ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Showing posts with label facebook. Show all posts
Showing posts with label facebook. Show all posts

Posted on: Sunday, July 7, 2013

သောတာပန်မှာ ငါ့လင် ငါ့သား ဒိဋ္ဌိစွဲ ရှိလို့လား


ဒကာ။ ။ သောတာပတ္တိမဂ်က ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်တယ်ဆိုတာ ဘယ်ဒိဋ္ဌိကို ပယ်တာလဲ ဆရာတော်။သောတာပန်တွေဟာ လင်ယူ သားမွေး ရောင်းဝယ်ရေးကိစ္စတွေ လုပ်နေသေးတယ်၊ သား မြေး လင် သေတော့လည်း ငိုကြွေးသေးတယ် ဆိုတော့ကာ ဒိဋ္ဌိစွဲ မကုန်သေးလို့သာ ဖြစ်ရမှာပေါ့၊ ရှင်းပြပါဦးဆရာတော်၊ လွယ်လွယ်နဲ့ သိနိုင်အောင်ပေါ့ ဘုရား။

ဆရာ။ ။ အင်း….ဒကာကြီးတို့ မေးခွန်းက လွယ်လွယ်နဲ့ မပြီးနိုင်တဲ့
အဖြေမျိုးပဲ၊ ဉာဏ်နားရှိသူများမှ နားလည်မှာဖြစ်တယ်၊ ဉာဏ်နားနဲ့ စိတ်
ဝင်စားပြီးတော့ မှတ်သားပါ။
 

သောတာပန်မှာ နိစ္စစွဲနဲ့ အတ္တစွဲ ဒိဋ္ဌိတွေ မရှိဘူးဆိုပေမဲ့ တထစ်ချ ဧကန္တ
မမှတ်ရဘူး၊ လုံးဝမရှိတဲ့ နိစ္စနဲ့ အတ္တစွဲ ဒိဋ္ဌိကတော့ ဝိပ္ပလ္လာသတရား သုံး
ပါးထဲက….သောတာပန် ပုဂ္ဂိုလ်၌ နိစ္စ - ခိုင်မြဲတဲ့ အတ္တကောင် ငါကောင်
ရှိတယ်လို့ ယူစွဲထားတဲ့ ဒိဋ္ဌိဝိပ္ပလ္လာသကိုတော့ အကြွင်းမရှိဘဲ သောတာ
ပတ္တိမဂ်က ပယ်သတ်လိုက်တယ်၊ လုံးဝ မရှိတော့ဘူးပေါ့။
အဲဒီ……သောတာပတ္တိမဂ် ပယ်သတ်ပုံထူးတာက ခန္ဓာငါးပါးအပေါ်၌ စွဲ
ယူတဲ့ သက္ကာယဒိဋ္ဌိ နှစ်ဆယ်ကို ခန္ဓာတပါးစီသာ ပယ်သတ်နိုင်တာ၊
ရူပက္ခန္ဓာတပါး အပေါ်၌ ထင်ရှားအောင်ပြရရင်…
၁။ ရူပက္ခန္ဓာသည် ငါ။
၂။ ငါသည် ရူပက္ခန္ဓာ။
၃။ ရူပက္ခန္ဓာ၌ ငါရှိသည်။
၎။ ငါ၌ ရူပက္ခန္ဓာ ရှိသည်။
ဆိုတဲ့ (ရူပံ အတ္တတော သမနုပဿတိ) စသည်ဖြင့် ရုပ်အပေါ်၌ အတ္တ
ကောင်ရှိတယ် ခိုင်မြဲတယ် ဟူသော ဒိဋ္ဌိမျိုးလုံးဝ မရှိတဲ့ သက္ကာယဒိဋ္ဌိ
စွဲကို ပယ်သတ်တယ်လို့ မှတ်ယူရမည်တဲ့။
ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာတို့ အပေါ်မှာ
လည်း အဲသည်လိုဘဲ တပါးစီ တပါးစီ သက္ကာယဒိဋ္ဌိတွေကို ပယ်သတ်
သွားတယ်လို့ မှတ်ယူရမည်တဲ့။
 

သောတာပန်ဟာ အဲဒီအတိုင်း ခန္ဓာငါးပါးအပေါ်မှာ သက္ကာယဒိဋ္ဌိအစွဲ
နှစ်ဆယ်ကိုသာ ပယ်ဖြတ်သုတ်သင် ရှင်းလင်းနိုင်သေးတာလို့ မှတ်ယူ
ရမည်တဲ့။အိမ်ထောင်သားမွေးရောင်းဝယ်ရေးနဲ့ ငိုကြွေးမှု စသည်တွေ ရှိနေသေး
တာကတော့ သညာဝိပ္ပလ္လာသနဲ့ စိတ္တဝိပ္ပလ္လာသတို့က ၀င်ဝင် စွက်နေ
လို့ဟု မှတ်ရမည်တဲ့။ခန္ဓာတပါးစီ အပေါ်မှာ သူကောင် ငါကောင် အတ္တစွဲ ငါစွဲ ကင်းနေသော်
လည်း ခန္ဓာငါးပါးလုံးကို ပေါင်းရုံးစွဲမှီပြီး ခေါ်ဆိုသမုတ်နေတဲ့ တကိုယ်
လုံး တကောင်လုံးကိုပင် ယောက်ျား မိန်းမ ငါ့လင် ငါ့သား ငါ့ဥစ္စာ ငါ့
ဟာ ဟု သိမှု စိတ္တဝိပ္ပလ္လာသနဲ့ မှတ်မှု သညာဝိပ္ပလ္လာသတို့က ရှိနေ
သေးသောကြောင့် လင်ယူ သားမွေးတွေ လုပ်နေကြသေးတယ်လို့
သာ မှတ်ယူရမည်။
ဒါပေမဲ့ ပုထုဇဉ်တုန်းကလိုတော့ အစွဲအမြဲ သဲသဲမဲမဲ စုံရေ မျက်ပြဲကြီး
မဟုတ်တော့ဘူး၊ အမှတ်မဲ့နေတဲ့အခါမှာသာ စိတ္တဝိပ္ပလ္လာသနဲ့ သညာ
ဝိပ္ပလ္လာသ နှစ်ပါးက ၀င်နေတာ၊ ၀င်နိုင်တာပါတဲ့။
ယောနိသော မနသိကာရနဲ့ ဆင်ခြင်စဉ်းစားမိတဲ့အခါမျိုးနဲ့ ၀ိပဿနာ
တရားပွားများ ရှုမှတ်နေတဲ့ အခါမျိုးကျတော့ ဒီ သညာအမှတ်မှားတို့
စိတ္တအသိမှားတို့ဟာ လုံးဝ ၀င်မလာတော့ဘူးတဲ့။
 

ကဲ….ဒကာကြီးတို့ စဉ်းစားကြည့်စမ်း၊ သောတာပန်မှာ ရှုမှတ်ဆင်ခြင်
မှု မရှိဘဲနဲ့ မြင် ကြား စသည့် အာရုံတို့ ပေါ်တိုင်း အနိစ္စဓမ္မတွေဘဲလို့
အမြဲထင်မှတ်သိရှိနေရင် ရဟန္တာနဲ့ ဘာထူးသေးသလဲ၊ အာသဝ
တရားလေးပါး ကုန်ခန်းရာ ရောက်သွားမှာပေါ့၊ ကဲ…ရှင်းရဲ့လား။
 

ဒကာ။ ။ ဝိပ္ပလ္လာသ တရား သုံးပါးတို့တွင် သောတာပန်ပုဂ္ဂိုလ်က
သညာဝိပ္ပလ္လာသနဲ့ စိတ္တဝိပ္ပလ္လာသ နှစ်ပါးကျန်ရှိနေသေးတယ်ဆိုတာ
သိရလို့ ရှင်းလင်းသွားပါပြီ ဆရာတော်၊ သောတာပန် ပယ်တဲ့ ဒိဋ္ဌိနဲ့
ဝိစိကိစ္ဆာ ဆိုရာမှာ သောတာပတ္တိမဂ်က ဒိဋ္ဌိဝိပ္ပလ္လာသ ဖြစ်တဲ့ သက္ကာ
ယဒိဋ္ဌိနှစ်ဆယ်ကိုသာ လုံးဝ ပယ်ဖြတ်လိုက်တယ် ဆိုတာလည်း ခုမှပဲ
ရှင်းတော့တယ် ဆရာတော်၊ ကျေးဇူးတင် ၀မ်းသာလှပါတယ် ဘုရား။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ



(https://www.facebook.com/groups/358953880845864/) မှ ကူးယူဖေါ်ပြပါသည်။

*****တတိယမြောက်သမီးတော်*****

Posted on: Wednesday, June 12, 2013

သောတာပန် ကာမဂုဏ်ခံစားမှုနှင့် ပုထုဇဉ်တို့ ခံစားမှုဟာ အတူတူပဲ မဟုတ်လား

 

ဒကာ။ ။ အာရုံငါးပါး ကာမဂုဏ်တရား ခံစားတဲ့နေရာမှာ
သောတာပန်, သကဒါဂါမ် ခေါ်တဲ့ အရိယာတို့ ခံစားကြတဲ့ စားသောက် မှု

 ရသာရုံ၊ ပွဲက တီးမှုတ်သီဆိုမှုတို့ကို ကြည့်ရှုခံစားခြင်း, ရူပါရုံ, သဒ္ဒါရုံ, ဇနီးခင်ပွန်း

အိပ်ခန်းစက်ရာဝင်ကာ ပေါင်းသင်းမှု စတဲ့ ၀တ္ထုကာမတွေ
ခံစားတဲ့အခါမှာနဲ့၊ ပုထုဇဉ်တို့ခံစားကြတဲ့အခါမှာ ဖြစ်ပေါ် ဖြစ်ပေါ် လာ
နေတဲ့ ရာဂစိတ်တွေဟာ အဲဒီ ၀တ္ထုကာမ သင်္ခါရတွေအပေါ်မှာ သုခ,
သုခ ဟု မှတ်ယူခံစားတာချင်း တူ,မတူ စာပေက ဘယ်လိုဆိုပါသလဲ
ဆရာတော်၊ တပည့်တော်တို့ တူတယ်, မတူဘူး ဟု ငြင်းခုံမှုရှိနေလို့
ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ အင်း....အရိယာနဲ့ ပုထုဇဉ်တို့ဟာ ကာမဂုဏ်ခံစား
ပုံခြင်းကတော့ ကာမ၀တ္ထုချင်း အတူတူပါပဲ၊ သောတာပန်, သကဒါဂါမ်
ခေါ်တဲ့ အရိယာတွေဟာလည်း ဒီ ကိုယ်ပိုင် ကာမ၀တ္ထုကို ခံစားကြတာ
ပဲ၊ ပုထုဇဉ်တွေလည်း ဒီကာမ၀တ္ထုကို ခံစားကြတာပါပဲ။ ဒါပေမဲ့ သုံးစွဲ
ခံစားတဲ့အခါမှာ အတွင်းစိတ်ဓာတ်ဖြစ်လာတာချင်းကတော့ မတူဘူး၊
တော်တော်ပဲ ကွာခြားကြတယ်၊ သောတာပန်, သကဒါဂါမ်တို့ ၀တ္ထု
ကာမကို ခံယူသုံးစွဲပုံက အပါယ်လားကြောင်းမဟုတ်တဲ့ ကာမရာဂ
ကိလေသာ ပူပန်လာတဲ့အခါမျိုးမှာ ထိုထို ကိလေသာ အပူဘေး
အေးငြိမ်းရုံလောက်အတွက်မျှ ဒိဋ္ဌိမဖက်မပါ, မယှဉ်တဲ့ စိတ်နဲ့သာ
အဲဒီတောင့်တပူပန်မှု တစုံတခုသော သင်္ခါရကို သုခသညာနဲ့ မှတ်ယူ
ခံစားကြတာဖြစ်တယ်။
သောတာပန်, သကဒါဂါမ်တို့ ကာမဂုဏ် ခံစားမှု ပြုတဲ့အခါ ဒိဋ္ဌိ
ဝိပ္ပလ္လာသ လုံးဝမပါဘူး၊ သညာဝိပ္ပလ္လာသ လောက်နဲ့သာ သုခဟု
မှတ်ထင်ခံစားကြတာ၊ သူတို့မှာ အနိစ္စနဲ့ အနတ္တလက္ခဏာဟာ အမြဲ
ထင်နေတာမို့ ရံခါ ဒုက္ခကို သုခဟူ၍လည်းကောင်း၊ အသုဘကို သုဘ
ဟူ၍လည်းကောင်း အသိ, အမှတ်, ပြောင်းပြန်ဖြစ်သွားတာကလေး
လောက်ပဲရှိတယ်၊ အဲဒါကို စိတ္တ၀ိပ္ပလ္လာသ နှစ်ပါးနဲ့ ခံစားသွားကြတာပဲ။
အရိယာပုဂ္ဂိုလ်တို့ ငါးဖြာအာရုံ ကာမဂုဏ် ခံစားတဲ့အခါမှာ ကာမ
ဝတ္ထုတစုံတခုသော သင်္ခါရတို့ကို သုခဟု မှတ်ယူသုံးဆောင် ခံစားပုံချင်း
ပုထုဇဉ်နဲ့ မတူပုံကို အင်္ဂုတ္တရ အဋ္ဌကထာဆရာက.....

ဒိဋ္ဌိဝိပ္ပယုတ္တစိတ္တေန ပန အရိယသာဝကော ပရိဠာဟာ ဘိဘူတော
ပရိဠာဟ ဂူပသမတ္တံ၊ မတ္တဟတ္ထိ ပရိတ္တာသိတော ၀ိယ စောက္ခဗြဟ္မဏော
ဂူထံ ကဉ္စိသင်္ခါရံ သုခတော ဥပဂစ္ဆတိ။
မတ္တဟတ္ထိ- အမုန်ယိုမူးယစ်နေတဲံ့ ဆင်ကြီးလိုက်ထိုးသဖြင့်ထိုဘေး
မှလွတ်မြောက်ရေးအတွက် သန့်စင်မြင့်မြတ်သော အကျင့်ရှိတဲ့ ဗြဟ္မာဏ
ဟာ စက်ဆုပ်ရွံရှာလျက်ပင် မစင်တောထဲသို့ မ၀င်မကပ် မခိုလိုဘဲ ၀င်
ရောက်ခိုလှုံလိုက်ရသလို၊ ထိုနည်းတူစွာ အရိယာသာဝကတို့ဟာလည်း
မဂ်ဖြင့်မပယ်သတ်ရသေးတဲ့ အပါယ်လားကြောင်းမဟုတ်သော ကာမရာဂ
ကိလေသာ တစုံတခု ၀င်ရောက်ပူပန်လာသောအခါ ယင်းကိလေသာအပူ
ဘေး ငြိမ်းအေးရုံမျှသာ ဒိဋ္ဌိဖြင့် မယှဉ်တဲ့စိတ်ဖြင့် ဒီသောတာပန်,သကဒါဂါမ်
ပုဂ္ဂိုလ်တို့ဟာ တစုံတရာသော သင်္ခါရကို သုခဟူသောအမှတ်ဖြင့်ခံစားကြ
တယ်-
လို့ဖွင့်ဆိုထားတယ်၊ ပုထုဇဉ်တို့ ကာမဂုဏ်ခံစားပုံကတော့ အများအားဖြင့်
မိစ္ဆာဒိဋ္ဌိနှင့်ယှဉ်ကာ စုံရေမျက်ပြဲ စွဲစွဲလန်းလမ်း အငန်းမရ ၀၀လင်လင် ဆင်
ခြင်ဉာဏ်လုံးဝမပါဘဲ မှားမှားယွင်းယွင်းနဲ့ အားရပါးရကြီးသာ ခံစားကြသော
ကြောင့် အပါယ်လားခြင်းကသာ များချေသည်တဲ့။ ဆိုလိုရင်းကတော့ ပုထုဇဉ်
တို့ ကာမဂုဏ်ခံစားပုံကတော့ အများအားဖြင့်ဒိဋ္ဌိဂတသမ္ပယုတ်စိတ်နဲ့သာ အပါယ်လားကြောင်းဖြစ်အောင် ခံစား, စံစားတတ်ကြသည်၊ သောတာပန်, သကဒါဂါမ်တို့ခံစားပုံကတော့ အပါယ်လားကြောင်းမဟုတ်တဲ့ ဒိဋ္ဌိဂတ၀ိပ္ပ
ယုတ်စိတ်ဖြင့်သာ ပြုလုပ်မှီဝဲ ခံစားကြလေသည်တဲ့၊ အဲဒါဟာ ပုထုဇဉ်နဲ့
အရိယာတို့ ကာမဂုဏ်ခံစားပုံခြင်း မတူကွဲပြား ခြားနားချက်ပဲ၊
ကဲ...ကျေနပ်ကြပြီလား၊ နည်းယူသုံးစွဲ ခံစားတတ်ကရောပေါ့နော်။
ဒကာ။ ။ ရှင်းလင်းကြပြီဖြစ်၍ ကျေနပ်လှပါတယ်ဆရာတော်၊
အရိယာတို့နည်းယူပြီး အပါယ်မလားအောင် သုံးစွဲခံစားဖို့ သတိရှိကြပါပြီ
ဘုရား။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

  https://www.facebook.com/groups/358953880845864/permalink/471383859602865/

မှ ကူးယူဖေါ်ပြပါသည်။


                         *****တတိယမြောက်သမီးတော်*****

Posted on: Sunday, November 18, 2012

ပုဂ္ဂိုလ်(၄) မျိုး ထဲမှ ရွေးချယ် ကိုးကွယ်ဖို့ 









"ရေအိုင်ပမာ ပုဂ္ဂိုလ် (၄) မျိုး"
••••••••••••••••••••••••••••••••
အခါတပါး၌ မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား ရေအိုင် ၄-မျိုးကို ဥပမာပြု၍

ပုဂ္ဂိုလ်လေးမျိုးရှိကြောင်း ဟောကြားတော်မှုခဲ့ပါသည်။

ရဟန်းအပေါင်းတို့၊ ဤလောကတွင် ရေအိုင်၎-မျိုးရှိသည်။

ယင်းတို့မှာ

Posted on: Sunday, September 23, 2012

မငြိမ်မလှုပ်ကူးနည်း


                                    

ဆရာတော် ရဝေနွယ်-အင်းမ
************************

တစ်ခါတုန်းက မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် ညတစ်ည သန်းခေါင်ယံအချိန်မှာ ရူပဗြဟ္မာတစ်ဦးက မြတ်စွာဘုရားဆီကို လာပြီး မေးခွန်းမေးပါတယ်။

“မြတ်စွာဘုရား...သြဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာကို တစ်ဖက်ကမ်းရောက်အောင် ဘယ်လိုကူးခဲ့ပါသလဲဘုရား။”
“ဒါယကာ....ငါဟာ ငြိမ်ပြီးလည်း မကူးဘူး၊ လှုပ်ပြီးလည်း မကူးဘူး၊ မငြိမ်မလှုပ်သံသရာတစ်ဖက်ကမ်းကို ကူးခဲ့တာ”

Posted on: Tuesday, September 18, 2012

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ


                                   
မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း
ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာတဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိ
ုအပ်လာတယ်၊

Posted on: Sunday, September 16, 2012

ချန်မထားလိုက်ပါနဲ့






ချန်မထားလိုက်ပါနဲ့

လူနဲ့တိရစ္ဆာန် ဘာကွာသလဲဆိုတော့ လူဟာ ကိုယ့်စိတ်ကို ကိုယ်သိနိုင်တယ်။ သိနေတာကိုလည်း သိနိုင်တယ်။ တိရစ္ဆာန်ဟာ သူ့စိတ်ကိုသူမသိဘူး။ မသိတဲ့အတွက်ကြောင့် သိနေတယ်ဆိုတာလည်း သိဖို့ရာ သူ့မှာအလားအလာ အခွင့်အရေးမရှိဘူး။ ကိုယ့်စိတ်ကို ကိုယ်သိတယ်ဆိုတာ တခြားဘယ်သတ္တဝါမှ မလုပ်နိုင်ဘူး။ လူ့လောကမှာ လူသာလျှင် ဒီလိုလုပ်လို့ရတယ်။ ဒါဟာလူရဲ့ အထူးခြားဆုံး ဂုဏ်ထူးဝိသေသပဲ။ အထူးခြားဆုံးအလုပ်ပဲ။ ဒီအလုပ်ကို မလုပ်ပဲနဲ့ ချန်ထားရင် လူကောင်းကောင်း မပီသသေးဘူး။ တကယ်အဆင့်မြင့်တဲ့ လူတစ်ယောက် မဖြစ်သေးဘူး။


 ဆရာတော်ဦးဇောတိက

(ဖေ့ဘုတ်ကနေ ကူးလာတာ   မျှဝေချင်လို့  https://www.facebook.com/photo.php?fbid=342103982539343&set=a.296389060444169.70079.296362797113462&type=1&theater)

             

             *****တတိယမြောက်သမီးတော်*****

Posted on: Tuesday, September 11, 2012

" ဗုဒ္ဓသာသနာ ကွယ်ခြင်းအကြောင်းရင်း "



" ဗုဒ္ဓသာသနာ ကွယ်ခြင်းအကြောင်းရင်း "
~~~~~~~~~~~~~~~~~~~~~~

" ချစ်သား ကဿပ -
ဥပမာအားဖြင့် လောက၌ ရွှေတုငွေတု မပေါ်သေးသမျှ
ရွှေစစ်ငွေစစ်သည် မကွယ်ပျောက်နိုင်၊ရွှေတုငွေတုပေါ်သော
အခါကျမှ သာလျှင် ရွှေစစ်ငွေစစ်ကွယ်ပျောက်သကဲ့သို့
ထို့အတူလောက၌ တရားတု၊ တရားယောင်၊ တရားလက်သစ်
မပေါ်သေးသမျှ သူတော်ကောင်းတို့၏တရားစစ်တည်းဟူသော
သာသနာတော်သည် မကွယ်ပျောက်နိုင်။

Posted on: Monday, September 3, 2012

သိကြားသာသနာ



                             

သိကြားသာသနာ

ကောင်းသူကို ကယ်တင်မည်၊ မကောင်းသူကို ဖယ်ရှားပါတော့မည်။
မကြာမီ "သိကြားသာသနာ" ရောက်လုနီးပါပြီ။
ခေတ်ဟောင်းသီချင်းတစ်ပုဒ်ထဲက သီချင်းအပိုဒ်တစ်ပိုဒ် ဖြစ်ပါသည်။
ဤသည်ကို ခေတ်ပောာင်းအဆိုတော်က ဆိုခဲ့သည်။
ယခုခေတ်တွင်လည်း ခေတ်သစ်အဆိုတော်တို့ ပြန်ဆိုထားသည်။

စင်စစ်မူ သုတ် ၀ိနည်း အဘိဓမ္မာဟူသော ပိဋကတ်သုံးပုံစလုံးတွင် ဘုရားရှင်က
သိကြားမင်းအား သာသနာတော်ကို စောင့်ရှောက်ရန်
မှာခဲ့သည် ဟူသော အချက်မှာ လုံးဝမပါပါ။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က
ဒေ၀ဒတ်က ဘုရားရှင်အား "အရှင်ဘုရား သက်တော်ကြီရင့်ပါပြီ၊
အေးအေးဆေးဆေး နေတော်မူပါ။
သံဃာကို တပည့်တော် အုပ်ချုပ်၍ ဆုံးမပါမည်" ဟု လျှောက်တင်ထားပါသည်။

Posted on: Tuesday, August 28, 2012

ထူးခြားသော စကားလက်ဆောင်


အခါတပါး၌ မြို့တမြို့တွင် ကုဋေကြွယ် ကုံလုံကြွယ်ဝချမ်းသာသော သူဌေးကြီးတဦးရှိ၏။ တနေ့သောအခါ ထိုသူဋ္ဌေးကြီး နေသောမြို့သို့ ရသေ့တပါးကြွလာသည်။ ရတနာသုံးပါး ရိုသေဆည်းကပ်သူ သူဋ္ဌေးကြီးသည် ထိုသတင်းကိုကြားလျှင်ကြားချင်း ရသေ့ဆရာကြီးအား မိမိနေအိမ်သို့ ပင့်ဖိတ်ပြီး ဆွမ်းကပ်သည်။ ဆွမ်းဘုဉ်းပေးပြီး၍ ရသေ့ကြီး ပြန်ကြွမည်အပြုတွင် ကုန်သည်သူဋ္ဌေးကြီးက ရသေ့ကြီးအား

အရှင်ရသေ့၊ ပြန်မကြွမီ တပည့်တော်အား တန
်ဖိုးရှိသော အဆုံးအမသြ၀ါဒ စကားလေးများ ပြောကြားတော်မူပါ-ဟု ပန်ကြားသည်။

ရသေ့ကြီးက-သူဋ္ဌေးမင်း၊ နောက်တပတ် ဒီလိုအချိန်တွင် ကျွန်ုပ်ကို စောင့်ပါ၊ ထိုအခါ သင်လိုချင်သော တရားအဆုံးအမစကားကို ကျွန်ုပ်မြွက်ကြားမည်။ ယခုသော် ကျွန်ုပ်အတွက် ခရီးဆက်ရန် တာဝန်ရှိ၍ ခွင့်ပြုပေဦးလော့-ဟု ဆိုကာ ကြွသွားလေသည်။

အရွယ်သုံးပါးစလုံး ကာမဂုဏ်၌ မနေကောင်း



ရှေးလွန်လေပြီးသောအခါ မှုးမတ်တစ်ဦး၏သား (ဘုရားလောင်း) နှင့် ပညာရှိတစ်ဦး၏သား ငယ်သူငယ်ချင်းနှစ်ယောက် ရှိကြလေ၏။ အရွယ်ရောက်ကြသောအခါ မိဘများမှ တက္ကသိုလ်ပြည် ဒိသာပါမောက္ခထံ စေလွှတ်၍ အတတ်ပညာများ ဆည်းပူးစေ၏။ မူး
မတ်၏သားသည် ယောက်ျားတို့ တတ်အပ်သော အတတ်ပညာ (၁၈) ရပ်တို့ကို ကောင်းစွာ အထူးကြိုးစားတတ်မြောက်ပြီး ပညာရှိ သူတော်ကောင်း၏သားမှာ အတတ်ပညာများ တတ်မြောက်သော်လည်း တိုင်းရေပြည်ရာ၌ စိတ်ဝင်စားမှုနည်းကာ သူတော်ကောင်းစိတ်ထားမျိုးဖြင့်သာ အေးချမ်းစွာ နေလိုသောဆန္ဒရှိ၏။