ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, October 18, 2017

***လွှဆွဲသည့် ပမာ ရှုမှတ်ရာ၏***


ညီညွတ်သော မြေအပြင်၌ သစ်တုံးကိုထား၏။
ထိုသစ်တုံးကို ယောက်ျားသည် လွှဖြင့် ဖြတ်ရာ၏။
သစ်တုံး၌ထိသော လွှသွားတို့၏ အစွမ်းအားဖြင့်
ယောက်ျား၏ သတိသည် ထင်၏။

Posted on: Thursday, September 21, 2017

ဆင်ခြင်နိုင်မှ တော်ကာကျ




လူ အယောက်တစ်သိန်း သေလို့
တစ်ယောက် သုဂတိ မရောက်ဘူး တဲ့
ဘာကြောင့်လဲ...စဉ်းစား
ကိုယ်သိတဲ့ အသိလောက်နဲ့
ကိုယ်လုပ်တဲ့ဒါနလောက်နဲ့
ကိုယ်ဆောက်တည်တဲ့ သီလလောက်နဲ့
သုဂတိလားရာကို တကယ်ရောက်ဖို့မသေချာလို့ပါပဲ

Posted on: Thursday, August 31, 2017

အဓိပတိတပ်ပါ


နိဗ္ဗာန်လိုချင်လို့ သစ္စာသိချင်လို့ တရားအားထုတ်ကြပေမယ့်
ခုချိန်ထိ နိဗ္ဗာန်ကိုမမြင်သေးဘူး။
သစ္စာမဆိုက်သေးဘူး။

Posted on: Wednesday, August 30, 2017

ပဋိစ္စသမုပ္ပါဒ်ကိုသင်ယူကြပါ****

ပဋိစ္စသမုပ္ပါဒ်ကိုသင်ယူကြပါ****
 
သမီးတော် သိတဲ့ ဝိပဿနာဆိုတာ
ရှိရာမှ မရှိရာကို သိခြင်းပါ
ခန္ဓာမှာပေါ်လာတဲ့ ဓမ္မလေးတွေ
ဖြစ်လိုက် ပျက်လိုက် အစားထိုးလိုက်နဲ့
မတည်မြဲတာ ပြောင်းလဲနေတာကိုသိပေးခြင်းပါ။

Posted on: Thursday, July 27, 2017

နိဗ္ဗာန်ဆိုတာ ရိုးသားမှုရဲ့ဆုလာဒ်*****


·
နိဗ္ဗာန်ဆိုတာ ရိုးသားမှုရဲ့ဆုလာဒ်*****

နိဗ္ဗာန်ကိုဝင်စံကြတဲ့ပုဂ္ဂိုလ်များဟာ
ရိုးသားကြတယ်။ နိဗ္ဗာန်ကိုမျက်မှောက်ပြုထား
ပြီးတဲ့အရိယာများကလည်းရိုးသားကြတယ်။
ရိုးသားလို့လည်း အဂတိလိုက်စားခြင်းကို
မပြုတော့တာပေါ့။

Posted on: Tuesday, June 27, 2017

တရား အားထုတ်တယ်ဆိုတာ



တရား အားထုတ်တယ်ဆိုတာ

တရားအားထုတ်တယ်ဆိုတာ
နိဗ္ဗာန်ကိုလိုချင်ကြလို့ပဲမဟုတ်လား

နိဗ္ဗာန်က လေးမျိုးပြားတယ်။

Posted on: Thursday, June 15, 2017

လောကီစိတ်နဲ့ လောကုတ္တရာစိတ်


အရိယာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေဟာ လောကုတ္တရာစိတ်နဲ့ပဲ
နေနေကြပြီလို့ သူသူကိုယ်ကိုယ်ထင်တတ်ကြတယ်။
ကိုယ်တိုင်လည်းအဲ့ဒီလိုထင်ခဲ့ဖူးတယ်။ အဘိဓမ္မာကို
လေ့လာခွင့်ရတော့မှ ထင်တဲ့အတိုင်းမဟုတ်ဘူးဆိုတာ
သဘောပေါက်လိုက်တယ်။

အစစ်အမှန်ကိုစူးစမ်းလေ့လာပါ


လွန်ခဲ့တဲ့(၇)နှစ်လောက်ကသိကျွမ်းရင်းနှီးခဲ့တဲ့မိတ်ဆွေ
တစ်ယောက်ကပြောတယ်။ဗုဒ္ဓဘာသာကို
သူလေ့လာကြည့်သလောက် တခြားဘာသာနဲ့
ယှဉ်ရင် နောက်ဆုံးကိုရောက်ရောက်သွားတယ်တဲ့။

Posted on: Thursday, May 4, 2017

ခန္ဓာစွန့် ခြင်း ၊ တဏှာစွန့်ခြင်း(၂)***

ခန္ဓာစွန့် ခြင်း ၊ တဏှာစွန့်ခြင်း(၂)***

အချို့သောပုဂ္ဂိုလ်များက လိုချင်သည့်စိတ်ကလေးကိုသိသည်။
သိလိုက်သည့်ခဏ တဏှာပဲဟုဆင်ခြင်လျှက် မယူဘူး
မလိုချင်ဘူး စွန့်တယ် စသည်ဖြင့်မှတ်သိပြီး မိမိတို့၏စိတ်ကို
ထိန်းချုပ်လျှက်စွန့်ခြင်းကိုပြုကြကုန်၏။
ဤသည့်နည်းလမ်းဖြင့်ကြိုးစားဆင်ခြင်ကြခြင်းသည်လည်း
 ကောင်းသောအားထုတ်မှု တစ်ခုဟုဆိုဖွယ်ရှိသည်။

Posted on: Saturday, April 22, 2017

ခန္ဓာစွန့်ခြင်း၊တဏှာစွန့်ခြင်း***

ခန္ဓာစွန့်ခြင်း၊တဏှာစွန့်ခြင်း***

အရိယာမဂ်သည် သူ၏အစွမ်းသတ္တိဖြင့် ကိလေသာကို
ပိုင်းဖြတ်ပယ်သတ်ခြင်းဖြစ်သည်။
ပထမမဂ်ရဖို့အတွက်ဟု ရည်သန်၍ ဒိဋ္ဌိကိုအာရုံယူကာ
အစွဲဖြုတ်ပေးရခြင်းမဟုတ်ပါ။ ခန္ဓာဒုက္ခသစ္စာ မမြဲခြင်းကို
ဥာဏ်ဖြင့်ရှုမှတ်ဆင်ခြင်လျှက်  ရုပ်နာမ်တို့၏သဘောသာ
ရှိသည် ငါ ဆိုတာမရှိဟု   သိသောဥာဏ်သည်ဒိဋ္ဌိဖြုတ်ခြင်းဖြစ်၏။
ပထမမဂ်အတွက်ရည်သန်၍ ဒိဋ္ဌိ ငါကို ဖြုတ်ရန် ငါဟု စွဲသော
စိတ်ကို သတိဖြင့် ထိန်းယူဖျောက်ဖျက်၍ မရစကောင်းပေ။
ငါ မရှိဟု သိခြင်းသညာဖြင့် ငါ စွဲအယူသည် မပျောက်ပျက်နိုင်။

Posted on: Wednesday, April 19, 2017

ရိုးမယ်ဖွဲ့ခြင်း

ရိုးမယ်ဖွဲ့ခြင်း

ကံကြမ္မာဟာ
တစ်ခါတစ်ခါ
ပမာမခန့်နိုင်တယ်

Posted on: Tuesday, April 4, 2017

အရိယာဖြစ်မှသဒ္ဓါကြည်လင်**

အရိယာဖြစ်မှသဒ္ဓါကြည်လင်**

သစ္စာတရားတွေနာကြားနေပေမယ့်
အရိယာမဖြစ်သေးသမျှ ကာလပတ်လုံး
ဟိုဆရာပြောတာဟုတ်နိုးနိုး ဒီဆရာပြောတာဟုတ်နိုးနိုးနဲ့
ယုံကြည်ခြင်းဆိုတဲ့သဒ္ဓါတရားဟာလည်း
ပြတ်ပြတ်ထင်ထင်မဟုတ်ပဲ
သညာသိနဲ့ ယုံ တာလောက်ပဲဖြစ်နေပါအုံးမယ်
သစ္စာသိမြင် အရိယာစင်စစ်ဖြစ်ခဲ့ပြီဆိုမှ
ဒီဆရာတော်ရဲ့ဟောတရားဟာ နိဗ္ဗာန်လမ်းကို
ထင်ထင်ရှားရှားဖြောင့်ဖြောင့်တန်းတန်းမြင်အောင်
လမ်းညွှန်တာပါလားလို့ သဘောပေါက်လိမ့်မယ်။

**အလှတရား**

**အလှတရား**

တဏှာနဲ့ကြည့်တဲ့အခါ
ကာမဂုဏ်တွေကို
တပ်မက်ခြင်းဖြင့် သာယာတယ်။

Posted on: Saturday, March 11, 2017

ပဋိစ္စသမုပ္ပါဒ်


ပဋိစ္စသမုပ္ပါဒ် **

ပဋိစ္စသမုပ္ပါဒ်ဆိုသည်မှာ ဆိုင်ရာအကြောင်းတို့
ပေါင်းဆုံညီညွတ်မှုကိုစွဲမှီ၍ အကျိုးအဆင့်ဆင့်တို့
ညီညီမျှမျှ တပြိုင်တည်း အတူတကွဖြစ်သော
နည်းလမ်းကို ပဋိစ္စသမုပ္ပါဒ်ဟုခေါ်သည်။

Posted on: Friday, January 13, 2017

ခြင်းရာ နှစ်ဆယ်


ခြင်းရာ နှစ်ဆယ်**

ဆဋ္ဌမမြောက်စက်ဝိုင်း
၁ အကွက်တွင် အတိတ်ကြောင်းခြင်းရာငါးပါး။
၂ အကွက်တွင် ပစ္စုပ္ပန်အကျိုးခြင်းရာငါးပါး။
၃ အကွက်တွင် ပစ္စုပ္ပန်အကြောင်းခြင်းရာငါးပါး။
၎ အကွက်တွက် အနာဂတ်အကျိုးခြင်းရာငါးပါး။

Posted on: Thursday, January 12, 2017

ကာလ သုံးဖြာ**


ကာလ သုံးဖြာ**

စတုတ္ထမြောက်စက်ဝိုင်း ၁ . အကွက်သည်
လွန်လေပြီးသောအတိတ်ကာလ က
အိုခြင်း  နာခြင်း သေခြင်းတို့ဖြင့် ဝါးမျိုခံခဲ့ရခြင်း
သဘောလက္ခဏာကိုဖေါ်ပြခြင်းဖြစ်သည်။

Posted on: Wednesday, January 11, 2017

ဝဋ် သုံးဝ**


ဝဋ် သုံးဝ**

ဖေါ်ပြခဲ့ပြီးသောအစပ်သုံးပါးအတိုင်း ဖြတ်မထွက်ပဲ
စပ်မြဲစပ်လာခဲ့သဖြင့် သံသရာ၌ကျင်လည်ခဲ့ရသည်။
ဖြတ်ထွက်ခဲ့လျှင်  သံသရာမှလွတ်မြောက်မည်။
စပ်ခဲ့သဖြင့် စက်ဝိုင်းအတိုင်းလည်မြဲလည်ခဲ့ရခြင်းကို
ဝဋ်* ဟုခေါ်သည်။ လုံးလည်လိုက်ခြင်း ဟုအဓိပ္ပါယ်ရှိသည်။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သတ္တဝါတို့သည်
ဝဋ် သုံးပါးနှင့် သံသရာ၌ ကျင်လည်ရကြောင်းဟောကြား
တော်မူခဲ့သည်။

Posted on: Tuesday, January 10, 2017

သုံးပါးအစပ်*


သုံးပါးအစပ်**

တဏှာအပ်ချုပ်သမား၏ လက်ချက်ဖြင့်
အတိတ်ကသင်္ခါရနှင့် ပစ္စုပ္ပန်ဝိညာ ဏ်
စပ်ခဲ့ပြီးဖြစ်သည်။ ၁ .အကွက်နှင့် ၂ .အကွက်
ကိုအနီရောင်နှစ်ဖက်ချွန်မြှားလေးဖြင့်
စပ်ပုံကိုဖေါ်ပြထားသည်။အတိတ်ကပြုခဲ့သည့်
ကောင်းမှု၊မကောင်းမှု ကံသင်္ခါရကြောင့်
ပစ္စုပ္ပန်တွင် ဝိညာ ဏ်စသော ခန္ဓာငါးပါး
အိုနာသေ ဒုက္ခသစ္စာကိုရနေသည်။
စပ်ခဲ့ပြီးဖြစ်သဖြင့် * ဧကန်အစပ်* ဖြစ်သည်။

Posted on: Monday, January 9, 2017

အင်္ဂါ (၁၂)ပါး၏ တရားကိုယ်များ**


အင်္ဂါ (၁၂)ပါး၏ တရားကိုယ်များ**

၁။ အဝိဇ္ဖာ... မသိခြင်း။
၂။ သင်္ခါရ...ပြုလုပ်ခြင်း။
၃။ ဝိညာ ဏ်.....အသိစိတ်။

Posted on: Sunday, January 8, 2017

အင်္ဂါ (၁၂ )ပါး

အင်္ဂါ (၁၂)ပါး**

ပဉ္စမမြောက်စက်ဝိုင်း
၁ အကွက်တွင်  အဝိဇ္ဇာနှင့် သင်္ခါရ အင်္ဂါ ၂ ပါး။
*အဝိဇ္ဇာ* သစ္စာမသိပါပဲ ကုသိုလ် အကုသိုလ်ပြုလုပ်ခြင်း *သင်္ခါရ*တရားများသည်
အတိတ်ကပြုလုပ်ခဲ့သည့် ဆင်းရဲကြောင်း
သမုဒယသစ္စာများဖြစ်သည်။

Posted on: Saturday, January 7, 2017

လေးခုအလွှာ

လေးခုအလွှာ**

စက်ဝိုင်း၏ အောက်ခြေနားတွင် မူလနှစ်ဖြာအစချီသော
လင်္ကာဆောင်ပုဒ်လေးရှိပါသည်။ ရှစ်သွယ်သော
ခန္ဓာဖြစ်စဉ် အကြောင်းနှင့်အကျိုးကို နားလည်လွယ်အောင်
မိုးကုတ်ဆရာတော်ဘုရားကြီးက စီရင်တော်မူခဲ့ခြင်းဖြစ်သည်။
လင်္ကာလေးကိုအလွတ်ဆောင်၍ခန္ဓာဖြစ်စဉ်ကို
ဆင်ခြင်နိုင်လျှင်အကျိုးကိစ္စပြီးစေနိုင်ပါသည်။

Posted on: Friday, January 6, 2017

သစ္စာနှစ်ခု ၂


သစ္စာနှစ်ခု ..၂ **

စက်ဝိုင်းအပြင်ကနေ ၁ လို့ပြထားတဲ့ ဘောင်လေးထဲက
သမုဒယသစ္စာသည် အတိတ်ကပြုခဲ့သည့် ကုသိုလ် အကုသိုလ်
အကြောင်းတရားများကိုရည်ညွန်းပါသည်။

Posted on: Wednesday, January 4, 2017

သစ္စာနှစ်ခု

သစ္စာ နှစ်ခု**

စက်ဝိုင်းအလယ်ဗဟိုမှမူလနှစ်ဖြာ အဝိဇ္ဇာနှင့်တဏှာ
ပြီးလျှင် ကပ်လျှက်
ဒုတိယမြောက်စက်ဝိုင်းတွင် သမုဒယသစ္စာနှင့်ဒုက္ခသစ္စာ
နှစ်မျိုးကို နှစ်ကြိမ်စီရေးထားသည်။
သမုဒယသစ္စာသည် ဆင်းရဲခြင်းအကြောင်းတရားဖြစ်သည်။
ဒုက္ခသစ္စာသည် ဆင်းရဲခြင်းအကျိုးတရားဖြစ်သည်။

Posted on: Tuesday, January 3, 2017

မူလ နှစ်ဖြာ ၂

မူလ နှစ်ဖြာ.၂

မူလနှစ်ဖြာဆိုသည်မှာ အဝိဇ္ဇာနှင့် တဏှာ
အဝိဇ္ဇာဆိုတာ မသိတာကိုခေါ်ပါတယ်
တဏှာဆိုတာ လိုချင်တပ်မက်တာကိုခေါ်ပါတယ်
အဝိဇ္ဇာ မသိခြင်းသည် သစ္စာလေးပါးမသိခြင်းကိုဆိုပါသည်။
သစ္စာလေးပါ...ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊နိရောဓသစ္စာ၊
မဂ္ဂသစ္စာ။

မူလ နှစ်ဖြာ

မူလ နှစ်ဖြာ#

မောဟအမှောင်ထဲ၌
စမ်းတဝါးဝါး လျောက်ခဲ့သည့်ခရီးမှာ
အလွန်ပင်ရှည်လျားလှပါသည်။
သံသရာတစ်လျောက်လုံး အလင်းရောင်ကို
မမြင်ပါပဲ လျောက်ခဲ့သည့်အတွက်
ငရဲချောက်ထဲလည်းကျခဲ့ဖူးမည်။