ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Monday, June 18, 2012

မင်္ဂလာရှိသောသူ


မြတ်စွာဘုရားဟောကြားတော်မူထားတဲ့ 
မင်္ဂလာတရားတော် ထဲမှာ 
``ဖုဌဿ လောက ဓမ္မေဟိ၊စိတ္တံ ယဿ န ကမ္ပတိ။``
               လို့ ပါပါတယ်…

  သူ့ အနက်က လောကဓံ(၈)ပါးနဲ့ တွေ့ ကြုံသောအခါစိတ်သည်
မတုန်မလှုပ်မစိုးမရိမ် ရမ္မကင်း၏ လို့ ဆိုပါတယ်။
လောကဓံ(၈)ပါး ကိုဖေါ်ပြပေးပါ့မယ်။
(၁)လာဘ     =ပစ္စည်းဥစ္စာရခြင်း။
(၂)အလာဘ  =ပစ္စည်းဥစ္စာ မရခြင်း။
(၃)ယသ       =အခြွေအရံပေါများခြင်း။
(၄)အယသ    =အခြွေအရံမရှိခြင်း။
(၅)နိန္ဒာ        =အကဲ့ရဲ့ခံရခြင်း။
(၆)ပသံသာ   =အချီးမွမ်းခံရခြင်း။
(၇)သုခံ        =ချမ်းသာခြင်း။
(၈)ဒုက္ခံ        =ဆင်းရဲခြင်း။
             ပစ္စည်းဥစ္စာ ရသည်ဖြစ်စေ မရသည်ဖြစ်စေ စိတ် ကို
မတုန်လှုပ်ပါစေနဲ့ ။အခြွေအရံ ရှိသည်ဖြစ်စေ  မရှိသည်ဖြစ်စေ
စိတ်ကို မတုန်လှုပ်ပါစေနဲ့ ။ကဲ့ရဲ့ခံရသည်ရှိသော် နောင်မဖြစ်အောင်
မိမိကိုယ် ကို စောင့်ရှောက်ဖို့ ဆင်ခြင်သုံးသပ် ထိန်းသိမ်းပြုပြင် ပြီး
နေထိုင်ပါ (စိတ်ဓါတ်ကျခြင်း။သိမ်ငယ်ခြင်းမဖြစ်ပါနဲ့ )ချီးမွမ်းခံရသည်
ရှိသော်  မိမိ ကို မိမိ အရမ်းတော်သည် ဟု ဘ၀င်မြင့်စိတ်မျိုးမထားပဲ
သည်ထက်သည် ကောင်းအောင် ကြိုးစားပါ် အခြားသူများကိုလဲ
မိမိ ကဲ့သို့ တတ်သိနားလည်အောင် လမ်းပြ ပါ လက်တွဲ ပါ။
ချမ်းသာခြင်းကြောင့် လဲဖြစ်ခြင်းပျက်ခြင်း ကိုမေ့လျှော့ ကာ 
ဆင်ခြင်တုံတရား မရှိ သောသူမဖြစ်ပါစေနှင့်။
ဆင်းရဲ ခြင်းကြောင့်လဲ ၀မ်းနည်းအားငယ် စိတ်ဓါတ်ကျစရာ မလို
 စွမ်းနိုင်သလောက်ကြိုးစားအားထုတ်ရန်သာလိုပါတယ်။


ပတ်ဝန်းကျင်နှင့်ပေါင်းသင်းဆက်ဆံရာ၍ လည်း
ဗြဟ္မာစို၇်တရား(၄)ပါးကိုလက်ကိုင်ထားတတ်ရပါမယ်။
ဗြဟ္မာစိုရ်တရား(၄)ပါး
(၁) မေတ္တာ
(၂)ကရုဏာ
(၃)မုဒိတာ
(၄)ဥပေက္ခာ…..ဆိုပြီး(၄)ပါး ရှိပါတယ်။
(၁)မေတ္တာ=အားလုံးကိုချစ်ခင်တဲ့စိတ်နဲ့မေတ္တာထားတတ်ရင်စိတ်နှလုံး   
    အေးချမ်းပါလိမ့်မယ်။
(၂)ကရုဏာ=အားနည်ချက်ရှိတဲ့သူတွေကိုသနားညှာတာစွာ
ကူညီစောင့်ရှောက်တတ်ရပါမယ်။
(၃)မုဒိတာ=ကိုယ့်ထက်အစစအရာရာသာလွန်သူပြည့်စုံသူကို ၀မ်းမြောက်ဝမ်းသာလက်ခံနိုင်ရပါမယ်။ကြိုဆိုဂုဏ်ပြုရပါမယ်။
(၄)ဥပေက္ခာ=စိတ်ရှုပ်စရာပြဿနာတွေနဲ့ရင်ဆိုင်ရတဲ့အခါ
တတ်နိုင်သလောက်ဖြေရှင်းပြီး မရတဲ့အခါ ဥပေက္ခာ စိတ်ကိုထားရပါမယ်။

အားလုံးသာ ဒီလိုစိတ်မျိုးမွေးကြမယ်ဆိုရင်တလောကလုံးအေးချမ်းနေမှာပါ..
တလောကလုံးအေးချမ်းအောင် မလုပ်နိုင်ရင်နေပါ..ကိုယ်စိတ်ကိုကိုယ်အေးချမ်းအောင်
စောင့်ရှောက်နိုင်ကြပါလိမ့်မယ်။
              ဒါ မှ  ``မင်္ဂလာရှိသောသူ``ဖြစ်လာပါလိမ့်မယ်….

   မင်္ဂလာတရားတော် နဲ့ အညီ လောကဓံ(၈)ပါးကို ကြံကြံခံ ၍  
 ဗြဟ္မာစိုရ်တရား(၄)ပါးနဲ့ပြည့်စုံပြီး မိမိ ကိုယ်မိမိ။မိမိ မိသားစု။ 
မိမိမြို့။မိမိရွာ။မိမိ နိုင်ငံတော် ကို စောင့်ရှောက်နိုင်တဲ့မြင့်မြတ်တဲ့
အေးချမ်းပြည့်ဝတဲ့  ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် တွေဖြစ်ကြပါစေ ရှင်..


**********တတိယမြောက် သမီးတော်***********

0 comment: