ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, April 19, 2017

ရိုးမယ်ဖွဲ့ခြင်း

ရိုးမယ်ဖွဲ့ခြင်း

ကံကြမ္မာဟာ
တစ်ခါတစ်ခါ
ပမာမခန့်နိုင်တယ်



ဇာတိ  ဇာရာ မရဏနဲ့
ကျင်လည်နေရတဲ့ သံသရာထဲ
သူကပါ ရောနှောနွယ်ယှက်လိုက်တိုင်း
ချာချာလည်အောင်မူးတယ်။

ရုတ်တရက်ခြုံခိုပြီးတိုက်ခိုက်တတ်တဲ့
ကိလေသာရန်သူရဲ့လက်ချက်နဲ့
ဒဏ်ရာအနာတရတွေ နာကျင်မှုတွေ
ခံရဆိုးခဲ့တာလည်းအကြိမ်ကြိမ်
ကိုယ်သာနာ၍ စိတ်မနာပါစေနဲ့လို့
မြတ်ဘုရားကဟောခဲ့ပါလျှက်
ယောနိသော မနဿိကာရ မဖြစ်ခဲ့တာကိုက
ကိုယ်ဟာလူမိုက်ပဲလေ။

ကိလေသာရန်သူတွေ
တိုက်ခိုက်ခံရတဲ့အခါ
ဝိပဿနာလက်နက်ကို
ဘယ်လိုကိုင်တွယ်အသုံးပြုရမယ်ဆိုတာ
ဆရာဘုန်းဘုရားကလည်း
စနစ်တကျသင်ပေးခဲ့ပြီးသား
အမြဲတမ်းလေ့ကျက်ပြီး
ကျွမ်းကျင်ပိုင်နိုင်အောင်
မြဲမြဲမြံမြံမသုံးစွဲတာက
ကိုယ့်အပြစ်။

တကယ်ဆို ကိုယ်သိပြီးသားတွေပါ၊
လောဘ ဒေါသ မောဟဆိုတဲ့
ကိလေသာမီးတွေလောင်မြိုက်မှုက
ဘဝမီးကိုကူးစက်
အခြားမီးတွေကိုပါတောက်လောင်စေမှန်း
အဲ့ဒီကိလေသာမီးတွေ
မငြိမ်းသတ်နိုင်သရွေ့
လောင်မြိုက်ကြရအုံးမယ်ဆိုတာ

ကိုယ့်အနုသယကြောင့်
ကိုယ်ဒုက္ခဖြစ်ရတာပေမယ့်
ကံကြမ္မာကိုရိုးမယ်ဖွဲ့တာကလည်း
လူမိုက်တို့ရဲ့ လမ်းစဉ်။

ဝိပါက်ကြောင့်
ကြမ္မာငင်တိုင်း
ဇောတွေမပြန်ရအောင်
အဲ့ဒီ...
ပမာမခန့်နိုင်လွန်းတဲ့
ကံကြမ္မာကို
ယောနိသောနဲ့
မနဿိကာရ နိုင်ဖို့
ကြိုးစားရပါအုံးမယ်။



*****တတိယမြောက်သမီးတော်*****

0 comment: