ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, January 11, 2017

ဝဋ် သုံးဝ**


ဝဋ် သုံးဝ**

ဖေါ်ပြခဲ့ပြီးသောအစပ်သုံးပါးအတိုင်း ဖြတ်မထွက်ပဲ
စပ်မြဲစပ်လာခဲ့သဖြင့် သံသရာ၌ကျင်လည်ခဲ့ရသည်။
ဖြတ်ထွက်ခဲ့လျှင်  သံသရာမှလွတ်မြောက်မည်။
စပ်ခဲ့သဖြင့် စက်ဝိုင်းအတိုင်းလည်မြဲလည်ခဲ့ရခြင်းကို
ဝဋ်* ဟုခေါ်သည်။ လုံးလည်လိုက်ခြင်း ဟုအဓိပ္ပါယ်ရှိသည်။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သတ္တဝါတို့သည်
ဝဋ် သုံးပါးနှင့် သံသရာ၌ ကျင်လည်ရကြောင်းဟောကြား
တော်မူခဲ့သည်။

ကိလေသဝဋ် ၃ ပါး ၊ ကမ္မဝဋ် ၂ပါး ၊ ဝိပါကဝဋ် ၈ ပါး။

ကိလေသဝဋ် သုံးပါး ဖြစ်သည့် *အဝိဇ္ဖာ တဏှာ ဥပါဒါန်၊*
သုံးပါးစလုံးကို ဘောင်အပြည့်ဖြင့်ဝိုင်းပြထားပြီး
ကြိုးတစ်ချောင်းတည်း ဆက်သွယ်ထားသည်။
အဝိဇ္ဇာဖုံးလွှမ်းလျှက် သံသရာတစ်လျှောက်လုံး
သာယာပျော်ပါး စွဲလန်းခဲ့ခြင်းကို အဓိပ္ပါယ်ဖေါ်ထားခြင်း
ဖြစ်သည်။

ကမ္မဝဋ် နှစ်ပါးဖြစ်သည့်*သင်္ခါရနှင့်ကမ္မဘဝ*ကို ကြိုးတစ်ချောင်း
ဖြင့်ဆက်သွယ်ထားသည်။သင်္ခါရကိုဘောင်အပြည့်ခတ်ထား
ခြင်းသည် အတိတ်က မလွဲမသွေပြုလုပ်ခဲ့ခြင်းကို
ဖေါ်ပြထားခြင်းဖြစ်ပြီး ကမ္မဘဝကို ဟ ထားခြင်းသည်
ကံဖြတ်သည့်အလုပ်ကိုလုပ်ဆောင်ပြီးသော အရိယာသူတော်
ကောင်းတို့နှင့် အရိယာလောင်းလျာများ ဝိပါကဝဋ်မှ
လွတ်မြောက်တော်မူကြသည်ကို သိသာအောင်
ဖေါ်ပြထားခြင်းဖြစ်သည်။

ဝိပါကဝဋ်( ၈)ပါး ဆိုသည်မှာ ပစ္စုပ္ပန်တွင်ရနေသည့်
အကျိုးခန္ဓာများ *ဝိညာဏ်၊နာမ်ရုပ်၊သဠာယတန၊
ဖဿ၊ဝေဒနာ ၊ဇာတိ၊ ဇရာ ၊ မရဏ* များဖြစ်သည်။
အကျိုးပေးကိုစာဖြင့်သုံးလျှင် ဝိပါက ဟုခေါ်သည်။

0 comment: