ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Showing posts with label မိုးကုတ်ဆရာတော် ဘုရား နောက်ဆုံးမိန့် ကြားရွှေသြ၀ါဒတော်များ. Show all posts
Showing posts with label မိုးကုတ်ဆရာတော် ဘုရား နောက်ဆုံးမိန့် ကြားရွှေသြ၀ါဒတော်များ. Show all posts

Posted on: Tuesday, January 29, 2013

သစ္စာ ဆိုတာ ခန္ဓာ ထဲမှာပဲရှိတာ






♦သစ္စာ ဆိုတာ ခန္ဓာ ထဲမှာပဲရှိတာ♦

သစ္စာ ကိုသိနေသောကြောင့် သစ္စ ဥာဏ်။ ခန္ဓာ ထဲ ပေါ်နေတာကိုသိမှသာ သစ္စ ဥာဏ်ဖြစ်မယ်နော်။
စာထဲရှိတာသိနေလို့  သစ္စာဥာဏ် မဖြစ်ဘူး။ စာထဲရှိတာက မှတ်တမ်းပဲ ရှိတယ်။
ခန္ဓာထဲမှာဖြစ်ပေါ်တာ ပျောက်ပျက်တာကို စာနဲ့ရေးပြီးမှတ်တမ်းတင်ထားတာ။


♦ဝေဒနာ ကို ကျော်အောင်ကြိုးစား♦

နားလည်တဲ့သူတွေကြတော့ ဖြစ်တာက ဝေဒနာ။ပျက်တာက အနိစ္စ လို့ ခွဲခြားတတ်တယ်။
သစ္စာ ဖြစ်အောင်လုပ်ပြီး အသေတတ်ကြတာပေါ့။ဥာဏ်နဲ့ ကြည့်တဲ့အခါ ဝေဒနာကို
မတွေ့ ရတော့ပဲ ဖြစ်ပျက် ကလေးတွေချည်း တွေ့ နေရတော့တာကို ဝေဒနာ ကျော်တယ်လို့ 
ပြောတာပါ။

ဝေဒနာ ကျော်တယ် ဆိုတာ အနိစ္စ ကိုတွေ့ တယ် အနိစ္စ နဲ့ဖြစ်ပျက်ကလည်း အတူတူ ပဲဆိုတော့
ဝေဒနာ ကျော်တယ် ဆိုတာ ဖြစ်ပျက်မြင်တာပဲလို့ လဲ ပြောလို့ ရတယ်။ ဝေဒနာ ကျော်လွန်အောင်
ရှူထားနိုင်မှစိတ်ချရတာ။

(မိုးကုတ် ဆရာတော်ဘုရားကြီး)

(မိုးကုတ်ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချ နှစ် ငါးဆယ်ပြည့် အထိမ်းအမှတ်
ပြက္ခဒိန်မှ ကောက်နုတ်ဖေါ်ပြပါသည်)

       *****တတိယမြောက်သမီးတော်*****

Posted on: Thursday, January 3, 2013

ဝဋ် ဘ၀ တိုတို နဲ့ မဂ်ဖိုလ် ရချင်ရင်



♦သာသနာ ကွယ်ခြင်းအကြောင်းရင်း♦

မြတ်ဗုဒ္ဓ ၏ အဆုံးအမ သာသနာတော်ကို မည့်သည့် ဘာသာ၊မည်သည့် လူမျိုးများမှ
ဖျက်ဆီး၍ မပျက်စီးနိုင်ပါ။
                  ဗုဒ္ဓ ဘာသာ ၀င်များ ကိုယ်တိုင် ဖျက်ဆီးမှသာ ပျက်စီးနိုင်ပါသည်။
မိမိ လုပ်ရမည့် အလုပ်ကိုစိတ်ဝင်တစား မလုပ်ခြင်းသည် သာသနာ ကွယ်ဖို့ ရာ အကြောင်းတည်း။
သို့ အတွက်
   "ကျယ်မဟောကြ၊ကျယ်မချနှင့်၊ကျယ်စွမအံ၊ မကြံမစည်၊ ပဋိပတ်ကွာ၊ဤငါးဖြာသည်၊
မှတ်ပါ သာသနာကွယ်ကြောင်းတည်း။"

