ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Monday, September 5, 2016

မဂ်လေးပါးပယ်သော အကုသိုလ်တရားများ




အရိယာပုဂ္ဂိုလ်များမှာ ကျန်နေသေးတဲ့ ကိလေသာအလျှောက်
ဖြစ်တတ်သေးတာကို သတိပြုမိစေရန်ဖြစ်ပါတယ်။
ဥပမာ.. သောတာပန်အရိယာဆိုရင်
မိစ္ဆာသင်္ကပ္ပ မဟုတ်တာတွေ လုပ်ကြည့်တာရှိသေးတယ်။
ဗေဒင်မေးတာတို့ ယတြာချေတာတို့ စသဖြင့်ပေါ့။
ယုံကြည်လို့တော့မဟုတ်ပေမယ့် ပညာရပ်တွေကို
စမ်းသပ်တဲ့လုပ်ရပ် အပျော်သဘောကစားခြင်းတွေ
ရှိသေးတယ်ဆိုတာကိုပြောချင်တာပါ။
ပိသုဏဝါစာ ဆိုတဲ့ ချစ်ခင်မှုကို ဖျက်စီးလိုတဲ့လုပ်ရပ်
တွေလည်း ပြုမူပါသေးတယ်။
ဖရုသဝါစာ ဆိုတဲ့ ကြမ်းတမ်းတဲ့စကားမျိုးလည်း
ပြောပါသေးတယ်။သူ့မှာက ပဋိဃ လို့ခေါ်တဲ့ စော်ကား
ပြောချင်တဲ့ ဒေါသတွေရှိနေသေးတာကိုး။
လောကဓံ ၈ ပါးနဲ့ပတ်သက်လို့ သောတာပန်က 
တစ်ခုမှ ခံနိုင်ရည်မရှိသေးပါဘူး။ သက္ကာယဒိဋ္ဌိနဲ့
ယှဉ်တဲ့ ငါ့မှဖြစ်ရလေခြင်းဆိုတဲ့ခံစားမှုမျိုးသာ မလာတော့ပေမယ့်
စီးပွားလာဘ်လာဘအဆင်မပြေရင် အခက်အခဲကြုံလို့ ကူညီတဲ့သူမရှိရင်
ဆိုပြောကဲ့ရဲ့ခံရရင် ဆင်းရဲဒုက္ခကြုံရရင် ဝမ်းနည်းအားငယ် စိတ်မချမ်းမသာ
ဖြစ်ပါသေးတယ်။ ကောင်းတာလေးတွေနဲ့ပြည့်စုံရင်လည်း
မော်မော်ကြွားကြွားနေတတ်ပါသေးတယ်။
ဝမ်းနည်စိတ် အားငယ်စိတ်တွေ ကြမ်းတမ်းတဲ့စကားတွေကို
အနာဂါမ်တည်မှအကြွင်းမဲ့ပယ်သတ်ပါတယ်။
ဒါတွေကိုသိထားရင် အရိယာမဟုတ်ဘူးလို့စွပ်စွဲပြောဆိုမိတဲ့
အရိယူပဝါဒန္တရာယ်က ရှောင်နိုင်တာပေါ့။
သုဂတိလူ့ဘုံမှာလူလည်းဖြစ်ခွင့်ရပါလျက်နဲ့ တိဟိတ်ပုဂ္ဂိုလ်
လည်းဖြစ်ပါလျက်နဲ့ သစ္စာသိအောင်လည်းကြိုးစားပါလျက်နဲ့
သစ္စာသိခွင့်မရတာ အရိယာဖြစ်ခွင့်မရတာ ဖြစ်ပျက်တွေ
ဆုံးအောင်မရှုမှတ်နိုင်အောင်မဂ်တားဖိုလ်တားတွေဖြစ်သွားမှာကို
အင်မတန်မှ စိုးရိမ်ပါတယ်။ သုဂတိဘုံရောက်ဖို့မလွယ်သလို
သာသနာနဲ့ကြုံဖို့ဆိုတာ ခဲယဉ်းလွန်းလှပါတယ်။
ဘယ်အရိယာကိုမှမစော်ကားမိထားရင် သစ္စာသိဖို့လွယ်ကူရပါမယ်။
အရိယူပဝါဒန္တရာယ်သင့်မှာစိုးရိမ်လို့ အကြိမ်ကြိမ် သတိပေး
လေ့ရှိတယ်ဆိုတာ သတိထားမိကြမှာပါ။
တိဟိတ် မှန်ရင် သစ္စာတရားနာကြားခွင့်ရလို့ ၀ိပဿနာအားထုတ်ရိုး
မှန်ရင် အရိယာဖြစ်ကိုဖြစ်ရမယ်။  ဒီအတွက်ကြောင့် 
အရိယူပဝါဒန္တရာယ်သင့်ရောက်ထားသူမဖြစ်ဖို့အရေးကြီးပါတယ်။
သမီးတော် အထွတ်အမြတ်ထားတဲ့ ဆန္ဒဖြစ်လို့လည်း
အကြိမ်ကြိမ်သတိပေးခြင်းပါ။

ချမ်းသာစွာဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။



*****တတိယမြောက်သမီးတော်*****

1 comment:

3rdthameetaw said...
This comment has been removed by the author.