ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, December 17, 2016

#တစိမ့်​စိမ့်​ကြား





ချမ်းတယ်​ဆို​တော့ အ​နွေးထည်​​တွေ
ဝတ်​လိုက်​ရတာ
ဟိုလုပ်​ ဒီလုပ်​ အလုပ်​​တွေလုပ်​ရင်း
ပူလာ​တော့ ၀တ်​ထားတဲ့ အ​နွေးထည်​ကို
ချွတ်​ပစ်​ရပြန်​​ရော
ချမ်း​တော့လည်း ဒီခန္ဓာ
ပူ​တော့လည်း ဒီခန္ဓာ
ဒီခန္ဓာကြီးက နှိပ်​စက်​လိုက်​တာ
နှိပ်​စက်​ခံ​နေရတယ်​လို့ သိပါရဲ့လား။

အ​နွေးထည်​ အ​ကောင်းစား​လေးဝတ်​နိုင်​တယ်
ဆိုပြီး တဏှာနဲ့သွား​နေ​ရော​ပေါ့
အ၀ိဇ္ဇာဆိုတာ မသိတာ
ဘာကိုမသိတာလဲ ဆို​တော့
နှိပ်​စက်​ခံရတာကို နှိပ်​စက်​ခံရတယ်​လို့
သိကိုမသိတာ
နှိပ်​စက်​ခံရလို့ ဒုက္ခ​ရောက်​​နေတာကို
မသိနိုင်​​အောင်​ တဏှာက လှည့်​စားထားတာ။
ငါ့ခန္ဓာဆိုတဲ့ ဒိဋ္ဌိ အမြင်​နဲ့ ခင်​တွယ်​ပြီး
ကောင်း​ကောင်းပြုစု ယုယ ဂရုစိုက်​မိတယ်​။
ကိုယ်​က ဂရုစိုက်​သ​လောက်
သူက သစ္စာ​ဖောက်​တယ်​။
နှိပ်​စက်​မြဲ နှိပ်​စက်​​နေတာပါပဲ။
နှိပ်​စက်​တာကို နှိပ်​စက်​မှန်း မသိတာ
အ၀ိဇ္ဇာ
ငါ လို့ ယူဆတာက ဒိဋ္ဌိ
ငါ့ ခန္ဓာ့လို့ ခင်တွယ်​​နေတာက တဏှာ
ငါ က ၀တ်​နိုင်​တယ်​လို့ မာန်​ကြွတာက မာန
ကြည့်​စမ်း..
အ၀ိဇ္ဇာက ဦး​ဆောင်​​နေ​တော့
တဏှာ မာန ဒိဋ္ဌိ ဆိုတဲ့
ပပဉ္စတရား သုံးပါးဟာ
ခြယ်​လှယ်​ချင်​တိုင်း
 ခြယ်​လှယ်​​နေ​တော့တာပါလား။
.
ချမ်းတာကိုချမ်းမှန်းသိ​ပေးနိုင်​ရင်​ သမထ
တချမ်းနဲ့ တချမ်း ကြား​လေးရှိတာကို
သိရင်​ ၀ိပဿ     နာ ။
ချမ်းခနဲ ချမ်းခနဲ
စိမ့်​ခနဲ စိမ့်​ခနဲ ဖြစ်​​နေတဲ့ ​တေ​ဇောဓာတ်​ရဲ့
သ​ဘော​လေးကို ဥာဏ်​နဲ့မြင်​​အောင်
ကြည့်​တတ်​ရင်​ ဘုရားရှင်​ကိုယ်​​တော်​မြတ်​ကြီး
ချီးကျူးး​တော်​မူတဲ့ ၀ိပဿ     နာ အလုပ်​ကို
လုပ်​​နေတဲ့သူဖြစ်​ပြီ။
ဘုရားရှင်​ကို ဥာဏ်​နဲ့ ပူ​ဇော်​တဲ့သူဖြစ်​ပြီ။
အဲ့ဒီ တချမ်းနဲ့ တချမ်း ကြားဖြစ်​တဲ့အချိန်​​လေး​တွေ
မြင်​​အောင်​ကြည့်​ရာက အမြင်​​တွေစိပ်​လာမယ်​။
တခြားအာရုံ​တွေဆီကို စိတ်​ကမသွားပဲ
မိမိခန္ဓာမှာဖြစ်​​နေတာ​လေးကိုပဲ အာရုံစိုက်​ပြီး
ရှုမှတ်​နိုင်​ခဲ့မယ်​ဆိုရင်​​တော့
တချမ်းနဲ့ တချမ်းရဲ့ ကြားဖြစ်​တဲ့အချိန်​က​လေး
နည်းနည်းကြာသွားတာကိုဥာဏ်​နဲ့မြင့်​ခွင့်
ရလာပါလိမ့်​မယ်​။
ကြား ကာလ​လေး နည်းနည်းကြာသွားခဲ့မယ်
ဆိုရင်​​တော့ သံသရာမှာ မဆိုစ​လောက်
ဒုက္ခ​လေး​တွေပဲ ရင်​ဆိုင်​ဖို့ ကျန်​​တော့တယ်​လို့
မှတ်​ယူလိုက်​ပါ။
သေမင်းရဲ့စစ်​တပ်​ကို ဖြတ်​​ကျော်​ဖို့
အကြိမ်​​ရေ အနည်းငယ်​သာ ကျန်​ပါ​တော့တယ်​။
ကဲ..
တချမ်းနဲ့ တချမ်း ကြားကာလ​လေး​တွေကို
မြင်​​အောင်​ကြည့်​လိုက်​ကြပါစို့။

*****တတိယ​မြောက်​ သမီး​တော်​*****

0 comment: