ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Sunday, February 3, 2019

ဝဋ်​ကို ဝဋ်​မှန်းသိပါ (၁၁)

***ဝဋ်​ကို ဝဋ်​မှန်းသိပါ (၁၁)***

ဝဋ်​ကို ဝဋ်​မှန်းသိလို့
ဝဋ်​က လွတ်​​မြောက်​ချင်​တဲ့သူဆိုတာ
ဆိုဆုံးမလွယ်​သူလည်းဖြစ်​ရမယ်​။
စိန္တာမယဉာဏ်​နဲ့လည်း ပြည့်​စုံဖို့
လိုအပ်​တယ်​။ မဟုတ်​ရင်​​တော့
သုတမယဉာဏ်​ကိုရဖို့
ပညာကို ဆည်းပူးခြင်း လုပ်​ပြီးမှ
ဝဋ်​က လွတ်​​မြောက်​ဖို့ အလုပ်​ကို
ကြိုးစားအားထုတ်​ပါလို့
တိုက်​တွန်းပါတယ်​။


ကောင်း မ​ကောင်း ၊ မှန်​ မမှန်​ကို
ဝေခွဲတတ်​တဲ့ စိန္တာမယဉာဏ်​ရှိမှ
ဘယ်​အလုပ်​ကိုလုပ်​လုပ်
ပိုပြီး ထိ​ရောက်​မှန်​ကန်​ 
အောင်​မြင်​နိုင်​ပါတယ်​။
လူချင်းတူ​ပေမယ့်​ ​ကောင်း မ​ကောင်း
မှန်​ မမှန်​ လုပ်​သင့်​ မလုပ်​သင့်
ရွေးချယ်​ရာမှာ မတူကြပါဘူး။
ဖြစ်​နိုင်​တယ်​ မဖြစ်​နိုင်​ဘူးဆိုတာကို
တွေးတတ်​တဲ့သူ ရှိသလို
မ​တွေးတတ်​တဲ့သူလည်း ရှိတယ်​။
ဒါ​ကြောင့်​ စိန္တာမယဉာဏ်​က
လူတိုင်းမှာမရှိကြဘူး။
အလုံးစုံ သိနိုင်​စွမ်း​အောင်
ပြည့်​စုံတာမျိုး သိနိုင်​ကြတာမျိုး
မဟုတ်​​ပေမယ့်​ အထိုက်​အ​လျောက်​အားဖြင့်
ရွေးချယ်​တတ်​ သိနားလည်​တတ်​တဲ့ဉာဏ်
ရှိတဲ့သူ​တွေ သီးခြား​တွေ့ဖူး ကြုံဖူးကြပါတယ်​။

မိမိရဲ့ ဉာဏ်​ရည်​ ဉာဏ်​​သွေးအဆင့်​ကို
မိမိကိုယ်​ကိုဆန်းစစ်​ပြီး လုပ်​သင့်​တာကို
ရွေးချယ်​တတ်​ဖို့လည်း လိုအပ်​ပါတယ်​။
ကိုယ့်​ကိုကိုယ်​ ဉာဏ်​ရည်​ ဉာဏ်​​သွေး
ထက်​မြက်​တယ်​လို့ သိရင်
ကျန်းမာတုန်း အရွယ်​ရှိတုန်း အချိန်​မှာ
ဆရာ​ကောင်းရှာပြီး သစ္စာသိ​အောင်
အားထုတ်​ထားလိုက်​ပါ။
သောတာပန်​ တည်​ပြီးမှ
စီးပွားရှာခြင်း၊ အိမ်​​ထောင်​ပြုခြင်း​တွေ
လုပ်​ပါ။ အ​သေဦးသွားနိုင်​တာကို
လုံးဝ မ​မေ့လိုက်​ပါနဲ့။
အချိန်​ကြာကြာအားထုတ်​မှ
သစ္စာသိနိုင်​မယ်​လို့ ကိုယ့်​ကိုကိုယ်
ယူဆမိ ရင်​​တော့ နှစ်​စဉ်​တရားစခန်း​တော့
ဝင်​ဖြစ်​​အောင်​ ဝင်​ပြီး ​နေ့စဉ်​လည်း
အာစိဏ္ဏကံ ကုသိုလ်​နဲ့ ဝိပဿနာအလုပ်​ကို
တစိုက်​မတ်​မတ်​သာလုပ်​ပါ။
နည်းမှန်​ လမ်းမှန်​ဖြစ်​​အောင်​​တော့
ဆရာရှာဖြစ်​​အောင်​ရှာပါ။
အထင်​ကြီး​အောင်​ ​ပြောတဲ့စကားလား
လက်​​တွေ့မှာ ခန္ဓာကို ဉာဏ်​နဲ့
ထိမိ မြင်​​တွေ့​စေနိုင်​တဲ့ တရားကို
ပေးတာလား ဆိုတာ ​ဝေခွဲတတ်​ပါ​စေ။
တရားစခန်း မှန်​ရင်​ ခန္ဓာ ငါးပါးကို​တော့
လက်​မလွတ်​တမ်း  ​ပြောကို​ပြောရမှာပါ။
ခန္ဓာကို ဉာဏ်​မျက်​စိနဲ့ ထိမိ မြင်​​တွေ့ဖို့ဆိုတာ
အင်​မတန်​ သိမ်​​မွေ့ပါတယ်​။

ဝဋ်​ဆင်းရဲဆိုတာ တစ်​သံသရာလုံး
ခံခဲ့ရတာပါ
စိတ်​​လေးတစ်​ခု
မဂ်​ဉာဏ်​​လေး ဖျတ်​ခနဲ လင်းရုံနဲ့
ဝဋ်​အနွယ်​ကို ဖြတ်​​တောက်​လိုက်​တယ်​ဆိုတဲ့
နက်​နဲတဲ့ သိမ်​​မွေ့တဲ့ ထူးဆန်းလွန်းတဲ့
ဘုရားဉာဏ်
ရင်​ထဲ နှလုံးသားထဲ ကိန်း​အောင်
လုပ်​နိုင်​စွမ်းတဲ့
အရည်​အချင်း
ချမ်းသာမှု
အောင်​မြင်​မှု
သတ္တိ
ပညာ​တွေရဲ့
မြင့်​မြတ်​ခြင်းဆိုတဲ့
အရသာထူးကို
မှီဝဲခွင့်​ရတဲ့ ပညာရှိ သူ​တော်​​ကောင်းစာရင်းထဲ
ကိုယ်​တိုင်​ ပါဝင်​ခွင့်​ရ​အောင်
စွန့်​လွှတ်​ခြင်း ၊ စွန့်​စားခြင်း​တွေနဲ့
ကြိုးစား အားထုတ်​နိုင်​ကြပါ​စေ။



***** တတိယ​မြောက်​သမီး​တော်​*****

1 comment:

Aunty Tint said...

သာဓု သာဓု သာဓု
သမီးတော်ရေ ၂၄ရက်နေ့ စာအုပ်မိတ်ဆက်ပွဲ တက်နိုင်ရင်တက်ပါနော်။

တီတင့်