ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Friday, February 19, 2016

ဒေ၀ဒတ်ကို ကျေးဇူးတင်


ဒေ၀ဒတ်ဆိုတာ မြတ်စွာဘုရားရှင်ကို ဆန့်ကျင်တဲ့ တိုက်ခိုက်တဲ့
လူဆိုးလူမိုက်ကြီးဆိုတာ လူတိုင်းသိကြမှာပါ။ဒေ၀ဒတ်ကလာဘ်လာဘ
အလိုဆိုးနဲ့ အံ့ဖွယ်သရဲ တောင်းဆိုခဲ့တာတွေကြောင့် ယနေ့ခေတ်
မှာ ဆရာတော်များ သံဃာတော်များ အထောက်အထားခိုင်ခိုင်မာမာနဲ့
ချမ်းချမ်းသာသာနေခွင့်ရနေကြခြင်းပဲဖြစ်တယ်လို့ မြင်မိပါတယ်။။


ဒေ၀ဒတ်က …ဘုန်းတော်ကြီးသော မြတ်စွာဘုရား အကျွန်ုပ်တောင်းပန်
ပါ၏။ ဆိုပြီး အောက်ပါ အချက် (၅)ချက်ကို တောင်းဆိုပါတယ်။
(၁)ရဟန်းအားလုံးအသက်ထက်ဆုံး တောကျောင်းနေကြပါစေ။
ရွာနီးကျောင်းသို့ သက်ရောက်နေထိုင်သော ရဟန်းအား အပြစ်
ရောက်ပါစေ။
(၂)ရဟန်းအားလုံး အသက်ထက်ဆုံး ပိဏ္ဍပါတ် ဓုတင်ဆောင်ချည်းဖြစ်ကြ
ပါစေ(=ဆွမ်းခံ၍ချည်းစားကြပါစေ) ဒါယကာတို့ ပင့်ဖိတ်၍ ကျွေးသော
ဆွမ်းကို စားဖို့ရန် လက်ခံသော ရဟန်းအား အပြစ်ရောက်ပါစေ။
(၃)ရဟန်းအားလုံး အသက်ထက်ဆုံး ပံသုကူဓုတင်ဆောင်ချည်း
ဖြစ်ကြပါစေ(=ပံသုကူ သင်္ကန်းကိုသာဝတ်ရုံကြပါစေ) ဒါယကာတို့
လှုသော သင်္ကန်းကို လက်ခံသာယာသော ရဟန်းအား အပြစ်
ရောက်ပါစေ။
(၄)ရဟန်းများအားလုံး အသက်ထက်ဆုံး ရုက္ခမူဓုတင်ဆောင်ချည်း
ဖြစ်ကြပါစေ(=သစ်ပင်ရင်း​၌သာနေကြပါစေ) အမိုးရှိသောကျောင်းသို့
ချဉ်းကပ်သောရဟန်းအား အပြစ်ရောက်ပါစေ။
(၅)ရဟန်းအားလုံး အသက်ထက်ဆုံး ငါး အမဲကို မစားကြပါစေလင့်
(=သက်သတ်လွတ်သာစားကြပါစေ) ငါး အမဲကိုစားသော ရဟန်းအား
အပြစ်ရောက်ပါစေ။

ကြောက်စရာကောင်းလိုက်တဲ့ တောင်းဆိုချက်ပါ။
ဒီလိုနေမှ သူတော်ကောင်းဖြစ်မယ်တဲ့။ ဒီလိုမနေတဲ့သူဟာ သူတော်
ကောင်းမဟုတ်ဘူးလို့ အဓိပ္ပါယ်သက်ရောက်အောင် တောင်းဆိုလိုက်
တာပါ။ သာသနာတော်ကြီးတစ်ခုလုံးကို အလိုဆိုးကြီးနဲ့ ဖျက်ဆီးဖို့
ကြိုးစားလိုက်တာ။ ဘုရားရှင်ကများခွင့်ပြုတော်မူခဲ့ရင်
ဘာတွေဖြစ်လာမလဲ။

(၁) ရဟန်းသံဃာများ တောကျောင်းမှာနေကြရတဲ့အတွက် ဆွမ်း
ကွမ်းအခက်အခဲများစွာဖြစ်နိုင်ပါတယ်။လူသူမနီးတဲ့အတွက် ပရိယတ်
ပဋိပတ် အထောက်အပံကောင်းတွေ ခက်ခဲနိုင်ပါတယ်။
(၂)ရဟန်းသံဃာတော်များ ပင့်ဖိတ်သောဆွမ်းကို တားမြစ်ထားခဲ့ရင်
ယနေ့အချိန်မှာ မင်္ဂလာရှိသော ဆွမ်းပင့်ဖိတ်ကပ်လှုခြင်းတွေ
လှုဒါန်းခွင့်မရနိုင်။ သံဃာတော်များလည်းဖွယ်ဖွယ်ရာရာ အစပ်အဟပ်
တည့်အောင် စီမံထားတဲ့ အဟာရများကိုတင်းတင်းတိမ်တိမ်
သုံးဆောင်မှီဝဲခွင့်မရနိုင်။
(၃)ပံသုကူသင်္ကန်းကိုသာ ၀တ်ရုံရမယ်ဆိုရင် ယနေ့အချိန်မှာ
သင်္ကန်းလှုဒါန်းရခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုတွေပြုခွင့်
ရနိုင်မှာ မဟုတ်။သံဃာတော်များလည်း သင်္ကန်းအတွက်
ကြောင့်ကြစိုက်ထုတ်နေရပြီး အလှု့ဒကာတို့အတွက်လည်း
ကုသိုလ်အခွင့်အရေးလက်လွတ်ဆုံးရှုံးရမယ့်အဖြစ်ပါ။
(၄)ရုက္ခဓူတင်ဆောင်ချည်းဖြစ်ကြရမယ်ဆိုရင်ဖြင့် ကျောင်းဆောင်
နဲ့ ချမ်းချမ်းသာသာ မနေရတဲ့အပြင် မက် ခြင် ယင်တို့ရဲ့ အနှောက်
အယှက်ကြောင့် ပရိယတ် ပဋိပတ်ကိုလည်း ကောင်းစွာ ရွက်ဆောင်
နိုင်ဖို့ မလွယ်ကူနိုင်တော့။ အလှု့ဒါယကာ ဒါယကာမများအတွက်
လည်း ကျောင်းဆောက်လှုဒါန်းခွင့် လှုဒါန်းရသောကုသိုလ်တို့
ဆုတ်ယုတ်ကုန်ပါလိမ့်မယ်။
(၅)ငါး အမဲတို့ကို မသုံးဆောင်ပဲ သက်သတ်လွတ်စားကြရမယ်ဆိုရင်
လိုအပ်သောအဟာရ တင်းတိမ်ရောင့်ရဲအောင် မသုံးဆောင် မမှီဝဲ
ရသဖြင့် ဣနြေ္ဒရင့်ခွင့်ရဖို့ အခက်အခဲများဖြစ်လာနိုင်ပါတယ်။

Facebook လူမှုကွန်ယက်ပေါ်မှာ ဆရာမြင့်ခိုင်(စိတ်ပညာ)ရဲ့
States တစ်ခုအောက်က မှတ်ချက်တစ်ခုကြောင့် တောင်း
ဆိုခဲ့တဲ့ ဒေ၀ဒတ်ကို ကျေးဇူးတင်ချင်မိတာပါ။
ဆရာမြင့်ခိုင် ကဘာသာရေးအမြင်လေးတွေနဲ့ အသိတရားတိုးပွား
အောင် အသိအမြင်ကျယ်အောင် စာတွေရေးပြီး မျှဝေနေသူဖြစ်
ပါတယ်။ဆရာ့စာပိုဒ်အောက်မှာ.."ဆရာက မျှမျှတတ ပြောနိုင်စွမ်း
ရှိမယ့်သူဖြစ်လို့ သံဃာတော်များ ကို အသားဟင်း ငါးဟင်း
သုံးဆောင်နေတာတွေ တားမြစ်ပေးစေချင်ပါတယ်" လို့  မှတ်ချက်
ရေးထားတာ ဖတ်လိုက်ရပါတယ်။ ဒေ၀ဒတ်က မတောင်းဆိုခဲ့ရင်
ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း မိန့်တော် မမူခဲ့ရင်
ယနေ့ခေတ် အခြေအနေဟာ ရှုပ်ထွေးစွာဖြေရှင်းရမယ့် အခြေအနေ
တစ်ခုဖြစ်လာနိုင်ပါတယ်။

