ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, January 9, 2016

ဒုဗ္ဗလ၀ိပဿနာ ဖြစ်နေလျှင်


“၀ိပဿနာ- ၀ိပဿနာ” နဲ့ လူပြောများလို့ “ကဲ..ငါလည်း
စမ်းကြည့်အုံးမယ်” ဆိုတဲ့အနေနဲ့ ထပြီး ကြိုးစားတိုင်း ထမြောက်
အောင်မြင်သည်ကား မဟုတ်ချေ။ စနစ်ကျမှ အောင်မြင်နိုင်မည်။
သို့ဖြစ်လျှင် စနစ်ကျအောင် မည်သို့ ရွက်ဆောင်ရမည်နည်း။


ဝိပဿနာ အလုပ် မလုပ်ခင် ရှေ့ဘက်က အဟန့်အတား အနှောက်
အယှက်တို့ကို ရှေးဦးစွာ ဖယ်ရှားရသေးသည်။ ဖယ်ရှားပါဦး။
အဟန့်အတား အနှောက်အယှက်တို့ဆိုသည်ကား ဒိဋ္ဌိနှင့် ၀ီစိကိစ္ဆာတို့
ပင် ဖြစ်၏။ ဒိဋ္ဌိနှင့်ဝီစိကိစ္ဆာတို့ကို ရှေးဦးစွာ အသိဥာဏ်ဖြင့် ခွာပါဦး။
(မဂ် ဥာဏ်ဖြင့် ပယ်ခွာသည်ကို မဆိုလို။ ဥာတ ပရိညာ ဆိုတဲ့ အသိဥာဏ်
သဘောအားဖြင့် ခွာပါဦး -ဟု ဆိုလိုသည်။)

ထိုသို့ မခွာပဲ အလုပ်လုပ်နေလျှင် ယင်းဝိပဿနာသည် ဒုဗ္ဗလ၀ိပဿနာ
ဖြစ်နေ၏။ အားနည်းတဲ့ ၀ိပဿနာ၊ အင်အားချည့်နဲ့တဲ့ ၀ိပဿနာ ဖြစ်
နေ၏။  ဟု ဆိုလိုသည်။ ဒုဗ္ဗလ၀ိပဿနာ ဖြစ်နေခဲ့လို့ရှိရင် ထမြောက်
အောင်မြင်မှု မရနိုင်တော့ချေ။



(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)




*****တတိယမြောက်သမီးတော်*****

0 comment: