ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, June 14, 2023

ခမ်းနားထည်ဝါလိုက်ပါ

ဂုဏ်တွေ ငွေတွေ နဲ့ မခမ်းနားရလို့  ၀မ်းမနည်းပါနဲ့

လောကမှာ ဂုဏ်တွေငွေတွေ ဘယ်လောက်ပဲ ပြည့်စုံပါစေ

ဘယ်လောက်ထိ ထည်ဝါတယ်လို့ပြောနေပါစေ

တကယ်တမ်းထည်ဝါတာက

မြတ်စွာဘုရားရဲ့တရားတော်တွေကို နာယူပြီး

လေးလေးစားစားလိုက်နာကျင့်သုံးတဲ့သူတွေကသာ

စစ်မှန်တဲ့ခမ်းနားထည်ဝါမှုရှိသူတွေဖြစ်ပါတယ်

အကျင့်မြတ်ကိုကျင့်ဆောင်ထားသူသာ အမှန်တကယ်ခမ်းနားထည်ဝါလို့

ဦးညွတ်နေကြတယ်ဆိုတာနားလည်ထားရပါမယ်

ဒါကြောင့် မိမိကိုယ်တိုင် ခမ်းနားထည်ဝါသူဖြစ်ချင်ရင်

မြတ်စွာဘုရားရဲ့အဆုံးအမတွေကို လေ့လာမှတ်သားပြီး

ကျင့်ကြံအားထုတ်ပါလို့ တိုက်တွန်းပါတယ်နော်

ကျင့်ကြံအားထုတ်ထားလို့ သမာဓိလေးရနေပြီဆိုရင်

ကိုယ့်ကိုကိုယ် ခမ်းနားနေပြီ ထည်ဝါနေပြီဆိုတာ သိလာပါလိမ့်မယ်

 

ကျင့်ကြံ ပွားများပြီး ကြီးကျယ်ခမ်းနားသူများဖြစ်ကြပါစေ

 

*****တတိယမြောက်သမီးတော်*****