ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Showing posts with label ကြီးပွားကြောင်းတရား. Show all posts
Showing posts with label ကြီးပွားကြောင်းတရား. Show all posts

Posted on: Friday, September 4, 2015

ရဟန်းတို့၏ ကြီးပွားကြောင်းတရား(၆)ပါး


 (၁)ရဟန်းတို့ ..ရဟန်းတို့သည် သီတင်းသုံးဖေါ်တို့၏ အပေါ်၌
မေတ္တာစိတ်ဖြင့်ပြုအပ်သော ကိုယ်အမူအရာ(=ကာယကံ)ကို
မျက်မှောက် ၊ မျက်ကွယ်= နှစ်သွယ်လုံး၌ ရှေ့ရှုထင်ကြစေသမျှ
(=ဖြစ်စေကြသမျှ) ကာလပတ်လုံး  ရဟန်းတို့ အဖို့ရာ ကြီးပွား
ရန်သာရှိပေ၏။ ဆုတ်ယုတ်ရန်အလျှင်းမရှိပေ။

Posted on: Tuesday, September 1, 2015

ပဉ္စမကြီးပွားကြောင်းတရား(၇)ပါး


(၁)ရဟန်းတို့…ရဟန်းတို့သည် မမြဲဟု သိမှတ်မှု=အနိစ္စသညာကို
ပွားများနေကြသမျှ ကာလပတ်လုံး ရဟန်းတို့ အဖို့ ရာ ကြီးပွား၇န်
သာရှိပေ၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

Posted on: Saturday, August 29, 2015

စတုတ္ထကြီးပွားကြောင်းတရား(၇)ပါး


(၁) ရဟန်းတို့  …..ရဟန်းတို့ သည် မဂ်၏ အကြောင်းဖြစ်သော
အောက်မေ့မှု=သတိသမ္ဗောဇ္ဈင်ကိုပွားများနေကြသမျှကာလ
ပတ်လုံး ရဟန်းတို့ အဖို့ ရာ ကြီးပွားရန်သာရှိပေ၏။ ဆုတ်ယုတ်
ရန် အလျှင်းမရှိပေ။

Posted on: Tuesday, August 25, 2015

တတိယ ကြီးပွားကြောင်းတရား(၇)ပါး


(၁)ရဟန်းတို့ …ရဟန်းတို့ သည်  ယုံကြည်ခြင်း=သဒ္ဓါတရားနှင့်
ပြည့်စုံကြသမျှ ကာလပတ်လုံး ရဟန်းတို့ အဖို့ ရာ ကြီးပွားရန်သာ
ရှိပေ၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

Posted on: Saturday, August 22, 2015

ဒုတိယ ကြီးပွားကြောင်းတရား(၇)ပါး


 (၁)ရဟန်းတို့..ရဟန်းတို့သည် ကိစ္စကြီးငယ်၌ မွေ့လျော်
ပျော်ပိုက်လုံ့လစိုက်၍ မနေကြသမျှ ကာလပတ်လုံး
ရဟန်းတို့ အဖို့ ရာ ကြီးပွားရန်သာရှိပေ၏။ဆုတ်ယုတ်
ရန်အလျှင်းမရှိပေ။

Posted on: Tuesday, August 18, 2015

ပထမ ကြီးပွားကြောင်းတရား (၇)ပါး။


မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ရှင်အာနန္ဒာအား
ရာဇဂြိုလ်ပြည်ကို အမှီပြု၍နေသော ရဟန်းအားလုံးကို ဓမ္မာရုံ၌
စုဝေးစေလော့ဟု မိန့်တော်မူ၏။  ရှင်အာနန္ဒာ မထေရ်သည်
ဝေးသောကျောင်း၌ နေသောရဟန်းတို့ထံတန်ခိုးရှင်ရဟန်း
တို့ ကိုစေလွှတ်၍၎င်း။ နီးသောကျောင်း၌နေသောရဟန်းတို့ထံ
ကိုယ်တိုင်သွားရောက်၍၎င်း။  မြတ်စွာဘုရားသည် အရှင်တို့၏
စည်းဝေးခြင်းကို အလိုရှိတော်မူ၏ ဟု လျှောက်ထားကာ ဓမ္မာရုံ၌
စည်းဝေးစေပြီးလျှင် မြတ်စွာဘုရားရှင်ထံတော်မှောက် ၀ပ်လျိုး ရှိခိုးကာ
ရဟန်းအားလုံးစုဝေးမိပါပြီ ကြွတော်မူရန် အချိန်ကိုသိတော်မူပါဘုရား
(ကြွရန်မှာ ရှင်တော်ဘုရား၏ အလိုတော်အတိုင်းဖြစ်ပါသည်)ဟု
လျှောက်ထားလေ၏။