♦၀ဋ် ဘ၀ တိုတို နဲ့  မဂ်ဖိုလ် ရချင်ရင်♦

ဝဋ် ဘ၀ တိုတို နဲ့ မဂ်ဖိုလ် ရချင်ရင် ဖြစ်ပျက် မြင်အောင်ရှု၊ပြီးတော့ မုန်းအောင်ရှု။
ပြီးတော့ ဆုံးအောင်ရှု၊ဒါဆို တိုတော့တာပဲ၊သည့်ထက်တိုအောင်တော့ ဘုန်းကြီးမဟောနိုင်ဘူး။
မဂ်ဖိုလ် ကို ရက်တိုတို နဲ့ ရချင်တယ် ဆိုရင် ရနိုင်လောက်တဲ့ ဇွဲ လုံလ ၀ိရိယ၊
ရနိုင်လောက်တဲ့ သမာဓိ၊ရနိုင်လောက် တဲ့ အသိဥာဏ်၊ ရနိုင်လောက်တဲ့ အားထုတ်မှူရှိရမယ်။
ကြိုးစားရမယ်။
                       တန်ရာတန်ကြေး အလုပ်ပေးနဲ့ ပေးပြီး ၀ယ်ရမယ်။
ဒါဆိုရင် မရပါနဲ့လို့   တားလို့ တောင် မနေဘူး။ ရကို ရတယ်။

(မိုးကုတ်ဆရာတော်ဘုရားကြီး)

(မိုးကုတ်ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချ နှစ် ငါးဆယ်ပြည့် အထိမ်းအမှတ်
ပြက္ခဒိန်မှ ကောက်နုတ်ဖေါ်ပြပါသည်)

       *****တတိယမြောက်သမီးတော်*****

Posted on: Thursday, December 13, 2012

မရှိတာကို သိအောင်လုပ်ပါ


♦ သာသနာ ဟူသည်♦

သာသနာ ဟူသည် မြတ်ဗုဒ္ဓ၏ အဆုံးအမ။

သာသနာ ဟူသည် အဆောက်အဦး မဟုတ်ပါ။ပရိယတ် ပဋိပတ် သာသနာပြု
ဆောင်ရွက်ရာအထောက်အပံ့ သာသနိကမျှသာ ဖြစ်၏။
တိုက်တာ အဆောက် အဦးများပြားခြင်းသည် သာသနာ တိုးတက်သည်ဟု
မဆိုအပ်။

   မြတ်ဗုဒ္ဓ၏ အဆုံးအမတော် အတိုင်း လိုက်နာကျင့်သုံးနိုင်မှ ကိုယ်စီ နှလုံးသားဝယ်
သာသနာတည်မည်။

♦မရှိတာကို သိအောင်လုပ်ပါ♦

အရှူခံတရားများက ပျက်သွားလို့  မရှိတဲ့ အချိန်ကျမှ
ဒီဥာဏ်က ပေါ်ရတာကိုး။ အရှူခံ ဝေဒနာလေးက ဖြစ်ပြီး
ပျက်သွားတော့မှ ရှုတဲ့ဥာဏ်က ပေါ်ခွင့်ရတာကိုး၊
ဒီတော့ မရှိတာကိုပဲတွေ့ ရတော့မှာပေါ့။

  ရှူဥာဏ်ပေါ်လာတဲ့အချိန်မှာ ဧည့်သည်ဖြစ်တဲ့ ဝေဒနာ ကမရှိဘူး။
 အဲ့ဒီ မရှိတာကိုပဲ သိအောင်လုပ်ရမှာ။

အဲ့ဒီ မရှိတာကိုပဲ သိရင်တော်ပြီ။မဂ် ဖိုလ် ရက်တိုတိုနဲ့ ရောက်ရပါလို၏ လို့ 
ဆုတောင်း မနေနဲ့ ။

မရှိတာကို သိအောင်လုပ်မှ  မဂ် ရမယ်။

(မိုးကုတ်ဆရာတော်ဘုရားကြီး)

(မိုးကုတ်ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချ နှစ် ငါးဆယ်ပြည့် အထိမ်းအမှတ်
ပြက္ခဒိန်မှ ကောက်နုတ်ဖေါ်ပြပါသည်)

       *****တတိယမြောက်သမီးတော်*****

Posted on: Monday, November 26, 2012

ထောင်နိုင်တဲ့ နား ရှိရင် တိဟိတ် ပါပဲ



                            
                       တချို့  ကျတော့ ပါရမီတောင် မက တော့ဘူး။ ငါဟာ ပဒပရမ  ပုဂ္ဂိုလ် ထင်ရဲ့ ဆိုပြီး
 နောက်ဆုတ်သွားတတ်ကြတယ်။ စိတ် ကိုလျှော့ချပစ်တတ်ကြတယ်။  မဟုတ်ပါဘူးတဲ့  ။
သစ္စာတရား ကို ထောင်နိုင်တဲ့ နားရှိလို့ ရှိရင်  တိဟိတ် ပါပဲ တဲ့။ သစ္စာ တရားကိုဟော တဲ့အတိုင်း
 သေသေချာချာ သဘောကျပြီး  သိနိုင်ရင် တိဟိတ် ပါပဲ တဲ့ ။  တိဟိတ်  ဆိုရင်  ဒီ ဘ၀ တရား ရရမှာပဲ ဗျ။


 @@@@@@