ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, December 17, 2016

သံဝေဂ ဖြင့်




.
လက်ရှိ အခြေအနေတွေအရ
သတင်းတွေကို ဆင်ခြင်ကြည့်လိုက်ရင်
သိတ်ကြောက်စရာကောင်းတာတွေ့ရပါလိမ့်မယ်။
စစ်ဘေးကြောင့်ဒုက္ခရောက်သူတွေ
မိမိအိုးအိမ်ကိုစွန့်ခွာပြီးပြေးရသူတွေ
တိုင်းတပါးနယ်ချဲ့တွေကြောင့် အသက်ကိုစတေးရသူတွေ
မိမိနေရပ်ကိုစွန့်ခွာပြေးရသူတွေ
ရေဘေးကြောင့် ပစ္စည်းဥစ္စာ ဆုံးရှုံးသူတွေ
ရေယာဉ်တိမ်းမှောက်မှုကြောင့် အသက်ဆုံးရှုံးသူတွေ
စသည် စသည်ဖြင့် အလွန်ပဲကြောက်မက်ဖွယ်ကောင်းလှပါတယ်။

မိမိတို့ကိုယ်တိုင်က အမှားကျူးလွန်လို့ အဲ့ဒီအမှားအတွက်
ပေးဆပ်ရတာမဟုတ်ပဲ ဆုံးရှုံးမှုများစွာရင်ဆိုင်ကြရတယ်။
ဒါတွေဟာ အတိတ်ဘဝက မိမိပြုခဲ့ဖူးတဲ့ ကံ ကြောင့်လား?
.
အချိန်မရွေးသေသွားနိုင်တယ်ဆိုတာ သိတ်ထင်ရှားတယ်။
ဆိုင်ကယ်တွေ ကားတွေ မတော်တဆဖြစ်လို့လဲ သေသွားနိုင်တယ်။
လျပ်စစ်တွေမထင်မှတ်ပဲ  ဓာတ်လိုက်ပြီးသေသွားနိုင်တယ်။
ဘယ်သူကမှ ကိုယ်ဘယ်လိုအကြောင်းနဲ့
ဘယ်အချိန် ဘယ်နေရာ ဘယ်အသက်အရွယ်မှာ
သေမယ်ဆိုတာ မသိနိုင်ပါဘူး။
မသိလို့လည်း အကုသိုလ်အမှုတွေကျူးလွန်လို့
ကာမဂုဏ် အာရုံတွေခံစား ပျော်ပါးလို့
မေ့မေ့လျော့လျော့ နေကြတာပေါ့။
ဘယ်အချိန် ဘယ်အရွယ် ဘယ်နေရာမှာ
ဘာကြောင့်သေမယ်မှန်းသာသိရင်
အဲ့ဒီသေခြင်းတရားကို ကျော်လွှားနိုင်ဖို့ ကြိုးစားကြမှာပဲ။
ကိုယ့်ကိုကိုယ် မသေနိုင်သေးဘူး  ဆိုတဲ့ အထင်နဲ့
မသေတော့မယ့် သူလို နေချင်သလိုနေနေကြတာဟာ
သေခြင်းတရားကို မထေမဲ့မြင်လုပ်နေကြတာပါပဲ။
.
သောတာပန်    သကဒါဂါမ်တို့က သေခြင်းတရားအတွက်
ပြင်ဆင်ပြီးမှ ပျော်ပျော်နေကြတာပါ။
ကာမဂုဏ်အာရုံတွေခံစားနေကြတယ်ဆိုပေမယ့်
အချိန်တန်လို့ သေရတဲ့အခါ ဝေဒနာကိုကျော်ပြီး
ခန္ဓာရဲ့ ဖြစ်ပျက်ကို ရှုမှတ်နိုင်ကြတယ်။
အရိယာဆိုတာ ဝေဒနာနဲ့ ငါနဲ့ တွဲနေတဲ့သူတွေမဟုတ်တော့ဘူး။
ဝေဒနာကို ဝေဒနာမှန်းသိတယ်။ စိတ်ကို စိတ်မှန်းသိတယ်။
ကိလေသာကို ကိလေသာမှန်းသိတယ်။
လောဘကို လောဘမှန်းသိတယ်။ ဒေါသကို ဒေါသမှန်းသိတယ်။
ဝေဒနာကသပ်သပ်၊ သညာကသပ်သပ်၊ ခန္ဓာက သပ်သပ်၊
ပညတ်သဘော သုံးတာကသပ်သပ်၊
ခန္ဓာ့သဘော သိတာက သပ်သပ်၊
ပရမတ်ရဲ့သဘောလေးကို ပညတ်တင်ပြီး
စိတ် စေတသိက် ရုပ် ရယ်လို့ အမျိုးအစားကို အသိဥာဏ်နဲ့
ကွဲကွဲပြားပြား နားလည်ကြတဲ့သူတွေဖြစ်တယ်။
.
ပုထုဇဉ်တွေက ဘာပဲဖြစ်လိုက်ဖြစ်လိုက် အကုန်လုံးကို
ငါ လို့ယူပစ်လိုက်တာကြီးပဲ။
အဲ့ဒီ ငါ ကြောင့် အောက်သံသရာက မလွတ်ကြတာပါ။
အောက်သံသရာကလွတ်ပြီးရင်တော့
ပျော်ပျော်ကြီးသာနေပါ။ ငါမပါတော့ဘူး။
အောက်သံသရာက လွတ်ဖို့အတွက်
ဒိဋ္ဌိ ငါ ကိုသာဖြုတိပစ်လိုက်
ဝီစိကိစ္စာကလည်း အလိုလိုသေပြီးသားပဲ။
ငါဆိုတဲ့ ဒိဋ္ဌိကိုဖြုတ်လိုက်တဲ့အခါ
ရုပ်နဲ့နာမ်ကို ကွဲကွဲပြားပြား သိသွားပြီ။
ရုပ်နာမ်ကို ကွဲကွဲပြားပြား သိသွားတဲ့သူဟာ
ဘုရား
တရား
သံဃာ ရတနာသုံးပါး
အပေါ်မှာ ယုံမှားသံသယ မရှိတော့ပါဘူး။
ဒါကြောင့် ဒိဋ္ဌိ ငါကို အဓိကဖြုတ်
အောက်သံသရာက လွတ်အောင်ကြိုးစားအားထုတ်ပြီးမှ
ပျော်ပျော်ကြီးနေတော်မူကြပါလို့
မေတ္တာလောင်းလို့ တိုက်တွန်းလိုက်ရပါတယ်။

*****တတိယမြောက် သမီးတော်*****

0 comment: