ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, January 3, 2017

မူလ နှစ်ဖြာ

မူလ နှစ်ဖြာ#

မောဟအမှောင်ထဲ၌
စမ်းတဝါးဝါး လျောက်ခဲ့သည့်ခရီးမှာ
အလွန်ပင်ရှည်လျားလှပါသည်။
သံသရာတစ်လျောက်လုံး အလင်းရောင်ကို
မမြင်ပါပဲ လျောက်ခဲ့သည့်အတွက်
ငရဲချောက်ထဲလည်းကျခဲ့ဖူးမည်။

ပြိတ္တာဘဝဖြင့်လည်း အစာငတ်ခဲ့ဖူးမည်။
တိရိစ္ဆာန်ဘဝဖြင့်လည်း မစင်တွေစားခဲ့ဖူးမည်။
ကုသိုလ်အရှိန်ကောင်းဖြင့် လူစည်းစိမ်၊နတ်စည်းစိမ်
ခံစားခဲ့ဖူးမည်။ ယခုချိန်ထိတော့ မောဟအမှောင်ထဲမှ
ရုန်းမထွက်နိုင်သေး။
အလင်းပြမည့်သူများရှိပါလျက် အမှောင်ကိုတိုးဝင်နေကြဆဲ။
မစင်ထဲက လောက်ဆိုသည်မှာရေမိုးသန့်စင်ပေးလျင်မကြိုက်။
သံသရာစက်ဝိုင်းထဲတွင်နေပျော်နေဆဲဖြစ်သည်။
ဤမောဟ အမှောင်ထုအောက်မှအပြီးသတ်လွတ်မြောက်
အောင် ဘယ်အချိန်မှရုန်းထွက်နိုင်မည်မသိ။
သေခြင်းတရားကိုအောင့်မေ့မိသော်လည်း
မိမိကိုမိမိ မသေနိုင်သေးဟု အထင်ရောက်နေမိ၏။
ကျန်းမာရေးဆိုးရွားနေသူများပင် သေရတော့မည်ဟု
တွေးမိလျင်လည်း အသက်ရှင်ခွင့်ကိုတဏှာဖြင့်
တောင့်တလိမ့်အုံးမည်။
သတ္တဝါတို့၏ ဘဝ ဘဝ ခန္ဓာရနေခြင်းသည်
မောဟဆိုသောအဝိဇ္ဇာ အဖုံး နှင့် တဏှာ ဆိုသော လိုချင်
တပ်မက်မှု အဖုံး နှစ်ချပ်ကြောင့်ဖြစ်သည်။
အဝိဇ္ဖာနှင့် တဏှာသည် မူလအရင်းခံဖြစ်သည်။
ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း၏ အလယ်ဗဟိုတွင်
ဖေါ်ပြထားသည်။ သတ္တဝါတို့၏ သံသရာရှည်ရခြင်းမှာ
အဝိဇ္ဇာနှင့်တဏှာသာလျှင်ဖြစ်သည်။
ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်တွင်*မူလနှစ်ဖြာ*ကို
*အဝိဇ္ဇာနှင့်တဏှာ*ဟုဖေါ်ပြထားသည်။

သတ္တဝါဟူသရွေ့ ၊ သစ္စာတရားနှင့်
တွေ့လည်းတွေ့ ၊ ကြိုက်လည်းကြိုက်ကြပါစေ။

*****တတိယမြောက်သမီးတော်*****

0 comment: