ဆံကေသာ ထုံးနှောင်
ပိတုန်းရောင်အသွေး
ဇရာဝင်ပျက်ရှာကြတယ်
နက်ရာက ဖွေး။
ဇရာ သဘောလေးဆောင်ပြတဲ့  လင်္ကာလေးကို သိတ်ပြီးနှစ်သက်မိပါတယ်။
ကိုယ့်ကိုကိုယ်ဆင်ခြင်ရတာပေါ့နော်။
မတင့် ရဲ့ ဘလော့ဒေး အမှတ်တရလေးမှာ သမီးတော်လည်း သိသလောက်မှတ်သလောက်လေး
ရေးကြည့်ချင်လို့ ပါ။
ဆံကေသာ ကိုထုံးနှောင်လို့ ရအောင် ခပ်ရှည်ရှည်ထားထားတာမို့  နည်းနည်းတော့ ပြောအားရှိတာပေါ့။
သို့ ပေမယ့်လည်း မဖွေးပဲ နက်အားကောင်းနေဆဲပါပဲ။
ဇရာဝင်တယ်ဆိုတာ မွေးပြီဆိုကတည်း စပြီးဝင်လာတာမို့  ခုဆိုရင် ဇရာဝင်တဲ့နှစ်သက်တမ်းလည်း
မနည်းတော့ပါဘူး။
ဒီဘလော့လေးကို စပြီးရေးဖြစ်ခဲ့တာလည်း ၂၀၁၂ မေလ ကတည်းက ဆိုတော့ နှစ်နှစ်နဲ့ သုံးလ
ပြည့်ခဲ့ပြီးပါပြီ။ နှစ်နှစ် သမီးလေး အဖြစ်နဲ့ ရပ်တည်ခဲ့တာလည်း ဘလော့မောင်နှမ များရဲ့ အားပေးမှူ
တွေ အပြည့်ကြောင့် ခြေလှမ်းတွေ ဆက်လှမ်းနေနိုင်ခဲ့တာပါ ။
ကော်မန့် လေးတွေ မတွေ့ မိပေမယ့် စာတော့ လာဖတ်ကြမယ်လို့ ယုံကြည်ထားမိပါတယ်။
ဒီထက်ပိုပြီးလည်း ဘာသာရေး ဆိုဒ်လေးတွေကို ဒါန ပြုတဲ့ မောင်တစ်လုံးနဲ့ တကွ
အလှူရှင်များကိုပါ သတိတရ အမှတ်ရစေမိတယ်။ လှူဒါန်းမှူ အစုစု အတွက်ကိုလည်း
အထူးပဲ ကျေးဇူးတင်မိရပါတယ်။ဘာသာတရားအပေါ်လေးစားမှူ ။ မြတ်နိုးမှူတွေကို
တွေ့ မြင်ရခြင်းကိုက ကြည်နူးစရာ ၀မ်းမြောက်စရာမို့  ကိုယ့်ဘာသာ သာသနာ အတွက်
ဂုဏ်လည်း ယူမိပါတယ်။
ဘလော့ဒေး အမှတ်တရလေးကို စုစည်းပေးခဲ့တဲ့ မတင့်ကိုကျေးဇူးတင်ရင်း
အလှူရှင်များစွာရဲ့ ဒါန စေတနာကို သာဓု ခေါ်ရင်း
ထုံးနှောင်ထားတဲ့ ဆံကေသာလေး နက်ရာက မဖွေးခင် ချိန်ထိ
မျက်စိအားကောင်းပြီး ကျန်းမာနေသမျှ ကာလပတ်လုံး
ဒီ ဘလော့လေး ခိုင်ခိုင်မြဲမြဲလည်း ရှိနေသေးတယ်ဆိုရင်
ဘာသာ သာသနာကိုစောင့်ရှောက်ရင်းနဲ့ 
သိမှတ်ရသမျှကို မျှဝေ ကုသိုလ်ပြုနေပါအုံးမယ်။
ချစ်ခင်ရတဲ့ ဘလော့ဂါမောင်နှမများ အားလုံးနဲ့လည်း
ဆုံတွေ့ ခွင့်လေးရချင်မိပါတယ် လို့ 
အမှတ်တရနေ့လေးမှာ
မှတ်မှတ်ရရ ရေးသားဖေါ်ပြရင်း
ဘလော့ဒေးလေးကို ဂုဏ်ပြု နုတ်ဆက်လိုက်ပါတယ်။
ဘလော့ဂါများအားလုံး
ကာလ ကြာမြင့်စွာ ချစ်ခင်စွာ ပျော်ရွှင်စွာ
ဘ ကုန်းရွာလေးမှာ စုစည်းနိုင်ကြပါစေရှင်။
*****တတိယမြောက် သမီးတော်*****
THAMEETAW
THIRD
17 comment:
တနေ့နေ့ ဘကုန်းမိတ်ဆွေများနဲ့ ဆုံတွေ့ဖို့စောင့်စားနေသူ
ဆံကေသာ ဖြူဖွေးလို့
ပူဆွေးဖို့ မသင့်ပါ။
လှူပေးစို့ အကျင့်သာတယ်
သင့်ရာမှာ ငြိမ်ဦး။
စိန္တေထူးတဲ့ ကုသလာရယ်
ဓုခါခါ ခေါ်မြူး။
...............း)
ဘလော့တစ်ခု ဆောက်ကြတယ်ဆိုတာ ကိုယ်ယုံကြည်ရာ ကိုယ်မြတ်နိုးရာကို စိတ်တိုင်းကျ ရေးကြဖို့အတွက်ပါ...ကွန်မန့်ဆိုတာကတော့ တစ်ကဏ္ဍပေါ့လေ...ယုံကြည်အားတက် ရှေ့ဆက်နိုင်ပါစေလို့ ဘလော့ဒေး အမှတ်တရ ဆုမွန်ကောင်းတောင်ပေးလိုက်ပါရစေ...
တနေ့ နေ့ မှာတော့ ဆုံတွေ့ နိုင်ကြမယ်လို့ မျှော်လင့်မိပါတယ် ဂျက်ရေ
ကျေးဇူးပါ ကိုကိုမောင်(ပန်းရနံ) ရှင်
ယုံကြည်စွာနဲ့  ရှေ့ဆက်မှာပါ ဆရာ ဟန်
အားပေးစကားအတွက် ကျေးဇူးပါရှင်
တိုက်တိုက်ဆိုင်ဆိုင်ပဲ သမီးတော်ရေ .. သမီးတော်ကို ကွန်မန့်ပေးမယ်လဲ လုပ်ရော ညီမလေးဆီက ဖုန်းဝင်လာတယ်။ တီတင့်မေမေ အသက်ရှူမ၀ပဲ မောနေတယ်ဆိုလို့ ကဆုန်ပေါက်ပြေးလိုက်ရတယ်။ ညနေပိုင်းပြန်ရောက်လာတော့ လူကမလန်းတော့တာနဲ့ ညက အွန်လိုင်းတောင်မတက်ဖြစ်လိုက်ဘူး။ မနက်က၀င်ဖြစ်သေးတယ် စိတ်ထဲမှာ သမီးတော်ပို့စ်ကို ဖတ်ပြီးသားမို့ ကွန်မန့်ပေးခဲ့ပြီထင်နေတာ။ ဇရာ ဇရာ… သမီးတော်ရဲ့ သံဝေဂကဗျာလေးထဲကလိုပေါ့နော်… ဘလော့ဒေး အမှတ်တရလေးအတွက် ကျေးဇူးတင်ပါတယ်… ♥♥♥
ကျေးဇူးပါ မတင့်ရယ်
မအား မလပ်ကြားက ကျေပွန်နေတဲ့
ဝတ္တရားတွေကို လေးစားမိပါတယ်
ပျော်ရွှင်ချမ်းမြေ့ ပါစေ ရှင်
ဇရာကိုပြတဲ့ လကာင်္လေးကိုတော့နှစ်သက်ပါရဲ့
ဟီးး ဆံပင်တော့ ဖြူချင်သေးဘူး…
မဖြစ်ချင်တာ ဖြစ်ရတာကိုက
ခန္ဓာရဲ့ သဘောအစစ်အမှန်ပါပဲ နှိုင်းရေ
နေ့ ရှိသရွေ့  တကိုယ်ရေသန့် ရှင်းမှူဆောင်ရွက်နေရတာကိုက
မဖြစ်ချင်တာတွေကို သန့် စင်ပေးနေရတာပါပဲ
ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာလို့  အလှကြည့်နေရတာမျိုးမှ မဟုတ်တာနော်
ဒီလိုပဲ ဆင်ခြင်ကြည့်ရတာပေါ့ ရှင်
အာ့ဆို မိုးည blog လေးနဲ့ တစ်နှစ်ထဲဖွားတွေပေါ့နော် … :)
ဟုတ်တယ် မိုးည လေး
မတ်လ နဲ့ မေလ ဆိုတော့ နှစ်လ လောက်တော့ ကွာမှာပေါ့နော်
မိုးည က နဲနဲလေး ပိုစောသွားတာပေါ့
....:)
ဘလော့ဒေး အမှတ်တရ ပို့စ်လေးဖတ်ခွင့်ရသလို
သံဝေဂရဖွယ်ရာစာပိုဒ်လေးတစ်ခုကိုလည်းဖတ်ခွင့်
ရခဲ့လို့မသမီးတော်ကိုကျေးဇူးတင်မိပါတယ်ခင်ဗျာ.....
ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး
ကျေးဇူးပါ ကိုရာဇာထွေး
သံဝေဂ နဲ့ အတူ ဥာဏ်အမြင်တွေ
ရင့်ကျက်နိုင်ပါစေရှင်
Pretty portion oof content. I simply stumbled upon your site and in accession capital to clai that I acquire in fact enjoyed acount your weblog posts.
Anyway I'll be subscribing to your feeds and
even I achievement yyou get entry to consistently rapidly.
my weblog :: sports betting - wallpapergrid.com -
myowin
နောင်လဲအမြဲဖတ်ရှူလေ့လာနေမှာပါ
ဖတ်ရှူချင်းဖြင်အသိတရားများရရှိပါတယ်
ကျေးဇူးပါ ကို myo win
Post a Comment