ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Posted on: Tuesday, October 8, 2013

အမှတ်တရ ရိပ်သာ



(၇၉ )ကြိမ်မြောက် ၀ိပဿနာ အထူးတရားစခန်းပွဲကြီးစခန်းဝင်စဉ်က အဆောင်(၂) အခန်း(၈)တွင်
မိုးကုတ်သူ(၁၀)ဦးနှင့်အတူ လက်ပံလှသူ(၂)ဦး သမီးတော်နှင့်တမြို့ထဲ အတူနေ (၁) ဦး စုစုပေါင်း
ယောဂီ(၁၄)ဦးရှိခဲ့ပါတယ်။ အတူနေခွင့်ရခဲ့တဲ့(၁၃)ဦးစလုံးဟာအသက် (၂၀) ကျော် ၃ ဦးနှင့် (၃၀)
နှင့်အထက်(၁၁)ဦး ရှိခဲ့ပါတယ် အရမ်းကြီးအသက်ကြီးတဲ့ အဖွားအရွယ် တစ်ယောက်မှ မပါခဲ့ပါ။
အသက်ကြောင့် ပါသကဲ့သို့  စိတ်ပိုင်းဆိုင်ရာပြည့်ဝ သူများလို့ သတ်မှတ်လို့ ရအောင် စည်းကမ်း
ရှိပြီး တရားကိုတကယ်လိုလားသူများဖြစ်ကြပါတယ်။
မိုးကုတ် သူ(၁၀)ဦး
၁။အမကြီးမစောရင်
၂။မမနီ
၃။မသီသီခိုင်
၎။မညိုညိုလွင်
၅။မတင်တင်ဦး
၆။မအေးမို
၇။မညိုဝင်း
၈။မဌေးလွင်
၉။မပြုံး
၁၀။သူဇာလွင်…တို့ ဖြစ်ပါတယ်။
လက်ပံလှသူ(၂)ဦး
၁။ချစ်စုမ
၂။သက်လယ်
နောက်ထပ် သမီးတော်နဲ့တမြို့တည်းနေသူကတော့  မခင်ဝင်းရွှေ…..ဖြစ်ပါတယ်။
စုစုပေါင်း(၁၄)ဦးပါ

စည်းကမ်း လိုက်နာမှူအပြည့်ရှိသလို တစ်ဦးကိုတစ်ဦးရိုင်းပင်ကူညီခြင်းတွေနဲ့ စည်းစည်းလုံးလုံး
အေးအေးချမ်းချမ်းနေခဲ့ကြပါတယ်။ရိုင်းပင်းကူညီတယ် ဆိုတာ နေမကောင်းဖြစ်ရင် ကိုယ့်ရှိတဲ့ဆေး
ဝါး ဓါတ်စာ ကို ချက်ချင်းထုတ်ပေးပြီး တစ်ဦးကိုတစ်ဦးပြုစုကြတာပါ။
စည်းကမ်းရှိတာလေးတွေကို ပြောရပါအုံးမယ်။

မနက်ဆိုရင်    နာရီ ၄၅ မိနစ်မှာ တုံးခေါက်သံပေးမှ အိပ်ယာက ထရပါတယ်။တုံးမခေါက်ခင် ထ တဲ့
သူက တခြားသူတွေ မနိုးအောင် တိတ်တိတ်ဆိတ်ဆိတ်လေး ကိုယ်ဘာသာ ထပါတယ်။
မနက် အစောကြီးအိပ်ယာ က နိုးလေ့ ရှိတဲ့
သမီးတော် ဘေးက မတင်တင်ဦး ဆိုရင် ခြင်းတောင်းထဲမှာ သွားတိုက်ဆေး သွားတိုက်တံ ထဲ့ထားလို့ 
တခြားပစ္စည်းတွေပါရှိတော့ ကိုယ်လိုတာလေးပဲ ထုတ်ရင် အသံမြည်မှာစိုးလို့ ဆိုပြီး ခြင်းတောင်းလိုက်
မ ပြီး ဆွဲထွက်သွားပါတယ် ။ဒါကိုဘေးမှာရှိတဲ့ မညိုညိုလွင်က ခြင်းတောင်းကြီး    ပြီးထွက်တဲ့
မတင်တင်ဦးကိုမြင်တော့ လန့် ဖြန့် ပြီး နင်ဘယ်သွားမလို့ လဲလို့ မေးရှာတာပေါ့..အဲ့ဒီမှာ သူများတွေ အသံမကြားအောင် မျက်နှာသွားသစ်မှာလို့ ပြောတယ်။သူများတွေ  အနှောက်အယှက် ဖြစ်မှာစို့းလို့ 
ထွက်တာပေမယ့် လူမသိ သူမသိ အသာလေးထွက်ပြေးတယ်လို့ ထင်စရာဖြစ်နေတာ။အဲ့လိုလေး
စည်းကမ်းရှိခဲ့ကြတယ်။

မနက် ထ ဖို့ တုံးမခေါက်ခင် အသံတိတ် ထကြတယ် လှုပ်ရှားကြတယ်။နေ့ လည် အိပ်ချိန်ဆိုရင်
အားလုံး စောင်ခြုံပြီးအိပ်တယ်။ည ဆိုရင် ၈ နာရီ တရားထိုင်လို့ ပြီးတာနဲ့ အဆောင်ပြန်ရောက်ပြီး
ခြင်ထောင်ထောင် တခါးပိတ် အိပ်ကြတယ်။တကယ် က ည ဆိုရင် ၉ နာရီမှ အိပ်မောင်း က ထုတာပါ
ဒါပေမယ့်ဘယ်သူမှစကားစမြည်ပြောမနေကြပဲတိတ်တိတ်ဆိတ်ဆိတ် ကိုယ့် ကိစ္စ ကိုယ်ဆောင်ရွက်ပြီး
၈ နာရီ ခွဲလောက်ကတည်းက အိပ်ယာထဲ ရောက်နေတတ်ကြပါတယ်။တခြားအခန်းတွေထက်
စည်းကမ်းရှိပြီးအေးချမ်းစွာ နေကြသူများပါ။တခြားအခန်းတွေက စည်းကမ်းလိုက်နာမှူအားနည်းတော့
မယ်တော်ကြီးတွေမှာ စည်းကမ်းထိန်းသိမ်းရတာ ပင်ပန်းရှာပါတယ်။

နေ့ စဉ် အဟာရ လှူဒါန်းကြသူများထဲမှာ စခန်းဝင်ယောဂီတွေလည်း ပါကြပါတယ်။
အဆောင်နံပါတ်ဘယ်လောက် အခန်းနံပါတ် ဘယ်လောက်က ယောဂီများက နံနက်စာ အာရုဏ်ဆွမ်း
အတွက်အလှူငွေ ဘယ်လောက် နေ့ လည်စာ နေ့ ဆွမ်းအတွက် အလှူငွေ ဘယ်လောက်စသည်
ဖြင့် သူများတွေ လှူကြတာကြားတော့ သမီးတော်လည်း လှူချင်လာမိပါတယ်။

သူများတွေနဲ့ကွာခြားတာက သမီးတော်တို့ က တမြို့ စီ ကနေ စုပြီးနေကြတာ စုစုပေါင်းရင် (၃)မြို့ 
ဖြစ်နေတာပေါ့။သူများတွေ စုပြီးလှူကြတယ်ဆိုတာ တမြို့ ထဲကနေ လာပြီး တခန်းထဲနေပြီး စုပေါင်း
လှူကြတာ။စိတ်ထဲမှာ စုပေါင်းပြီးလှူနေကြတာကို သိတ်ပြီးအားကျမိတော့ အခန်းထဲအတူနေတဲ့
ယောဂီတွေကို ကျမ တို့ ကော စုပြီးလှူကြရင်မကောင်းဘူးလားလို့  စကားစမိပါတယ်။စကားစတာနဲ့
 မမနီ က( အေး ညီမလေး လှူမယ်ဆိုလှူလို့ ရတယ် မမ တို့ တတ်နိုင်သလောက်ထဲ့မယ် တခြားသူ
တွေနဲ့  ပြောကြည့်လိုက်ပါအုံး)လို့ ဆိုပါတယ်။အဲ့ဒီမှာ သမီးတော်နဲ့ တမြို့ထဲ အတူနေတဲ့
မခင်ဝင်းရွှေက (ကျမ သုံးသောင်းမ တည်လိုက်မယ် )လို့ ဆိုပြီးငွေသုံးသောင်း သမီးတော်ကို ချက်ချင်း
ပေးပါတယ် ။ အဲ့လိုပေးပြီးတာနဲ့ မမနီ က(မမ က နှစ်သောင်းထဲ့မယ်) လို့ ဆိုပါရောလား။
ချက်ချင်းကို ငွေငါးသောင်းရလိုက်တယ်။
ကျန်သေးတဲ့ယောဂီတွေထဲက တစ်သောင်းထဲ့ ငါးထောင်ထဲ့နဲ့ အဆင်ပြေသလိုထည့်ကြတာ
 နံနက်စာ အာရုဏ်ဆွမ်းအတွက် အလှူငွေ ကျပ်(၁၅၀၀၀၀)တစ်သိန်းငါးသောင်းကျပ် ကို
ပေါင်းစုပြီး လှူဒါန်းနိုင်ခဲ့ကြပါတယ်။
စုစုစည်းစည်းလေး စုပေါင်းလှူလိုက်ရတော့ အားလုံး ပီတိဖြစ်ကြရတယ်။ပိုပြီးတော့ သံယောဇဉ်
လဲဖြစ်သွားကြတယ်။ရှေ့ ဆက်ပြီးတခန်းထဲနေလို့ တရားအတူ အားထုတ်ဖို့ ကိုလည်း ဆန္ဒရှိနေကြ
တာပေါ့။
အကြောင်းကြောင်းကြောင့် ဆက်ပြီးစခန်းမ၀င်ဖြစ်ပေမယ့် ခင်မင်ရတဲ့သံယောဇဉ်ကတော့
အရင်ဘ၀ ကတည်းက ရှိခဲ့တဲ့ရေစက်တွေနဲ့ပေါင်းပြီးလေးလေးစားစား ဖြစ်သွားကြတယ်။
တစ်ယောက်ကိုတစ်ယောက် စိတ်အနှောက်အယှက်ဖြစ်အောင် လုံးဝ ကို မလုပ်ခဲ့ကြသူတွေမို့
ပိုပြီးလေးလေးစားစားခင်ခင်မင်မင် စိတ်ထဲမှာ ရှိသွားကြပါတယ်။

အခန်းထဲ အတူနေ ယောဂီများအပြင် ထမင်းတ၀ိုင်းတည်း အတူစားခဲ့ကြသူများကိုလည်း
ဖေါ်ပြချင်ပါသေးတယ်။တန့် ဆည်က မနုယဉ် မိုးကုတ်မြို့  အုံးကိုင်း က မခင်စန်းကြည်
မိုးကုတ်မြို့ ပိတ်စွယ်က ငယ်ငယ်၊ အိတုံနဲ့ ဖူးစုံ တို့ ကိုလည်း အမှတ်ရမိပါတယ် ဒီလူတွေကတော့
စခန်းထွက်တဲ့နေ့ မှာ မိတ်ဆက်ဖြစ်ကြသူတွေပါ။
အဆောင်ထဲ အတူနေသူတွေကတော့ အလှူလုပ်ဖို့ အတွက် စုစည်းရင်း နာမည်တွေသိခဲ့
ရတာပါ။

တရားစခန်းဝင်ပြီး တရားထူးတရားမြတ်ကို မဆောင်ယူနိုင်ခဲ့ပေမယ့် ပီတိ ဖြစ်စရာကောင်းတဲ့
စုပေါင်းအလှူလေးကို ကျေကျေနပ်နပ် ကြည်ကြည်နူးနူးလေး လှူဒါန်းနိုင်ခဲ့လို့ 
လေးစားစွာ မှတ်တမ်းတင်ရင်  အမှတ်တရ ပုံရိပ်များကိုဖေါ်ပြလိုက်ပါတယ်။

  ။ဆုတောင်း။ 
သမီးတော်နှင့်အတူ စုပေါင်းပါဝင်လှူဒါန်းခဲ့ကြသူများ ပြုခဲ့သောကုသိုလ်ကောင်းမှူကြောင့်
နိဗ္ဗာန် ကိုမျက်မှောက်ပြုရန်အတွက် အားကြီးသောအထောက်အပံဖြစ်ကြရပါစေ။
မဂ် ဥာဏ် ဖိုလ် ဥာဏ်ကို မပင်မပန်း မကြောင့်မကျ ပဲ လွယ်ကူစွာ အားထုတ်နိုင်ပါစေ။
နိဗ္ဗာန် မရောက်ခင်စပ်ကြား ကာလ များမှာ ကျင်လည်ရလည်း စီးပွားဥစ္စာ လာဘ်လာဘ
ပေါများရပါစေ။လို့ ဆုတောင်းပါတယ်။

ဤပြုခဲ့သမျှ ကုသိုလ်ကောင်းမှူအစုစုတို့ ကို မိဘ ဆရာ ဘိုးဘွာ ကအစသုံးဆယ်တစ်ဘုံကျင်လည်
ကြကုန်သော သတ္တ၀ါ အဝေနေယျ တို့အား အမျှပေးဝေပါ၏။

အားလုံး  ကုသိုလ်  အမျှ….အမျှ..အမျှ  ယူတော်မူကြပါကုန်လော့

သာဓု…သာဓု…သာဓု

*****တတိယမြောက်သမီးတော်*****