တဏှာ၊ မာန ၊ ဒိဋ္ဌိမှာ ဒိဋ္ဌိက ကြောက်စရာအကောင်းဆုံးပါပဲ။
ငါ့သား ငါ့မယား လင်သား စသဖြင့်စွဲယူခြင်းဟာ
သက္ကာယဒိဋ္ဌိတွေပါ။
ဗြဟ္မာတွေဟာ ဘ၀တဏှာနဲ့ သမထ အားကောင်းလို့
ဘုံဘ၀ အမြင့်ကိုရောက်ကြရတာ။ သို့သော်
ဒိဋ္ဌိ မပယ်ရသေးတဲ့အတွက်
လူဘ၀ နတ်ဘ၀ အပါယ်ဘ၀တွေပြန်ရောက်ရတယ်။ဒိဋ္ဌိဟာ
အပါယ်ကိုဆွဲချတဲ့ သတ္တိမျိုးစေ့ဖြစ်ပါတယ်။
ဒိဋ္ဌိကိုပယ်သတ်ထားရင်
အပါယ်ရောက်စရာမလိုတော့ဘူး။ လောကီဈာန်ရထားတဲ့ ပုဂ္ဂိုလ်များဟာ
မိမိရထားတဲ့ လောကီဈာန် သမာပတ်အပေါ်မှာ
သာယာနှစ်မျောပြီး
ပျော်နေကြတယ်။ တဏှာနဲ့ပျော်နေတာပေါ့။
အဲ့ဒီလို တဏှာနဲ့
ပျော်နေတဲ့အချိန်မှာ ငါဆိုတဲ့ သက္ကာယဒိဋ္ဌိက
အနုသယအနေနဲ့ပဲ
ကိန်းနေပါတယ်။ ထင်ရှားတဲ့ အယူတစ်ခုအနေနဲ့
ဝီတက္ကမ မဖြစ်ပါဘူး။
တဏှာအရှိန်လေးနဲ့ လောကီဈာန်မှာပျော်ပြီး
ဗြဟ္မာဖြစ်သွားတာပါ။
အနုသယကိလေသာအနေနဲ့ ကိန်းနေတဲ့ ဒိဋ္ဌိကိုတော့
မပါယ်ရ
မသတ်ရသေးပါဘူး။ သမထကုသိုလ်အရှိန်လေးကုန်သွားတဲ့အချိန်မှာ
မပယ်မသတ်ရသေးတဲ့ ဒိဋ္ဌိက ဆွဲချခြင်းကိုခံကြရပါတော့တယ်။
ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက
ပဋိစ္စသမုပ္ပါဒ်ကို
အဓိကထားပြီး တတ်အောင်သင်ပေးခဲ့တာ။
အပါယ်လွတ်စေချင်လို့ပဲ။
လူမှာ ဒွိဟိတ် ဆိုတဲ့ လူသာမာန်နဲ့
တိဟိတ်ဆိုတဲ့ ပညာဟိတ်ပါတဲ့
လူ နှစ်မျိုးရှိတယ်။ တိဟိတ်က ၀ိပဿနာ
အလုပ်လုပ်ရင် သောတာပန်
တည်ပြီး အရိယာဖြစ်နိုင်တယ်။ အပါယ်လွတ်တယ်။
ဒွိဟိတ်ကျတော့
ပညာဟိတ်အားနည်းလို့ ၀ိပဿနာအလုပ်လုပ်လည်း
အရိယာမဖြစ်နိုင်ဘူး။
အပါယ်လွတ်ဖို့ မလွယ်ဘူး။ သေခါနီးမှာ
အကုသိုလ်ဇောနဲ့
စုတိစိတ်ကျသွားရင် အပါယ်ခန္ဓာပဲ
ရတော့မှာ။အရိယာလို စိတ်ချလို့
ရတဲ့ ခန္ဓာပိုင်ရှင်တွေမဟုတ်ဘူး။
ဒီတော့ ပုဂ္ဂိုလ်တိုင်းကိုနောက်ဘဝ
အပါယ်ကလွတ်အောင်ကယ်ဖို့ဆိုတာ ပဋိစ္စသမုပ္ပါဒ်ကို
သိနားလည်မှ
သေချာပေါက်စိတ်ချရမှာဖြစ်လို့ မေတ္တာရှေ့ထားပြီး
လမ်းညွှန်
တော်မူခဲ့တာပဲ ဖြစ်တယ်။
ပဋိစ္စသမုပ္ပါဒ်နားလည်တာနဲ့ အပါယ်လွတ်တယ်လို့
ဘာကြောင့်ပြောနိုင်
တာလဲဆိုတော့။ ၀ိသုဒ္ဓိမဂ်(၇)ပါးမှာ
ကင်္ခါဝိတရဏ ၀ိသုဒ္ဓိ အဆင့်ကို
ရောက်သွားတဲ့သူဟာ စူဠသောတာပန်လို့
သတ်မှတ်ထားကြပါတယ်။
အကြောင်းတရားကြောင့် အကျိုးတရားဖြစ်တာပါလားလို့
သိတဲ့ ဥာဏ်သည်
သောတာပန်တို့ သိတဲ့အသိပါ။ ကင်္ခါဝိတရဏ
ဝိသုဒ္ဓိဖြစ်တယ်ဆိုတာ
နာမ်နဲ့ရုပ်တို့ဟာ အကြောင်းတရားရှိခဲ့လို့
အကျိုးဖြစ်လာတယ်ဆိုတာ
သိသွားမှ ဖြစ်တာ။ကင်္ခါဝိတရဏ ၀ိသုဒ္ဓိ
မရောက်ခင်မှာ ဒိဋ္ဌိဝိသုဒ္ဓိ အရင်ဖြစ်တယ်။
ဒိဋ္ဌိဝိသုဒ္ဓိအဆင့်မှာ ငါဆိုတာမရှိဘူး။
နာမ်နဲ့ရုပ်ပဲရှိတယ်ဆိုတာကို
သိနားလည်ခြင်းဟာ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ခြင်းပါပဲ။
ဒီတော့
မိုးကုတ်ဆရာတော်ဘုရားကြီးက သီလ၀ိသုဒ္ဓိနဲ့
စိတ္တ၀ိသုဒ္ဓနှစ်ပါး
ထက် ဒိဋ္ဌိဝိသုဒ္ဓ နဲ့ ကင်္ခါဝိတရဏ၀ိသုဒ္ဓိကို
အရင်စလို ကျင့်သုံးခိုင်း
လိုက်တာပဲ။ သီလ၀ိသုဒ္ဓိ ၊ စိတ္တ၀ိသုဒ္ဓိ
စသဖြင့် သူ့အဆင့်အတိုင်းသွားရင်
စိတ္တ၀ိသုဒ္ဓိဖြစ်လာတဲ့အခါ ဒါကတော့နာမ်ပဲ
ဒါကတော့ ရုပ်ပဲလို့
ဥာဏ်မှာထင်မြင်လာပါတယ်။အဲ့ဒီလို
သမာဓိအားကောင်းလို့
စိတ္တ၀ိသုဒ္ဓိဖြစ်လာမှ ရုပ်ပါလား
နာမ်ပါလားလို့ သိခြင်းထက်
ဆရာသမားကိုယ်တိုင်က ဒီသဘောလေးကို
ရုပ်သဘောလို့ခေါ်တယ်။
ဒီသဘောလေးကို နာမ်သဘောလို့ခေါ်တယ်လို့
သင်ကြားပေးလိုက်
ခြင်းအားဖြင့် ယောဂီပုဂ္ဂိုလ်ဟာ
သီလ သမာဓိတွေ မပြည့်စုံခင်ကတည်းက
နာမ် နဲ့ ရုပ်ကို ပိုင်းခြားသိမြင်
ကြိုတင်ပြီးဆင်ခြင်ထားလို့ရပါတယ်။
ဒါက မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့
အထွတ်အမြတ်ထားတဲ့
ဆန္ဒဖြစ်ပါတယ်။
ပဉ္စဂ္ဂဇနီးမောင်နှံတို့ဟာ ကဿပဘုရားရှင်လက်ထက်
လူ့ဘ၀ကို
ရပါလျက်နဲ့ ဘုရားရှင်ရဲ့ တရားပွဲကို
မသွားနိုင်လောက်အောင်
ဆင်းရဲကြပါတယ်။ တရားနာပရိတ်သတ်က
တရားပွဲက အပြန်မှာ
ဘုရားရှင်ဟောတော်မူတဲ့ တရားကို
အချင်းချင်း အပြန်အလှန်
