ဗေဒင်ဆိုတာ
လောကီ ပညာရပ်တစ်ခုဖြစ်ပါတယ်။
သူ့နေရာနဲ့
သူတော့ အသုံးဝင်နေကြတာလည်း အမှန်ပါပဲ။
လောကီ အရေးကိစ္စဆိုတာ
အတိအကျ အမှန်ပြောလို့မရ
ပြောင်းလဲမှုတွေလည်းရှိတတ်တော့
အကြွင်းမဲ့ယုံကြည်ဖို့တော့
မဖြစ်သင့်ဘူးပေါ့။
အခါတစ်ပါး
မြတ်စွာဘုရားထံကို လူတစ်ယောက်ရောက်လာပြီး
လျှောက်ထားခဲ့ဖူးပါတယ်။
ဗေဒင်ဆရာက နောက်တစ်လနေရင် သေမယ်လို့
ဟောကိန်းထုတ်တာကြောင့်
၊ ဟုတ်မဟုတ် ဘုရားရှင်ကိုလျှောက်ထားရာမှာ
ဘုရားရှင်ကလည်း
ဟုတ်တယ် သေမယ်လို့ပဲ ဗေဒင်ဆရာပြောတဲ့စကားကို
ထောက်ခံပြီး
မိန့်တော်မူပါတယ်။ အဲ့ဒီလူဟာ သေရမယ်ဆိုတာ သိပြီးတော့
အိမ်ပြန်ရောက်တာနဲ့
ဒါနမှု သီလမှုတွေ ဆောက်တည် ကျင့်သုံးပါတော့တယ်။
တစ်လပြည့်တော့
အဲ့ဒီလူ မသေပါဘူး။ မသေတဲ့အတွက် ဘုရားရှင်ရှိရာကို
ပြန်လာပြီး
မသေတဲ့အကြောင်းကိုလျှောက်ထားတော့… မြတ်စွာဘုရားက
သေမယ်ဆိုတာ
သိရပြီးတော့ ဘာတွေလုပ်ခဲ့သလဲလို့မေးပါတယ်။
သေမယ်ဆိုတာသိရတော့
မသေခင်မှာ ကုသိုလ်လေးပါသွားအောင်
ဒါနမှု သီလမှုတွေလုပ်ခဲ့ပါတယ်လို့
လျှောက်ပါတယ်။ ဒါန သီလ ဆိုတာ
ကံကို ဆက်ပေးတဲ့အလုပ်ပါ
ဒါကြောင့် မသေတာလို့ မိန့်တော်မူခဲ့ပါတယ်။
အဲ့ဒီလူလည်း
အသက်ထက်ဆုံး ဒါနမှု သီလမှုတွေကိုကျင့်သုံး ဆောက်တည်ပါ
တယ်တဲ့။
ဒီတော့ ဗေဒင်
ပညာဟာ မှန်တယ်။ သို့ပေမယ့် အဲ့ဒီ ဗေဒင် ပညာကို
မှန်ကန်တဲ့
တန်ဖိုးရှိတဲ့ အသုံးချမှုကိုပြုလုပ်ဖို့တော့လိုပါတယ်။
ဥပမာ- မိမိ
မိသားစု အတွက်ကို ဘာမှ အထွေအထူးအကြောင်းမရှိပဲ
ကြုံလို့ပဲဖြစ်ဖြစ်
တမင်တကာပဲဖြစ်ဖြစ် ဗေဒင်မေးလိုက်တဲ့အခါ ဗေဒင်
ဆရာက လမ်းခရီးမှာ
တစ်ခုခုဖြစ်မယ်လို့ ဟောလိုက်တာများရှိရင်
အခါတိုင်းလို
ပေါ့ပေါ့ဆဆ မသွားပဲ ဘုရားဂုဏ်တော်လေးပွားများ၊
တရားဂုဏ်တော်လေးပွားများပြီး
သတိဝီရိယနဲ့ သွားဖြစ်ကြပါတယ်။
များသောအားဖြင့်လူတွေဟာ
ခပ်ပေါ့ပေါ့နေတတ်ကြတယ်။
ပေါ့ပေါ့ဆဆနေလို့
မဖြစ်သင့်တာဖြစ်ကြရတယ်။ မမှားသင့်တာ
မှားသွားကြတယ်။
ဗေဒင်ဆရာရဲ့ အမှာစကားကြောင့် ဆင်ခြင်ပြီးသတိလေး
နဲ့နေသွားတော့
အန္တရာယ်ကင်းကြရတာတွေကလည်း မနည်းလှပါဘူး။
ဗေဒင်ဆိုတာ
ကိုးကွယ်ရမယ့်ပညာမဟုတ်ပဲ အသုံးချရမယ့်ပညာ
တစ်ခုဖြစ်တယ်ဆိုတာကို
မမေ့သင့်ပါဘူး။အလွန်အကျွံယုံကြည်ခြင်းက
မိမိ သူတစ်ပါးကို
အကျိုးမဲ့ဖြစ်စေတတ်ပါတယ်။ အသုံးချပညာရပ်အနေနဲ့
လေးလေးစားစား
သုံးဆောင်တတ်ရင် အကျိုးရှိစေမှာဖြစ်ပါတယ်။
ဥပမာ-နာမကျန်းဖြစ်နေတဲ့သူအတွက်
ညောင်ထောက်ပါလို့ ဗေဒင်ဆရာက
ဟောခဲ့ရင်
ညောင်ထောက်ခြင်းရဲ့အကျိုးသက်ရောက်မှုကိုမိမိ ဥာဏ်နဲ့
ပိုင်းခြားပြီး
ဆင်ခြင်ဖို့တော့လိုပါတယ်။ ညောင်ထောက်မယ့်အစား
ညောင်ပင်အောက်ကိုသန့်ရှင်းရေးလုပ်ပေးခြင်း
ညောင်ပင်အောက်မှာ
ထိုင်စရာနေရာ
ပြုလုပ်ခြင်း၊ ညောင်ပင်အောက်မှာ ခရီးသွားသူများ
အမောပြေ အပန်းပြေ
သောက်သုံးဖို့ ရေချမ်းစင်ထားပေးခြင်း စသဖြင့်
ကုသိုလ်ကောင်းမှုကို
အတင့်အသင့်သော နှလုံးသွင်းမှုနဲ့ လုပ်ဆောင်ခဲ့ရင်
စစ်မှန်တဲ့
အကျိုးသက်ရောက်တော့ရှိလာမှာပါပဲ ။ဘာပဲ ဖြစ်ဖြစ် မဆင်မခြင်
ယုံမှတ်လိုက်တာမျိုးမဟုတ်ပဲ
မိမိဥာဏ်နဲ့ ပိုင်းခြားသုံးသပ် အကျိုးရှိအောင်
အသုံးချတတ်ရင်
တန်ဖိုးရှိတတ်စမြဲပါ။
ဗေဒင်ပညာဟာ
လိမ်စားနေတာပါ လို့ အလွယ်တကူ ဆုံးဖြတ်ချက်မပေးသင့်
ပါဘူး။ ပညာရပ်ကိုနာမည်တပ်ပြီး
လိမ်တတ်သူတွေကြောင့် လိမ်စားတဲ့ပညာလို့
သတ်မှတ်ခြင်းဟာ
တကယ်ပညာတတ်သူကိုပါ စော်ကားမိရာရောက်ပါတယ်။
မှန်ကန်တဲ့အချက်တွေလည်းရှိနေတာဖြစ်တဲ့အတွက်
လက်ခံသင့်တဲ့ အသုံးချ
ပညာရပ်တစ်ခုလို့မြင်မိပါတယ်။
သရဏဂုံ ပျက်လောက်အောင် ကိုးကွယ်
ယုံကြည်မှုမျိုးသာ
မဖြစ်သင့်တာပါ။ဗေဒင်ပညာကိုမတတ်ပဲ တတ်တယ်လို့
ထင်အောင်လိမ်စားတတ်သူတွေရှိသလို
အရိယာမဂ်ဖိုလ်ကိုမရပဲ ရတယ်လို့
လိမ်လည်တတ်သူများရှိတတ်တဲ့အတွက်
လိမ်တယ်ဆိုတာ နေရာတိုင်းမှာ
ရှိတတ်တာမျိုးမို့
အသိဥာဏ်ကြွယ်ကြွယ်ထားပြီးဥာဏ်ကျယ်ကျယ်နဲ့
သုံးသပ် ဆုံးဖြတ်ဖို့
လိုအပ်ပါတယ်။
ဗေဒင်ပညာဆိုတာ
မရှိတဲ့ပညာရပ်ကို နာမည်တပ်ပြီး လိမ်စားနေတဲ့
ပညာဖြစ်နိုင်ပါသလား။သမီးချော
မာဂဏ္ဍီအတွက် အိမ်ထောင်ဖက်
လိုက်ရှာရင်း
မြတ်စွာဘုရားရှင်ရဲ့ ခြေတော်ရာကိုကြည့်ကာ
ကိလေသာကင်းစင်သူဖြစ်ရမယ်လို့
တထစ်ချ ပြောနိုင်စွမ်းခြင်း
သည် လက္ခဏာဗေဒင်၏
အတတ်ပညာမဟုတ်ပါလား။
နောက်တစ်ခုက
အရိယာ သူတော်ကောင်းများဟာ
အရိယာဖြစ်သွားပြီဆိုရင်
ဗေဒင်လိုပညာရပ်တွေကိုယုံကြည်ကိုးစားပြီး
မမေးသင့်တော့ဘူး။မေးတယ်ဆိုရင်
အရိယာတို့ လုပ်အပ်တဲ့ လုပ်ရပ်
မဟုတ်ဘူးလို့
တစ်ထစ်ချ အစွန်းရောက်လာခြင်းတွေပဲဖြစ်ပါတယ်။
သောတာပန်
အရိယာဆိုတာ ဒိဋ္ဌိနဲ့ ၀ီစိကိစ္ဆာကိုသာ ပယ်သတ်ထားတာပါ။
ကိလေသာ ၂
ပါးသာပယ်သတ်ရသေးတဲ့ အရိယာတစ်ပါးဟာ
နိဗ္ဗာန်သွားတဲ့လမ်းကြောင်းကို
မမှားမယွင်းလမ်းပြနိုင်ပြီ မိမိကိုမိမိ
ငါလို့ထင်မြင်နေတဲ့
အယူအဆ အစွဲအလမ်း အကြွင်းမဲ့ပယ်သတ်ပြီး
ပြီ။ သို့သော်
အရာအားလုံးကို မိမိ အထင်နဲ့ တွေးမြင်ယူဆတိုင်း အတိအကျ
မှန်တယ်လို့
မဆုံးဖြတ် မသုံးသပ်စေချင်ပါ။ ဗေဒင်မေးတဲ့ပုဂ္ဂိုလ်တိုင်းကို ပုထုဇဉ်
လို့ ထင်မြင်သတ်မှတ်လိုက်ခြင်းဟာ
အရိယာကိုစွပ်စွဲသောကံတစ်ခု ကျူးလွန်
လိုက်ရာကျပါတယ်။အကြွင်းမဲ့ယုံကြည်ကိုးကွယ်ခြင်းမျိုး
မဟုတ်ရင် သရဏဂုံ
မပျက်သလို
မိမိသူတစ်ပါး ပျက်စီးစေလိုတဲ့ ဆန္ဒနဲ့လုပ်တာမဟုတ်ရင် အပြစ်
ကျူးလွန်နေတာ
မဟုတ်တဲ့အတွက် ဒါကို အပြစ်ကျူးလွန်တယ်လို့ ထင်မှတ်ခြင်းမျိုး
မဖြစ်သင့်ပါဘူး။
ဖြစ်နိုင်မဖြစ်နိုင်ကို မိမိရဲ့ ဥာဏ်ရည် နဲ့အရာရာ
တိုင်းတာဆုံးဖြတ်လို့
မရသေးပါဘူး။ တစ်ခါတစ်လေမှာ အရိယာပုဂ္ဂိုလ်ထက်
အကြားအမြင်များတဲ့
ပုထုဇဉ်က သာလွန်ပြီးဆုံးဖြတ်နိုင်စွမ်းရှိတယ်ဆိုတာကို
လည်း မမေ့သင့်ပါ။
သောတာပန်ဆိုတာ ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာ ဆိုတဲ့ကိလေသာ
၂ ပါးကိုသာပယ်သတ်ထားပြီးသူဖြစ်ပါတယ်။
လောကီ လောကုတ် ၂ ဖြာသော
ကိစ္စ အ၀၀ကို
ဆုံးဖြတ် သိနိုင်စွမ်းအောင်ပြည့်စုံပြီးသူမဟုတ်ပါ။ ငါ့ ခန္ဓာ မဟုတ်
မှန်းကို
ထင်ရှားသိမြင်သော ဒိဋ္ဌိစင်ကြယ်သူ ၊ နာမ်နှင့်ရုပ်သာ
ရှိသည်လို့
အကြွင်းမဲ့ယုံကြည်ပြီးသော
သံသယ ကင်းစင်သူသာဖြစ်ပါတယ်။ အကြားအမြင်
ဗဟုသုတများသော
ပုထုဇဉ်ဆရာများထံမှာ ပညာဗဟုသုတကို
ရှားမှီး
သင်ကြားနိုင်ရပါမယ်။ ပေါဋ္ဌိလ မထေရ်ဟာ ပိဋကတ်သုံးပုံကို
၇ ဆူသော ဘုရားရှင်များ ရဲ့ သာသနာမှာ အာဂုံဆောင်ခဲ့တဲ့
ပုဂ္ဂိုလ်ထူးပါ။
အရိယာ မဖြစ်ခဲ့ဘူး။
သို့သော် စာပေကျမ်းဂန်အရာ ပြည့်စုံထားသူဖြစ်ပါတယ်။
သောတာပန်ဟာ
ဆရာသမားရဲ့ အဆုံးအမ ကို တသွေမတိမ်း လိုက်နာကျင့်
ဆောင်လို့
ကိလေသာပယ်သတ်နိုင်ပြီးအရိယာဖြစ်ခဲ့ပေမယ့် စာပေကျမ်းဂန်ကို
ပြည့်စုံအောင်
မကျွမ်းကျင် မတတ်မြောက်သေးပါ။ ပုထုဇဉ်ဖြစ်သော်
လည်း အကြားအမြင်
ဗဟုသုတ များပြားပြည့်စုံသူကို ဆရာတင်ပြီး လေ့လာ
သင်ကြားမှတ်သားရအုံးမှာဖြစ်ပါတယ်။
မိမိဟာ အရိယာတစ်ပါးဖြစ်သွားလို့ ဆိုပြီး
ပုထုဇဉ် အကြားအမြင်များသူကို
ဆရာအဖြစ်လက်မခံတော့တာမျိုးဟာ
မဖြစ်သင့်တဲ့ကိစ္စပါ။
ဒါကြောင့်မိမိခန္ဓာကိုဥာဏ်ဖြင့်သိမြင်သော်လည်း
အစစ အရာရာကို
မိမိ အတွေး မိမိ အထင်ဖြင့် ပိုင်းခြားဆုံးဖြတ်နိုင်ခြင်းမှာ
မစွမ်းနိုင်သေးကြောင်းဆင်ခြင်သင့်ပါတယ်။သို့မှသာ
မိမိ၏ အထက်အထက်သော
အရိယာပုဂ္ဂိုလ်များကို
စွပ်စွဲမိသော အရိယူပ၀ါဒအန္တရာယ်မှ လွတ်ကင်း
ချမ်းသာကြရမှာဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က
အရိယာသူတော်ကောင်းတို့သည်
ရတနာသုံးပါးမှလွဲ၍
တခြားအား ကိုးကွယ်ရာဟူ၍ မဆည်းကပ်တော့ဟု
မိန့်တော်မူခဲ့ပါတယ်။
အရိယာတို့ရဲ့ စံနှုန်းကို မည်သည့် အကြောင်း
ကိစ္စမျိုးနဲ့မှ
နှိုင်းချိန်ဖေါ်ပြခဲ့ခြင်းမရှိပါဘူး။ အရိယာဆိုတာ ထိုင်တာ ထတာ
သွားတာ လာတာ
ပြောတာ ဆိုတာ လုပ်တာကိုင်တာ ဒါကတော့အရိယာ
မဟုတ်နိုင်ဘူး
စသဖြင့် လူတို့ကသာထင်မြင်ယူဆချက်ဖြင့်
အရိယာစံနှုန်းကို
မိမိလိုသလို တိုင်းတာပြီး အရိယာတို့၏ နယ်ပယ်ကို
ဘောင်ခတ်နေကြခြင်းသာရှိပါတယ်။
ဘုရားက ဟောခဲ့တယ်လို့
မည်သူမှ အထောက်အထားနဲ့
မပြနိုင်ကြပါဘူး။
ခြောက်ပစ်ကင်း
သဲလဲစင် ဣနြေ္ဒရှင်ကြီးတွေ အဖြစ် နေထိုင်သွား
မှသာ အရိယာလို့
သတ်မှတ်နိုင်တော့မယောင် အထင်ဖြင့်
ကန့်သတ်နေကြပြန်ပါတယ်။
အရိယာ ဟုတ်မဟုတ်ကို
စီစစ်ရန်
ပေးထားတဲ့အချက်အလက်တွေနဲ့ အပြင်ပန်းကြည့်ပြီး
ဝေဖန်သုံးသပ်နေကြခြင်းက
ရီစရာကောင်းလှပါတယ်။
မည်သည့် စာပေ
မည်သည့်တရားတော်မှာပဲဖြစ်ဖြစ်
မိမိကိုယ်မိမိ
အရိယာဖြစ် မဖြစ်ကို မိမိဘာသာဆန်းစစ်ရန်
နည်းလမ်းဖေါ်ပြခြင်းသာတွေ့ရပါတယ်။
တစ်ပါးသူကို အရိယာ
ဟုတ်မဟုတ်
ဆန်းစစ်ရန် အချက်အလက်ကို မည်သည့်
ရဟန္တာမှ
မဟောခဲ့သလို မည်သည့် ကျမ်းစာတွင်မှ မပါရှိပါ။
မိမိကိုမိမိ
ဆန်းစစ်ရမည့်အချက်အလက်တို့ကို ယူပြီး သူတစ်ပါးကို
စစ်ဆေးတိုင်းထွာနေကြခြင်းကလည်း
သူငယ်တန်းကျောင်းသားက
ဆယ်တန်း ကျောင်းသားကို
စာစစ်နေခြင်းနှင့်တူနေပါတော့တယ်။
ပညာရပ်သုံးစွဲမှု
ဆင်ခြင်သုံးသပ်မှု နေရာလွဲနေခြင်းပဲ ဖြစ်ပါတယ်။
ဘုရားရှင်က
ကန့်သတ် သတ်မှတ်ထားခြင်းမျိုးမဟုတ်ပဲ မိမိ
အထင်
နဲ့ မိမိ
သုံးသပ်ဆုံးဖြတ်ပြီး ထင်ကြေးပေးနေခြင်းသာဖြစ်တယ်။
ဘုရားရှင်ဟောတော်မူတဲ့
တရားများကိုသာမျှဝေပါ။ သို့သော်
သူတော်ကောင်းလက္ခဏာနဲ့
ပတ်သက်လို့ မိမိရဲ့ အထင် အမြင်
အတွေးများနဲ့
မကန့်သတ်ပါနဲ့။ မိမိရဲ့ ထင်မြင်ချက် ကန့်သတ်ချက်
ဘောင်ခတ်လိုက်ခြင်းများက မှားယွင်းသွားခဲ့သည်ရှိသော်
အရိယာကို
စွပ်စွဲသောကံ
ဖြစ်ပြီး မဂ်တား ဖိုလ်တား ဖြစ်သွားပါလိမ့်မယ်။
မိမိ တစ်ဦးတည်းမဟုတ်ပဲ
မိမိကိုယုံကြည်သူများ ချစ်ခင်သူများကပါ
တညီတညွှတ်တည်းယုံကြည်လက်ခံကြသည်ရှိသော်
ကိုယ်ကျိုးနည်းပါလိမ့်မယ်။
ဘုရားရှင်က
အရိယာများကို မျက်စိဖြင့်မြင်နိုင်စွမ်းသော လက္ခဏာ
သတ်မှတ်ချက်များ
တစ်စုံတစ်ရာ ဟောကြားခဲ့ခြင်း ရှိမရှိလေ့လာလိုက်ပါအုံး။
မိမိကိုမိမိ
အရိယာဖြစ်မဖြစ်ကိုပင် မိမိဥာဏ်နဲ့ မိမိခန္ဓာကိုစောင့်ကြည့်ရတာ
ဖြစ်လို့
တစ်ပါးသူခန္ဓာက ဥာဏ်စဉ်ကို အဘိညာဉ်ရသူမဟုတ်ပဲ မည်သို့မှ
မြင်နိုင်စွမ်းမှာ
မဟုတ်။ ထင်ယောင်ထင်မှားဖြင့်တော့ လက်လွတ်စပယ်
မပြောလိုက်ကြပါနဲ့။
မလုပ်လိုက်ကြပါနဲ့။မိမိအထင်
မိမိအတွေး တစ်ခုကိုဆွဲထုတ်ပြိး အရိယာ
နယ်ပယ်ကို
ကန့်သတ်လိုက်တဲ့အခါ ဥာဏ်နုံ ဥာဏ်နှဲ့သူ နဲ့
မိမိကို ယုံကြည်ချစ်ခင်သူများပါ
မဂ်တားဖိုလ်တား အရိယူပ၀ါဒ
အန္တရာယ်သင့်ရောက်နိုင်တာကို
ဆင်ခြင်နှလုံးသွင်းဖို့ မမေ့လိုက်ပါနဲ့။
လောကီနယ်ပယ်က
ကိစ္စတွေနဲ့ အရိယာဟုတ်မဟုတ် စစ်ဆေး
စောင့်ကြည့်ခြင်းမပြုပဲ
ခန္ဓာနှင့် စပ်သော သစ္စာစကားများ ပြောကြားသည့်
အခါ ဆွေးနွေးသည့်အခါကိုသာ
စောင့်ကြည့် အကဲခတ်လျှက် မိမိသူတစ်ပါး
တို့ရဲ့ အကျိုးစီးပွားကို
ကောင်းစွာစောင့်ရှောက်သင့်ပါတယ်။
ဗေဒင်ပညာကို လက်မခံ မယုံကြည်တော့ဘူးဆိုတဲ့သူများ
ကမ္မသက္ကဿ သမာဒိဋ္ဌိနဲ့ပဲကျင့်သုံးနေထိုင်ကြမယ့်သူများ
မိုးလေ၀သခန့်မှန်းချက်ကို ဘယ်လို
တုန့်ပြန်မှာပါလဲ။
သိပ္ပံနည်းအရ ခန့်မှန်းတဲ့ ဗေဒင်ပညာတစ်ခုပေါ့။
မုန်းတိုင်းလမ်းကြောင်းဖြစ်လို့
နေရာရွှေ့ပြောင်းရမယ်လို့
သတိပေးတာမျိုးပြုလုပ်တဲ့အခါ ကမ္မသက္ကဿ
သမာဒိဋ္ဌိနဲ့
မုန်းတိုင်းကြောင့်သေရမယ့် ကံဇာတာရှိရင်
သေမှာပဲလို့
တွေးပြီး မရွှေ့မပြောင်းပဲနေကြမလား။
ရေကြီးနစ်မြုပ်မယ်လို့
ခန့်မှန်းထားလို့ တောင်ကုန်းတောင်ပေါ်
ရေအန္တရာယ်ကင်းရာ
ကို ပြောင်းရွှေ့ပါလို့ အသိပေးတာကို
ကမ္မသက္ကဿ သမာဒိဋ္ဌိနဲ့
ယူဆတွေးတောပြီး သေဖို့ကံပါရင် သေမှာပဲလို့
နေကြမလား။
ပညာရပ်ဆိုတာ အသုံးချတတ်ရင် ဥာဏ်နဲ့ဆင်ခြင်တတ်ရင်
သိတ်ကို တန်ဖိုးရှိပါတယ်။ အသက်ကို
ဥာဏ်နဲ့စောင့်မလား။
ကံ ကံ၏ အကျိုးဆိုတာနဲ့ပဲ စောင့်မလား။
အစွန်းရောက်တဲ့
တွေးခေါ်ယူဆခြင်းတွေကို ဆင်ခြင်သင့်လှပါတယ်။
လူတွေကိုဗေဒင်ဟောသလို ရာသီဥတုကိုလည်းဗေဒင်ဟောကြပါတယ်။
တိရိစ္ဆာန်လေးတွေကိုကြည့်၍၎င်း၊သစ်ရွက်ကလေးတွေကိုကြည့်၍၎င်း၊
လေတိုက်ခတ်မှုကိုကြည့်၍၎င်း၊တိမ်စိုင်တိမ်သားတွေကိုကြည့်၍၎င်း၊
ရိုးရာနည်းနဲ့ဗေဒင်တွက်ကြပါတယ်။ ရာသီဥတုကိုခန့်မှန်းကြပါတယ်။
ခုခေတ်မှာတော့ သိပ္ပံနည်းနဲ့ မိုးလေ၀သခန့်မှန်းတွက်ချက်ကြပါတယ်။
သိပ္ပံနည်းပဲဖြစ်ဖြစ် ရိုးရာနည်းပဲဖြစ်ဖြစ်ခန့်မှန်းတယ်ဆိုတာ ဗေဒင်
တွက်ခြင်းပါပဲ။ မှန်တဲ့အခါလည်းရှိသလို အခြေအနေပြောင်းလဲမှု
ကြောင့် လွဲသွားတာလည်းရှိပါတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်
ပညာရပ်တစ်ခုကိုတော့ မထေမဲ့မြင် မပြုကောင်းပါဘူး။
နာဂစ်မုန်တိုင်း မလာခင်က မိုးလေ၀သခန့်မှန်းချက်နဲ့ အင်အားကြီး
မုန်တိုင်းတစ်ခု ကမ်းရိုးတန်းတစ်လျှောက် ၀င်ရောက်နိုင်လို့ အန္တရာယ်
ရှိတဲ့အကြောင်း ကြိုတင်အသိပေးကြေငြာခဲ့ပါတယ်။ တစ်ခါမှ မကြုံဖူး
ကြတာရယ်၊ ကိုယ့်ကိုကိုယ် ဒီလိုမဖြစ်ဘူးလို့ မမြင်ရတဲ့ ကံ ကံ၏
အကျိုးကိုပဲ အစွန်းရောက် ယုံကြည်ကြတာရယ် ၊ ပညာရပ်တစ်ခုကို အထင်အမြင်သေးတာရယ် ၊ ဆိုသောအကြောင်းတွေနဲ့ လူပေါင်းများစွာ
ကူကယ်ရာမဲ့သေဆုံးခဲ့ကြရပါတယ်။ လောကီ ပညာရပ်တွေဟာ
အတိအကျလည်းမှန်နိုင်သလို အခြေအနေ အရပ်ရပ်ကြောင်း
လည်းပြောင်းလဲနိုင်ပါတယ်။အကြွင်းမဲ့ ယုံကြည်ရမှာ မဟုတ်သလို
မထေမဲ့မြင် လစ်လျူရှုလို့လည်းမရနိုင်ပါဘူး။ ကံသာလျှင် အမိ
ကံ သာလျှင် အဖ မို့ ကံကပေးတဲ့ခန္ဓာကိုရနေကြတာမှန်ပေမယ့်
အသက်ကို ဥာဏ်စောင့်ပါတယ်။ ဥာဏ်နဲ့ ဆွဲဆန့်တတ်ရင်
အသက်ရှည်ပြီး ကျန်းမာပါတယ်။
ရခိုင်ပြည်နယ်ဟာ ကမ်းရိုးတန်းပြည်နယ်တစ်ခုပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း
၅၀ ကျော်လောက်က အဖြစ်တစ်ခုကို အဖေ ပြောပြလို့ မှတ်သား
ခဲ့ရဖူးပါတယ်။ ကမ်းရိုးတန်းရွာလေးတစ်ခုမှာ မုဆိုးမ တစ်ယောက်က
ရွာကို ရေလွှမ်းလိမ့်မယ် တောင်ကုန်းပေါ်ကိုအမြန်ဆုံးပြောင်းရွှေ့ကြလို့
သူမ တတ်သိနားလည်တဲ့ ပညာနဲ့ ရွာသူရွာသားတွေကို အသိပေးပါတယ်။
မုဆိုးမတစ်ယောက်ရဲ့ စကားကို နားမထောင်ပဲ ဂရုမပြုပဲ
အေးအေးလူလူနေကြတယ်။ မုဆိုးမကတော့ ပြောစရာရှိတာပြောပြီး
သူမကိုယ်တိုင်ကတော့ ရွာနဲ့ ခပ်လှမ်းလှမ်းက တောင်ပေါ်ကိုပြောင်း
ရွှေ့ပြီးနေထိုင်ပါတယ်။ ညဘက်ရောက်လို့ အားလုံးအိပ်နေတဲ့အချိန်မှာ
ဒီရေက တရိပ်ရိပ်နဲ့တက်ပြီး အိပ်နေတဲ့သူအားလုံး ရေနစ်သေဆုံး
ကြရပါတယ်။ ဒီရေတက်မယ့် အကြောင်းကို မုဆိုးမ က ဘယ်လိုများ
သိသလဲလို့ မေးကြည့်တဲ့အခါ ခရုလေးတွေ လိပ်ကလေးတွေ
ကုန်းပေါ်ကို အများအပြားတက်လာတာမြင်လို့ပါတဲ့။ ဒီလိုတက်ရင်
ရေကြီးတတ်တယ်ဆိုတာ သူ ကအဖိုးအဖွားတွေပြောပြထားလို့
သိထားတာပါတဲ့။ ဒါလေးက ရိုးရာဗေဒင်နည်းလမ်းကလေးပါပဲ။
မုဆိုးမမို့လို့ အထင်သေးမိတဲ့ ရွာသူ ရွာသားတွေ အသေစောခဲ့ကြပါတယ်။
မထေမဲ့မြင်မလုပ်ခဲ့ကြရင် လေးလေးစားစားမေးမြန်း စူးစမ်းတတ်ရင်
ပညာရပ်တိုင်းရဲ့တန်ဖိုးကိုသိမြင် အသုံးချတတ်ကြမှာပါ။
လောကီ ပညာရပ်တစ်ခုကို ပညာရပ်တစ်ခုအဖြစ် အလေးထားဖို့ပဲဖြစ်ပါတယ်။ဥာဏ်နဲ့ဆင်ခြင်ပြီး သုံးစွဲတတ်ဖို့တော့
လိုပါတယ်။
လူတွေကိုဗေဒင်ဟောသလို ရာသီဥတုကိုလည်းဗေဒင်ဟောကြပါတယ်။
တိရိစ္ဆာန်လေးတွေကိုကြည့်၍၎င်း၊သစ်ရွက်ကလေးတွေကိုကြည့်၍၎င်း၊
လေတိုက်ခတ်မှုကိုကြည့်၍၎င်း၊တိမ်စိုင်တိမ်သားတွေကိုကြည့်၍၎င်း၊
ရိုးရာနည်းနဲ့ဗေဒင်တွက်ကြပါတယ်။ ရာသီဥတုကိုခန့်မှန်းကြပါတယ်။
ခုခေတ်မှာတော့ သိပ္ပံနည်းနဲ့ မိုးလေ၀သခန့်မှန်းတွက်ချက်ကြပါတယ်။
သိပ္ပံနည်းပဲဖြစ်ဖြစ် ရိုးရာနည်းပဲဖြစ်ဖြစ်ခန့်မှန်းတယ်ဆိုတာ ဗေဒင်
တွက်ခြင်းပါပဲ။ မှန်တဲ့အခါလည်းရှိသလို အခြေအနေပြောင်းလဲမှု
ကြောင့် လွဲသွားတာလည်းရှိပါတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်
ပညာရပ်တစ်ခုကိုတော့ မထေမဲ့မြင် မပြုကောင်းပါဘူး။
နာဂစ်မုန်တိုင်း မလာခင်က မိုးလေ၀သခန့်မှန်းချက်နဲ့ အင်အားကြီး
မုန်တိုင်းတစ်ခု ကမ်းရိုးတန်းတစ်လျှောက် ၀င်ရောက်နိုင်လို့ အန္တရာယ်
ရှိတဲ့အကြောင်း ကြိုတင်အသိပေးကြေငြာခဲ့ပါတယ်။ တစ်ခါမှ မကြုံဖူး
ကြတာရယ်၊ ကိုယ့်ကိုကိုယ် ဒီလိုမဖြစ်ဘူးလို့ မမြင်ရတဲ့ ကံ ကံ၏
အကျိုးကိုပဲ အစွန်းရောက် ယုံကြည်ကြတာရယ် ၊ ပညာရပ်တစ်ခုကို အထင်အမြင်သေးတာရယ် ၊ ဆိုသောအကြောင်းတွေနဲ့ လူပေါင်းများစွာ
ကူကယ်ရာမဲ့သေဆုံးခဲ့ကြရပါတယ်။ လောကီ ပညာရပ်တွေဟာ
အတိအကျလည်းမှန်နိုင်သလို အခြေအနေ အရပ်ရပ်ကြောင်း
လည်းပြောင်းလဲနိုင်ပါတယ်။အကြွင်းမဲ့ ယုံကြည်ရမှာ မဟုတ်သလို
မထေမဲ့မြင် လစ်လျူရှုလို့လည်းမရနိုင်ပါဘူး။ ကံသာလျှင် အမိ
ကံ သာလျှင် အဖ မို့ ကံကပေးတဲ့ခန္ဓာကိုရနေကြတာမှန်ပေမယ့်
အသက်ကို ဥာဏ်စောင့်ပါတယ်။ ဥာဏ်နဲ့ ဆွဲဆန့်တတ်ရင်
အသက်ရှည်ပြီး ကျန်းမာပါတယ်။
ရခိုင်ပြည်နယ်ဟာ ကမ်းရိုးတန်းပြည်နယ်တစ်ခုပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း
၅၀ ကျော်လောက်က အဖြစ်တစ်ခုကို အဖေ ပြောပြလို့ မှတ်သား
ခဲ့ရဖူးပါတယ်။ ကမ်းရိုးတန်းရွာလေးတစ်ခုမှာ မုဆိုးမ တစ်ယောက်က
ရွာကို ရေလွှမ်းလိမ့်မယ် တောင်ကုန်းပေါ်ကိုအမြန်ဆုံးပြောင်းရွှေ့ကြလို့
သူမ တတ်သိနားလည်တဲ့ ပညာနဲ့ ရွာသူရွာသားတွေကို အသိပေးပါတယ်။
မုဆိုးမတစ်ယောက်ရဲ့ စကားကို နားမထောင်ပဲ ဂရုမပြုပဲ
အေးအေးလူလူနေကြတယ်။ မုဆိုးမကတော့ ပြောစရာရှိတာပြောပြီး
သူမကိုယ်တိုင်ကတော့ ရွာနဲ့ ခပ်လှမ်းလှမ်းက တောင်ပေါ်ကိုပြောင်း
ရွှေ့ပြီးနေထိုင်ပါတယ်။ ညဘက်ရောက်လို့ အားလုံးအိပ်နေတဲ့အချိန်မှာ
ဒီရေက တရိပ်ရိပ်နဲ့တက်ပြီး အိပ်နေတဲ့သူအားလုံး ရေနစ်သေဆုံး
ကြရပါတယ်။ ဒီရေတက်မယ့် အကြောင်းကို မုဆိုးမ က ဘယ်လိုများ
သိသလဲလို့ မေးကြည့်တဲ့အခါ ခရုလေးတွေ လိပ်ကလေးတွေ
ကုန်းပေါ်ကို အများအပြားတက်လာတာမြင်လို့ပါတဲ့။ ဒီလိုတက်ရင်
ရေကြီးတတ်တယ်ဆိုတာ သူ ကအဖိုးအဖွားတွေပြောပြထားလို့
သိထားတာပါတဲ့။ ဒါလေးက ရိုးရာဗေဒင်နည်းလမ်းကလေးပါပဲ။
မုဆိုးမမို့လို့ အထင်သေးမိတဲ့ ရွာသူ ရွာသားတွေ အသေစောခဲ့ကြပါတယ်။
မထေမဲ့မြင်မလုပ်ခဲ့ကြရင် လေးလေးစားစားမေးမြန်း စူးစမ်းတတ်ရင်
ပညာရပ်တိုင်းရဲ့တန်ဖိုးကိုသိမြင် အသုံးချတတ်ကြမှာပါ။
လောကီ ပညာရပ်တစ်ခုကို ပညာရပ်တစ်ခုအဖြစ် အလေးထားဖို့ပဲဖြစ်ပါတယ်။ဥာဏ်နဲ့ဆင်ခြင်ပြီး သုံးစွဲတတ်ဖို့တော့
လိုပါတယ်။
လောကမှာ….
အမျိုးယုတ်
အမျိုးမြတ်ကို ကိုယ်အမူအရာ နုတ်အမူအရာ အားဖြင့်
သိအပ်၏။ မြေကောင်းမကောင်းကို
မြက် ညှိုး မညှိုးမြင်သဖြင့်
သိအပ်၏။ ပညာရှိ
မရှိကို ဆိုသောစကားဖြင့် သိအပ်၏။။ တဲ့ ။
ပိုပြီးပြည့်စုံအောင် ဖြည့်စွက်ပြီး ပြောချင်တာက…….
အရိယာ ဟုတ်မဟုတ်ကို
ခန္ဓာနှင့်စပ်သောစကားကို ပြောကြားရာ၌
သိအပ်၏
..လို့ ထပ်ဖြည့်လိုက်ချင်ပါတယ်။
အရိယာ ဟုတ်မဟုတ်ကို
သုံးသပ်ဆုံးဖြတ်လိုတဲ့ဆန္ဒများရှိခဲ့ရင်လည်း
လောကီရေးရာကိစ္စတွေမှာ
ပြုကျင့်လုပ်ဆောင်တာတွေကြည့်ပြီး
မဝေဖန်လိုက်ပါနဲ့။
ခန္ဓာနဲ့ စပ်သော အကြောင်းကို ဆွေးနွေးမှုပြုတဲ့
အခါမှာ ခန္ဓာကိုရှုမြင်သုံးသပ်တဲ့
ဥာဏ်စွမ်းအားနဲ့သာ အရိယာ ဟုတ်
မဟုတ်ကို
ရှုမြင်သုံးသပ်ခြင်းသာလျှင်ဖြစ်သင့်ပါတယ်။ ကာယဣနြေ္ဒ
ဝစီဣနြေ္ဒကိုကြည့်မြင်ရုံနဲ့
သုံးသပ် ဆုံးဖြတ်ပြီးဝေဖန်ခြင်းဟာလည်း
မှားယွင်းစွာ
ဆုံးဖြတ်ခြင်းသာဖြစ်ပါတယ်။
စပါးနှံတွေဟာ
အဆံမရှိရင် ထောင်ပါတယ်တဲ့။ အဆံရှိရင်ရှိသလို
ငိုက်ပါတယ်။
အဆံနည်းနည်းရှိရင် နည်းနည်းငိုက်မယ်။ အဆံများများ
ရှိရင် များမျာငိုက်ပါမယ်။ပညာရှိတဲ့သူဟာ
သူပညာနဲ့ ပတ်သက်ပြီး
ငြိမ်သက်ပါတယ်။
ပညာ မရှိတဲ့သူဟာ ထောင်လွှား မော်ကြွားပါတယ်။
ရဟန္တာတစ်ပါးဟာ
သူ့ကို ရဟန္တာလို့ထင်ပြီးချည်းကပ်မှန်းသိတဲ့အခါ
လူလာပြီဆိုတာနဲ့
ဝမ်းလျားမှောက်ပြီး မတင့်မတယ် နေပါတယ် တဲ့။
ဒီတော့ ရောက်လာသူများကလည်း
မဟုတ်လောက်ဘူးလို့တွေးပြီး
ပြန်ကြပါတယ်။
အကယ်၍ သူတို့ရဲ့အထင်နဲ့ ညီညွှတ်အောင်
တင့်တင့်တယ်တယ်နေပြခဲ့ရင်
ရဟန္တာဆိုပြီး အုန်းအုန်ကြွက်ကြွက်
ကြည်ညိုကြ
ပူဇော်ကြလုပ်ခဲ့ရပြီး ရဟန္တာမထေရ်ကြီး အေးအေးချမ်းချမ်း
နေရာမှာမဟုတ်လို့
အထင်မခံရအောင် နေပါတယ်တဲ့။ ဒီတော့
အရိယာ ဆိုတဲ့ပုဂ္ဂိုလ်
အရိယာမှန်းသိအောင် အထင်ကြီးအောင်
လိုအပ်ပါသလား။ မိမိ သိတာကိုမျှဝေစရာရှိတာမျှဝေပြီး
ဘာသိ ဘာသာ
မသိလိုက် မသိဘာသာ သူလိုကိုယ်လို နေသင့်ပါ
သလား။ အထင်ခံရအောင်
ဟိတ်ကြီးဟန်ကြီး နေချင်ပါသလား။
အရိယာဖြစ်သွားတဲ့ပုဂ္ဂိုလ်ဟာ
အထက်မဂ်ကို ဆင့်ကဲ ဆင့်ကဲ ရလေလေ
လူမသိအောင်
ပိုပြီး ပိုပြီး ပုန်းလျိုးပြီးနေလေလေပါပဲ။
ပညာရှိသူတော်ကောင်းတို့ရဲ့
နယ်ပယ်ကို ဘုရားရှင်ကိုယ်တော်မြတ်က
ဟောကြားထားခြင်းမရှိပါပဲ
ဘောင်ခတ်ကန့်သတ်ခြင်းဟာ
ဒေ၀ဒတ်လမ်းစဉ်ဖြစ်တယ်ဆိုတာ
သတိထားပြီးဆင်ခြင်ကြရပါလိမ့်မယ်။
အသုံးချပညာကိုအသုံးချတာနဲ့
ယုံကြည်ကိုးကွယ်တာနဲ့ မတူဘူးဆိုတာကို
ခွဲခြားတတ်ဖို့ဖြစ်ပါတယ်။
လယ်တီဆရာတော်ဘုရားကြီးဟာ
အညာဒေသတစ်ခုမှာ
ဝမ်းရောဂါတွေ ကပ်ဆိုက်တော့ စမ အင်းတစ်ခုကို
ရေးသားပြီး
အိမ်တိုင်းအိမ်တိုင်းမှာ ကပ်ထားခိုင်းပါတယ်လို့ မှတ်သားခဲ့
ဖူးပါတယ်။
လယ်တီဆရာတော်လို ပုဂ္ဂိုလ်က ၀ိပဿနာအလုပ်ဖြစ်တဲ့
လောကုတ္တရာပညာရပ်တွေအကြောင်းကို
အများကြီးလေ့လာဆည်းပူး
သလို အများကြီးလည်းပြန်လည်မျှဝေရေးသားတော်မူခဲ့တဲ့
ပရိယတ္တိဝန်ဆောင်
ဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးကိုယ်တော်တိုင်
ပင် ဒီလို
လောကီ ပညာရပ်ကို အသုံးချတော်မူခဲ့တာကို ထောက်ရှုခြင်း
အားဖြင့်
လောကီ အသုံးချ ပညာကို အရိယာတွေ မသုံးသင့်ဘူးဆိုတဲ့
အမြင် အတွေးဟာ
မှန်ကန်တဲ့ အမြင်တစ်ခုမဟုတ်ဘူးလို့ပဲ ဆိုချင်ပါတယ်။
ယုံကြည်ကိုးကွယ်ခြင်းနဲ့
အသုံးချ သုံးစွဲခြင်းကိုခွဲခြားနားလည်ရမှာဖြစ်ပါတယ်။
မိမိကိုယ်တိုင်လည်း
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ဖဲ ဗေဒင်ဆိုတာကို
မေးခဲ့ဖူးပါတယ်။
ဖဲချပ်လေးတွေကိုကလဖန်ထိုးပြီး စီချထားတဲ့အထဲက
မိမိနှစ်သက်ရာဖဲချပ်
၃ ချပ်ကိုရွေးချယ်ပေးရပါတယ်။ အဲ့ဒီလိုရွေးချယ်ပေး
ပြီးတဲ့အခါ
ဖဲချပ်ကိုကြည့်ပြီး အကြောင်းအရာ သုံးခုကို ဗေဒင်ပညာရှင်က
ဆိုပါတယ်။
တစ်က ကျန်းမာရေးနဲ့ပတ်သက်ပြီး ခွဲစိတ်ကုသမှုလုပ်ဆောင်
ရမယ်။အဲ့ဒီလိုလုပ်ဆောင်ရာမှာ
အရမ်းတော်တဲ့ဆရာဝန်နဲ့တွေ့ပြီး
အန္တရာယ်ကင်းစွာ
ကုသမှုကိုခံယူရမယ်။ နှစ်က အလွန်ထူးဆန်းတဲ့
ပညာရပ်တစ်ခုကို
မထင်မှတ်ပဲ သင်ကြားခွင့်ရမယ်။ သုံးကတော့
ထီပေါက်ကိန်းရှိတယ် လို့ သုံးချက်ကို ဟောကိန်းထုတ်ခဲ့ပါတယ်။
အဲ့ဒီလိုမေးတဲ့အချိန်ဟာဖေဖေါ်ဝါရီလလောက်မှာဖြစ်ပါတယ်။
မိမိ အနေနဲ့
တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့
အတွက် ခရီးတစ်ခုကိုထွက်မယ်ဆိုတိုင်း
ပြည်နယ်ရဲ့ခွင့်ပြုချက်နဲ့
အစားထိုးတာဝန်ယူဆောင်ရွက်ပေးမယ့်သူ
လိုအပ်တာကြောင့်
အလွယ်တကူ
ခရီးမထွက်နိုင်ခဲ့ပါဘူး။ ဗေဒင်ကို ယုံကြည်လို့မေးခဲ့တာ
မဟုတ်ပဲ ၀ါသနာအရ
ကြုံရင်မေးလေ့ရှိတာကလည်း မိမိ အကျင့်
လို့ ဆိုချင်ပါတယ်။
ကြုံလို့မေးခဲ့တဲ့ ဗေဒင်ဟာ ဇွန်လမှာ အကောင်
အထည် ပေါ်လာပါတယ်။
မိမိ လည်ပင်းက အဆီကျိတ်ကို ကုသဖို့
ဆန္ဒဖြစ်လာတာကြောင့်
လည်ပင်းကြီးလူနာများကို ကုသပေးတဲ့
နာမည်ကြီးဆရာဝန်တစ်ယောက်ကို
ပထမဦးစွာ ပြသခဲ့ပါတယ်။
(ပထမဦးစွာပြသတဲ့
ဆရာဝန်ကိုတော့ အားနာစွာပဲ နာမည် ချန်လှပ်
ထားခဲ့ပါ့မယ်။)
အဲ့ဒီဆရာဝန်က ခွဲစိတ်ကုသမှုခံယူရင် ကုန်ကျမယ့်
စရိတ် နှင့်
ကုသမှုခံယူပြီးရင် ဖြစ်ပေါ်လာမယ့်အကျိုးဆက်ကို ရှင်းပြပါတယ်။
လည်ပင်းခွဲပြီးတဲ့အခါ
နှစ်လ သုံးလ လောက်အသံပျောက်သွားမယ်။
နောက်မှ အသံပြန်ထွက်မယ်လို့
ဆိုတာနဲ့ပဲ ခွဲစိတ်ကုသမှု ခံယူချင်စိတ်
မရှိတော့တာမို့
နောက်ထပ် နာမည်ကြီးနေတဲ့ သီပေါမြို့နယ်ခွဲ နမ့်လန်မြို့
က တိုက်နယ်
ဆရာဝန်ဆီကို ရောက်သွားပါတယ်။ ဆရာဝန်ရဲ့ ခွဲစိတ်ကုသမှု
သတင်းကိုစုံစမ်းကြည့်တဲ့အခါမှာ
ရှမ်းပြည်နယ်ရဲ့ ရေမြေသဘာဝကြောင့်
လည်ပင်းကြီးရောဂါသည်တွေလွန်စွာများပြားတဲ့အတွက်
တပတ်မှာ
၂ ရက် လည်ပင်ကြီး
လူနာတွေကိုခွဲစိတ်ကုသမှုပေးကြောင်း၊ ခွဲစိတ်ကုသခံ
ရတဲ့ လူနာများဟာ
ခွဲစိတ်ကုသမှု ပြီးတာနဲ့ စကားပြောနိုင်ပြီး အစားအသောက်
များလည်း
ကောင်းမွန်စွာ စားသောက်နိုင်ကြောင်း စုံစမ်းသိခွင့်ရခဲ့ပါတယ်။
ဒီတော့ ဆရာဝန်နဲ့
တွေ့ပါတယ်။ ဆရာ့နာမည် ဒေါက်တာ ရွှေဥာဏ်ပါ။
(ယခုပင်စင်ယူပြီးသော်လည်း
နမ့်လန်တွင် ဆက်လက် ဆေးကုသမှုပြုလုပ်ဆဲ
ဟုသိရပါသည်)။ဆရာဝန်က
ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း ရက်ချိန်းပေး
ပါတယ်။ ရက်ချိန်းက
တပတ်ကြာစောင့်ရမှာပါ။ တပတ်ကြာဖြစ်တဲ့အတွက်
ဒီကြားထဲမှာ
တခြားလူနာတွေကို ၂ ယောက်လောက်ခွဲစိတ်ကုသမှု ပေး
တာ ကိုယ်တိုင်လေ့လာခွင့်ရခဲ့ပါတယ်။
လူနာတွေကိုမေ့ဆေးပေးပြီး ခွဲပါတယ်။
မေ့ဆေးပြယ်တာနဲ့
လူနာတိုင်းစကားပြောနိုင်ပါတယ်။ အသံထိသွားလို့
စကားမပြောနိုင်တဲ့သူ
အသံမထွက်တဲ့သူ တစ်ယောက်မှ မရှိပါဘူး။
ပကတိ အသံအတိုင်း
ဘာတစ်ခုမှ ချို့ယွင်း အားနည်းမှု မရှိ စကားပြော
နိုင်ကြပါတယ်။မိမိကိုယ်တိုင်လည်းခွဲစိတ်ကုသမှု
ခံယူပြီး မေ့ဆေး အရှိန်
၃ နာရီခွဲလောက်အကြာမှာ
သတိပြန်ရလို့ ချက်ချင်းစကားပြောနိုင်ခဲ့ပါတယ်။
သိတ်တော်တဲ့
ဆရာဝန်ရဲ့ ကုသမှုကိုခံယူရတာဖြစ်လို့ ဗေဒင်ဆရာရဲ့
ဟောကိန်းဟာ
မှန်တယ်လို့ ထောက်ခံချင်ပါတယ်။
ခွဲစိတ်ကုသမှုခံယူပြီး
မိမိ အိမ်မှာ ဆက်လက် အနားယူဖို့ ပြန်ရောက်ရင်း
အိမ်မှာ ဒီတိုင်းအနားယူတာထက်စာရင်
တရားစခန်းသွားပြီး တရားအားထုတ်မယ်
ဆိုတဲ့အတွေးနဲ့
တရားစခန်းဖွင့်တဲ့နေရာတွေ စုံစမ်းပါတယ်။နဂိုရည်ရွယ်ချက်မရှိပဲ
အိမ်ကိုရောက်မှ
တွေးမိတဲ့အတွေးကို ချက်ချင်းအကောင်အထည်ဖေါ်ခဲ့တာပါ။
မြို့ထဲက အန်တီတစ်ယောက်ရဲ့ လမ်းညွှန်မှုနဲ့ မိုးကုတ်မြို့
ဓမ္မရံသီ ကျောင်းတိုက်မှာ
ပဋိစ္စသမုပ္ပါဒ်သင်တန်းတရားများကို
သင်ကြားရင်း ၀ိပဿနာ အလုပ်ပေးတရားများ
ကို နာကြားရင်း
နက်နဲတဲ့ဆန်းကြယ်တဲ့ ဂမ္ဘီရဆန်တဲ့ လောကုတ္တရာ
နယ်ပယ်ထဲမှာ
စိတ်ရဲ့ အညစ်အကြေးတွေကို ဆေးကြောသန့်စင်ခွင့်ရခဲ့ပါတယ်။
ဒီတစ်ချက်မှာလည်း
ဗေဒင်ပညာရှင်ရဲ့ ဟောကိန်းဟာ ထူးခြားဆန်းကြယ်စွာပဲ
မှန်တယ်လို့
ထောက်ခံစရာဖြစ်လာပါတယ်။ ထောက်ခံခြင်းဟာ
သူ့ရဲ့ပညာရပ်
အရည်အသွေး အရည်အချင်းတစ်ခုကို လက်ခံနိုင်ခြင်းသာ
ဖြစ်ပါတယ်။ကိုးကွယ်ခြင်းနဲ့
လုံးဝ မသက်ဆိုင်ပါဘူး။ ဘာမဆို မှန်မှာသေချာ
တယ်လို့ အားပေးတိုက်တွန်းတာလည်း
မဟုတ်ပါဘူး။ သူ့ရဲ့ပညာစွမ်းနဲ့
ရှုမြင်သုံးသပ်ချက်တွေ
တကယ်ဖြစ်လာတာရယ်။ တကယ်ကြုံရတာရယ်
ကြောင့် သူ့ဟောချက်ကို
မှန်တယ်လို့ လက်တွေ့ကျကျ ထောက်ခံခြင်း
သာ ဖြစ်ပါတယ်။
သို့သော်
နံပါတ် သုံး တစ်ချက်ဖြစ်တဲ့ ထီပေါက်ကိန်းမှာတော့ လွဲချော်ခဲ့ပါတယ်။
ပညာရပ်တစ်ခုရဲ့
ဟောကိန်း သုံးခုမှာ နှစ်ခုက အတိအကျ မှန်ကန်ခြင်းကို
လစ်လျူရှု
ပစ်ပယ်လို့ မရတာလည်း အမှန်ပဲ ဖြစ်ပါတယ်။ မိမိတို့ရဲ့
ဘုရားရှင်ကိုယ်တော်မြတ်က
ဗေဒင်ပညာဟာ လုံးဝ မမှန်ဘူးလို့ ဟောခဲ့မယ်
မထင်ပါဘူး။
လောကုတ္တရာ ပညာကသာ အသာလွန်ဆုံး အမြင့်မြတ်ဆုံးလို့ဟောခဲ့
တာပဲ ရှိပါတယ်။
အကယ်၍ ဗေဒင်ပညာ ဆိုတာ အမှန်မရှိပါဘူး
ဆိုရင် ဘုရားရှင်ကိုဗေဒင်ဆရာဟောတဲ့
တစ်လပြည့်ရင်သေမယ်ဆိုတဲ့
ဟောကိန်း
မှန်မမှန်လာမေးကတည်းက မမှန်ဘူးလို့ မိန့်ဖို့ပဲ ရှိပါတယ်။
ဒါကြောင့်မို့
ဗေဒင်မေးခြင်း ဟောခြင်းဆိုတဲ့ပညာဟာ ကမ္မသက္ကဿ သမာဒိဋ္ဌိကို
ဆန့်ကျင်ခြင်းလို့
ယူဆလို့မရပါဘူး။ အသုံးချပညာရပ်တစ်ခုအနေနဲ့ သုံးစွဲလို့
ရတယ်ဆိုတာ
သိစေချင်တာပါ။ ဟောသမျှ အကုန်လုံး ယုံကြည်ပြီးလိုက်လုပ်ရမှာ
မဟုတ်ပဲ မိမိဥာဏ်နဲ့
ပိုင်းခြားဆင်ခြင်ပြီး လောကီနယ်ပယ်မှာ လက်ခံကျင့်သုံးတတ်
ဖို့ဖြစ်ပါတယ်။
မိမိရဲ့ လက်ခံကျင့်သုံးခြင်းနဲ့ ကိုးကွယ်ခြင်းဟာ မတူညီတာကို
ခွဲခြားပြီး
သိတတ်ကြပါစေ။
မြတ်စွာဘုရားအလောင်းတော်
သိဒ္ဓတ္ထမင်းသားလေးရဲ့ လက္ခဏာတွေကိုကြည့်ပြီး
စကြာဝတေးမင်းသော်လည်းကောင်း
၊ ဘုရားသော်လည်းကောင်းဖြစ်မယ်လို့
တွက်ချက်ဟောပြောတဲ့
လက္ခဏာဖတ်ပညာဟာလည်း ဗေဒင်ပညာမှာ အကျုံးဝင်ပါတယ်။
ဒါဟာ လောကုတ္တရာ
ပညာရပ်မဟုတ်ပါဘူး။ လက္ခဏာပါပေမယ့် ဥာဏ်ပညာဝီရိယတို့
တွန်းအားလည်းလိုအပ်တဲ့အတွက်ကြောင့်
တစ်ချို့သောဗေဒင်ပညာရှင်တွေ
ဟာ ဗေဒင်အတတ်ပညာနဲ့
အသက်မွေးသော်လည်း လိမ်လည်ခြင်းမပြုပဲ
အတတ်ပညာအရ
မြင်တာကိုဟောပြောခြင်းသာဖြစ်ပြီး ဘာသာရေးရှုထောင့်အရ
မိမိ ကံ ဥာဏ်
ဝီိရီယ တို့ဖြင့်လည်း ကြိုးစားအားထုတ်ခြင်း ပြောင်းလဲခြင်းများ
ပြုလုပ်ဆောင်ရွက်နိုင်ကြောင်း
ဘာသာတရားရဲ့အဆုံးအမ နဲ့ ယှဉ်တွဲပြီး
ရိုးသားမှန်ကန်စွာ
အသက်မွေးသူများလည်းရှိကြပါတယ်။
အရိယာများအနေဖြင့်
လောကုတ္တရာမဂ်ဥာဏ်ဖိုလ်ဥာဏ်ရပြီးသူများဖြစ်သဖြင့်
လောကီပညာရပ်ကို
ယုံကြည်သုံးစွဲခြင်းအပေါ် အစွန်းရောက်သော ဝေဖန်မှုများ
မပြုလုပ်သင့်ပါ။
ပညာရပ်တိုင်းသည် ပညာများဖြစ်ကြပါတယ်။ ကိုးကွယ်ဆည်းကပ်
ရာ ဘာသာများမဟုတ်သည်ကိုလည်း
ခွဲခြားနားလည်ထားရမှာဖြစ်တဲ့အတွက်
အသုံးချ သုံးစွဲခြင်းကိုဝေဖန်ရင်း
အပြစ်နဲ့ ညှိစွန်းတတ်ပါကြောင်း သတိပေးအပ်ပါတယ်။
မျှတစွာဆင်ခြင်သုံးသပ်ရန်
စေချင်ပါတယ်။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဟာ ပဉ္စသိင်္ခရဲ့နတ်စောင်းသံကို
နားထောင်ခဲ့ပါတယ်။ ပဉ္စသိင်္ခဟာ စတုမဟာရာဇ်နတ်မင်းကြီးရဲ့
သမီးတော်ဖြစ်တဲ့ သူရိယ၀စ္ဆသာကို နှစ်သက်မြတ်နိုးလွန်းလို့
ဂါထာ၁၄ ပုဒ်နဲ့ ရေးသားဖွဲ့သီထားတဲ့ တေးသီချင်းကို မြတ်စွာ
ဘုရားရှင်ရှေ့တော်မှာ သီကျူး ခဲ့တာကို မြတ်စွာဘုရားက
နားထောင်တော်မူခဲ့တယ်။ မြတ်စွာဘုရားဆိုတာ ကာမဂုဏ်အာရုံ
တွေကိုခံစားတဲ့သူမဟုတ်ပါဘူး။ သို့သော်လည်း ပဉ္စသိင်္ခရဲ့ စောင်းသံကို
ကောင်း၏ မကောင်း၏ ဝေဖန်တော်မူခဲ့ပါတယ်။ ဒါဟာ ကာမတဏှာနဲ့
သာယာခြင်းမဟုတ်ပဲ ပညာရပ်တစ်ခုကို ဝေဖန်ဆန်းစစ်ပေးခြင်းသက်သက်
သာလျှင်ဖြစ်ပါတယ်။
ယနေ့ခေတ်မှာ အချို့သော သံဃာတော်များ သီချင်းနားထောင်ကြ
တာ ကြုံရပါလိမ့်မယ်။ သီချင်းသံကိုနားထောင်တိုင်းလည်း သာယာမှု
နဲ့ နားထောင်တယ်လို့ ယူဆလို့မရပါဘူး။ ခေတ်စနစ်ရဲ့ပြောင်းလဲ
ခြင်းတွေကို အနုပညာနဲ့ပုံဖေါ်လေ့ရှိတဲ့အတွက် အနုပညာရပ်တွေမှာ
ခေတ်ကိုလေ့လာလို့ရတဲ့သဘောလည်းရှိပါတယ်။ ဒါကြောင့် သီချင်း
နားထောင်တာကြားတိုင်းလည်း သီလပျက်စီးပါတယ်လို့ မယူဆမိ
စေချင်ပါ။ ကောင်းမကောင်း တော်မတော် နဲ့ အခြေအနေ အရပ်ရပ်
ကိုသုံးသပ်ဖို့လည်းဖြစ်ကောင်းဖြစ်နိုင်ပါသေးတယ်။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဟာ ပဉ္စသိင်္ခရဲ့နတ်စောင်းသံကို
နားထောင်ခဲ့ပါတယ်။ ပဉ္စသိင်္ခဟာ စတုမဟာရာဇ်နတ်မင်းကြီးရဲ့
သမီးတော်ဖြစ်တဲ့ သူရိယ၀စ္ဆသာကို နှစ်သက်မြတ်နိုးလွန်းလို့
ဂါထာ၁၄ ပုဒ်နဲ့ ရေးသားဖွဲ့သီထားတဲ့ တေးသီချင်းကို မြတ်စွာ
ဘုရားရှင်ရှေ့တော်မှာ သီကျူး ခဲ့တာကို မြတ်စွာဘုရားက
နားထောင်တော်မူခဲ့တယ်။ မြတ်စွာဘုရားဆိုတာ ကာမဂုဏ်အာရုံ
တွေကိုခံစားတဲ့သူမဟုတ်ပါဘူး။ သို့သော်လည်း ပဉ္စသိင်္ခရဲ့ စောင်းသံကို
ကောင်း၏ မကောင်း၏ ဝေဖန်တော်မူခဲ့ပါတယ်။ ဒါဟာ ကာမတဏှာနဲ့
သာယာခြင်းမဟုတ်ပဲ ပညာရပ်တစ်ခုကို ဝေဖန်ဆန်းစစ်ပေးခြင်းသက်သက်
သာလျှင်ဖြစ်ပါတယ်။
ယနေ့ခေတ်မှာ အချို့သော သံဃာတော်များ သီချင်းနားထောင်ကြ
တာ ကြုံရပါလိမ့်မယ်။ သီချင်းသံကိုနားထောင်တိုင်းလည်း သာယာမှု
နဲ့ နားထောင်တယ်လို့ ယူဆလို့မရပါဘူး။ ခေတ်စနစ်ရဲ့ပြောင်းလဲ
ခြင်းတွေကို အနုပညာနဲ့ပုံဖေါ်လေ့ရှိတဲ့အတွက် အနုပညာရပ်တွေမှာ
ခေတ်ကိုလေ့လာလို့ရတဲ့သဘောလည်းရှိပါတယ်။ ဒါကြောင့် သီချင်း
နားထောင်တာကြားတိုင်းလည်း သီလပျက်စီးပါတယ်လို့ မယူဆမိ
စေချင်ပါ။ ကောင်းမကောင်း တော်မတော် နဲ့ အခြေအနေ အရပ်ရပ်
ကိုသုံးသပ်ဖို့လည်းဖြစ်ကောင်းဖြစ်နိုင်ပါသေးတယ်။
အကြောင်းကိစ္စတိုင်းမှာလည်း
မိမိက အရိယာဖြစ်လို့ ပုထုဇဉ်တွေထက် ပိုသိတယ်
တတ်တယ် နားလည်တယ်
ဆုံးဖြတ်ပေးနိုင်တယ်လို့ ယူဆထားတာမျိုးလုံးဝ
မလုပ်သင့်ပါ။
အသိပညာဗဟုသုတကိုရှားမှီးသိမ်းဆည်းထားတဲ့သူသာ
အသိကြွယ်ပါတယ်။
အရိယာဖြစ်သွားသူဟာ နိဗ္ဗာန်သွားတဲ့ လမ်းကြောင်းကို
မှန်အောင်လမ်းညွှန်နိုင်တာပဲ
အတိအကျဖြစ်ပါတယ်။ တခြား အကြောင်း
ခြင်းရာများကိုတော့
နေရာတိုင်း ကိုယ်က ပိုသိတယ်လို့ ယူဆပြီး အဆုံးအဖြတ်
မရဲကြစေချင်ပါ။
အောက်မဂ် အရိယာဖြစ်သူဟာ အထက်မဂ် အရိယာဖြစ်သူကို
ခွဲခြားသိနိုင်ဖို့လည်းခဲယဉ်းပါတယ်။
အနာထပိဏ်သူဋ္ဌေးကြီးက သူ့သမီးကို
သကဒါဂါမ်
မှန်းမသိခြင်းကို၎င်း စဉ်းစားဆင်ခြင်သင့်ပါတယ်။
ယုတ်ရင်းကြမ်းတမ်းတဲ့စကားကိုဆိုတိုင်းလည်း
အရိယာမဖြစ်နိုင်ပါဘူးလို့
တထစ်ချ မမှတ်ယူသင့်ပါ။
ရွင္ပိလိႏၵ၀စ ၦ မေထရ္ဟာ ရဟႏ ၱာတစ္ပါး
ဖြစ်သော်လည်း
ဘ၀အဆက်ဆက်က ၀ါသနာ အထုံအရ ယုတ်ရင်းကြမ်းတမ်းစွာ
ပြောဆိုတတ်ကြောင်း
ဗုဒ္ဓ၀င်မှတ်တမ်းများမှာ ပါရှိပါတယ်။ ယုတ်ရင်းကြမ်းတမ်းစွာ
ပြောဆိုသူမို့
ဖရုသ၀ါစာ အပြစ်ကိုကျူးလွန်တယ်လို့ ယူဆလို့ သတ်မှတ်လို့
လုံးဝ မရပါ။စေတနာဟာ
ကံ ဖြစ်ပါတယ်။ အမြင်အကြားမှာ ကြမ်းပေမယ့်
စေတနာမပါတဲ့အတွက်
ကံ မမြောက်ပါဘူး။
ရေအိုင်ငယ်လေးတွေကိုခုန်ကျော်မိတဲ့
ရှင်သာရိပုတ္တရာကို ကာယဣနြေ္ဒချို့ယွင်း
တယ်ဆိုပြီးတော့လည်း
မစွပ်စွဲလိုက်ပါနဲ့။ ယခင်ဘ၀က အထုံဝါသနာကြောင့်
ဆိုတာ ဆင်ခြင်တတ်ဖို့လိုအပ်ပါတယ်။
အရိယာဖြစ်သွားပြီမို့
အမှားမဖြစ်နိုင်ဘူးအထင်နဲ့ အမြင်အကြားကို စိတ်ဖြင့်
ထင်မှားယုံဖြင့်လည်း
အရိယူပ၀ါဒအန္တရာယ်သင့်ရောက်တတ်ကြောင်းကိုလည်း
ဆင်ခြင်နှလုံးသွင်းစေချင်ပါတယ်။
အညတရ ရဟန္တာတစ်ပါးကို သောတာပန်
သာမဏေလေးမှ
လမ်းဘေးမှာ ကျန်းမာရေးအတွက် ယာဂုသုံးဆောင်ခြင်းကို
မြင်တွေ့ပြီး
မဖွယ်မရာပြုကျင့်တယ်လို့ တွေးမြင်ယူဆလို့ အကြည်ညိုပျက်
ခဲ့ခြင်းကြောင့်
အရိယူပ၀ါဒအန္တရာယ်သင့်ရောက်တာကိုလည်း ဆင်ခြင်
ရအုံးမှာဖြစ်ပါတယ်။
သောတာပန် ပင်ဖြစ်သော်လည်း အမြင်အကြားတစ်ခုကို
ရှုမြင်သုံးသပ်မှု
နှလုံးသွင်းမှု မမှန်ကန်ခြင်းများ ရှိတတ်ခြင်းကြောင့်
မိမိကိုယ်ကို
အရိယာဖြစ်ပြီမို့ အပြစ်ဖြစ်စရာမရှိတော့ဟု ယူဆလျှက်
ရှုမြင်မှု
သုံးသပ်မှု ဆန္ဒစောရန် မသင့်လျော်ပါ။
ဒါကြောင့်
ရဟန္တာ ပုဂ္ဂိုလ်ကိုတောင် အမြင်အကြားနဲ့ ဆုံးဖြတ်လို့
မရရင်
အောက်မဂ်
အရိယာတွေကို သုံးသပ် ဆုံးဖြတ်ရာမှာလည်း လွယ်လွယ်ကူကူ
နဲ့ ဆန္ဒစောစွာ
တွေးမြင် ယူဆခြင်း မပြုသင့်ပါ။ မိမိ ရဲ့ အသိဥာဏ်အဆင့်ကို
အကြွင်းမဲ့
မှန်ကန်တယ်လို့ ယူဆလို့ ရခြင်းဟာ မိမိပယ်သတ်ထားတဲ့
ကိလေသာ အညစ်အကြေးတို့
ကင်းစင်နိုင်စွမ်းအပေါ်မှာသာ မူတည်ပြီး
အရာရာကို
သုံးသပ်ဆုံးဖြတ်မှုမှာတော့ အလွန်ပင် ဆင်ခြင်သင့်လှပါကြောင်း
အရိယူပ၀ါဒအန
္တရာယ်မှလည်း ကင်းလွတ်ကြပါစေကြောင်း
မေတ္တာရေလောင်းလို့
တင်ပြလိုက်ရပါတယ်။
ကာယကံ ၀စီကံ
မနောကံ တို့ဖြင့် အပြစ်ကျူးလွန်ခြင်းတို့မှ
လွတ်ကင်းလျှက် ချမ်းသာကိုယ်စိတ် မြဲနိုင်ကြပါစေ။
(ဆရာအဆူဆူ
တို့ရဲ့ ကျေးဇူးနဲ့ ခုလောက်ပြည့်စုံအောင်
ရေးသားနိုင်ခဲ့တာဖြစ်လို့
ဒီပိုစ့်ကနေ ဆရာတို့ကို
ဂါရ၀ပြု လိုက်ပါတယ်
ကျမ်းမာ ချမ်းသာရှိကြပါစေ)
*****တတိယမြောက်သမီးတော်*****
0 comment:
Post a Comment