- ချမ်းသာစွာစံ ဥာဏ် ၃ ဥာဏ်
- °°°°°°°°°°°°°°°°°°°°°°°
- ခန္ဓာ့ဝန်ဆိုတာ အတော်ပင်ပန်းပါလား
- ခုလို မိုးလေးတွေရွာနေတော့
- ခန္ဓာကြီးက ထင်ထင်ရှားရှား အမျိုးမျိုးဖောက်ပြန်ပြတယ်
- ညောင်းတယ် ကိုက်တယ် နာတယ် ကျင်တယ် ထုံတယ် ထိုင်းတယ်
- ကောင်းတာ ဘာတစ်ခုမှ မရှိပါပဲလား
- ဪ....သူ့အလုပ် သူလုပ်နေတာပါလားလို့
- သိပေးလိုက်တော့လည်း ငါနာတယ် ငါကျင်တယ်ဆိုတဲ့
- မှားမှားယွင်းယွင်း သိမှု မှတ်မှု ယူမှုက လွတ်ရတယ်
- လွတ်တဲ့အတွက်ကြောင့် အစွဲကင်းပြီး
- အနာကို သည်းခံနိုင်တယ်
- နာတာကျင်တာက ရူပက္ခန္ဓာရဲ့ ဖောက်ပြန်မှု
- ဒါက သူ့အလုပ်ပဲလေ
- ရုပ်တရားကို
- ကံ စိတ် ဥတု အာဟာရ ဆိုတဲ့ အကြောင်းတရား ၄ ပါးက
- အထောက်အပံ့ပြုတာကိုး
- ရာသီအပြောင်းအလဲမှာ ရုပ်တရားကဖောက်ပြန်မှာပဲ
- နာတယ် ကျင်တယ် ထုံတယ် ကိုက်တယ်
- ဒါကို ခံစားမိတာက နာမ်တရားရဲ့အလုပ်
- ဝေဒနာက္ခန္ဓာက ခံစားတယ်
- ဖောက်ပြန်တာကိုလည်း သိတယ်
- ခံစားမိတာကိုလည်း သိတယ်
- ဝိညာဏက္ခန္ဓာရဲ့ ကဏ္ဌပေါ့လေ
- နာတာ ကျင်တာကိုသိတော့ သက်သာချင်တဲ့ဆန္ဒက
- လှုပ်ဖို့ ပြောင်းဖို့ စေ့ဆော်တိုက်တွန်းပြန်ရော
- သင်္ခါရက္ခန္ဓာရဲ့သဘောလေးပေါ့
- ထင်ထင်ရှားရှား ဖြစ်ပေါ်တာက ရုပ်တရား
- သိမ်သိမ်မွေ့မွေ့ဖြစ်သွားတာက နာမ်တရား
- နာမ်တရားတွေရဲ့ ဖြစ်ပေါ် ပြောင်းလဲ ပျက်စီးခြင်းတွေကို
- ဆရာသမားကောင်းတွေက ရှုတတ် မြင်တတ်အောင်
- သင်ကြားပေးထားလေတော့
- ခန္ဓာက ပြလာတဲ့ ဖောက်ပြန်မှု ပျက်စီးမှု
- ပြောင်းလဲမှု အစားထိုးမှု စသည်ဖြင့်
- ရှုတတ် မြင်တတ် ဆင်ခြင် သုံးသပ်နိုင်လာတယ်
- သင်္ခါရက္ခန္ဓာရဲ့စေ့ဆော် တိုက်တွန်းမှုဟာ
- စိတ်ကြောင့်ဖြစ်သော ဓာတ်ဝါယော နှံ့နှောကိုယ်ဝယ်ရှိ
- ဆိုတဲ့အတိုင်း လှုပ်ဖို့ပြင်ဖို့စိတ်ရဲ့စေ့ဆော်
မှုအတိုင်း - ဝါယောဓာတ်က လှုပ်ရှားပြောင်းလဲလာတယ်
- ငြိမ်နေတဲ့ ရုပ်တရားဟာ ဥတုကြောင့်ဖောက်ပြန်ပျက်စီး
- ပြောင်းလဲသလို
- စိတ်ကြောင့်လည်း ဖောက်ပြန်ပျက်စီးပြောင်းလဲတယ်
- အတိတ် ကံကြောင့်ရလာတဲ့ ရုပ်တရားဟာ
- ပစ္စုပ္ပန်ကံကြောင့်လည်း ဖောက်ပြန် ပျက်စီး ပြောင်းလဲတယ်
- အာဟာရရဲ့ အထောက်အပံ့ကြောင့်လည်း
- ဆာလောင်ခြင်း ဝ အင့်ခြင်း ဆူခြင်း ကြုံခြင်း
- ဖြူခြင်း မဲခြင်း ကြည်လင်ခြင်း လန်းဆန်းခြင်း
- စသည်ဖြင့် ပြောင်းလဲလာပါတယ်
- ရုပ်တရား နာမ်တရားဆိုတဲ့ ခန္ဓာ ၅ ပါးရဲ့
- သဘာဝအတိုင်းဖြစ်တဲ့ဖြစ်စဉ်တွေအေ
ပ်ါမှာ - ငါ့ခန္ဓာ ငါ့ဥစ္စာ ငါမှငါ လို့ အယူအစွဲ ရှိနေခဲ့ရင်
- ခန္ဓာ့ဝန်ဟာ ပိုပြီးတော့ လေးလံပါတယ်
- ပိုပြီးတော့ ပင်ပန်းပါတယ်
- ဖောက်ပြန်ပျက်စီးပြီး နာမှု ကျင်မှု ဖြစ်လာခဲ့ရင်
- ပိုပြီးတော့ ခံစားရပါတယ်
- ငါခံစားရတာကို ဘယ်သူကမှ နားမလည်ကြဘူးလို့
- စိတ်အားငယ်လာတတ်ပါတယ်
- ဒါဟာ ရုပ်တရားအပေါ်မှာ တည်မှီပြီးတော့
- မှားယွင်းတတ်တဲ့ သိမှု မှတ်မှု ယူမှု အစွဲကြောင့်
- စိတ်အားငယ်ခြင်းတွေ ဖြစ်ကြတာပါ
- သဘောအမှန်ကို သိနားလည်ပြီး ဆင်ခြင်တတ်ရင်
- စိတ်အားငယ်စရာ မရှိပါဘူး
- ခန္ဓာကြီးက ဖောက်ပြန်ပျက်စီးခြင်းသဘောရှိတာ
ကို သိခြင်းက ဒုက္ခသစ္စာကို သိတာမို့ သစ္စဥာဏ်ကို ရလိုက်တယ် - ခန္ဓာကြီးက ဖောက်ပြန်ပျက်စီးပြောင်းလဲနေတာ
ဟာ - သူ့အလုပ် သူလုပ်နေတာပါလားလို့ သိလိုက်တော့
- ကိစ္စဥာဏ်ကို ရလိုက်တယ်
- ခန္ဓာကြီးက ဖြစ်လာလိုက် ပျက်သွားလိုက် အစားထိုးဖြစ်လိုက်
- ပျက်သွားလိုက်နဲ့ ဖြစ်ဖြစ်လာသမျှတိုင်းဟာ ပျက်စီး ချုပ်ပျောက်ခြင်းသာရှိပါလားလို့ ပရမတ္ထတရားတို့ရဲ့
- သဘောအမှန်ကို ဘာဝနာမယဥာဏ်က ဆုံးဖြတ်နိုင်လိုက်တဲ့အခါ ကတဥာဏ်ကို ရလိုက်ပါပြီ
- ဒီလို ဥာဏ်တွေ အဆင့်ဆင့်ရရှိဖြစ်ပေါ်ခဲ့တာဟာ
- ဆရာကောင်းသမားကောင်းရဲ့ လမ်းညွှန်မှု သင်ကြားမှုကို
- လေးလေးစားစားနာယူမှတ်သားထားလို
့သာ - သဘောအမှန်ကိုသိပြီး ဥာဏ်က ဆုံးဖြတ်နိုင်တာပါ။
- နည်းမှန် လမ်းမှန်ကို သင်ကြားမှု သင်ယူမှု တွေရဲ့
- အကျိုးကြောင့် ခန္ဓာ့ဝန်ဟာ ပင်ပန်းဆင်းရဲသော်လည်း
- ငါ့မှဖြစ်ရလေခြင်းဆိုတဲ့ ဒေါမနဿတွေ
- ဘယ်လောက်ထိဖြစ်နေမှာပါလိမ့်ဆို
တဲ့ သောကတွေ - များစွာ လျော့နည်းစေခဲ့ပါပြီ။
- လောဘ ဒေါသ အနုသယကို အမြစ်ကနေ ပယ်နုတ်ထားနိုင်ခြင်း မရှိသေးတဲ့အတွက် လောဘ ဒေါသတို့လာပင်လာသေးသော်လည်း
- မှတ်သိယူစွဲမှုကို ချိန်ဆဆင်ခြင်ပယ်ဖျောက်နိုင်လေေ
တာ့ - အစွန်းရောက်သွားသည်အထိ စိတ်က မလိုက်တော့ပေ။
- သစ္စဥာဏ် ကိစ္စဥာဏ် ကတဥာဏ် ထင်မြင်သိအောင် ကြိုးစားထားတော့ ဆင်းရဲလှတဲ့ ခန္ဓာ့ဒုက္ခကို သည်းခံနိုင်လာတယ်။
- သည်းခံနိုင်တော့ ချမ်းသာတယ်
- သူတော်ကောင်းတို့ရဲ့ အဆုံးအမကို နာခံကျင့်သုံးတဲ့အတွက် ချမ်းသာတယ်ဆိုတာ အဲ့ဒါကို ပြောတာပါပဲ။
- ခန္တီစ သောဝစဿတာ = သည်းခံခြင်း ၊ဆိုဆုံးမမှု လွယ်ကူခြင်းတွေက မင်္ဂလာရှိသူတွေမှာသာ
- တွေ့မြင်နိုင်တဲ့ အမှတ်လက္ခဏာ မဟုတ်လား။
- စာကိုလည်း သိ ဥာဏ်လည်းထိသော်
- အဝိဇ္ဇာ တဏှာ လှည့်ဖျားရာသို့
- မိုက်မဲလှစွာ မမှားနိုင်ပါ
- လောဘ ဒေါသ မကင်းသမျှ
- တွေး ပြော ပြုခြင်း ဘယ်မှာကင်းလိမ့်
- သို့ပင်သော်ငြား
- အစွန်းမရောက် ချောက်သို့မကျ
- ထိန်းနိုင်ကြရှင့်
- အသိ အလိမ်မာ စာမှာရှိမို့
- သိမှု ဝိဇ္ဇာ ၊ ကျင့်မှု စရဏ
- များစွာ ကြိုးကုတ် ၊ နောက်မဆုတ်မှ
- ဘုရား သာသနာ ၊ ကြုံသည့်သူမှာ
- လူဖြစ်ရကျိုး ၊ နပ်ပါလိမ့်မည်
- ဆောင်ယူနိုင်စွမ်း ၊ ရှိပါစေ။
- ဥာဏ် ၃ ဥာဏ်ကို ပိုင်ဆိုင်ကြပြီး
- ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ
- ***တတိယမြောက်သမီးတော်***
- ၂၇.၇.၂၀၂၁
THAMEETAW
THIRD
!doctype>
0 comment:
Post a Comment