မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌
နေတော်မူစဉ်
ငါးယောက်သော ဥပါသကာတို့ကို အကြောင်းပြု၍
ဟောတော်
မူလေ၏။
ထို ငါးယောက်သော ဒါယကာတို့သည် တရားတော်ကို
နာလို
ကန်ုသည်ဖြစ်၍ ကျောင်းတော်သို့ သွားပြီးလျှင်
မြတ်စွာဘုရားကို
ရှိခိုးလျှက်တင့်အပ်လျှောက်ပတ်သော
အရပ်၌ နေကြလေကုန်
သတတ်။ ဘုရားရှင်တို့အားလည်း ဤသူကား
မင်းတည်း။
ဤသူကား ပုဏ္ဏားတည်း။ဤသူကား ကြွယ်ဝသောသူတည်း။
ဤသူကားဆင်းရဲသားတည်း။ ဤသူကားမွန်မွန်မြတ်မြတ်ပြု၍
တရားဟောအံ့။ဤသူကား မဟောအပ်။ ဤသို့
စိတ်တော် မဖြစ်။
အမှတ်မရှိ။ တစ်ယောက်ယောက်သောသူကို
အကြောင်းပြု၍
တရားဟောတော်မူသည်ရှိသော် တရားတော်၌
ရိုသေခြင်းကို
ရှေ့သွားပြုတော်မူ၍ ကောင်းကင်၊
မြစ် ၊ ရေတံခွန် စီးကျဘိ
သကဲ့သို့ ဟောကြားတော်မူလေ၏။
ဤသို့ ဟောကြားတော်မူသောမြတ်စွာဘုရား၏ အထံတော်၌
နေကြကုန်သော ထိုသူတို့တွင်တစ်ယောက်သောသူသည်
ထိုင်လျှက်သာလျှင် အိပ်ပျော်လျှက်နေလေ၏။
တစ်ယောက်
သောသူသည် လက်ချောင်းဖြင့်မြေ၌ ရေးခြစ်လျှက်နေလေ၏။
တစ်ယောက်သောသူသည် သစ်ပင်တစ်ပင်ကိုလှုပ်လျှက်
နေလေ၏။တစ်ယောက်သောသူသည် ကောင်းကင်သို့
တမော့မော့ ကြည့်လျှက်နေလေ၏။ တစ်ယောက်သောသူ
သည်ကား ရိုသေစွာ နာကြားလေ၏။
ရှင်အာနန္ဒာမထေရ်မြတ်သည် မြတ်စွာဘုရားကိုယပ်ခတ်လျှက်
ထိုဒါယကာငါးဦးတို့၏ အမူအရာကိုကြည့်ကာ မြတ်စွာဘုရားကို
… “မြတ်စွာဘုရား ရှင်တော်ဘုရားတို့သည်
ဤငါးဦးသော သူတို့
အား ကြီးစွာသောမိုးသည် ခြိမ်းသံခြိမ်းဘိသကဲ့သို့
တရားတော်
ကို ဟောတော်မူကြပါ၏။ ဤသူတို့ကား
ရှင်တော်ဘုရားတို့သည်
တရားဟောတော်မူကြကုန်သော်လည်း ဤမည်သော
အမှုကို၎င်း။
ပြုလုပ်ကာနေကြပါသည်ဘုရား။”…
…”ချစ်သား အာနန္ဒာ သင်သည် ဤဒါယကာ
ငါးဦးတို့ကို မသိ
လေသလော။..”
.. “ မှန်လှပါ မသိပါဘုရား”..
.. “ ထိုဒါယကာ ငါးဦးတို့တွင် အကြင်ဒါယကာသည်
အိပ်ပျော်
လျှက်နေ၏။ ထိုဒါယကာသည် ဘ၀ငါးရာတို့ပတ်လုံး
မြွေ
အမျိုး၌ဖြစ်၍ အခွေတို့၌ ဦးခေါင်းထားလျှက်သာ
အိပ်ပျော်
လေ့ရှိဖူး၏။ ယခုအခါ၌လည်း ထိုဒါယကာအား
အိပ်ခြင်း
အလေ့ရှိ၏။ အိပ်ပျော်နေဆဲဖြစ်၏။
ထို့ကြောင့် ထိုဒါယကာ၏
နားတွင်းသို့ ငါဘုရားဟောသော တရားသံသည်
မ၀င်နိုင်..”
.. “ မြတ်စွာဘုရား …အသို့နည်း။
အစဉ်အတိုင်းအားဖြင့်
ဟောကြားတော်မူပါသလော။ ထိုသို့ မဟုတ်မူ
အကြားအကြား
အားဖြင့် ဟောကြားတော်မူပါသလောဘုရား။..”
“…ချစ်သား အာနန္ဒာ ထိုဒါယကာ၏ ရံခါ လူအဖြစ်ကို၎င်း။ရံခါ
နတ် အဖြစ်ကို၎င်း။ ရံခါ နဂါး အဖြစ်ကို၎င်း။
ဤသို့ အကြား
အကြား၌ ဖြစ်သောသူ၏ ဘ၀တို့ကို သဗ္ဗညုတ
ဥာဏ်တော်
ဖြင့်သော်လည်း ပိုင်းခြားခြင်းငှာ
မတတ်နိုင် အစဉ်အတိုင်း
အားဖြင့် သာလျှင် ဤ ဒါယကာသည် ဘဝ
ငါးရာတို့ပတ်လုံး
နဂါးမျိုး၌ဖြစ်၍ အိပ်ပျော်နေရသော်လည်း
အိပ်ခြင်း၌ မရောင့်
ရဲနိုင်သေးသည်သာလျှင်တည်း။
လက်ချောင်းတို့ဖြင့် မြေကိုရေးခြစ်လျှက်ရှိသော
ယောက်ျား
သည်လည်း ဘ၀ငါးရာတို့ပတ်လုံး တီမျိုး၌
ဖြစ်၍ မြေကို
တူးနေရလေ၏။ ယခုအခါ၌လည်း မြေကိုတူးလျှက်သာလျှင်
ငါဘုရားဟောတော်မူသော တရားသံကို
မကြားရနိုင်ရှာ။
သစ်ပင်ကို လှုပ်လျှက်နေသော ထိုယောက်ျားသည်လည်း
အစဉ်အတိုင်းအားဖြင့် ဘ၀ငါးရာတို့ပတ်လုံး မျောက်မျိုး၌
ဖြစ်ဖူးလေ၏။ ယခု အခါ၌လည်း ရှေး၌
လေ့ကျက်ဖူးသည့်
အစွမ်းဖြင့် သစ်ပင်ကိုလှုပ်နေသည်သာလျှင်တည်း။
ထိုယောက်ျား၏ နားတွင်းသို့ ငါဘုရား
ဟောတော်မူသော
တရားသံသည် မ၀င်နိုင်ရှာ။ ကောင်းကင်သို့
မော့ကြည့်၍
နေသော ထိုပုဏ္ဏါးသည်လည်း ဘ၀ငါးရာတို့ပတ်လုံး
နက္ခတ်ဖတ်တတ်သောသူ၏ အဖြစ်ဖြင့် ဖြစ်ဖူးလေ၏။
ယခုအခါ ရှေး၌ လေ့ကျင်ဖူးသည့်အစွမ်းဖြင့်
ယနေ့၌လည်း
ကောင်းကင်သို့သာလျှင် မော့ကြည့်နေ၏။
ထိုပုဏ္ဏား၏
နားတွင်းသို့ ငါဘုရား ဟောတော်မူသော
တရားသံသည်
မ၀င်နိုင်ရှာ။
ရိုသေစွာတရားနာလျှက် ထိုင်နေသော
ဤသူကား…..
အစဉ်အတိုင်းအားဖြင့် ဘ၀ငါးရာတို့ပတ်လုံး
ဗေဒင်သုံးပုံ
တို့၏ ကမ်းတဘက်သို့ ရောက်သည်ဖြစ်၍
ဗေဒင်ကို
သရဇ္ဈယ်သော ပုဏ္ဏား၏ အဖြစ်ဖြင့်
ဖြစ်ဖူးလေ၏။
ယခု အခါ၌လည်း ဗေဒင်ကိုရှေ့နောက်
နှီးနှောသကဲ့သို့
ရိုသေစွာ နာကြားဘိ၏။…” ဟု မိန့်တော်မူ၏။
..” မြတ်စွာဘုရား…ရှင်တော်ဘုရားတို့၏
ဟောတော်မူအပ်သော
တရား ဒေသနာတော်သည် အရေစသည်တို့ကိုဖြတ်လျှက်
ရိုးတွင်း
ခြင်ဆီကို ထိခိုက်၍ တည်ပါသည်ဘုရား
အဘယ်ကြောင့် ဤ ဒါယကာ
တို့သည် ရှင်တော်ဘုရားတို့ တရားဟောတော်မူကြပါကုန်သော်လည်း
ရိုသေစွာ မနာနိုင်ကြပါသနည်း..ဘုရား…”
…. “ ချစ်သား အာနန္ဒာ..ငါဘုရား၏
တရားတော်ကို ချမ်းသာစွာ
နာအပ်သော အလွန်တရာ နာချင်စရာ ကောင်းလှသော
တရားဟု
အမှတ်ကို ပြုဘိယောင်သကား။..”
…. “မြတ်စွာဘုရား ..အသို့ပါနည်း
ဆင်းရဲစွာ နာအပ်သော အလွန်
တရာ နာချင်စရာမကောင်းလှသော တရားဖြစ်ပါသလား
ဘုရား..”
