမာနဲ့ ပြောရလျှင်
“ အနာမရှိသောလက် အဆိပ်မတက် သကဲ့သို့..” ဖြစ်တော့သည်။



(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)





*****တတိယမြောက်သမီးတော်*****

0 comment: