တရားတစ်ပုဒ်ကိုဖတ်ရှုလိုက်ရသည့်အခါတိုင်း
ရေးသားသူ၏
အရေးအသားတွင်လိုက်ပါလျှက် မှတ်သားခြင်းထက်
ဖြစ်နိုင်
မဖြစ်နိုင်ကိုဆင်ခြင်ခြင်းသည် ဥာဏ်၏
လုပ်ငန်းတာဝန်ဖြစ်သည်။
များသောအားဖြင့် စာတစ်ပုဒ်ကိုဖတ်ရှုသောအခါ
စာပါ အကြောင်း
အရာကိုဥာဏ်ဖြင့် ဆင်ခြင်၍ စီစစ်မှတ်သားခြင်းထက်
ဆင်ခြင်
ခြင်းအရာ အားနည်းကြသည်ကို တွေ့ရှိရသည်။အရေးကြီးဆုံးမှာ
ဘာသာရေးဆိုင်ရာ စာပေများသည် ဓမ္မ
အဓမ္မကို ခွဲခြားနားလည်ခြင်းမရှိပဲ
ရေးသားမျှဝေခြင်းနှင့် မှတ်သားခြင်းခံယူခြင်းတို့သည်
တန်ဖိုးရှိခြင်းထက်
အန္တရာယ်တွင်းသို့ ကျရောက်ရန် လမ်းစကိုဖြစ်စေပါသည်။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က
ဓမ္မ အဓမ္မကို သိကြောင်းတရား
တစ်ဆယ့်ရှစ်ပါးစီဟောကြားခဲ့ကြောင်း
ဝိနည်းမဟာဝါ ပါဠိတော်တွင်
လေ့လာဖတ်ရှုနိုင်ပါသည်။
ခိုက်ရန်ငြင်းခုန်မှု ဖြစ်ကြသော
ကောသမ္ဗီ ရဟန်းတို့အား အကြောင်းပြုလျှက်
ဓမ္မ တစ်ဆယ့်ရှစ်ပါးနှင့် အဓမ္မ တစ်ဆယ့်ရှစ်ပါးကို
ဤသို့ မိန့်တော်မူခဲ့သည်။
အဓမ္မ၀တ္ထု တစ်ဆယ့်ရှစ်ပါး
(၁)တရား မဟုတ်သည်ကို တရားဟုပြခြင်း။
(၂)တရားကို တရားမဟုတ်ဟု ပြခြင်း။
(၃)၀ိနည်းမဟုတ်သည်ကို ၀ိနည်းဟုပြခြင်း။
(၄)၀ိနည်းကိုဝိနည်းမဟုတ်ဟု ပြခြင်း။
(၅)မြတ်စွာဘုရားမဟောအပ် မပြောအပ်သည်ကို
မြတ်စွာဘုရားဟောအပ်ပြောအပ်၏ဟု ပြခြင်း။
(၆)မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို
မြတ်စွာဘုရားမဟောအပ် မပြောအပ်ဟုပြခြင်း။
(၇)မြတ်စွာဘုရားမလေ့ကျက်အပ်သည်ကို
မြတ်စွာဘုရားလေ့ကျက်အပ်၏ဟု ပြခြင်း။
(၈)မြတ်စွာဘုရားလေ့ကျက်အပ်သည်ကို
မြတ်စွာဘုရားမလေ့ကျက်အပ်ဟု ပြခြင်း။
(၉)မြတ်စွာဘုရား မပညတ်အပ်သည်ကို
မြတ်စွာဘုရား ပညတ်အပ်၏ဟုပြခြင်း။
(၁၀)မြတ်စွာဘုရား ပညတ်အပ်သည်ကို
မြတ်စွာဘုရား မပညတ်အပ်ဟုပြခြင်း.။
(၁၁)အာပတ်မသင့်သည်ကို အာပတ်သင့်၏ဟုပြခြင်း။
(၁၂)အာပတ်သင့်သည်ကို အာပတ်မသင့်၏
ဟုပြခြင်း။
(၁၃)ပေါ့သောအာပတ်ကို လေးသော အာပတ်ဟုပြခြင်း။
(၁၄)လေးသော အာပတ်ကို ပေါ့သောအာပတ်ဟုပြခြင်း။
(၁၅)အကြွင်းရှိသောအာပတ်ကို အကြွင်းမရှိသော
အာပတ်ဟုပြခြင်း။
(၁၆) အကြွင်းမရှိသော အာပတ်ကို အကြွင်းရှိသော
အာပတ်ဟု ပြခြင်း။.
(၁၇)ရုန့်ရင်းကြမ်းတမ်းသော အာပတ်ကို
မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ဟုပြခြင်း။
(၁ဂ) မရုန့်ရင်းမကြမ်းတမ်းသော အာပတ်ကို
ရုန့်ရင်းကြမ်းတမ်းသော အာပတ်ဟု
ပြခြင်း.။
ဤ တစ်ဆယ့်ရှစ်ပါးသော အကြောင်း ၀တ္ထုတို့ဖြင့်
အဓမ္မ၀ါဒီ
ပုဂ္ဂိုလ်ကို သိရမည်။
ဓမ္မ၀တ္ထု တစ်ဆယ့်ရှစ်ပါး
(၁)တရားမဟုတ်သည်ကို တရားမဟုတ်ဟုပြ၏။
(၂)တရားဟုတ်သည်ကို တရားဟုတ်၏ဟု
ပြ၏။
(၃)၀ိနည်းမဟုတ်သည်ကို ၀ိနည်းမဟုတ်ဟုပြ၏။
(၄)၀ိနည်းဟုတ်သည်ကို ၀ိနည်းဟုတ်၏ဟု
ပြ၏။
(၅)မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို
မြတ်စွာဘုရားမဟောအပ် မပြောအပ်ဟုပြ၏
(၆)မြတ်စွာဘုရားဟောအပ် ပြောအပ်သည်ကို
မြတ်စွာဘုရားဟောအပ် ပြောအပ်၏ ဟု
ပြ၏။
(၇)မြတ်စွာဘုရားမလေ့ကျက်အပ်သည်ကို
မြတ်စွာဘုရားမလေ့ကျက်အပ်ဟုပြ၏။
(၈)မြတ်စွာဘုရားလေ့ကျက်အပ်သည်ကို
မြတ်စွာဘုရားလေ့ကျက်အပ်၏ဟု ပြ၏။
(၉)မြတ်စွာဘုရားမပညတ်အပ်သည်ကို
မြတ်စွာဘုရား မပညတ်အပ်ဟုပြ၏။
(၁၀)မြတ်စွာဘုရား ပညတ်အပ်သည်ကို
မြတ်စွာဘုရား ပညတ်အပ်၏ ဟု ပြ၏။
(၁၁)အာပတ် မသင့်သည်ကို အာပတ် မသင့်ဟုပြ၏။
(၁၂)အာပတ် သင့်သည်ကို အာပတ်သင့်၏ဟုပြ၏။
(၁၃) ပေါ့သော အာပတ်ကို ပေါ့သော
အာပတ်ဟု ပြ၏။
(၁၄)လေးသော အာပတ်ကို လေးသောအာပတ်ဟု
ပြ၏။
(၁၅)အကြွင်းရှိသော အာပတ်ကို အကြွင်းရှိသော
အာပတ်ဟုပြ၏။
(၁၆)အကြွင်းမရှိသော အာပတ်ကို အကြွင်းမရှိသော
အာပတ်ဟုပြ၏။
(၁၇)ရုန့်ရင်းကြမ်းတမ်းသော အာပတ်ကို
ရုန့်ရင်းကြမ်းတမ်း သော
အာပတ်ဟု ပြ၏။
(၁၈)မရုန့်ရင်းမကြမ်းတမ်းသော အာပတ်ကို
မရုန့်ရင်း မကြမ်းတမ်း
သော အာပတ်ဟု ပြ၏။
ဤ တစ်ဆယ့်ရှစ်ပါးသော အကြောင်းဝတ္ထုတို့ဖြင့်
ဓမ္မ၀ါဒီ ပုဂ္ဂိုလ်ကို
သိရမည် ဟု မြတ်စွာဘုရားရှင်က ဟောကြားတော်မူလေ၏။
ဤ အကြောင်းဝတ္ထု တစ်ဆယ့်ရှစ်ပါးတို့တွင်
သုတ္တန်နည်းအားဖြင့်
ကုသိုလ်ကမ္မပထ ဆယ်ပါးတို့သည် ဓမ္မမည်၏။
အကုသိုလ် ကမ္မပထ
ဆယ်ပါးတို့သည် အဓမ္မမည်၏။
ဖေါ်ပြပါ အဓမ္မတရားအစုတို့အနက် တစုစုကိုယူ၍ ဓမ္မဟု ပြကြ
ပြောကြကုန်အံ့။ ငါတို့အဖို့ရာ ဆရာ၏
အမျိုးကိုမှီ၍ အထက်တန်းကျ
ခြင်းဖြစ်မည့်အပြင် ငါတို့ကိုယ်တိုင်လည်း
လောက၌ထင်ရှားကြပေလိမ့်
မည်ဟု တိုင်ပင် ညီညွတ်ကာဤကား ဓမ္မတည်းဟု
ပြောဆိုလျှင်
တရားမဟုတ်သည်ကို တရားဟုတ်၏ဟု ပြသသည်မည်ကုန်၏။
ထို့အတူ ၀ိနည်း ပရိယာယ်အားဖြင့်
ဟုတ်မှန်သော ၀တ္ထုဖြင့်
စောဒနာပြု၍ အောက်မေ့စေ၍ ၀န်ခံသည့်အတိုင်း
ပြုအပ်သော
ကံသည် ဓမ္မကံ မည်၏။ မဟုတ် မမှန်သော
ဝတ္ထုဖြင့် စောလည်း
မစောဒနာပဲ အောက်မေ့လည်း မအောက်မေ့စေပဲ
ဝန်ခံချက် မရရှိပဲ
ပြုအပ်သော ကံသည် အဓမ္မကံမည်၏။
ဤသို့လျှင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က
ဓမ္မ အဓမ္မ ကို
ခွဲခြား၍ မိန့်တော်မူခဲ့၏။ (အကျယ်ကို
သိလိုက ၀ိနည်းစူဠ၀ါ အဋ္ဌ
ကထာ သံဃဘေဒကက္ခန္ဓက တွင်ဖတ်ရှုတော်မူကြပါကုန်)။
ယခုခေတ်အခါ၌ စာအုပ်စာပေပေါင်းများစွာထွက်ရှိလာသည်ဖြစ်ရာ
ပိဋကတ်တော်နှင့်တိုက်ဆိုင်လျှက်
မြတ်စွာဘုရားရှင်ဟောတော်မူ
ခြင်း ရှိမရှိကို ရှာဖွေမှု မပြုပဲ
မိမိတို့ အတွေးအမြင် အယူအဆကို
အလေးထားလျှက် သာမာန်အသိဥာဏ်များကို
အမှုးပြုကာ
ရှေ့စကား နောက်စကားမညီပဲ စိတ်ထင်ရာရေးသားကြသည်ကို
တွေ့မြင်နေရသည်။ ရှေ့စကားနောက်စကားမညီသော်လည်း
စာပေစီစစ်ရေး စာတည်းတာဝန်ယူသူတို့က
မိမိတို့ ဥာဏ်မှီသမျှ
နှင့်တိုက်ဆိုင်လျှက် စိစစ်ဖြန့်ဝေကြသောအခါ
အမှားကိုပင် အမှန်
ထင်၍ ကျယ်ပြန့်စွာ ထွန်းကားလာနေသည်ကိုတွေ့ရပြန်သည်။
စာတစ်ပုဒ်ကိုဖတ်သောအခါ စာဖတ်သူအများစုသည်
ဥာဏသမ္ပယုတ်ဖြင့်
ဖတ်ရှုခြင်းထက် ဥာဏ၀ိပ္ပယုတ်ဖြင့်ဖတ်ရှုကြသည်မှာ
ပိုများပါသည်။
စာ၌ပါဝင်သည့်အကြောင်းအရာကိုသေချာ
စိစစ်၍ တော်မတော် သင့်မသင့်
ချင့်ချိန်ခြင်းထက် ဖတ်ကောင်းအောင်
စီလျော်အောင်ရေးသားခြင်းကိုပင်
ပညာရှိဟု ယုံစားကာ မှတ်သားလိုက်နာကြလေသည်။
သို့ကြောင့်လည်း
မှားမမှား မှန်မမှန်ကို မဝေခွဲနိုင်ကြခြင်းဖြစ်သည်။
ဘာသာတရားနှင့်ဆိုင်သော စာအုပ်စာပေမှန်သမျှ
ကို လွယ်လင့်တကူ
ယုံကြည်ကြခြင်းထက် ပိဋကတ်စာပေနှင့်တိုက်ဆိုင်ပြီးမှ
လက်ခံယုံကြည်ခြင်း
သည်သာ အမှန်ကန်ဆုံးဖြစ်သည်။ ဘုရားရှင်နှင့်တကွ
ရဟန္တာပုဂ္ဂိုလ်ကြီးများ
မိန့်ကြားချက်ကို မှတ်တမ်းပြုစုထားသည့်
စာအုပ်စာပေသည်သာ
အမှားကင်းသည့်စာပေများဖြစ်သည်။
အောက်မဂ် အရိယာ
များဖြစ်သော အနာဂါမ်မှစ၍ သကဒါဂါမ်
သောတာပန် အရိယာများနှင့်
ပုထုဇဉ်တို့ရေးသားသော ပြောကြားသော
စာများ စကားများသည်
အမှား မကင်းနိုင်ကြသေးချေ။ အရိယာများဖြစ်ကြသော်လည်း
အောက်မဂ် အရိယာများသည် မောဟမူစိတ်
ရှိနေကြသေးသဖြင့်
အမှန်ကို သိမြင် ဆုံးဖြတ် တွေးတောကြံဆနိုင်စွမ်းကား
မပြည့်စုံကြသေး။
အသေက္ခပုဂ္ဂိုလ်များသည်သာ မောဟမူစိတ်အကြွင်းမရှိ၊
ပယ်သတ်ပြီး
ဖြစ်သောကြောင့် သစ္စာတရားနယ်ပယ်တွင်
အမှားမရှိနိုင်တော့ချေ။
သေက္ခပုဂ္ဂိုလ်များသည်ပင် မောဟမူစိတ်
ဖြစ်ပေါ်နိုင်ပြီး သညာဝိပလ္လာသနှင့်
စိတ္တ၀ိပလ္လာသ တရားများကြောင့် အမှတ်မှား
အကြံအစည်မှား
ဖြစ်နိုင်ကြသေးသဖြင့် အမှားမကင်းကြသေးသူများဖြစ်သည်။
ထို့ကြောင့်စာပေရေးသားသူများသည်
ပိဋကတ်တော်ကို မှီးငြမ်းပြီး
ပြုစုရေးသားခြင်းဖြစ်နိုင်သကဲ့သို့
အချို့စာပေများသည် မိမိတို့၏
အတွေးအမြင် အယူအဆများကိုထည့်သွင်းဖေါ်ပြခြင်းများဖြစ်သဖြင့်
ယုံကြည်မှုလွန်ကဲပါက မဂ်တား ဖိုလ်တားဖြစ်နိုင်သည်ကို
သတိချပ်
သင့်ပါသည်။ ဘုရားရှင်ကိုယ်တော်မြတ်က
ဟောတော်မူခြင်းမရှိ
သောအကြောင်းအရာများကို မိမိတို့
ဥာဏ်မျှလောက်ဖြင့် ထင်ယောင်
ထင်မှားပြုကာ ရေးသားပြုစုသူများကြောင့်
အသိမှားအမှတ်မှား၍
မဂ်တား ဖိုလ်တား လမ်းကြောင်းမှားကာ
သာသနာတော်နှင့်ကြုံ
ပါလျှက် နိဗ္ဗာန်နှင့်ဝေးသွားနိုင်သည်။
စာပေ ၏ အဆိပ်ကြောင့်
သူတော်ကောင်းကိုလည်း ပြစ်မှားမိနိုင်၏။
ဤသို့သောအချက်
လက္ခဏာများသည် သူတော်ကောင်းလက္ခဏာ
မဟုတ်ဟု မိမိ၏
ဆရာက ဆိုသဖြင့်၎င်း။ နာမည်ကြီးသည့်
ပုဂ္ဂိုလ်တစ်ဦးဦးက
ဆိုသဖြင့်၎င်း မယူအပ်၊ မြတ်စွာဘုရားရှင်က မိန့်တော်မူခြင်း
မရှိပဲ ယုံကြည်မိသည်ရှိသော် အရိယာသူတော်ကောင်းကို
ပြစ်
မှားမိသည်ရှိသော် မဂ်တားဖိုလ်တား
အရိယူပ၀ါဒန္တရာယ်သည်
အမှန်တကယ်ပင် သင့်ရောက်ပေလိမ့်မည်။
မိုးကုတ်ဆရာတော်ကြီး
ပင် မိစ္ဆာဒိဋ္ဌိ အယူဝါဒထက် မဂ်တားဖိုလ်တား
အန္တရာယ်သင့်ရောက်
ခြင်းက ပို၍ကြောက်စရာကောင်းကြောင်း
ဆုံးမတော်မူထား၏။
မိစ္ဆာဒိဋ္ဌိသည် သမာဒိဋ္ဌိဖြစ်လျှက်
နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သေး၏။
အရိယာကို စွပ်စွဲမိသောသူသည် မဂ်တား
ဖိုလ်တား အန္တရာယ်
သင့်ရောက်သဖြင့် သမာဒိဋ္ဌိဖြစ်သော်
မဂ်ဖိုလ်ကိုမရနိုင်တော့ချေ။
ထို့ကြောင့် သောတာပန်ပင်ဖြစ်သော်လည်း
သီလ အရာ၌
အပါယ်လားရောက်နိုင်သည့်သီလကိုသာ
လုံခြုံမှုရှိသေးသည်။
ကုသိုလ်အမှုတို့တွင် ဥာဏသမ္ပယုတ်
ဖြစ်သကဲ့သို့
ဥာဏ၀ိပ္ပယုတ်နှင့်လည်းဖြစ်သေး၏။
အကုသိုလ်စိတ်များတွင်
လောဘမူစိတ် လေးပါး။ ဒေါသမူစိတ်
နှစ်ပါး နှင့်။ မောဟမူ
ဥဒစ္ဆ စိတ်တို့ ကြွင်းကျန်သေး၏။ကုသိုလ်စိတ်၌ပင်
ဥာဏ်နှင့် အမြဲမယှဉ်၊
ဥာဏ်မယှဉ်သောအခါ မောဟမူစိတ်ကကြီးစိုးလျှက်
အမှားကိုလည်း
ပြုနိုင်သေး၏။ အမှားမြင် အမှားတွေးဖြင့်
လွန်ကျူးမှုရှိသေး၏။
ထို့ကြောင့် စာတစ်ပုဒ်ကိုဖတ်သောအခါ
ရှေ့နောက်ညီညွတ်မှု
ရှိမရှိကို ဥာဏ်နှင့်ယှဉ်၍လည်း
စိစစ်သင့်၏။ ဥာဏ်မမှီသည်များလည်း
ရှိနေမည်သာ။ မိမိထက် သိသူ နားလည်သူကိုမေးမြန်းစူးစမ်းခြင်းကို
ပြုရာ၏။
သို့မဟုတ်ပါက အဓမ္မကို ဓမ္မဟုထင်လျှက်
ယုံကြည်မိသည်ရှိသော်
သံသရာဝယ် အရှုံးကြီးရှုံးပေလိမ့်မည်။
မိမိ တို့၏ အတွေးအမြင်
အယူအဆတို့ဖြင့် အရိယာသူတော်ကောင်းတို့၏
လက္ခဏာကို
တွေးမြင်ယူဆလျှက် ပြစ်မှားစော်ကားခြင်းများ
စွပ်စွဲပြောဆိုခြင်းများ
မပြုမိစေရန် မပြောမိစေရန် အရေးကြီးလှပေသည်။
အရိယာတို့၏ မဂ်ဥာဏ်သည်ပင် တဆင့်ထက်တဆင့်
မတူညီကြပေ။
သောတာပန်အရိယာထက် သကဒါဂါမ် အရိယာက
ဥာဏ်အမြင်
ပို၍ စင်ကြယ်၏။ စိတ္တလဟုတာ ကာယလဟုတာ
အားဖြင့်လည်း
ပို၍ပေါ့ပါး၏။ သောတာပန် ပုဂ္ဂိုလ်တွင်ရှိသော
သညာဝိပလ္လာသတရား
နှင့် စိတ္တ၀ိပလ္လာသ တရားများထက်
သကဒါဂါမ် အရိယာတွင်ပို၍ပါးလျားစေ
ပြီးလည်းဖြစ်၏။ မဂ်ဥာဏ်သည် တတန်းတစားတည်းဖြစ်မနေ။
ပထမ မဂ်ထက် ဒုတိယမဂ်က ကိလေသာကို ပို၍
ပိုင်းခြားသိမြင်လျှက် စင်ကြယ်ခြင်းသည်ဖြစ်၏။
ခန္ဓာ၏ သဘော
ကို ပို၍ သိမြင် စောက်ရှောက်နိုင်၏။မဂ်အဆင့်ဆင့်သည်
ပို၍ ပို၍
အမြင်စင်ကြယ်ခြင်းသို့ရောက်ရှိသည့်အတွက်ကြောင့်လည်း
အထက်မဂ် အရိယာကို အောက်မဂ် အရိယာသည်
မသိနိုင်ခြင်း
ဖြစ်သည်။
မြတ်စွာဘုရားရှင် နုတ်တော်မှ မိန့်တော်မူသော
တရားများသည်
ပိဋကတ်သုံးပုံ ပါဠိတော်များဖြစ်သည်။
အချို့စာပေများသည်
အဋ္ဌကထာ ဆရာများ၏ အဓိပ္ပါယ်ဖွင့်ဆိုရှင်းလင်းထားသည့်
အဋ္ဌကထာ စာအုပ်များလည်းရှိသည်။ ထို့ကြောင့်
ဓမ္မ အဓမ္မကို
စစ်ဆေးကြည့်ရှုလိုပါက မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး
ကိုယ်တိုင် မိန့်တော်မူထားသည့်
ပိဋကတ်သုံးပုံ ပါဠိတော်များ
ကို တိုက်ဆိုင်စစ်ဆေးရန်လိုအပ်ပါသည်။
မသဲကွဲသော စာပေများ
မရှင်းလင်းသောစာပေများ အငြင်းပွားမှုဖြစ်ပေါ်သော
စာပေများ
မှန်သမျှကို ပါဠိတော်မှ ရှာဖွေလျှက်
စစ်ဆေးမှသာ အမှန်
သိနိုင်ပေလိမ့်မည်။ မိမိ၏ ဆရာက
ဆိုသဖြင့်လည်း အမှန်ဟု
မယူနိုင်သေး။ နာမည်ကြီးသူ တစ်ဦးဦးမှ
ပြောသဖြင့်လည်း
အမှန်ဟု မယူနိုင်သေးကြောင်း သိစေအပ်ပါသည်။
ဓမ္မကို ဓမ္မနှင့်လျော်ညီစွာရေးသားခြင်း
မှတ်သားခြင်းပြုနိုင်
ကြရန်နှင့် ဓမ္မဟုဆိုလျှက် အဓမ္မတရားများ
မကြီးစိုးရေးကို
ရှေ့ရှုလျှက် ဆင်ခြင်ကြစေလိုပါသည်။
*****တတိယမြောက်သမီးတော်*****
0 comment:
Post a Comment