…. “ ချစ်သား အာနန္ဒာ သြော် ဆင်းရဲစွာနာအပ်သောတရားဟူသည်
ဟုတ်မှန်ပါ၏။…”
.. “မြတ်စွာဘုရား အဘယ်အကြောင်းကြောင့်ပါနည်း
ဘုရား…”
… “..ချစ်သား အာနန္ဒာ..ဘုရား ဟူ၍၎င်း၊
တရားဟူ၍၎င်း၊သံဃာ
ဟူ၍၎င်း၊ ဤသို့သောပုဒ်ကို ဤ သတ္တ၀ါတို့သည် များစွာသော
ကမ္ဘာ တစ်သိန်းတို့၌သော်လည်း မကြားအပ်စဖူး။
ထို့ကြောင့်
ဤ တရားတော်ကိုနာခြင်းငှာ မတတ်နိုင်ကြကုန်၊
မသိအပ်သော
အစရှိသော သံသရာ၌ ဤ သတ္တ၀ါတို့သည်
တစ်ပါး မက
များသော အပြားရှိသော မဂ်ဖိုလ်မှ
ဖီလာ တိရစ္ဆာနကထာဖြစ်သော
စကားကိုသာလျှင် ကြားရ နာရကုန်လျှက်
လာကြရကုန်၏။
ထို့ကြောင့် သေသောက်ရာ ပျော်ရွှင်ရာ
ကစားရာ တလင်းဝန်း
စသည်တို့သို့ သီဆိုကြကုန်လျှက်
ကခုန်ကြကုန်လျှက် သွားလာ
လှည့်လည်နိုင်ကြကုန်၏။ တရားတော်ကို
နာခြင်းငှာ မတတ်နိုင်ကြကုန်။..”
.. “မြတ်စွာဘုရား အဘယ်တရားကိုမှီ၍
ထိုသူတို့သည် မတတ်နိုင်ကြ
ပါကုန်သနည်း။ဘုရား..”
“…..ချစ်သား အာနန္ဒာ..ရာဂကိုမှီ၍
ဒေါသကိုမှီ၍ မောဟကိုမှီ၍ တဏှာတို့
ကိုမှီ၍ မတတ်နိုင်ကြကုန်။ ရာဂမီးနှင့်တူသော
မီးမည်သည် မရှိ၊ ထိုရာဂမီး
သည် ပြာကို မကြွင်းစေမူ၍ သတ္တ၀ါတို့ကိုလောင်၏။
နေခုနစ်စင်း ထင်ရှားစွာ
ထွက်ခြင်းကိုမှီ၍ ဖြစ်သော ကမ္ဘာဖျက်မီးသည်လည်း
တစ်စုံတစ်ခုကို မကြွင်း
စေမူ၍လျှင် လောင်၏။ ထိုသို့ပင်လောင်သော်လည်း
ထိုကမ္ဘာဖျက်မီးသည်
ရံခါ လောင်သည်သာတည်း။ ရာဂဟူသော
မီး၏ မလောင်သော ကာလမည်
သည် မရှိ။ ထို့ကြောင့် ရာဂနှင့်တူသောမီးသည်၎င်း၊
ဒေါသနှင့် တူသော
ဖမ်းယူတတ်သော သူသည်လည်းကောင်း။
မောဟနှင့် တူသော ကွန်ရက်
သည် လည်းကောင်း။ တဏှာနှင့် တူသော
မြစ်သည်လည်းကောင်း မရှိ …”
နတ္ထိ ရာဂ သမော အဂ္ဂိ၊ နတ္ထိ ဒေါသသမော
ဂဟော။
နတ္ထိ မောဟသမံ ဇာလံ ၊ နတ္ထိ တဏှာသမာ
နဒီ။
ရာဂသမော၊ရာဂနှင့်တူသော အဂ္ဂိ၊မီးသည်
နတ္ထိ မရှိ။
ဒေါသ သမော၊ ဒေါသနှင့်တူသော၊ ဂဟော
ဖမ်းယူတတ်သောသူသည်။
နတ္ထိ မရှိ။ မောဟသမံ မောဟနှင့်တူသော။ ဇာလံ ကွန်ရက်သည်။
နတ္ထိ မရှိ။ တဏှာ သမာ ။ တဏှာနှင့်တူသော နဒီ မြစ်သည် နတ္ထိ မရှိ။
ဒေသနာတော် အဆုံး၌ တရားတော်အား ရိုသေစွာ
နာကြားသော
ဥပါသကာသည် သောတာပတ္တိဖိုလ်၌တည်လေ၏။
(အရှင်ဓမ္မသာမီဘိဝံသ ၏ ပုံတော်စုံ
ဓမ္မပဒ၀တ္ထုတော်ကြီး
ဥပါသကာ ငါးယောက်ဝတ္ထု မှ)
……………..
သံသရာတစ်လျှောက်လုံး ဘုရား တရား
သံဃာလို့ မကြားဖူး
မနာဖူး မသိဖူးသဖြင့် တရားတော်အား
ခုံမင်နှစ်လိုမရှိသောသူ
အဖြစ်မှ တရားတော်အား နာယူကြည်ညို မြတ်နိုးသူဖြစ်အောင်
ကြိုးစား၍ နာယူတော်မူနိုင်ကြပါစေ လေ့ကျက်နိုင်ကြပါစေ။
*****တတိယမြောက်သမီးတော်*****
0 comment:
Post a Comment