ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Friday, January 6, 2017

သစ္စာနှစ်ခု ၂


သစ္စာနှစ်ခု ..၂ **

စက်ဝိုင်းအပြင်ကနေ ၁ လို့ပြထားတဲ့ ဘောင်လေးထဲက
သမုဒယသစ္စာသည် အတိတ်ကပြုခဲ့သည့် ကုသိုလ် အကုသိုလ်
အကြောင်းတရားများကိုရည်ညွန်းပါသည်။

ကုသိုလ်ပြုခဲ့လို့ သုဂတိခန္ဓာကိုပဲရရ၊
အကုသိုလ်ပြုခဲ့လို့ အပါယ်ခန္ဓာကိုပဲရရ၊
အတိတ်ကပြုခဲ့သည့်ကုသိုလ်သည် ခန္ဓာလွတ်ကြောင်းမဟုတ်ပဲ
ခန္ဓာရကြောင်းပဲ ပြုလုပ်ခဲ့သည့်အတွက် ၊ခန္ဓာရတိုင်းမှာ
အို နာ သေ ဆင်းရဲခြင်းကိုပဲရခြင်းဖြစ်သည့်အတွက်
ပြုခဲ့သမျှ ကုသိုလ် အကုသိုလ်မှန်သမျှသည်
ဆင်းရဲခြင်းအကြောင်းအမှန်တရား သမုဒယသစ္စာကို
ပွားခဲ့ခြင်းပဲဖြစ်သည်။
အို နာ သေ ဆင်းရဲခြင်းကိုရနေသည့် လက်ရှိခန္ဓာ
၂ အကွက်ထဲတွင် ဒုက္ခသစ္စာနေရာကိုရောက်နေပြီး
ဆင်းရြဲခင်းအကျိုးအမှန်တရားကိုလက်ဝယ်ပိုင်ပိုင်
ကြုံတွေ့ခံစားနေရပြီဖြစ်သည်။
အို နာ သေ ဆင်းရဲကိုပဲ ထပ်ခါ ထပ်ခါရနေပါလားလို့
ဒုက္ခသစ္စာကိုဥာဏ်နဲ့သိမြင်ပြီး အသေလွတ်ရာကိုရှာမှ
ခန္ဓာရခြင်းဆင်းရဲကလွတ်သည့် နိဗ္ဗာန်ကိုမျက်မှောက်
ပြုနိုင်မည်ဖြစ်သည်။
အသေလွတ်ရာမရှာပဲ လက်ရှိခန္ဓာကိုတွယ်တာပြီး
ကာမဂုံအာရုံတွေလိုချင်ရချင်ဖြစ်ချင်သည့်ဆန္ဒဖြင့်
ကုသိုလ် အကုသိုလ်အမှုကို ပြုလုပ်အားထုတ်အုံးမည်
ဆိုလျှင်တော့ ၃ အကွက်တွင်ဖေါ်ပြထားသည့် သမုဒယသစ္စာကို
ပွားနေခြင်းပဲဖြစ်ပါသည်။
၃ အကွက်က သမုဒယသစ္စာကိုပွားမိလျှင်တော့
၎ အကွက်က ဒုက္ခသစ္စာကိုပဲ ပြန်လည်ရရှိပေလိမ့်မည်။

ဒုက္ခသစ္စာကိုသိသောအားဖြင်
သမုဒယသစ္စာကိုပယ်နိုင်ကြပါစေ

*****တတိယမြောက်သမီးတော်*****

0 comment: