ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Monday, January 22, 2018

သောတာပတ္တိမဂ်က ဣဿာ မစ္ဆရိယကို အကြွင်းမဲ့ပယ်သလား


ခေါင်းစဉ်ပါ မေးခွန်းကို သမီးတော်အနေနဲ့
ဖြေရရင် အကြွင်းမဲ့ မပယ်သေးပါဘူး။
မစ္ဆရိယ (၅)မျိုးကိုသာ ပယ်ပါတယ်။
ကုလ ၊ ဓမ္မနဲ့ ပတ်သက်ရင် သောတာပန်က
မုဒိတာပဲ ဖြစ်ပါတယ်။မိစ္ဆာ အာဇီဝနဲ့
ရှာဖွေထားတဲ့ ပစ္စည်းဥစ္စာကို လှုဒါန်းခဲ့အုံးတော့
အဲ့ဒီအလှုကို မကဲ့ရဲ့ပါဘူး။အကုသိုလ် အလုပ်က
အကုသိုလ်အကျိုးပေးမှာဖြစ်ပြီး ကုသိုလ်
အလုပ်ကတော့ ကုသိုလ် အကျိုးကို
ပေးမယ်မှာမို့ သူလုပ်နိုင်သလောက်
ကုသိုလ် လုပ်သမျှ မုဒိတာပွားမှာပါ။.

ဣဿာ မစ္ဆရိယက အရိယာတွေမှာ
ဖြစ်သေးသလားလို့မေးခွန်းမေးရင်
ဖြစ်သေးတယ်လို့ပဲ ဖြေရမှာပါ။
မြတ်စွာဘုရားရှင်ကိုယ်တိုင်ဟောတော်မူထားတဲ့
သက္ကပဥှ သုတ်မှာ ဣဿာ မစ္ဆရိယသည်
ချစ်ခြင်း မုန်းခြင်းကြောင့် ဖြစ်တယ်လို့
မိန့်တော်မူထားပြီး ဖြစ်ပါတယ်။
အကယ်၍ သောတာပတ္တိမဂ်က
ဣဿာ မစ္ဆရိယကို အကြွင်းမဲ့ ပယ်ရိုးမှန်ရင်
သောတာပန် အရိယာဖြစ်တဲ့အခါ
အကြွင်းမဲ့ပယ်တယ်လို့ မိန့်တော်မူခဲ့မှာပါ။
သက္ကပဥှ သုတ်မှာ မဟောခဲ့ရင်လည်း
တခြားနေရာတွေမှာ ဘုရားရှင်က ဟောမိန့်ခဲ့မှာပါပဲ။

ခုက သောတာပတ္တိမဂ်ဟာ
ဣဿာ မစ္ဆရိယကို အကြွင်းမဲ့ပယ်ခြင်းငှာ
မတတ်နိုင်တဲ့အတွက် ပယ်ကြောင်းမဟောခဲ့တာ
အသေအချာပါပဲ။ ဘုရားရှင်ဟောတော်မူတဲ့
ပါဠိတော် တစ်ခုလုံး ၀ိနည်း၊သုတ္တာန်၊ အဘိဓမ္မာ
အားလုံးမှာ ရှာကြည့်ပါ။ ဘုရားရှင် မိန့်ထားတာ
တစ်ခုမှ မရှိပါဘူး။ မပယ်လို့ကို မဟောခဲ့တာပါ။
ဒါကို ပယ်တယ်လို့ ထင်ပြီးဟောမိန့်ထားခြင်းများဟာ
အဓမ္မတွေကြီးပါပဲ။တရား တစ်ပုဒ်လုံး
စာအုပ်တစ်အုပ်လုံးကို အဓမ္မလို့ ယူရမှာ
မဟုတ်ဘူးနော်။ သောတာပန်ဖြစ်တာနဲ့
ဣဿာ မစ္ဆရိယ အကြွင်းမဲ့ပယ်တယ်လို့
ရေးထားရင် ဟောမိန့်ခဲ့ရင် အဲ့ဒီ စကားလုံးဟာ အဓမ္မပါပဲ။.

ဘုရား ဟော မဟောကို သေချာချင်ရင်
ပါဠိတော်ကို တိုက်ဆိုင် စစ်ဆေးဖို့ လိုပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်က
ဓမ္မ အဓမ္မတွေကို စစ်ဆေးဖို့အတွက်
မဟာပဒေသလေးပါးနဲ့ ကေသမုတ္တိ သုတ်ကို
သေသေချာချာ ဟောထားခဲ့တာပါ။
ဒီဃနိကာယ် မဟာဝဂ်ပါဠိတော်မှာ
မဟာပဒေသလေးပါး အကြောင်း ဟောတော်မူထားတဲ့
မှတ်တမ်းရှိပါတယ်။ အဂုင်္တ္တိုရ် ပါဠိတော် တိကနိပါတ်
မဟာဝဂ် ကေသမုတ္တိသုတ်တော်ကို ဟောတော်မူထားတဲ့
မှတ်တမ်းရှိပါတယ်။
ဓမ္မ အဓမ္မကို ဝေဖန်ပိုင်းခြားပြီး ဆုံးဖြတ် သုံးသပ်နိုင်ဖို့
သေသေချာချာ ဟောတော်မူခဲ့တာကိုဖြင့် လေ့လာ
မှတ်သားသူများ စီစစ်ဝေဖန်ပြီးမှ အမှား အမှန်ကို
သိနိုင်ကြဖို့ တင်ပြပါတယ်။

ဘုရားရှင်က သောတာပတ္တိမဂ်ဟာ ကိလေသာ
(၂)ပါးဖြစ်တဲ့ ဒိဋ္ဌိနဲ့ ၀ီစိကိစ္ဆာကိုသာ ပယ်ကြောင်း၊
သံယောဇဉ် (၁၀)ပါးမှာ ဒိဋ္ဌိ ၀ီစိကိစ္ဆာနဲ့
သီလဗတ္တပရာမာသ ဆိုတဲ့ သံယောဇဉ်(၃)ပါး
ကိုသာ ပယ်ကြောင်း ဟောကြားတော်မူထားတာ
ကိုသာ တွေ့ရပါတယ်။
ဣဿာ မစ္ဆရိယကို အကြွင်းမဲ့ ပယ်ခဲ့ရိုးမှန်ရင်
ပယ်ခဲ့တဲ့အကြောင်း ဘုရားရှင်က
ဟောတော်မူခဲ့မှာပါပဲ။ဘယ်နေရာမှ
မဟောခဲ့တာကိုက မပယ်သေးလို့ မဟောခဲ့တာပါ။
ဘုရားရှင်တို့မည်သည်မှာ
တရားဟောဖို့ ကျန်သွားတယ် ဆိုတာလည်း
မရှိသလို ၊ လိုသွားတယ် ဆိုတာလည်း မရှိပါဘူး။
ပိုသွားတယ်ဆိုတာလည်း မရှိပါဘူး။
အပို အလိုမရှိ ဟောတော်မူခဲ့တဲ့ တရားတော်များကို
လေ့လာစီစစ်ပြီး မြတ်နိုးတတ်ကြဖို့ အရေးကြီးပါတယ်။
ဘုရားကများ ဟောဖို့ ကျန်သွားသလားလို့
နည်းနည်းလေးမှ မထင်လိုက်ပါနဲ့။ ဘုရားကဟောဖို့
ကျန်သွားတယ်ဆိုတာ မရှိပါဘူး။
လိုတယ် ပိုတယ် ဆိုတာလည်း မရှိပါဘူး နော်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက လောကုတ္တရာ မဂ်တစ်ခုကိုရတိုင်း
ပယ်တဲ့ကိလေသာတွေ အကုသိုလ်စိတ်တွေကို အားလုံးပြောခဲ့ပါတယ်။
ကျန်သွားတယ်ဆိုတာ မရှိပါဘူး။ ဒီအတွက်ကြောင့်
ဘုရားဟော ပါဠိတော် ပိဋကတ်သုံးပုံစလုံးကို ရှာကြည့်လိုက်ပါ။
 သောတာပတ္တိမဂ်က ဣဿာမစ္ဆရိယကို အကြွင်းမဲ့ပယ်တယ်လို့
ပြောတာ လုံးဝ မရှိဘူး ဆိုတာ ပါပဲ။ မပယ်သေးလို့ မဟောခဲ့တာပါနော်။

သက္ကပဥှ သုတ်မှာ ဣဿာမစ္ဆရိယ ဖြစ်တာက
ချစ်ခြင်း မုန်းခြင်းကြောင့် ဖြစ်တယ်လို့ မိန့်တော်မူထားတာဖြစ်တဲ့အတွက်
ချစ်ခြင်းမုန်းခြင်း ရှိသေးတဲ့ အောက်မဂ် အရိယာ နှစ်ပါးမှာ ဣဿာမစ္ဆရိယ
ဆိုတာဖြစ်ကိုဖြစ်ပါသေးတယ်။
ဘယ်အချိန်မှာ ပယ်သလဲ ဆိုတော့ တတိယမဂ်ကို ရတဲ့အခါ
ကာမရာဂနဲ့ ပဋိဃကို အကြွင်းမဲ့ပယ်တဲ့အခါ
ချစ်ခြင်း မုန်းခြင်းတွေ ပယ်သွားပြီးဖြစ်လို့
ဣဿာမစ္ဆရိယဆိုတဲ့ အကုသိုလ်စိတ်တွေပါ
ပယ်ပါတယ်။

ဒီတော့ ဣဿာမစ္ဆရိယ ကို သောတာပတ္တိမဂ်က
ပယ်တယ်လို့ ပြောလာခဲ့ရင် ဒါဟာ အဓမ္မပါပဲ။
ပါဠိတော် တစ်ခုလုံးရှာလည်း ဒီစကားကို ဘုရားရှင်
လုံးဝ မပြောခဲ့ဘူး။ ဘယ်နေရာမှ ရှာလို့ မတွေ့ဘူး။
အဘိဓမ္မာမှာလည်း ဘုရားဟောထားတာ
မရှိပါဘူး။ သောတာပတ္တိမဂ်က မပယ်သေးလို့ကို
မဟောခဲ့တာပါနော်။ သောတာပတ္တိမဂ်က
ဣဿာမစ္ဆရိယကို အကြွင်းမဲ့ပယ်သလားဆိုရင်
အကြွင်းမဲ့ မပယ်ပါဘူး နော်။
ဟုတ်တယ် မဟုတ်ဘူးဆိုတာ သေချာချင်ရင်
ပိဋကတ်သုံးပုံ ပါဠိတော်များမှာ အကုန်သာရှာကြည့်ကြပါ။



***တတိယမြောက်သမီးတော်***

1 comment:

Anonymous said...

http://myanmarsutta.net/%E1%80%92%E1%80%AE%E1%80%83%E1%80%94%E1%80%AD%E1%80%80%E1%80%AC%E1%80%9A%E1%80%B9/%E1%80%92%E1%80%94-%E1%81%83%E1%81%81-%E1%80%9E%E1%80%AD%E1%80%82%E1%81%A4%E1%80%AB%E1%80%9C%E1%80%9E%E1%80%AF%E1%80%90%E1%80%B9/