ဆွေးနွေးရင်းပြောဆိုကြတာကို ကြားရပြီး
ဘုရားအပေါ် ယုံကြည်ခြင်း
ဆိုတဲ့ သဒ္ဓါတရားက စောင့်ရှောက်လိုက်လို့
လူဘ၀ နတ်ဘဝ
စုံချည် ဆန်ချည် ကျင်လည်ခဲ့တာ ဂေါတမမြတ်စွာဘုရားရှင်
ပွင့်ထွန်းတော်မူတဲ့အချိန်အထိ အပါယ်ခန္ဓာရခြင်းက
လွတ်မြောက်ခဲ့ပါတယ်။
တရားပွဲပြန်ပရိတ်သတ်များက ဘုရားရှင်က
ပြောတယ်
သူဆိုတာ မရှိဘူး ငါဆိုတာ မရှိဘူး။
ပုဂ္ဂိုလ်သတ္တ၀ါမရှိဘူး။
ယောက်ျား မိန်းမ မရှိဘူး။ နာမ်နဲ့
ရုပ်ပဲ ရှိတယ်တဲ့။ လို့ ဒီလိုလေး
ပြောလိုက်တဲ့အသံကို ဇနီး ဖြစ်သူက
ကြားပြီး ယောက်ျားဖြစ်သူကို
ပြန်ပြောပြတော့ ဘုရားကပြောတာပဲကွာ
ဟုတ်မှာပေါ့လို့
ယုံကြည်လိုက်တာလေးနဲ့ အပါယ်ကလွတ်မြောက်ခဲ့ခြင်းကို
ထောက်ရှုခြင်းအားဖြင့် မိုးကုတ်ဆရာတော်ဘုရားကြီးက
ပုဂ္ဂိုလ်သတ္တ၀ါတိုင်းတရားနာတဲ့သူတိုင်းကို
အပါယ်လွတ်အောင်
ကယ်တင်တော်မူခဲ့ခြင်းဖြစ်တယ်လို့
အကြွင်းမဲ့ယုံကြည်ပါတယ်။
ပုထုဇဉ်မှန်ရင် ယထာဘူတဥာဏ်ကိုလည်းမရထားသေးတော့
ပညာဟိတ် အားနည်းသူလည်းဖြစ်တယ်ဆိုရင်
အမှန်ကိုအမှန်လို့
မဆုံးဖြတ်တတ်ဘူး။ နာမည်ကြီးတဲ့သူတွေ
ကိုယ်ချစ်တဲ့ခင်တဲ့သူတွေ
ကိုယ့်ထက် ရာထူးအာဏာကြီးတဲ့သူတွေပြောတဲ့နောက်ကိုပဲ
လိုက်တတ်တဲ့သဘောမှာရှိတယ်။ အဲ့ဒီလိုသဘောမျိုးရှိတတ်တဲ့
ဟုတ်တိုင်းမှန်ရာကိုမဆင်ခြင်တတ်သေးတဲ့
ပုထုဇဉ် တို့မှာ
ဘယ်လောက်ပဲ သီလစောင့်ထိန်းတယ်လို့ပြောပြော
အဂတိလေးပါးကို လိုက်စားမိတတ်ကြတဲ့အတွက်
သီလစင်ကြယ်သူ
မဖြစ်နိုင်ကြသေးဘူး။ဒါကြောင့်လည်း
ပုထုဇဉ်တစ်ယောက်ရဲ့
သီလစောင့်ထိန်းမှုဟာ မဂ်နဲ့ ပါယ်သတ်ထားတဲ့အရိယာတို့ရဲ့
သီလစင်ကြယ်မှုကိုမမှီနိုင်တာ။ သီလစောင့်ထိန်းတယ်လို့
ဘယ်လိုပဲဆိုဆို ပုထုဇဉ်ဖြစ်တဲ့အတွက်ကြောင့်
ဆန္ဒာဂတိဆိုတဲ့
ချစ်ခင်သူအတွက် ဘက်လိုက်ခြင်းတွေရှိမယ်။
ဒေါသာဂတိ
ဆိုတဲ့ မုန်းတဲ့သူကို နစ်နာအောင်
ဘက်လိုက်မိတာလည်းရှိမယ်။
ဘယာဂတိဆိုတဲ့ အန္တရာယ်ဖြစ်မှာစိုးရိမ်ပြီး
မိမိကိုယ်ကို အန္တရာယ်
ကင်းအောင်လို့ ဘက်လိုက်ပြောမိတာလည်းရှိမယ်။
မောဟာဂတိ
ဆိုတဲ့ ဘာမှန်း ညာမှန်းမသိပဲ ဘက်လိုက်မိတာလည်းရှိမယ်။
ဒီလိုဘက်လိုက်မိခြင်းဟာ မဟုတ်မမှန်ပြောဆို
လုပ်ကိုင် ကျင့်သုံး
ခြင်းပဲဖြစ်တယ်။ မဟုတ်မမှန်ပြောဆိုလုပ်ကိုင်ကျင့်သုံးတယ်ဆို
မှတော့
သီလရှိတဲ့သူ ဖြစ်နိုင်ပါအုံးမလား။
ပုထုဇဉ်တို့ရဲ့ သီလ ဟာ
စိတ်မချရဘူး.။သေချာပေါက် မလုံခြုံသေးဘူး။
အရိယာတို့ကတော့
သမုစ္ဆေဒပဟာန်နဲ့ သီလလုံခြုံသွားပြီးဖြစ်ပါတယ်။
သီလ၀ိသုဒ္ဓိ နဲ့ စိတ္တ၀ိသုဒ္ဓိ နှစ်ပါးက
အပါယ်လွတ်ဖို့ စိတ်မချရတဲ့
အတွက် ဒိဋ္ဌိဝိသုဒ္ဓိနဲ့ ကင်္ခါဝိတရဏ၀ိသုဒ္ဓဖြစ်အောင်
မိုးကုတ်
ဆရာတော်ဘုရားကြီးက သင်ပေးလိုက်တာ။
အပါယ်လွတ်တရား။
အင်မတန်မှ ကျေးဇူးများပါတယ်။ နာမ်နဲ့ရုပ်ပဲရှိတယ်လို့
သိတော့
ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ပြီး ငါဆိုတဲ့ သက္ကာယဒိဋ္ဌိ စင်သွားတယ်။
အကြောင်းအကျိုးပဲ ရှိတယ်ဆိုတာသိတော့
ကင်္ခါဝိတရဏ၀ိသုဒ္ဓိ
ဖြစ်ပြီး မမြဲတဲ့သဘော အစားထိုးတဲ့ သဘောလေးတွေသိနားလည်
လာတယ်။ မမြဲတဲ့သဘောကိုသိတော့ မြဲတယ်လို့ယူဆတဲ့
သဿတဒိဋ္ဌိစင်တယ်။အစားထိုးတဲ့သဘောလေးကိုသိတော့
သေရင်ပြတ်တယ်လို့ ယူဆတဲ့ ဥစ္ဆေဒ
ဒိဋ္ဌိစင်တယ်။
ဒီလိုဒိဋ္ဌိသုံးပါးလုံး အသိမှာစင်ကြယ်သွားတဲ့အတွက်အရင်ဘဝ
ဆိုတာ ရှိသလား ။ နောက်ဘ၀ဆိုတာ ရှိသလားဆိုတဲ့
သံသယအတွေးတွေ ၀င်စရာ မလိုတော့ဘူး။
ပဋိစ္စသမုပ္ပါဒ်ကို သင်ကြားခွင့်ရလို့ နားလည်
သဘောပေါက်လိုက်ခြင်းဟာ ဒိဋ္ဌိနဲ့
ဝိစိကိစ္ဆာကို သညာသိနဲ့
ပယ်သတ်ပစ်လိုက်တာပဲ။ ကိုယ်တိုင်က
မိမိခန္ဓာကို သတိနဲ့
စောင့်ကြည့်လို့ ဒါက နာမ်ရဲ့ သဘောလေး။ ဒါကတော့
ရုပ်ရဲ့သဘောလေးဆိုတာကိုသာ မိမိဥာဏ်အမြင်နဲ့
ရှုမှတ်
သိရှိနိုင်ရင် ၀ိဥာဏ်သိနဲ့ ပယ်သတ်လိုက်တာပဲ။ဝိဥာဏ်သိနဲ့သာ
ပယ်သတ်နိုင်ခဲ့မယ်ဆိုရင် ပိုပြီး
သေချာပြီ နောက်ဘ၀ အပါယ်လား
စရာကို အကြောင်းမရှိတော့ဘူး။ ကြီးမားတဲ့အကုသိုလ်ဆိုးတွေ
မရှိရင် သေချာပြီးသားပါပဲ။ ဒီထက်ပိုပြီး
အာစိဏ္ဏကံနဲ့ဝိပဿနာအလုပ်ကို
ကြိုးစားအားထုတ်သွားမယ်ဆိုရင် လက်ရှိဘ၀မှာ
သောတာပန်
မတည်လည်း နောက်ဘ၀ နတ်ပြည်မှာ သောတာပန်
အရိယာ
သူတော်ကောင်းကြီးဖြစ်ကိုဖြစ်ပြီ။
ဒီအဆင့်နှစ်ဆင့်ဖြစ်တဲ့ ဒိဋ္ဌိဝိသုဒ္ဓိနဲ့
ကင်္ခါဝိတရဏ၀ိသုဒ္ဓိ နှစ်ပါးဟာ
ဝိပဿနာ အဆင့်ကိုမရောက်သေးပါဘူး။
ဝိပဿနာအားထုတ်တာ မပါသေးဘူး။
ခန္ဓာငါးပါး လို့ခေါ်တဲ့ ရုပ်နာမ်နှစ်ပါးကို
သဘောတရားလေးသိရုံပဲရှိပါသေးတယ်။
ခန္ဓာရဲ့ သဘော အမှန်တရားတွေကို သိထားရုံမျှပဲရှိပါသေးတယ်။
ခန္ဓာငါးပါးကို လက္ခဏာရေး သုံးပါးနဲ့
ရှုမှတ်တဲ့အဆင့်ကို မရောက်သေးဘူး။
နာမ်ဆိုတာ ဒါ ရုပ်ဆိုတာ ဒါ ။ နာမ်နဲ့ ရုပ်ဆိုတာ အကြောင်းကြောင့်
အကျိုးဖြစ်
နေတာ။ ဒီလိုလေး သိရုံပဲ ရှိသေးတယ်။ ၀ိပဿနာပညာကိုမရောက်ရသေးဘူး။
အဲ့ဒီ ၀ိပဿနာအလုပ်ကိုမလုပ်ရသေးခင်လေးနဲ့
အပါယ်ကနေလွတ်မြောက်ပြီ။
အပါယ်လွတ်တယ်ဆိုတာ ဒိဋ္ဌိစင်လို့
လွတ်တာ။
တရားနာတဲ့ပရိတ်သတ်တွေထဲမှာ တိဟိတ်လည်းပါမယ်။ဒွိဟိတ်လည်း
ပါမယ်။ လာသမျှပရိတ်သတ်တွေကို အရိယာဖြစ်ဖို့အတွက်
အရင်ဆုံး
ဒိဋ္ဌိကိုအသိဥာဏ်နဲ့ ပယ်ခိုင်းလိုက်တာပဲ။
ဒိဋ္ဌိပယ်ရင် ၀ိစိကိစ္ဆာလည်း
အလိုလိုပယ်ပြီးသားပဲ။ ဒိဋ္ဌိ နဲ့ဝိစိကိစ
္ဆာ ကို အသိဥာဏ်နဲ့ အရင်ပယ်ခိုင်းပြီးမှ
ဝိပဿနာ တရားဟောတယ်ဆိုတာ တရားနာပရိတ်သတ်ကို
နောက်ဘ၀တော့ဖြင့်
အားလုံးအပါယ်လွတ်ပါစေတော့လို့ ရည်ရွယ်ခဲ့တဲ့စေတနာမေတ္တာတွေ
ထင်ရှားနေပါတယ်။ ဆရာတော်ဘုရားကြီးရဲ့
ဟောကြားတော်မူတဲ့
တရားအပုဒ်တိုင်း အပုဒ်တိုင်းမှာ
ပဋိစ္စသမုပ္ပါဒ်ကို အခြေခံပြီး
ဟောကြားဆုံးမခဲ့တာဟာ တရားနာတဲ့ပုဂ္ဂိုလ်တိုင်းကို
နောက်ဘဝ
အပါယ်လွတ်ဖို့ အထွတ်အမြတ်ထားတဲ့
ဆန္ဒဆိုတာ သိသာထင်ရှားလှပါတယ်။
ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးဆိုတာ
သိတ်ကိုကျေးဇူးများတဲ့
ပုဂ္ဂိုလ်ကြီးဖြစ်ကြောင်းကို နက်နက်နဲနဲ
သိနားလည်လိုက်ပါ။
မိုးကုတ်ဆရာတော်ဘုရားကြီးက ဒီလောက်ကျေးဇူးများရင်
သဗ္ဗေညုတဥာဏ်ရှင်မြတ်စွာဘုရားရဲ့ကျေးဇူးဆိုတာတော့
တုစရာ
နှိုင်းစရာကို မရှိတော့ပါဘူး။
ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာကို အသိနဲ့ အရင်ပယ်ပြီးမှ
ဝိပဿနာအလုပ်ပေး
တရားကိုဟောတဲ့အခါမှာ တရားနာပရိတ်သတ်အတွက် အားကြီး
သောအထောက်အပံ့ကြီးဖြစ်သွားတော့တယ်။
တရားနာတာ
နာမ်နဲ့ ရုပ်က နာတာ။ ငါ တရားနာတယ်ဆိုတဲ့အယူမပါပဲ
တရားကို
နာကြားမှတ်သားတော့ စိတ်ကစင်ကြယ်နေတဲ့အတွက်
ဥာဏ်က
ပိုပြီး အားကောင်းလာတယ်။ ဥာဏ်အားကောင်းကောင်းနဲ့
နားက တရားနာပြီး ဥာဏ်က ခန္ဓာလှည့်လိုက်မယ်ဆိုရင်
ခန္ဓာက ဖြစ်ပျက်၊ သိတဲ့ဥာဏ်က မဂ်၊
ဖြစ်ပျက်က ဒုက္ခသစ္စာ
သိတဲ့ဥာဏ်က မဂ္ဂသစ္စာ၊ ဒုက္ခသစ္စာကို
ဒုက္ခသစ္စာလို့
သိနေတဲ့အချိန်မှာ အ၀ိဇ္ဇာ နဲ့ တဏှာ
လာစရာအကြောင်းမရှိတော့ဘူး။
အ၀ိဇ္ဇာနဲ့ တဏှာ ဆိုတဲ့ သမုဒယသစ္စာသေတော့
သမုဒယတို့ရဲ့
ချုပ်ရာငြိမ်းရာသည် နိရောဓသစ္စာ
။ သစ္စာလေးချက်က
တပြိုင်နက်တည်း ပေါ်တယ်။ သစ္စာလေးချက်
ကိုက်နေညီနေခြင်းသည်
ဝိပဿနာမဂ်ဥာဏ်လို့ခေါ်တယ်။ ၀ိပဿနာမဂ်ဥာဏ်ကိုပွား
နိုင်ရင် လောကုတ္တရာ မဂ်ဥာဏ်ကို
ရောက်မယ်။ သောတာပန်
တည်မယ်။ မဟာသောတာပန်ဖြစ်သွားပြီဆိုရင်တော့
နိဗ္ဗာန်မျက်မှောက်ပြုပြီ။ အပါယ်တံခါးပိတ်ပြီ။
အနည်းငယ်မျှသော
ဆင်းရဲဒုက္ခတွေသာကြုံရတော့မှာဖြစ်ပြီး
ဘ၀ခန္ဓာသိမ်းလို့
ချုပ်ငြိမ်းပါပြီ။
အဲ့ဒီတော့ သူလို့ ယူစရာ ငါလို့ ယူစရာ ဘာမှ မရှိပါဘူး။
သူလို့စွဲလန်းစရာ ငါလို့စွဲလန်းစရာလို့
မယူပါနဲ့။
သူမရှိ ငါမရှိ ယောက်ျား မိန်းမ
ပုဂ္ဂိုလ်သတ္တ၀ါ မရှိ။
နာမ်နဲ့ရုပ်သာရှိတယ်ဆိုတာကို အသိဥာဏ်မှာ
မှတ်သားဆင်ခြင်ပြီး နေမယ်ဆိုရင်
အပါယ်ခန္ဓာရခြင်းက
လွတ်မြောက်မှာ ဧကန်မလွဲဖြစ်ပါတယ်။
ငါ င့ါဥစ္စာ ငါ့ခန္ဓာလို့
မှတ်သိယူစွဲခြင်း ကင်းကြပါစေ။
*****တတိယမြောက်သမီးတော်*****
0 comment:
Post a Comment