ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, January 10, 2017

သုံးပါးအစပ်*


သုံးပါးအစပ်**

တဏှာအပ်ချုပ်သမား၏ လက်ချက်ဖြင့်
အတိတ်ကသင်္ခါရနှင့် ပစ္စုပ္ပန်ဝိညာ ဏ်
စပ်ခဲ့ပြီးဖြစ်သည်။ ၁ .အကွက်နှင့် ၂ .အကွက်
ကိုအနီရောင်နှစ်ဖက်ချွန်မြှားလေးဖြင့်
စပ်ပုံကိုဖေါ်ပြထားသည်။အတိတ်ကပြုခဲ့သည့်
ကောင်းမှု၊မကောင်းမှု ကံသင်္ခါရကြောင့်
ပစ္စုပ္ပန်တွင် ဝိညာ ဏ်စသော ခန္ဓာငါးပါး
အိုနာသေ ဒုက္ခသစ္စာကိုရနေသည်။
စပ်ခဲ့ပြီးဖြစ်သဖြင့် * ဧကန်အစပ်* ဖြစ်သည်။


အတိတ်ကပြုခဲ့သော ကံသင်္ခါရကြောင့်
ပစ္စုပ္ပန်တွင်ခန္ဓာငါးပါးရနေခြင်းဖြစ်သည်ဟု၎င်း၊
အကြောင်းတရားကြောင့်အကျိုးတရားရသည်ဟု
နားလည်လျှင်၎င်း  ခိုင်သည်မြဲသည်ဟုထင်မြင်
ယူဆနေသော သဿတဒိဋ္ဌိ စင်သည်။

အတိတ်ကဘဝတစ်ခုချုပ်ပြီးသေပြီး နောက်
မိမိပြုခဲ့ဖူးသည့်ကံအကြောင်းတရားကြောင့်
ပစ္စုပ္ပန်တွင် ဘဝအသစ်တစ်ခုအစားထိုး
ရရှိနေခြင်းဟု သိနားလည်သောအခါ
သေလျှင်ပြတ်သည်ဟု ယူဆထင်မြင်သော
ဥစ္ဆေဒ ဒိဋ္ဌိ စင်ကြယ်ပါသည်။

၃ အကွက်နှင့် ၄ အကွက်ကိုလည်း အနီရောင်
နှစ်ဖက်ချွန်မြှားလေးဖြင့် စပ်ပြထားသည်။
စပ်မည် မစပ်မည်မသေချာသေး။ အရဟတ္တမဂ်ဥာဏ်ဖိုလ်
ဥာဏ်ရခဲ့သည်ရှိသော် စပ်တော့မည်မဟုတ်။
ထို့ကြောင့် ကမ္မဘဝနှင့် ဇာတိ အစပ် ၊
၃ နှင့် ၄ အစပ်သည် *အနေကန်အစပ်*
ဖြစ်သည်။

ဝေဒနာပစ္စယာတဏှာဖြစ်လျှင် ၂ အကွက်မှ
၃ အကွက်သို့စပ်ခြင်းဖြစ်သည်။ ၂ မှ ၃ သို့ကူးလျှင်
၎ အကွက်သို့ ဧကန်ကူးတော့မည်။
အကယ်၍ ဝေဒနာ နိရောဓာ တဏှာနိရောဓော
ဝေဒနာချုပ်၍ တဏှာသို့မကူးတော့လျှင်
သံသရာမှထွက်မြောက်မည်ဖြစ်သည်။
၂ မှ ၃ သို့မကူးတော့။

အတိတ်ဘဝကတဏှာဖြင့်စပ်ခဲ့ပြီးဖြစ်သည်။
ပစ္စုပ္ပန်ဘဝတွင် ဥာဏ်ဖြင့်ဆင်ခြင်၍
ဝေဒနာဖြစ်ပျက်ကိုရှုမှတ်လျှက်တဏှာသို့
မကူးအောင် မိမိတို့၏စိတ်ကိုစောင့်ရှောက်ရမည်။
မိမိတို့၏ စိတ်ကိုဝိပဿနာဥာဏ်ပညာဖြင့်
ကောင်းစွာထိန်းညှိနိုင်ပါက သံသရာမှထွက်ရာ
လမ်းဖြောင့်လမ်းမှန်ပေါ်သို့ရောက်ရှိပြီး
မတိမ်းမစောင်းပဲနိဗ္ဗာန်ကိုမျက်မှောက်
ပြုရမည်ဖြစ်သည်။ ၂ အကွက်နှင့် ၃ အကွက်
အစပ်နေရာသည် ဝေဒနာမှတဏှာသို့ကူးရာ
အစပ်လည်းဖြစ်သည်။ဝေဒနာကိုဝေဒနာမှန်းသိ၍
ဝိပဿနာဥာဏ်ပညာဖြင့်ထိန်းညှိနိုင်ပါက
နိရောဓဟူသည့်ဆင်းရဲမှုချုပ်ငြိမ်းရာနိဗ္ဗာန်ကို
ရအပ်မည်လည်းဖြစ်သည်။ ထွက်မြောက်ရာလည်းဟုတ်၊
သံသရာလည်ရာလည်းဟုတ်သည့်အတွက်
*ထွက်ရာပတ်လည်အစပ်* ဟုခေါ်သည်။
ထို့ကြောင့် နှစ်ဖက်ချွန်အနီရောင်မြှားဖြင့်
ပြထားသကဲ့သို့ စက်ဝိုင်း၏ အပြင်ဘက်ကို
ထွက်သည့်မြှားကိုလည်းထင်ရှားစွာပြထားသည်။

ဤ သုံးပါးအစပ်သည် တဏှာအပ်ချုပ်သမား၏
အစွမ်းထက်မှုကြောင့်သံသရာလည်ကြောင်းကို
သိစေ၍ ဝေဒနာဖြစ်သည့်အခါ တဏှာမဖြစ်
စေပဲ ဝိပဿနာဥာဏ်ပညာဖြင့်ထိန်းညှိနိုင်ပါက
ခန္ဓာရခြင်းဆင်းရဲမှလွတ်မြောက်ကြောင်း
မြေပုံကိုဖေါ်ပြထားခြင်းဖြစ်သည်။

ဝေဒနာနိရောဓာ တဏှာနိရောဓော နိဗ္ဗာနံ
ဖြစ်နိုင်ကြပါစေ။



*****တတိယမြောက်သမီးတော်*****

0 comment: