ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, December 17, 2016

ချစ်တတ် မုန်းတတ်ပါစေ



နတ္ထိ လောကေ အနိန္ဒိတော။
လောကေ” လောကကြီးအတွင်း၌
အနိန္ဒိတော” ကဲ့ရဲ့လွတ်သောသူသည်
နတ္ထိ” မရှိချေ။


"အရှင်ဘုရားကိုမုန်းကြတယ်”,
"ဪ..ကျူပ်ကိုမုန်းကြသတဲ့လား”
"တင်ပါ့ဘုရား…အရှင်ဘုရားရဲ့ ပြောပုံ_ဆိုပုံ တို့ကို
မကြိုက်လို့ မုန်းကြသတဲ့ ဘုရား”
"သူတို့က ခုမှ မုန်းကြတာပါ၊  ကျူပ်က ကျူပ်ကိုကျူပ်
မုန်းနေတာကြာပြီ”

ကျောင်းအမကြီး ဒေါ်ဒေါ်ဖုံ၏ လျောက်ထားချက်ကို
မိုးကုတ်ဆရာတော်ဘုရားကြီးမှ ပြန်လည်ဖြေကြားခြင်း
ဖြစ်သည်။

လူတိုင်းလူတိုင်း မိမိကိုမိမိချစ်လျင်
သစ္စာသိအောင်လုပ်ရမည်။
သစ္စာမသိခြင်းကြောင့် သံသရာ၌ဆင်းရဲစွာကျင်လည်
ခဲ့ရသည်ကို ဆင်ခြင်သင့်သည်။သံသရာ၌ကျင်လည်နေသမျှ
ကာလပတ်လုံး ဆင်းရြဲခင်းသာလာပေလိမ့်မည်။
အရိယာမျက်လုံး သစ္စာမျက်လုံးဖြင့်ရှုဆင်ခြင်လျှက်
သံသရာမှလွတ်မြောက်ရေးကို အချိန်မဆိုင်းပဲ
ကြိုးစားအားထုတ်သင့်သည်။
ထိုကဲ့သို့ မိမိကိုကိုယ်ဆင်းရဲတွင်းမှလွတ်အောင်
ကြိုးစားအားထုတ်ခြင်းသည်သာ မိမိကိုယ်ကို
ချစ်ရာ ရောက်ပေလိမ့်မည်။
မိမိကိုကိုယ်ချစ်ပါက သစ္စာသိအောင်ကြိုးစားအားထုတ်ရမည်။
ကာမဂုဏ်အာရုံများကိုခံစားမေ့လျော့နေခြင်းသည်
မိမိကိုယ်ကို ဆင်းရဲအောင်နှိပ်စက်နေခြင်းဖြစ်သည်။
ကာမဂုဏ်အာရုံကိုခံစားရင်းသတိဖြင့်ဆင်ခြင်နိုင်အောင်
ကြိုးစားကြရမည်။ ဝိပဿနာအလုပ်သည် အချိန်မရွေး
နေရာမရွေး အားထုတ်ပွားများနိုင်သည်။ ထို့ကြောင့်
ကာမဂုဏ်အာရုံကိုခံစားပျော်ပါးနိုင်သည်။
သို့သော်မေ့မေ့လျော့လျော့ပျော်ပါးနေခြင်းမဟုတ်ပဲ
ခံစားပျော်ပါးရင်း ဝိပဿနာအလုပ်ကိုပါလုပ်တတ်အောင်
လေ့ကျင့်သင်ကြားပြီး နေထိုင်တတ်ကြရမည်။
သွားရင်း လာရင်း စားရင်း သောက်ရင်း နေရင်းထိုင်ရင်း
စကားပြောရင်းဖြင့်သစ္စာသိနိုင်သည်။အရိယာဖြစ်နိုင်သည်။
ဝိပဿနာအလုပ်ကိုသာလုပ်တတ်ဖို့လိုပါသည်။
ဤနည်းအားဖြင့်ကာမဂုဏ်အာရုံကိုခံစားရင်း
မိမိကိုယ်ကိုချစ်တတ်ကြရလိမ့်မည်။မေ့မေ့လျော့လျော့
နေလျင် မိမိကိုယ်ကိုချစ်ရာမရောက်နစ်ရာရောက်ပေလိမ့်မည်။


တစ်ခါတစ်ခါ ဖြစ်သလိုပုံကိုဓာတ်ပုံရိုက်သည်။
ဖေ့စ်ဘုတ်ပေါ်တင်သည်။ဘယ်သူမှလှတယ်ဟု
လာမပြော။အိုသွားပြီ။အဖွားကြီး။စသဖြင့်
ဝိုင်း နောက်ကြသည်။ ကောင်းပြီ ရေချိုးခေါင်းလျော်
သနပ်ခါးလိမ်းပြီး ဆယ်ဖီဆွဲလိုက်သည်။
ဖေ့စ်ဘုတ်ပေါ်တင်သည်။ လှတယ် လန်းတယ်
အလန်းဇယား စသဖြင့်မှတ်ချက်ပေးကြသည်။

တကယ်ဆိုရင် အရင်နေ့ကလည်း ဒီလူပုံ
ခုလည်းဒီလူပုံ အတ္တပညတ်အားဖြင့် မပြောင်းပါ။
သို့သော် ကာယအပုပ်ကောင်ကိုရုပ်ဆောင်၍
ကြည့်ကောင်းအောင် တင့်တယ်အောင်ပြင်ဆင်၍
ဟန်မူယာလေးများဖြင့်စီရင်ဖွဲ့နွဲ့လေသောအခါ
စိတ္တဝိပလ္လာသအမြင်ဖြင့်တပ်မက်ဖွယ်ဖြစ်လေ၏။

ကာယအပုပ်ကောင်သာဖြစ်သည်ကိုသစ္စာမျက်လုံးဖြင့်
သိနိုင်သော်လည်းတဏှာမျက်လုံးဖြင့်ကြည့်သည်ရှိသော်
တပ်မက်ဖွယ်ဖြစ်ပေလိမ့်မည်။ကာယအပုပ်ကောင်
ဖြစ်ကြောင်းကို မိမိတို့ကိုယ်တိုင်ဆန်းစစ်ကြလျင်
ခန္ဓာကိုခင်တွယ်နေသည့်စိတ်ကလေး အနည်းငယ်သော်
လည်း ဥာဏ်အမြင်မှာရင့်ကျက်လာပါလိမ့်မည်။

မိမိတို့ခန္ဓာကို သတိလေးစိုက်ပြီး ဆင်ခြင်ကြည့်လိုက်ပါ။
မနက်ဆိုရင် မျက်ချေး နှပ်ချေး သွားချေး စသည်ဖြင့်
ဆေးကြောသန့်စင်ရသည်။
ညစ်ပတ်လို့လား
သန့်ရှင်းလို့လား။
ကျင်ကြီးကျင်ငယ်တွေစွန့်ထုတ်ရသည်။
ချွေးတွေ သလိပ်တွေ ချေးညော်တွေထွက်သည်။
မစင်ထုတ်တဲ့စက်လား။
နာတာကျင်တာ ကိုက်တာ ခဲတာ မဖြစ်ချင်ပဲဖြစ်ရသည်။
ကိုယ်ပိုင်လို့လား မပိုင်လို့လား။

ရေမိုးသန့်စင်ပြီး လှလှပပဝတ်စားပြင်ဆင်လိုက်တော့
နှစ်သက်ဖွယ် ရှုချင်ဖွယ် ပေါ့။
ခဏတာလှည့်စားခြင်းပါပဲ။
နှစ်ရက်လောက်ရေမချိုးပဲနေကြည့်။
ဆပ်ပြာတိုက်လို့တောင် အမြုပ်ကောင်းကောင်းမထွက်တော့။
ကိုယ်ကထွက်တဲ့အငွေ့အသက်တွေနဲ့
ချွေးတွေ ချေးတွေ စီးကပ်လို့။နှစ်သက်စဖွယ်ဖြစ်ရဲ့လား။
လှပတယ် တင့်တယ်တယ်ဆိုတာ
ကာယအပုပ်ကောင်ကိုရုပ်ဆောင်ထားလို့ပါ။
မစင်စွန့်စရာရှိတာစွန့်။အဟာရစားစရာရှိတာစားနဲ့
ပုံမှန်လည်ပတ်ရင်း ဒီခန္ဓာစက်ကြီးကအိုလာသည်။
ပြုစုပျိုးထောင် မွမ်းမံချယ်သရင်းနဲ့ ယိုယွင်းပျက်စီးနေသည်။
ခင်တွယ်စရာ တပ်မက်စရာဘာမှကိုမရှိ။

ဒီတော့ ဒါတွေကိုစွန့်လွတ်ပစ်လိုက်ပါလို့ မပြောလို။
သုံးပါ။ထိတွေ့ပါ။ ပတ်သက်ပါ။
တစ်ခါ.တစ်လေ သတိဝင်တဲ့အခါ ဆင်ခြင်ကြည့်ပါ။
ဟုတ်မဟုတ်။ မှန်မမှန် ။ဥာဏ်နဲ့မြင်အောင်ကြည့်။
ခန္ဓာတိုင်းကအတူတူပင်။ မစင်တွေအညစ်အကြေးတွေ
အချိန်တိုင်းထွက်နေသည်။ ကိုယ့်ခန္ဓာမှာထွက်သလို
သူတစ်ပါးခန္ဓာမှာလည်းထွက်သည်။သူတစ်ပါးခန္ဓာက
ရွံစရာကောင်းသလို ကိုယ့်ခန္ဓာကလည်း ရွံစရာကောင်းသည်။
ဥာဏ်မျက်လုံးနဲ့ သဲသဲကွဲကွဲ မမြင်တတ် မကြည့်တတ်သေးရင်
မက်မောစရာလို့ထင်နေသေးသည်။ကိစ္စမရှိ။
ဘယ်အရာမှ ချက်ချင်း တိခနဲ ပြတ်တာမရှိ။
တဖြေးဖြေးကြိုးစားကြည့်။ ခန္ဓာကအညစ်အကြေးထွက်တဲ့အခါ
ညောင်းညာကိုက်ခဲတဲ့အခါ ရွံစရာကြီးပါလား
ကိုယ်မပိုင်ပါလားလို့ လေးလေးနက်နက်တွေးကြည့်ပါ။
တဖြေးဖြေးချင်းဥာဏ်ရင့်လာပါလိမ့်မည်။
ကိုယ်ကဘယ်လောက်ထိ ပြုစုယုယပြီး ဂရုစိုက်ပါစေ။
သူကကိုယ်ဖြစ်ချင်သလို ကိုယ်လိုချင်သလို ဖြစ်မလာ။
သူ့လမ်းစဉ်အတိုင်းပဲ သူသွားသည်။ ဘယ်လောက်
မုန်းစရာကောင်းသလဲ။ သူက သူအလုပ်သူလုပ်သည်။
ကိုယ်က ခခယယ လိုက်တောင်းပန်နေရသည်။
မအိုပါနဲ့ ၊မနာပါနဲ့ ၊တောင်းပန်လည်းမရ၊
အိုတာပဲ ၊ နာတာပဲ ၊ ဘယ်လောက်စိတ်နာဖို့ကောင်းလဲ၊
ဒီလောက်ထိစိတ်နာဖို့ ကောင်းနေတာကို နောက်ထပ်ခန္ဓာရချင်သေးလား။
ဒါ ဆိုရင် အမှတ်မရှိလို့ တုံးအလို့ ထပ်လိုချင်တာပေါ့။
ဒီခန္ဓာကို  ပြုစုယုယသလောက် သူကတစ်ချက်လေးမှ
မငဲ့ကွက်ပဲ သူ့လမ်းစဉ်အတိုင်းပဲသွားနေသည်။
စိတ်နာလို့မုန်းသင့်ပြီ။ မုန်းတတ်ရဲ့လား။
ချက်ချင်းကြီးမမုန်းရင်လည်း တဖြေးဖြေးတော့
မုန်းနိုင်အောင်ကြိုးစားပါ။
..
အရိယာသူတော်ကောင်းများသည်
ချစ်လည်းချစ်တတ်သည်။
မုန်းလည်းမုန်းတတ်သည်။

မည်သူမဆို
ချစ်တတ် မုန်းတတ်ပါစေ။

*****တတိယမြောက်သမီးတော်*****

0 comment: