- ချမ်းသာစွာစံ ဥာဏ် ၃ ဥာဏ်
- °°°°°°°°°°°°°°°°°°°°°°°
- ခန္ဓာ့ဝန်ဆိုတာ အတော်ပင်ပန်းပါလား
- ခုလို မိုးလေးတွေရွာနေတော့
- ခန္ဓာကြီးက ထင်ထင်ရှားရှား အမျိုးမျိုးဖောက်ပြန်ပြတယ်
- ညောင်းတယ် ကိုက်တယ် နာတယ် ကျင်တယ် ထုံတယ် ထိုင်းတယ်
- ကောင်းတာ ဘာတစ်ခုမှ မရှိပါပဲလား
THAMEETAW
THIRD
!doctype>
Posted on: Thursday, December 2, 2021
ချမ်းသာစွာစံ ဥာဏ် ၃ ဥာဏ်
Posted on: Tuesday, December 22, 2020
ဇရာပိ ဒုက္ခံ
ဇရာပိ ဒုက္ခံ
◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇
ဒီနေ့
ရေချိုး ခေါင်းလျှော်ပြီး
ခေါင်းကို ဖီးလိုက်တဲ့အချိန်
ဆံပင်ဖြူတစ်ချောင်း ကျွတ်ကျလာလေရဲ့
ကြမ်းပေါ်ကျသွားတဲ့ ဆံပင်ဖြူကို
သေချာအောင် ကောက်ကြည့်လိုက်ရင်း
ငါ့ တစ်ခေါင်းလုံးများ ဆံပင်တွေဖြူနေပြီလားလို့
Posted on: Wednesday, June 19, 2019
**အရိယာနဲ့ ပုထုဇဉ်**
အရိယာနဲ့ ပုထုဇဉ် ဘာကွာလဲဆိုတော့
အမြင်ပဲကွာတယ်
ကျန်တာ ဘာမှ မကွာဘူး
အပြုအမူ အပြောအဆို အနေအထိုင်
ဒီအတိုင်းပဲ တူတယ်
ရတနာ
ရတနာတွင်းကြီးရှိမှန်းသိရဲ့သားနဲ့
ရတနာတွေကို ရအောင်မရှာဘူး
ရတနာတွေမရဘူးဆိုရင်
ဆင်းရဲတွင်းနက်လိမ့်အုံးမယ်
ရတနာတွေကို ရအောင်မရှာဘူး
ရတနာတွေမရဘူးဆိုရင်
ဆင်းရဲတွင်းနက်လိမ့်အုံးမယ်
Posted on: Saturday, February 23, 2019
ဝဋ်ကို ဝဋ်မှန်း သိပါ (၁၂)
ဝဋ်ကို ဝဋ်မှန်းသိဖို့ ဝဋ်ဆင်းရဲက လွတ်မြောက်စေချင်လို့
သမီးတော် စွမ်းနိုင်သလောက် ကျေးဇူးပြုပါတယ်နော်။
စာပေမှာ ဉာဏ်စဉ်အလိုက်ဖော်ပြတာတွေ ရှိထားတယ်။
တကယ်တော့ စိတ်ဆိုတာ အင်မတန်မြန်ပါတယ်။
စာတစ်လုံး ချရေးတဲ့ အချိန်ကာလ စကားတစ်ခွန်းပြောတဲ့
အချိန်ကာလလေးမှာ စိတ်ပေါင်းက အများကြီးဖြစ်ပြီး
သွားပါပြီ ။ဉာဏ်စဉ်ကို တကယ်ရောက်ပြီးကြတဲ့သူများ
Posted on: Sunday, February 3, 2019
ဝဋ်ကို ဝဋ်မှန်းသိပါ (၁၁)
***ဝဋ်ကို ဝဋ်မှန်းသိပါ (၁၁)***
ဝဋ်ကို ဝဋ်မှန်းသိလို့
ဝဋ်က လွတ်မြောက်ချင်တဲ့သူဆိုတာ
ဆိုဆုံးမလွယ်သူလည်းဖြစ်ရမယ်။
စိန္တာမယဉာဏ်နဲ့လည်း ပြည့်စုံဖို့
လိုအပ်တယ်။ မဟုတ်ရင်တော့
သုတမယဉာဏ်ကိုရဖို့
ပညာကို ဆည်းပူးခြင်း လုပ်ပြီးမှ
ဝဋ်က လွတ်မြောက်ဖို့ အလုပ်ကို
ကြိုးစားအားထုတ်ပါလို့
တိုက်တွန်းပါတယ်။
ဝဋ်ကို ဝဋ်မှန်းသိလို့
ဝဋ်က လွတ်မြောက်ချင်တဲ့သူဆိုတာ
ဆိုဆုံးမလွယ်သူလည်းဖြစ်ရမယ်။
စိန္တာမယဉာဏ်နဲ့လည်း ပြည့်စုံဖို့
လိုအပ်တယ်။ မဟုတ်ရင်တော့
သုတမယဉာဏ်ကိုရဖို့
ပညာကို ဆည်းပူးခြင်း လုပ်ပြီးမှ
ဝဋ်က လွတ်မြောက်ဖို့ အလုပ်ကို
ကြိုးစားအားထုတ်ပါလို့
တိုက်တွန်းပါတယ်။
ဝဋ်ကို ဝဋ်မှန်းသိပါ (၁၀)
ဝိပဿနာ အလုပ်ကိုလုပ်ပြီဆိုတဲ့နေရာမှာ
မိမိတို့ရဲ့စိတ်က ကမ္မဋ္ဌာန်းအာရုံပေါ်မှာ
စူးစူးစိုက်စိုက်ထားနိုင်ဖို့ သိတ်အရေးကြီးပါတယ်။
ထိုင်ခြင်းဣရိယာပုတ်ကိုဖြစ်စေ၊
လျောင်းခြင်းဣရိယာပုတ်ကိုဖြစ်စေ ၊
ရပ်ခြင်း ၊ သွားခြင်း ဣရိယာပုတ်ကိုဖြစ်စေ
မည်သည့် ဣရိယာပုတ်နဲ့ပဲ ဖြစ်ဖြစ်
Posted on: Tuesday, January 22, 2019
ဝဋ်ကို ဝဋ်မှန်းသိပါ (၉)
***ဝဋ်ကို ဝဋ်မှန်းသိပါ (၉)***
စာမတတ်တဲ့လူတစ်ယောက် အနေနဲ့
တရားအားထုတ်ဖို့ကြိုးစားတဲ့အခါမှာ
စာနဲ့ပေနဲ့ အချိန်ယူပြီးသင်ပေးနေတာထက်
ခန္ဓာ အရှိကို မြင်အောင်ကြည့်တတ်ဖို့
ဆရာကောင်းက လမ်းညွှန်မှုပေးနိုင်ပါတယ်။
နှာသီးဖျားက ဝင်လေ ထွက်လေကို
စောင့်ကြည့်တာဖြစ်စေ ၊ ပူမှု သဘော
အေးမှု သဘောလေးကိုစောင့်ကြည့်တာ
ဖြစ်စေ ၊ထင်ရှားတဲ့ သဘောလေးကို
ဉာဏ်နဲ့ မြင်အောင် ကြည့်တဲ့ အခါ
သဘောခန္ဓာတွေကို တွေ့လာပါလိမ့်မယ်။
စာမတတ်တဲ့လူတစ်ယောက် အနေနဲ့
တရားအားထုတ်ဖို့ကြိုးစားတဲ့အခါမှာ
စာနဲ့ပေနဲ့ အချိန်ယူပြီးသင်ပေးနေတာထက်
ခန္ဓာ အရှိကို မြင်အောင်ကြည့်တတ်ဖို့
ဆရာကောင်းက လမ်းညွှန်မှုပေးနိုင်ပါတယ်။
နှာသီးဖျားက ဝင်လေ ထွက်လေကို
စောင့်ကြည့်တာဖြစ်စေ ၊ ပူမှု သဘော
အေးမှု သဘောလေးကိုစောင့်ကြည့်တာ
ဖြစ်စေ ၊ထင်ရှားတဲ့ သဘောလေးကို
ဉာဏ်နဲ့ မြင်အောင် ကြည့်တဲ့ အခါ
သဘောခန္ဓာတွေကို တွေ့လာပါလိမ့်မယ်။
ဝဋ်ကို ဝဋ်မှန်း သိပါ (၈)
နှာသီးဖျားက ဝင်လေထွက်လေ ဆိုတာ
ထင်ရှားတဲ့ အာရုံတစ်ခုပဲဖြစ်ပါတယ်။
ပုံမှန်အသက်ရူတဲ့အတိုင်း ရူနေ ရှိုက်နေတာကို
သတိလေးကပ်ပေးဖို့ပဲ လိုပါတယ်။
Posted on: Saturday, October 27, 2018
ဝဋ်ကို ဝဋ်မှန်းသိပါ(၇)
ဝဋ်ကို ဝဋ်မှန်းသိပါ(၇)
ဘုရားပြီးတော့ ထီးတင် ဆိုသလို
ဝဋ်ကိုဝဋ်မှန်းသိပြီးတော့
ဝဋ်မှ လွတ်မြောက်အောင် ကျင့်ကြံ အားထုတ်နည်းလေးကို
သမီးတော် ဥာဏ်မှီသလောက် ကျေးဇူးပြုချင်ပါသေးတယ်။
သံသရာမှာ ဆွေမျိုးမတော်ဖူးတဲ့သူ မရှိဘူးလို့
မြတ်စွာဘုရားက ဟော်တော်မူထားတော့
အကြွင်းမဲ့ ယုံကြည်ခြင်းနဲ့အတူ
ဆွေတော်မျိုးတော်အပေါင်းကို
ကျေးဇူးဆပ်တယ်လို့ မှတ်ပါနော်။
ဘုရားပြီးတော့ ထီးတင် ဆိုသလို
ဝဋ်ကိုဝဋ်မှန်းသိပြီးတော့
ဝဋ်မှ လွတ်မြောက်အောင် ကျင့်ကြံ အားထုတ်နည်းလေးကို
သမီးတော် ဥာဏ်မှီသလောက် ကျေးဇူးပြုချင်ပါသေးတယ်။
သံသရာမှာ ဆွေမျိုးမတော်ဖူးတဲ့သူ မရှိဘူးလို့
မြတ်စွာဘုရားက ဟော်တော်မူထားတော့
အကြွင်းမဲ့ ယုံကြည်ခြင်းနဲ့အတူ
ဆွေတော်မျိုးတော်အပေါင်းကို
ကျေးဇူးဆပ်တယ်လို့ မှတ်ပါနော်။
Posted on: Wednesday, August 22, 2018
ဝဋ်ကို ဝဋ် မှန်းသိပါ....(၆)
ဝဋ်ကို ဝဋ် မှန်းသိပါ....(၆)
ဝဋ် ဆိုတာကတော့ ကောင်းကို မကောင်းတာ။
ကိလေသ ဝဋ်လည်းမကောင်းဘူး
ကမ္မဝဋ်လည်း မကောင်းဘူး
ဝိပါကဝဋ်လည်းမကောင်းဘူး
မိမိပြုခဲ့တဲ့ အကုသိုလ်က အကျိုးပေးတဲ့ဝဋ်လည်း
မကောင်းဘူး။
ဘယ်ဝဋ်မှ မကောင်းဘူး။
ဝဋ် ဆိုတာကတော့ ကောင်းကို မကောင်းတာ။
ကိလေသ ဝဋ်လည်းမကောင်းဘူး
ကမ္မဝဋ်လည်း မကောင်းဘူး
ဝိပါကဝဋ်လည်းမကောင်းဘူး
မိမိပြုခဲ့တဲ့ အကုသိုလ်က အကျိုးပေးတဲ့ဝဋ်လည်း
မကောင်းဘူး။
ဘယ်ဝဋ်မှ မကောင်းဘူး။
ဝဋ်ကို ဝဋ်မှန်းသိပါ။
ဝဋ်ကို ဝဋ်မှန်းသိပါ။
ဝဋ် က ဝဋ် ပါပဲ
ဒါပေမယ့်..
ဝဋ် ကိုဝဋ် မှန်းလူတိုင်းမသိကြဘူး။
လိုချင်လို့ရတာပဲဖြစ်ဖြစ်
မလိုချင်ပဲရတာဖြစ်ဖြစ် ဝဋ်ပါပဲ။
လူတွေက အကောင်းလောကဓံဆိုရင်
ကံအကျိုးပေးကောင်းတယ်လို့ယူတယ် ဝဋ်လို့မသိဘူး။
အဆိုးလောကဓံနဲ့ကြုံမှဝဋ်ကြွေးလို့ထင်ကြတာ။
ဝဋ် က ဝဋ် ပါပဲ
ဒါပေမယ့်..
ဝဋ် ကိုဝဋ် မှန်းလူတိုင်းမသိကြဘူး။
လိုချင်လို့ရတာပဲဖြစ်ဖြစ်
မလိုချင်ပဲရတာဖြစ်ဖြစ် ဝဋ်ပါပဲ။
လူတွေက အကောင်းလောကဓံဆိုရင်
ကံအကျိုးပေးကောင်းတယ်လို့ယူတယ် ဝဋ်လို့မသိဘူး။
အဆိုးလောကဓံနဲ့ကြုံမှဝဋ်ကြွေးလို့ထင်ကြတာ။
Posted on: Wednesday, June 13, 2018
ပညာသိဖြင့်ပါရမီဖြည့်ကျင့်ကြရအောင်(၂)
ပညာသိ သိဖို့ ဆရာသမားရဲ့လမ်းညွှန်မှုလိုပါတယ်။
ငါ့ကိုယ် ငါ့ဟာလိုထင်မြင်နေတဲ့မိမိတို့ရဲ့ခန္ဓာဟာ
ပထဝီ၊တေဇော၊ဝါယော၊အာပေါလို့ခေါ်တဲ့
ဓာတ်ကြီး(၄)ပါးနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့
အထည်တစ်ခုသာဖြစ်ပါတယ်။
ကိုယ်ပိုင်ကိုယ်ဆိုင်ရယ်လို့ တစ်ခုမှမပါပါဘူး။
သူဖြစ်ချင်တာဖြစ်နေမှာပါ။ ကိုယ်ပိုင်ကိုယ်ဆိုင်အနေနဲ့
ဒီလိုဖြစ်ပါလို့လည်းပြောလို့မရသလို
ဟိုလိုမဖြစ်ပါနဲ့လို့လည်း တားမြစ်လို့မရပါဘူး။
မြဲတဲ့သဘောလည်း မရှိပါဘူး။ သူ့ရဲ့ပင်ကိုယ်သဘောအရ
မမြဲခြင်းတွေသာရှိပါတယ်။
Posted on: Monday, February 19, 2018
စောဒနာထိုက်သောဆရာ မစောဒနာထိုက်သော ဆရာ .
စောဒနာထိုက်သော ဆရာသုံးဦး
၅၁၃။ ။လောဟိစ္စ လောက၌
အပြစ်တင်စောဒနာထိုက်ကုန်သော
ဤဆရာတို့သည်သုံးဦးရှိကုန်၏။
ယင်းဆရာတို့ကို တစ်စုံတစ်ယောက်က
အပြစ်တင်စောဒနာသည် ရှိသော်(ထိုသူ၏)
အပြစ်တင်စောဒနာချက်သည် ဟုတ်မှန်၍
တရားနှင့်လျော်ပေ၏။အပြစ်လည်းမရှိပေ။
ဤသုံးဦးတို့ ဟူသည် အဘယ်နည်း။
၅၁၃။ ။လောဟိစ္စ လောက၌
အပြစ်တင်စောဒနာထိုက်ကုန်သော
ဤဆရာတို့သည်သုံးဦးရှိကုန်၏။
ယင်းဆရာတို့ကို တစ်စုံတစ်ယောက်က
အပြစ်တင်စောဒနာသည် ရှိသော်(ထိုသူ၏)
အပြစ်တင်စောဒနာချက်သည် ဟုတ်မှန်၍
တရားနှင့်လျော်ပေ၏။အပြစ်လည်းမရှိပေ။
ဤသုံးဦးတို့ ဟူသည် အဘယ်နည်း။
**အရိယာ ဖြစ်ကြောင်း ပြောခွင့် ရှိ မရှိ***
ဒီကိစ္စကို သိတဲ့သူများ သိကြပေမယ့် များသောအားဖြင့်တော့ မသိကြဘူး။
မသိပေမယ့် ကိုယ့်ထင်ရာ
ကိုယ်ပြောကြတယ်။
ပြီးတော့ သူများပြောသံကြားလေးကို အဟုတ်ထင်ပြီး ပြောကြတယ်။
တချို့ကတော့ ဆရာတော်ကြီးများ
ပြောတာကြားဖူးပြီး ခိုင်ခိုင်မာမာ
ပြောကြတယ်။ငါတို့ သိတယ် တတ်တယ်။
ငါတို့က ဆရာတော်ကြီးတွေ ပြောတာကို မှတ်ထားတာ။ ဆရာတော်ကြီးတွေ
ကိုယ်တိုင်က မိန့်တာ။
အရိယာဖြစ်ကြောင်းကို မပြောရဘူး။ အရိယာဆိုတာ လူသိမှာစိုးလို့
တိုးတိုးတိတ်တိတ်ပဲ နေတယ်။
အရိယာဖြစ်နေပြီလို့ မပြောအပ်တဲ့ စကားဖြစ်တယ်။
အရိယာ စစ်စစ်တွေက ပြောကို မပြောဘူး။
စသည်ဖြင့်ပေါ့လေ ရဲရဲတောက် ပြောကြတာတွေ တွေ့ရတယ်။