ဘုရားရှင်ကိုယ်တော်မြတ်က ဒေ၀ဒတ် တောင်းဆိုခဲ့တဲ့ အချက်(၅)
ချက်ကို ခုလိုပြန်လည်မိန့်တော်မူခဲ့ပါတယ်။

“…မသင့်လျော်ဘူး ဒေ၀ဒတ်…
(၁)အလိုရှိသောရဟန်းသည် တောကျောင်းနေဖြစ်ပါစေ။
အလိုရှိသောရဟန်းသည်ရွာနီးကျောင်း၌နေပါစေ။
(၂)အလိုရှိသောရဟန်းသည်ပိဏ္ဍပါတ်ဓုတင်ဆောင်ဖြစ်ပါစေ။
အလိုရှိသောရဟန်းသည် ဒါယကာတို့ ပင့်ဖိတ်၍ကျွေးသော
ဆွမ်းကို လက်ခံသာယာပါစေ။
(၃)အလိုရှိသောရဟန်းသည် ပံသုကူ ဓူတင်ဆောင်ဖြစ်ပါစေ။
အလိုရှိသောရဟန်းသည်ဒါယကာတို့ လှုဒါန်းသော သင်္ကန်းကို
လက်ခံသာယာဝတ်ရုံပါစေ။
(၄)ဒေ၀ဒတ်..ငါ ဘုရားသည် ရှစ်လတို့ပတ်လုံး သစ်ပင်ရင်း
အိပ်ယာ နေရာကို ခွင့်ပြုအပ်ပြီးဖြစ်လေသည်။
(၅)မြင်ခြင်း၊ ကြားခြင်း ၊ ရွံရှာခြင်း ၊ ယုံမှားခြင်း ၊ဤ အစွန်းသုံးပါမှ
ကင်းလွတ် စင်ကြယ်သည့် မမြင်အပ် မကြားအပ် မရွံရှာ မယုံမှားအပ်
သည့် ငါး အမဲ ကို စားသုံးဖို့ရန် ငါဘုရား ခွင့်ပြုအပ်ပြီး ဖြစ်လေသည်
ဟု မိန့်တော်မူ၏၊။

ဒီတော့ ကာယ ဥာဏ ဆိုတဲ့ ဗလ နှစ်ပါး နဲ့ သင့်တင့်နဲ့ နေမှုထိုင်မှု
စားမှု သောက်မှု သုံးဆောင်မှု နားနေမှု တွေဘုရားရှင်က ခွင့်ပြုတော်
မူခဲ့ပြီ။

ဒါကို ဒေ၀ဒတ်ကတော့ လာဘ်လာဘ အလိုဆိုးနဲ့ သူတော်ကောင်း
ပီသစွာ အလိုနည်းခြင်း အကျင့် မြတ်သောအကျင့်ကို ကျင့်ကြံဖို့ မြတ်စွာဘုရားက
ခွင့်မပြုဘူး။ငါတို့ကတော့  ဒီဝတ္ထု ၅-မျိုးနဲ့ ညီညွတ်စွာ ဆောက်တည်ကျင့်
ကြံကြမယ်လို့ လူများအပေါင်း သိအောင် ၀ါဒဖြန့်ပါတယ်။
ဒီလို ၀ါဒဖြန့်လိုက်တော့ သဒ္ဓါပညာ မရှိကြတဲ့သူတွေက
ရှင်ဒေ၀ဒတ်ကိုချီးမွမ်းကြပြီး မြတ်စွာဘုရားကို ကဲ့ရဲ့ကြတာပေါ့။
သဒ္ဓါပညာနဲ့ပြည့်စုံတဲ့သူတွေကတော့ ရှင်ဒေ၀ဒတ်ဟာ မြတ်စွာ
ဘုရားရဲ့ သံဃာသင်းကွဲဖို့ အကြံနဲ့ အာဏာစက်ပျက်စီးအောင်
လုံ့လပြုတယ်ဆိုတာသိပြီးကဲ့ရဲ့ရှုတ်ချကြပါတယ်။

