ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, January 22, 2019

ဝဋ်​ကို ဝဋ်​မှန်းသိပါ (၉)

***ဝဋ်​ကို ဝဋ်​မှန်းသိပါ (၉)***

စာမတတ်​တဲ့လူတစ်​​ယောက်​ အ​နေနဲ့
တရားအားထုတ်​ဖို့ကြိုးစားတဲ့အခါမှာ
စာနဲ့​ပေနဲ့ အချိန်​ယူပြီးသင်​​ပေး​နေတာထက်
ခန္ဓာ အရှိကို မြင်​​အောင်​ကြည့်​တတ်​ဖို့
ဆရာ​ကောင်းက လမ်းညွှန်​မှု​ပေးနိုင်​ပါတယ်​။
နှာသီးဖျားက ဝင်​​လေ ထွက်​​လေကို
စောင့်​ကြည့်​တာဖြစ်​​စေ ၊ ပူမှု သ​ဘော
အေးမှု သ​ဘော​လေးကို​စောင့်​ကြည့်​တာ
ဖြစ်​​စေ ၊ထင်​ရှားတဲ့ သ​ဘော​လေးကို
ဉာဏ်​နဲ့ မြင်​​အောင်​ ကြည့်​တဲ့ အခါ
သ​ဘောခန္ဓာ​တွေကို ​တွေ့လာပါလိမ့်​မယ်​။


ပူတဲ့သ​ဘော​လေးပါလားလို့ သိ၊
အေးတဲ့ သ​ဘော​လေးပါလားလို့ သိ၊
စိတ်​က သိ​နေတာလို့ သိ၊
ဒီလို သ​ဘော​လေး​တွေကို သိ သိ ​နေတဲ့အခါ
ဒိဋ္ဌိ စင်​ပါတယ်​။ ငါ သိတာ ဆိုတဲ့
အ​တွေးမျိုး အယူအဆမျိုး မဝင်​ရင်
သိတဲ့ သ​ဘော​လေးမှာ
စိတ်​က ကြည်​လင်​​နေခဲ့ရင်
ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်​ပါတယ်​။

ပုဂ္ဂိုလ်​ သတ္တဝါတို့ဟာ စရိုက်​ချင်း
မတူညီကြတဲ့အတွက်​ ဉာဏ်​စဉ်​ တက်​ရာမှာ
သဒ္ဓါစရိုက်​ရှိသူ ပုဂ္ဂိုလ်​​တွေအတွက်
နှောင့်​​နှေးကြန့်​ကြာမှု မဖြစ်​ပဲ
တဆင့်​ပြီး တဆင့်​ တက်​သွားနိုင်​ပါတယ်​။
ဝိတက်​စရိုက်​ အားကြီးသူ၊
မောဟ စရိုက်​အားကြီးသူ​ ​တွေအတွက်​​တော့
အ​ကောက်​အ​ကွေ့ အထစ်​အ​ငေါ့​တွေ
များနိုင်​ပါတယ်​။
ဝိတက်​စရိုက်​နဲ့ ​မောဟ စရိုက်​အားကြီးသူများ
က​တော့ အ​ခြေခံ​ကောင်းရ​အောင်​ သင်​ယူပြီးမှ
ဝိပဿနာ အလုပ်​ကိုလုပ်​တာ အလုပ်​ဖြစ်​ပါလိမ့်​မယ်​။

အားသာချက်​ အရှိဆုံးသူက​တော့
သဒ္ဓါ စရိုက်​ရှိသူပါပဲ။
မဂ်​ဖိုလ်​ နိဗ္ဗာန်​ကိုယုံကြည်​ထားပြီးသူဖြစ်​လို့
အလုပ်​စဉ်​ကို လမ်းညွှန်​လိုက်​ဖို့ပဲ လိုတာပါ။

သဒ္ဓါ တရားရှိပြီးသူကို ပညာ​လေးထည့်​​ပေါင်း
ပေးလိုက်​ရုံနဲ့ အကျိုးကိစ္စ​ကောင်း​တွေ
အထ​မြောက်​​အောင်​မြင်​သွားပါတယ်​။

ဒါ​ကြောင့်​ သ​ဘောခန္ဓာ​လေး​တွေကို
တွေ့ပြီး သူ့သ​ဘော​လေး​တွေပဲရှိတာကို
နားလည်​လိုက်​တာက ပစ္စယပရိဂ္ဂဟ ဉာဏ်​နဲ့
ပြည့်​စုံသွားပါတယ်​။

ဝိသုဒ္ဓိ ဉာဏ်​စဉ်​​တွေကိုကြည့်​တဲ့အခါ
သီလဝိသုဒ္ဓိက အရင်​လာပါတယ်​။
သီလကို အထူးတလည်​ခံယူ​ဆောက်​တည်​မှ
သီလ စင်​ကြယ်​တယ်​လို့ တချို့က ထင်​ကြတယ်​။
နှစ်​ရှည်​ လ များ သီလစင်​ကြယ်​​အောင်
ကျင့်​ကြံ ​နေထိုင်​သူမှ တရားအားထုတ်​လို့
ရနိုင်​တယ်​လို့ တချို့က ထင်​ကြတယ်​။
ဒီလို​တော့ မဟုတ်​ပါဘူး​နော်​။
မည်​သူ မဆို မဂ်​တား ဖိုလ်​တား အန္တရာယ်​မျိုး
သင့်​ထားတာ မဟုတ်​ရင်​ တရား အားထုတ်​လို့
ရနိုင်​ပါတယ်​။

တရားအားထုတ်​မယ်​လို့ ကြံစည်​တဲ့သူဟာ
အကုသိုလ်​ ပြုလိုစိတ်​​တွေ စင်​ကြယ်​သွားပါတယ်​။
သီလဝိသုဒ္ဓိ ဖြစ်​သွားတာပါပဲ။
တရားအာရုံမှာ စိတ်​က တည်​ကြည်​​နေတဲ့
အတွက်​ စိတ္တဝိသုဒ္ဓိဖြစ်​နေပါပြီ။
ခန္ဓာငါးပါးရဲ့ သ​ဘော​လေး​တွေကို
မြင်​လာတဲ့အချိန်​ ငါဆိုတဲ့ အယူ​လေး​တွေ
မ​တွေ့ရပဲ သ​ဘော​လေးပဲရှိတာကို
သိလိုက်​​တော့ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်​ပါတယ်​။
စကတည်းက တိဟိတ်​စိတ်​နဲ့ ပုဂ္ဂိုလ်​ဆိုတာ
သဒ္ဓါစရိုက်​လည်းရှိသူဖြစ်​​နေရင်
ဆရာ​​ကောင်းက ​ပြောထားတဲ့ စကားတိုင်းကို
ယုံယုံကြည်​ကြည်​ရှိပြီးဖြစ်​​နေတဲ့အတွက်
ခန္ဓာရဲ့ သ​ဘော​လေး​တွေကိုသိပြီး
သ​ဘော​လေးပဲ ရှိပါလား
ငါ ဆိုတာ မရှိဘူး
သ​ဘော​လေး​တွေက
တည်​မြဲခိုင်​ခန့်​ပြီး မ​နေပဲ
ပြောင်းလဲ ​​နေတယ်​ အစားထိုးပြီး
ထပ်​ခါ ထပ်​ခါ ဖြစ်​တယ်​။
ဖြစ်​လာပြီးတာနဲ့ချုပ်​သွားတယ်​လို့
ဆရာ​ပြောတဲ့အတိုင်း မြင်​​အောင်​လည်းကြည့်
ဆုံးဖြတ်​ချက်​လည်းချနိုင်​ရင်
ဝိသုဒ္ဓိဉာဏ်​စဉ်​ ၄ ပါးဟာ ခဏ မဆိုင်းပဲ
ရလာပါတယ်​။
သဒ္ဓါတရားရှိသူရဲ့ အားသာချက်​​တွေ
ဖြစ်​ပါတယ်​။

စိတ်​ဆိုတာ အင်​မတန်​မြန်​ပါတယ်​။
ထိုနည်းတူစွာပဲ ဉာဏ်​အမြင်​ကို
ယုံယုံကြည်​ကြည် မှန်​မှန်​ကန်​ကန်
ဆုံးဖြတ်​ချက်​ ချနိုင်​တဲ့သူဟာ
ဉာဏ်​စဉ်​တက်​ဖို့ လွယ်​ပါတယ်​။

စာသိမှာ အား​ကောင်း​ပေမယ့်
ဉာဏ်​အမြင်​နဲ့ ခန္ဓာရဲ့ သ​ဘောကို
တွေ့တဲ့အခါ စာထဲက အတိုင်း
ဟုတ်​လား မဟုတ်​လားလို့
အ​တွေးဝင်​တတ်​တဲ့သူဟာ
ခန္ဓာစဉ်​အမှန်​ကို ချက်​ချင်း
ဆုံးဖြတ်​ချက်​ မချနို​င်​တဲ့အတွက်
ဉာဏ်​စဉ်​တက်​ဖို့အ​ရေးမှာ
တုံ့ဆိုင်း​နေတတ်​ပါတယ်​။
ဘာမှတုံ့ဆိုင်းမ​နေပဲ ခန္ဓာရဲ့
သ​ဘောအမှန်​ကို ဆုံးဖြတ်​ချက်
ပြတ်​ပြတ်​သားသားချနိုင်​ပါမှ
ဉာဏ်​စဉ်​တက်​ပါတယ်​​နော်​။
ဒီအတိုင်းဟုတ်​လား မဟုတ်​လားလို့
တွေ​ဝေ တုံ့ဆိုင်းမိရင်​ ဉာဏ်​စဉ်
မတက်​နိုင်​​တော့ပဲ အသစ်​က​နေ
ပြန်​ စ ရတတ်​ပါတယ်​။

မိမိကိုယ်​ကို ယုံကြည်​ခြင်း
ဆရာသမားရဲ့ လမ်းညွှန်​မှုကို
သက်​ဝင်​ယုံကြည်​ခြင်း
တရား​တော်​ကို ယုံကြည်​ခြင်း ဆိုတဲ့
အင်​အား​တွေဟာ
နိဗ္ဗာန်​ကို လိုလားသူတို့အတွက်
အ​ရေးကြီးလှပါတယ်​။

ဗောဓိပန်းတိုင်​ကို  တက်​လှမ်း​ရောက်​ရှိနိုင်​ကြပါေ​စ။



*****တတိယ​မြောက်​သမီး​တော်​*****

0 comment: