ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Friday, February 12, 2016

အရိယာဆိုတာ အရည်အသွေးပြည့်မှီတဲ့ ကျောက်ကောင်းတစ်ပွင့်


သာသနာတော်ကြီးနေလို လလို ထွန်းလင်းတောက်ပနေချိန်မို့
ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သူတိုင်းရဲ့ ရင်ထဲမှာ အရိယာ
ဆိုတာ ဧကန်မလွဲ ရှိကိုရှိနေမှာပဲလို့ သေချာပေါက်လက်ခံ
ထားကြမှာပါ။


ဒီတော့ ဘယ်လိုပုဂ္ဂိုလ်က အရိယာလဲ။ ဘယ်ရဟန်းက အရိယာ
ဖြစ်နေမလဲ ရဟန္တာဖြစ်နေမလဲလို့ တိတ်တဆိတ် သိလိုကြသလို
အချင်းချင်းလက်တို့ပြီး ဝေဖန်ကြ ဆန်းစစ်နေကြမှာပါ။

အရိယာတစ်ယောက် ဟုတ်မဟုတ်ကို သိလိုတဲ့ဆန္ဒရှိရင် ခန္ဓာနဲ့စပ်သော
စကားပြောတဲ့အချိန်မှာ လေ့လာဆန်းစစ်နိုင်ပါတယ်။ ခန္ဓာနဲ့ စပ်သော
စကားကို သညာသိနဲ့ပြောသလား။ဝိညာဏ်သိနဲ့ပြောသလား။ ပညာသိ
နဲ့ ပြောသလား ဆိုတာ ဆန်းစစ်နိုင်စွမ်းရှိရင် အရိယာ ဟုတ်မဟုတ်ကို
သိနိုင်ပါလိမ့်မယ်။ဒီ အချက်သုံးချက်နဲ့ ကိုက်ညှိဖို့ဆိုတာကလည်း
တော်ရုံအစွမ်းသတ္တိနဲ့တော့ မရနိုင်ပါဘူး။

ဥပမာ အနေနဲ့ပြောရရင် ကျောက်တစ်ပွင့်ကိုတွေ့တဲ့အခါ ကျောက်အစစ်
ဟုတ်မဟုတ် စစ်ဆေးနိုင်တဲ့ပုဂ္ဂိုလ်နဲ့တူပါတယ်။ ကျောက်အစစ်မှန်းသိရင်
အရည်အသွေးကောင်းမကောင်း စစ်ဆေးရအုံးမှာဖြစ်ပါတယ်။ အရည်အသွေး
ကောင်းမကောင်း စစ်ဆေးပြီးတဲ့အခါ အပြစ်အနာအဆာ ကင်းမကင်းကို
စစ်ဆေးရပြန်ပါတယ်။ ဒီတော့ ကျောက်ပညာဆိုတာကလည်း တော်ရုံ
အရည်အချင်းရှိသူသော်မှ စစ် မစစ် ကောင်းမကောင်း အရည်အသွေး
မှီမမှီကို မသိနိုင်စွမ်းလေတော့၊ အသေအချာလေ့လာထားတဲ့သူ သင်ကြား
ထားတဲ့သူ ရင်းနှီးထိတွေ့ပြီး အမြဲတမ်းစစ်ဆေးနေတဲ့သူ စစ်ဆေးပိုင်းခြား
တတ်တဲ့ဥာဏ်ရည်ဥာဏ်သွေးပြည့်ဝသူမှသာ ခွဲခြားသိနိုင်တာဖြစ်ပါတယ်။
ကျောက်တစ်ပွင့် အရည်အသွေးပြည့်မှီပေမယ့် အပြစ်အနာအဆာပေါ်
မူတည်ပြီး တန်ဖိုးကလည်းကွာခြားပါတယ်။

အရိယာဆိုတာ အရည်အသွေးပြည့်မှီတဲ့ ကျောက်တစ်ပွင့်နဲ့တူပါတယ်။
ရဟန္တာဆိုတာက အရည်အသွေးပြည့်မှီပြီး အပြစ်အနာအဆာကင်းတဲ့
ကျောက်တစ်ပွင့်နဲ့တူပါတယ်။ အောက်မဂ် အရိယာများကတော့
အပြစ်အနာအဆာ မကင်းကြသေးတဲ့ အရည်အသွေးပြည့်မှီတဲ့
ကျောက်များနဲ့တူပါတယ်။အနာဂါမ်အရိယာဆိုရင် ဘ၀တဏှာဆိုတဲ့
အပြစ်ရှိတဲ့ ကျောက်တစ်ပွင့်နဲ့တူပြီး။ သောတာပန် သကဒါဂါမ်များ
ကတော့ လောဘ၊ ဒေါသ ၊ မောဟ၊မာန၊ ဥဒစ္ဆ၊ ထိနမိဒ္ဓ ၊ အဟိရိက၊
အနောတပ္ပလို့ခေါ်တဲ့ အပြစ်အနာ အဆာတွေရှိနေသေးတဲ့
ကျောက်တစ်ပွင့်နဲ့တူပါတယ်။

ဒါကြောင့် အရည်အသွေးပြည့်မှီတဲ့ကျောက်ခြင်းတူသော်လည်း
အပြစ်အနာအဆာကင်းတဲ့အပေါ်မူတည်ပြီး တန်ဖိုးကွာခြားသလို
အရိယာဆိုတဲ့ပုဂ္ဂိုလ်များဟာလည်း တန်ဖိုးရှိတဲ့ အရည်အသွေးပြည့်မှီတဲ့
သစ္စာတရားကို ဥာဏ်နဲ့ပိုင်းခြားသိမြင်ပြီး သူများဖြစ်တဲ့အလျှောက်
အစစ်အမှန်တန်ဖိုးရှိကြတဲ့ သူတော်စင်များဖြစ်ပါတယ်။သူ့အဆင့်
အလိုက် ကိလေသာကိုစင်ကြယ်အောင် ပယ်သတ်ထားသူများမို့
သူ့အဆင့်နဲ့သူတန်ဖိုးရှိလှပါတယ်။

အန္ဓပုထုဇဉ်တစ်ရာကိုလှုဒါန်းခြင်းထက် သီလရှိတဲ့ပုထုဇဉ်ကိုလှုဒါန်းခြင်းက
သာလွန်ပြီး အကျိုးရှိတယ်။သီလရှိတဲ့ပုထုဇဉ်တစ်ရာကို လှုဒါန်းခြင်းထက်
သောတာပန် တစ်ယောက်ကို လှုဒါန်းခြင်းက သာလွန်ပြီးအကျိုးရှိတယ်။
သောတာပန် တစ်ရာကိုလှုဒါန်းခြင်းထက် သကဒါဂါမ် တစ်ယောက်ကို
လှုဒါန်းခြင်းက သာလွန်ပြီးအကျိုးရှိတယ်။သကဒါဂါမ်တစ်ရာကိုလှုဒါန်း
ခြင်းထက် အနာဂါမ်တစ်ယောက်ကို လှုဒါန်းခြင်းက သာလွန်ပြီးအကျိုး
ရှိတယ်။အနာဂါမ်တစ်ရာကိုလှုဒါန်းခြင်းထက် ရဟန္တာ တစ်ပါးကို လှုဒါန်း
ခြင်းက သာလွန်ပြီးအကျိုးရှိတယ်။ ရဟန္တာအပါးတစ်ရာကိုလှုဒါန်းခြင်း
ထက် ပစ္စေကဗုဒ္ဓါတစ်ဆူကိုလှုဒါန်းခြင်းက သာလွန်ပြီး အကျိုးရှိတယ်။
ပစ္စေကဗုဒ္ဓါ ကို လှုဒါန်းခြင်းထက် သဗ္ဗေညုတဥာဏ်ကိုရတော်မူသော
မြတ်စွာဘုရားကို လှုဒါန်းခြင်းက တုနှိုင်းမရအောင် အကျိုးကြီးမားပါတယ်။
ဒါက တန်ဖိုး ကွာခြားချက်ကို ဖေါ်ပြတာပါ။ အဲ့ဒီလို အကျိုးကျေးဇူးများလှ
ပါတယ်။

ဒီတော့ အရိယာများဟာ အရည်အသွေးပြည့်မှီတဲ့ ကျောက်ကောင်း
တစ်ပွင့်နဲ့တူပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင် လမ်းမှန်ရောက်အောင်
လမ်းညွှန်နိုင်သူများဖြစ်ကြတဲ့အတွက် အင်မတန်မှ တန်ဖိုးရှိလှပါတယ်။
အဲ့ဒီလိုတန်ဖိုးရှိလို့လည်း တန်ပြန်သက်ရောက်နိုင်တဲ့ အကျိုးကျေးဇူးတွေ
ကွာခြားသွားတာဖြစ်ပါတယ်။

အရည်အသွေးပြည့်မှီသောကျောက်ကောင်းတစ်ပွင့်ကဲ့သို့ ကိလေသာတို့ကို
စင်ကြယ်အောင် ရှုမှတ်ဆင်ခြင်နိုင်ကြပါစေ။




*****တတိယမြောက်သမီးတော်*****

0 comment: