ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, January 9, 2016

တယ်..သတ္တိကောင်းပါလား


ဘုန်းတော်ကြီး ဦးလောကနာထသည် မြင်းခြံမြို့ စွန်းလွန်းဆရာတော်
ဘုရားကြီးကို ပရိယာယ်ဖြင့် လျှောက်ထားဖူးသည်။

“အရှင်ဘုရား..တပည့်တော်က ဘုရားဆုပန်ထားပါတယ်။
ဆုကြီးပန်ပါ၊ ဒီတော့ နောင်ဘ၀တွေမှာ အရှင်ဘုရားနဲ့
တပည့်တော် နဲ့ တွေ့နိုင်ခွင့်ရှိပါသေးသလား..”

ထိုအခါ စွန်းလွန်းဆရာတော်ဘုရားကြီးက ပြုံးယောင်ယောင်ဖြင့်
ဖြေတော်မူပါသတဲ့။ အဖြေကလည်း အလွန်သိမ်မွေ့ညက်ညောလှပါတယ်။
“ အင်း..ခင်ဗျားက တယ် သတ္တိကောင်းတဲ့ပုဂ္ဂိုလ်ပဲ၊ ကြည်ညိုပါရဲ့၊
ကျုပ်တို့တော့ ခင်ဗျားလောက် သတ္တိမကောင်းနိုင်ဘူးဗျား။..”

ဆရာတော်ဘုရားကြီး၏ အဖြေမှာ ပြည့်စုံပါသည်။



(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)

 

                  
*****တတိယမြောက်သမီးတော်****

0 comment: