ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Showing posts with label ဓမ္မပဒ. Show all posts
Showing posts with label ဓမ္မပဒ. Show all posts

Posted on: Monday, November 10, 2014

တစ်ဦးနောက် တစ်ဦးလိုက်၍ ကျင့်ကြံကြခြင်း



တရားနဲ့အညီ အိမ်ရာတည်ထောင် လူ့ ဘောင်မှာနေတဲ့ လူတစ်ယောက်ဟာ
တစ်နေ့ မှာ ဇနီးဖြစ်သူကို  “ ချစ်နှမ…ငါ ရဟန်းပြုလိုတယ်” လို့  ပြောတော့
ဇနီးဖြစ်သူက ၀မ်းကြာသိုက်မှာတည်နေတဲ့  ကလေး ဖွားမြင်ပြီးမှ ရဟန်း
ဝတ်ပါလို့  တောင်းဆိုပါတယ်။ခင်ပွန်းသည်ကလည်း ဇနီး ရဲ့အလိုအတိုင်း
ကလေးငယ် ဖွားမြင်ပြီးလို့  လမ်းလျှောက်တတ်တဲ့ အချိန်ထိ စောင့်ပြီးမှ
နောက်တစ်ဖန် ခွင့်တောင်းပြန်ပါတယ်။ ခွင့်တောင်းတော့ ဇနီးသည်က
ကလေး အရွယ်ရောက်တဲ့အချိန်ထိ စောင့်ပါအုံးလို့ ဆိုပြန်တော့
ခင်ပွန်းဖြစ်သူလည်း ဇနီးသည်ကိုခွင့်တောင်းနေလို့ တော့ ရဟန်းဝတ်ခွင့်
ရတော့မှာမဟုတ်ဘူးဆိုတာသိပြီး မိမိရဲ့ ၀ဋ်ဆင်းမှ လွတ်မြောက်ဖို့ ရာအတွက်
ကိုသာ ရှေ့ရှူလို့  ရဟန်းပြုခဲ့ပါတယ်။