သောတာပန်တည်ပြီးသူဟာ
သာမာန်နေထိုင်တဲ့အခါ ပုထုဇဉ်နဲ့မခြား တူပြီး
ဆင်ခြင်နေတဲ့အခါ
ရဟန္တာနဲ့မခြားပါဘူးတဲ့။
ဒီတော့ သောတာပန်တို့ဟာ
ကိလေသာဖြစ်ရင်ဖြစ်မှန်သိတယ်
ဖြစ်ကျောမရှည်ဘူးလို့ ဆရာတော်ဘုရားကြီးများရဲ့တရားတော်များမှာ
နာကြားရသလို
စာအုပ်စာပေတွေမှာလည်း ဖတ်မှတ်ဖူးတာဖြစ်လို့
ကာမဂုဏ်အာရုံကို
ဘယ်လိုများခံစားကြသလဲလို့စဉ်းစားစရာ
ဖြစ်လာပါတယ်။အနာဂါမ်
နှင့် ရဟန္တာများကတော့ ခန္ဓာပေါ်သမျှ
ပေါ်ခန္ဓာပျက်တာကိုချက်ချင်းရှုမှတ်ဆင်ခြင်နိုင်ကြတယ်လို့ဆိုပါတယ်။
သောတာပန် သကဒါဂါမ် အရိယာများမှာတော့ ခန္ဓာ ပေါ်ရင်
ပေါ်မှန်းသိကြပါတယ်။
သို့သော် ရှုမှတ်ဆင်ခြင်မိတဲအခါလည်းရှိသလို
မရှုမှတ် မဆင်ခြင်မိတဲ့အခါလည်းရှိပါတယ်။ဖြစ်ကျောမရှည်တာ
ဘယ်လို ဖြစ်ကျောမရှည်တာလဲ
ဆိုတော့ ဖြစ်တာကိုဖြစ်မှန်းသိလိုက်တာပါ။
ပုထုဇဉ်က
မသိပါဘူး။ဖြစ်တယ် ဆက်ဖြစ်တယ်ဖြစ်မှန်းကို သတိမထားလိုက်
မိတာ။ သောတာပန်က
ဖြစ်ရင် ဖြစ်မှန်းသိတယ် ဖြစ်တာ တစိတ် ဖြစ်မှန်းသိတာ
တစိတ်ဖြစ်ပြီးတိုင်းဖြစ်မှန်းသိတဲ့စိတ်ကြားဝင်တယ်။
ပုထုဇဉ်က ဖြစ်ပြီးဆက်ဖြစ်
နေတယ်။ ဖြစ်မှန်းသိတဲ့စိတ်
ကြားမ၀င်ဘူး။ အဲ့ဒါကြောင့် ပုထုဇဉ်က
ဖြစ်ကျောရှည်ပြီး
အရိယာက ဖြစ်ကျောတိုတယ်လို့ဆိုတာပါ။
ဒါက ဖြစ်တာဖြစ်မှန်းသိခြင်းသက်သက်သာ
ဖြစ်ပါတယ်။
လောဘစိတ်ဖြစ်တဲ့အခါ
ဖြစ်မှန်းသိလိုက်တယ်။
ဖြစ်မှန်းသိပေမယ့်
တဏှာကရှိနေသေးတော့ ဆက်ဆက်ပြီးဖြစ်ပါတယ်။
ဖြစ်တယ် ဖြစ်မှန်းသိတယ်
အပျက်ကိုတော့ မဆင်ခြင်မိပါဘူး။အကယ်၍များ
ဖြစ်တာဖြစ်မှန်းသိပြီး
အနိစ္စလက္ခဏာကိုပါ ရှုမှတ်ဆင်ခြင်မယ်ဆိုရင်
ရဟန္တာနဲ့မခြားဘူးလို့
ဆိုတာပါ။
ကာမတဏှာကုန်သွားပြီးတဲ့
အနာဂါမ်ဆိုရင်ဖြစ်မှန်းသိတာနဲ့ အပျက်ကိုပါ
ရှုမှတ်ဆင်ခြင်ပါတယ်။ဒါကြောင့်လည်း
ညစ်ညူးတဲ့ ကာမဂုဏ်ခံစားမှုတွေ
ကို စွန့်လွှတ်တော့တာပေါ့။ကာမဂုဏ်ဆိုတာ
ညစ်ညူးတယ်လို့ ထင်ရှား
သိမြင်တာကိုး။ကာမဂုဏ်အာရုံကို
နှစ်သက်သာယာဖွယ်လို့မြင်နေသေးတဲ့
သောတာပန်
သကဒါဂါမ်များကတော့ ဒါကိုမစွန့်လွှတ်နိုင်သေးပါဘူး။
တဏှာက ဦးဆောင်ပြီး
ခေါ်ယူနေလေတော့ ဥပါဒါန် အစွဲလေးနဲ့
ကျူးလွန်နေကြဆဲပါပဲ။
ဒါကြောင့် သောတာပန် သကဒါမ်တွေဟာ ကာမတဏှာ
ရှိနေကြသေးတဲ့
ကာမဂုဏ်အာရုံကို နှစ်သက်ဖွယ်အဖြစ် ခံစားလိုကြသေးတဲ့
အရိယာများဖြစ်ကြပါတယ်။ကိလေသာဖြစ်တိုင်းဖြစ်မှန်းသာသိပြီး
အနိစ္စလက္ခဏာကို
ဆင်ခြင်ဖို့တော့
သတိအားနည်းသေးပါတယ်တဲ့။ ဆင်ခြင်နေတဲ့အချိန်ဆိုရင်
တော့ ရဟန
္တာနဲ့မခြားတူပါတယ်။ အမြဲတမ်းရှုမှတ်ဆင်ခြင်နေတဲ့ အရိယာနဲ့
သိသာသိပြီး
မရှုမှတ် မဆင်ခြင်တဲ့အရိယာ မှာ မဂ်ရထားတာခြင်းတူပေမယ့်
အမြဲတမ်းရှုမှတ်ဆင်ခြင်နေတဲ့
အရိယာက ပိုပြီး ချမ်းသာပါတယ်။
အောက်မဂ်
အရိယာ နှစ်ပါးဖြစ်တဲ့ သောတာပန်နဲ့ သကဒါဂါမ်တို့ဟာ
ဝေဒနာနိရောဓါ
တဏှာနိရောဓေါ နိဗ္ဗာနံ ဖြစ်ပြီးချမ်းသာမယ်မှန်းသိပေမယ့်
ဝေဒနာပစ္စယာ
တဏှာနဲ့ ဆင်းရဲတွင်းထဲမှာ အသိအမှတ်နဲ့ ပျော်နေ
ကြတဲ့သူတွေဖြစ်ပါတယ်။
ပုထုဇဉ်များကတော့
ပျော်နေရရင် ပျော်ပြီးရင်းပျော်ချင်ကြတယ်။
ဒါဟာ လောဘစိတ်ကလေးပါလားလို့
မတွေးဖြစ်ကြပါဘူး။
သမာဓိတည်တည်ကြည်ကြည်နဲ့နေလေ့ရှိတဲ့သူတွေကတော့
စိတ်ကိုအရမ်းကြီးလွတ်ထွက်မသွားအောင်ထိန်းကြတဲ့သဘောလေး
တော့ဖြစ်ကြပြီး
မိမိသန္တာန်မှာ လောဘစိတ်ဖြစ်သွားပါလားလို့
ကိလေသာ အဖြစ်သဘောကိုမသိကြပါဘူး။
လွတ်ထွက်မသွားအောင်
ထိန်းတာပဲရှိပါတယ်။
ကိလေသာဖြစ်သွားတာပါလားလို့
ထိန်းတာမျိုးမဟုတ်ပါဘူး။
အဲ့ဒါ အရိယာနဲ့
ပုထုဇဉ်ရဲ့ ကွာခြားချက်ပဲဖြစ်ပါတယ်။
တစ်ချို့တွေဟာ
အရိယာပုဂ္ဂိုလ်ထက်တောင် အမြင်တင့်တယ်
အောင် နေတတ်ကြပါတယ်။
သိတ်ပြီးကြည်ညိုစရာကောင်းတဲ့
ကာယဣနြေ္ဒ
ဝစီဣနြေ္ဒ ရှိကြပါတယ်။ သို့သော် မနောဣနြေ္ဒ
ပိုင်းမှာတော့
အရိယာနဲ့ ခြားနားသွားပါတယ်။ ဣန္ဒြိယ သံဝရပိုင်းကို
လေ့လာဖူးသူတွေကတော့
အတိုင်းအတာတစ်ခုထိ နားလည်နိုင်ကြမှာပါ။
အရိယာဆိုတာ
ကာယဣနြေ္ဒ ၀စီဣနြေ္ဒအားဖြင့် တင့်တယ်အောင်
မနေကြဘူးဆိုရင်တောင်မှ
သက္ကာယ ဒိဋ္ဌိ ကပ်ညှိမှု မပါကြပါဘူး။
ဒါကြောင့်
လောကဓံနဲ့ ရင်ဆိုင်ရတဲ့အခါ အရိယာတွေက
မနှစ်သက်ဖွယ်အာရုံနဲ့တွေ့လည်း
ဒေါသဖြစ်ကြတယ်ဆိုပေမယ့်
ပေါ့ပေါ့ပါးပါးရှိနိုင်ကြပါသေးတယ်။
မျိုသိပ်ဟန်ဆောင်ခြင်းနဲ့ ဘာမှ
မဆိုင်တဲ့
ကပ်ညှိမှု မရှိတဲ့ ဒေါသမျိုးဖြစ်ကြတာပါ။
နှစ်သက်ဖွယ်အာရုံနဲ့
ကြုံတွေ့ရင်လည်း အကောင်းလောကဓံတစ်ခု
အနေနဲ့ ခံစားစံစားပြီး
ကပ်ညှိမှုမပါပဲ စွန့်လွှတ်ဖို့လည်း အဆင်သင့်
ဖြစ်နေတတ်ကြပါတယ်။
သိခြင်းသည်
သီးခြား ဆင်ခြင်ခြင်းသည်သီးခြားဖြစ်ပါကြောင်းနဲ့။
အရိယာတို့ရဲ့
သိခြင်းကို မျက်စိနဲ့မြင်နိုင်စွမ်းမရှိတာကြောင့်
အရိယာတို့
ဖြစ်ကျောတိုတယ် ဆိုတာ လူသာမာန်တွေ မသိနိုင်ကြောင်း
အထက်မဂ်အရိယာတို့
ဘယ်လိုစိတ်နဲ့ ဘယ်လိုနေပြီး
ဘာလုပ်တယ်ဆိုတာကိုလည်း
အောက်မဂ်အရိယာတို့ နားလည်
နိုင်မှာ
မဟုတ်ကြောင်း သိခြင်းနဲ့ ဆင်ခြင် ခြင်းကို ရှင်းရှင်းလင်းလင်း
နားလည်သဘောပေါက်ကြပြီး
အရိယာကို စွပ်စွဲစော်ကားမိခြင်းမှ
ကင်းနိုင်ကြပါစေ။
အရိယူပ၀ါအန
္တရာယ်ကို မကျူးလွန်သူများဖြစ်ကြပါစေ။
*****တတိယမြောက်သမီးတော်*****
0 comment:
Post a Comment