ဘုရားရှင်ကိုယ်တော်မြတ်က ဒေ၀ဒတ်ဟာ သံဃာသင်းကွဲဖို့
အကြံနဲ့ လုံ့လပြုတယ်ဆိုတာသိတော့
“…ဒေ၀ဒတ်…. မသင့်လျော်ဘူး။သင်သည် သံဃာကွဲပြားခြင်းကို
မနှစ်သက်လင့်။ သံဃာသင်းကွဲခြင်းသည် ၀န်လေးလှ၏။ ညီညွတ်
သောသံဃာကို သင်းကွဲသူသည် တကပ်လုံးတည်စေတတ်သော
မကောင်းမှုကို ပွားစေတတ်၏.။ တကပ်လုံး ငရဲ၌ ကျက်ရ၏။
ဒေ၀ဒတ် ….ကွဲပြားသော သံဃာကို ညီညွတ်အောင် ပြုလုပ်ရွက်
ဆောင်သူသည် မြတ်သောကုသိုလ်ကို ပွားစေ၏။ တကပ်လုံး
နတ်ပြည်၌မွေ့လျော်ရ၏။ သင်သည် သံဃာသင်းကွဲခြင်းကို
မနှစ်သက်လင့်။..”  လို့ မိန့်တော်မူပါတယ်။

ရှင်ဒေ၀ဒတ်ဟာ ဘုရားရှင် ဘယ်လိုပဲမိန့်သည်ရှိစေ ပြုမြဲတိုင်းသာ
ပြုလုပ်ပါတယ်။

ဒါကြောင့် ခုလိုချိန်မှာလည်း သံဃာတော်များကို မိမိတို့ အလို
နဲ့ ကိုက်ညီလျှင် သံဃာအစစ်လို့ မည်တွင်ပြီး မိမိတို့ အလိုနဲ့
မကိုက်ညီလျှင် သံဃာမဟုတ်လို့ အလိုဆိုးများနဲ့ နှိုင်းယှဉ်
ဝေဖန်နေကြတဲ့အချိန်မှာ ဘုရားရှင်ကိုယ်တော်တိုင် ခွင့်ပြုထား
အပ်တဲ့ ၀တ္ထုများ အတိအကျ ရှိနေခြင်းဟာ သာသနာတော်
အတွက် စုစည်းစွာ ဆက်လက်တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ်ကို အလိုဆိုးနဲ့ လျှောက်ထားတောင်းပန်
ခဲ့တဲ့ ဒေ၀ဒတ်ကိုလည်း ကျေးဇူးတင်ထိုက်ပါတယ်။ ဒီလိုသာ
မလျှောက်ထားခဲ့ရင် မတောင်းပန်ခဲ့ရင် ဒီအချက် ဒီမှတ်တမ်းများ
သာ မရှိခဲ့ရင် ယနေ့ခေတ် အခြေအနေမှာ တော်တော်ကိုဖြေရှင်း
ရမယ့် ပြဿနာ ပုစ္ဆာများဖြစ်နေမှာ သေချာပါတယ်။

ရှင်ဒေ၀ဒတ် လျှောက်ထားခဲ့တဲ့အချက် (၅)ချက်ကြောင့်ပဲ
ယနေ့ခေတ်မှာ ဆရာတော်သံဃာတော်များလည်း ပရိယတ်
ပဋိပတ်ကို ချမ်းချမ်းသာသာ ရွက်ဆောင်နေကြရတယ်လို့
မြင်မိလို့ ဒေ၀ဒတ်ကို ရှာကြံပြီး ကျေးဇူးတင်လိုက်ရပါတယ်။

ဆရာတော် သံဃာတော်များလည်း
ဤမြတ်စွာဘုရားရှင်၏ သာသနာတော်မှာ သုံးဖြာ သာသနာ
ညီညွတ်စွာဖြင့် မတောင့်မတ မကြောင့်မကြ ခန္ဓာ့ဝန်ကို
သာသနာ့ဝန်ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ကြပါစေ။


*****တတိယမြောက်သမီးတော်*****

0 comment: