ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Showing posts with label မိုးကုတ်ဆရာတော်ဘုရားကြီး တစ်ဘ၀ သာသနာ. Show all posts
Showing posts with label မိုးကုတ်ဆရာတော်ဘုရားကြီး တစ်ဘ၀ သာသနာ. Show all posts

Posted on: Tuesday, March 29, 2016

ပရိယတ်သမားနှင့် ပဋိပတ်သမား


               
ပရိယတ်သမားနှင့် ပဋိပတ်သမား

သာဝတ္ထိမှာ သူငယ်ချင်း ၂ ယောက် ဘုရားတရားတော်ကို နာရ၍
သာသနာ့ဘောင်သို့ ရောက်လာကြ၏။ တစ်ပါးက တောထဲသို့ ၀င်၍
ဝိပဿနာ အားထုတ်တော့သည်။

Posted on: Wednesday, February 24, 2016

အရိယာကို သိဖို့ မလွယ်


သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဟူ၍ အရိယာ
ပုဂ္ဂိုလ်များ အဆင့်ဆင့် ရှိကြရာ အရိယာ အချင်းချင်းပင်လျှင်
အောက် အောက် အရိယာပုဂ္ဂိုလ်တို့က အထက် အထက် ပုဂ္ဂိုလ်
တို့ကို မသိနိုင်၊ အထက် အထက် ပုဂ္ဂိုလ်တို့ကသာ အောက်
အောက် ပုဂ္ဂိုလ်တို့ကို သိနိုင်သည်ဟုဆို၏။

Posted on: Wednesday, February 3, 2016

နာမ်ရုပ်ကိုခွဲခြားသိတဲ့ နာမရူပ ပရိစ္ဆေဒ


ကောင်းပြီ ..အဲ့ဒိ အရှုခံစိတ်(၁၃)မျိုးလုံးဟာ နာမ်တရားတွေချည်းပဲ။
အဲ့ဒီ နာမ်တရားစိတ်တွေဟာ ဘယ်ပေါ်မှာပေါ်တာလဲ ဆိုရင်
ရုပ်ပေါ်မှာပေါ်တာ။ ဒါဖြင့် စိတ်က နာမ်။ အောက်ခံက ရုပ်။
နာမ် နဲ့ ရုပ် ပေါ့။

Posted on: Tuesday, February 2, 2016

စိတ္တာနုပဿနာ ရှုပုံ ရှုနည်း


ဒကာ ဒကာမတို့သန္တာန်မှာ ဖြစ်နိုင်တဲ့စိတ် ၊ ပေါ်နိုင်တဲ့စိတ်က
သိတ်မများပါဘူး။(၄၅)ပါးပဲ ရှိတယ်။ အဲ့ဒါ သင့်တော့သလို တစ်ခုစီ
လှည့်ပေါ်မှာပဲ။

Posted on: Monday, February 1, 2016

ဘုန်းကြီးများရဲ့ သာဝကတွေပဲ


မိုးကုတ်ဆရာတော်ဘုရားကြီးက ဟိုလိုလို ဒီလိုလိုနဲ့ ဆရာရွေးရန်
တွေဝေနေကြတဲ့ သူတို့အတွက်လည်းကောင်း၊ ပါရမီတွေကိုဖြည့်ရင်း
 နောက်ဘုရားကို မျှော်နေသူတို့အတွက်လည်းကောင်း၊ အောက်ပါ
အတိုင်းရဲရဲကြီး ဟောတော်မူသည်။

Posted on: Friday, January 29, 2016

အောက် - အထက် သံယောဇဉ် ဆိုတာ




သြရမ္ဘာဂိယ သံယောဇနာနိ=
အောက် သံယောဇဉ်များ  ၅ ပါး ရှိကြ၏။ အောက်သံသရာမှာ
ကျင်လည်ကြ၏။ သူတို့ကိုမဖြတ်နိုင်လျှင် အောက် ကာမ(၁၁)ဘုံ၌
ကျင်လည်နိုင်ကြသည်။ ထိုဘုံများနှင့် ဆက်သွယ်နေကြ၏။
ယင်းတို့ကား-

Posted on: Thursday, January 28, 2016

ဘုရားပေးနိုင်တဲ့ ဆုမဟုတ်ဘူး


တစ်ခါတစ်လေ ဆရာတော်က ဒကာတွေအပေါ်မှာ အားမရနိုင်
ဖြစ်ဟန်တူသည်။ အလုပ်လုပ်ပါ ကြိုးစားပါဟု သတိပေးနေသည့်
ကြားက ဘုရားရှေ့သွားပြီး ကိုယ်လိုချင်တာတွေကိုစုံအောင်
ဆုတောင်းတတ်ကြ၏။.

Posted on: Wednesday, January 27, 2016

ဒုက္ခ အမျိုးအစား သုံးပါး


 ဤနေရာ၌နေတ္တိ ပါဠိတော်မှာလာသော ဒုက္ခ အမျိုးအစားတို့ကို
ခွဲခြား၍ သိထားသင့်သည်။ သို့မှသာ ၀ိပဿနာရှုရာတွင် မည်သည့်
ဒုက္ခကို ရှုရမည် - ဟု ပီပီပြင်ပြင် သိမြင်လာနိုင်ပေသည်။

Posted on: Tuesday, January 26, 2016

ဝေဒနာကို ကျော်အောင်ကြိုးစား


 လူမိုက်များက ပြောတတ်ကြတယ်..” သေတာများအဆန်းလုပ်လို့
သင်နေရအုံးမှာလား.. သေတစ်နေ့ မွေးတစ်နေ့ပဲဟာ..”..တဲ့။

Posted on: Monday, January 25, 2016

ဝေဒနာ ခွာပြီး အနိစ္စတွေ့အောင်ရှု အလွန့်အလွန် အရေးကြီးတယ်


လူမမာမေးသွားတဲ့အခါ  -ရောဂါ ဘယ့်နှယ်နေသလဲ သက်သာရဲ့လား
လို့ မေးတော့-လူမမာက ဖြေတယ်..ဟာ ..ဒီ ဝေဒနာ မသက်သာဘူးတဲ့။
ဒါဟာ ဝေဒနာနဲ့ အနိစ္စ မကွဲပဲ ဖြစ်နေတာ။ ဒါကြောင့် မသက်သာဘူး
ဖြစ်နေတာ။ ဒီတော့ ဘုန်းကြီးက ကူညီပြီးနည်းပေးပါ့မယ်။

Posted on: Sunday, January 24, 2016

ကိုယ့်ဥာဏ်နဲ့ ထိုးထိုးထွင်းထွင်းသိတာ ယူ


ခန္ဓာ ငါးပါး တစ်ပါးပါးကို ဘာလုပ်ရမယ်။ ၀ိပဿနာ ရှုရမယ်။
ခန္ဓာငါးပါး ဘာသစ္စာ။ ဒုက္ခသစ္စာပါ။
အို..ဒါက ဆရာပြောလို့ သိတာပဲ ရှိသေးတယ်။ ကိုယ့်ဥာဏ်နဲ့
ထိုးထိုးထွင်းထွင်းမသိသေးပါဘူး။
အေး… လက်တွေ့ပြပါမယ်။ကိုယ့်လက်မောင်းကို ကိုယ် လက်သည်း
နဲ့ ဆိတ်ကြည့်။ ကဲ… အခုပဲ ဘယ်ဘက် လက်မောင်းကို တန်းလိုက်
ညာဘက် လက်သည်းနဲ့ ဆိတ်ကြည့်။ နာကျင်တဲ့ ဝေဒနာ မပေါ်ဘူးလား။
ဒုက္ခဝေဒနာပေါ့ဗျာ။ မဆိတ်ခင်တုန်းက သုခ ဝေဒနာ။ ဆိတ်လိုက်တော့
ဒုက္ခ ဝေဒနာ။ သုခ ဝေဒနာလည်း ဖြစ်ပြီးပျက်။ ဒုက္ခဝေဒနာလည်း ဖြစ်ပြီးပျက်။
ဒီတော့ သူတို့ဟာ အသုဘ။ ခင်ဗျားတို့က ပုပ်ညှီနေမှ အသုဘ လို့
ထင်ကြတာ။ ဒီလို မယူလိုက်ပါနဲ့တဲ့။ အမလေး နာလှချည်ရဲ့လို့
အော်နေမှ ဒုက္ခလို့ ဒုက္ခသစ္စာလို့ ဒီလို မယူလိုက်ပါနဲ့။

Posted on: Thursday, January 21, 2016

ဝေဒနာ နိရောဓါ တဏှာနိရောဓော


 ဝေဒနာပစ္စယာ တဏှာ၊ ဒါက ၀ိပဿနာ မရှုတဲ့ပုဂ္ဂိုလ်တွေအတွက်
ပြောတာ။ ၀ိပဿနာ မရှုတဲ့ပုဂ္ဂိုလ်အတွက် ဝေဒနာပြီးရင် တဏှာ
လာနေကျ။ အဲ့…. ၀ိပဿနာရှုတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဝေဒနာကို
ရှုလိုက်ရင် ဝေဒနာကိုမတွေ့ရတော့ဘူး။ ဝေဒနာတွေ ပျက်-ပျက်
ကုန်တာကိုပဲတွေ့ရတယ်။ ဝေဒနာတွေပျက်ကုန်တယ်ဆိုတာ
ချုပ်ကုန်တာပေါ့။ ဒီတော့ ဝေဒနာ နိရောဓါပေါ့။

Posted on: Wednesday, January 20, 2016

ဒိဋ္ဌိ ရှိနေလျှင် မဂ်ဖိုလ် မရနိုင်


 ဝေဒနာပေါ်မှန်းသိတော့မှ ပျက်မှန်းလဲသိတယ်။ ဝေဒနာပေါ်တာရော
ပျောက်တာရော ပုဂ္ဂိုလ်သတ္တ၀ါ မဟုတ်၊ ဝေဒနာက္ခန္ဓာတွေသာဖြစ်တယ်။
အဲ့လိုဥာဏ်ရောက်သွားတော့ သက္ကာယဒိဋ္ဌိပြုတ်တယ်။

Posted on: Monday, January 18, 2016

ပုဂ္ဂိုလ်လေးမျိုး ဥဒါန်းထိုး



၁။ဥဂ္ဃါဋိတညူ ပုဂ္ဂိုလ်
၂။ဝိပဉ္စိတညူ ပုဂ္ဂိုလ်
၃။နေယျ ပုဂ္ဂိုလ်
၎။ပဒပရမ ပုဂ္ဂိုလ်

Posted on: Thursday, January 14, 2016

သစ္စာသိပြီးမှ လှုပါ


“သစ္စာတရားဆိုတာ တခြာကို သွားရှာနေရမှာ မဟုတ်ဘူး
ကိုယ့်ခန္ဓာထဲမှာပဲ ရှိတယ်။ ကိုယ့်ဥာဏ်နဲ့ ကိုယ့်ခန္ဓာထဲ ကြည့်စမ်း။
ရုပ်ကြည့်ကြည့်၊ နာမ်ကြည့်ကြည့်၊ ကြိုက်ရာကြည့်။
ခိုင်တာ မြဲတာ တစ်ခုမှ တွေ့မှာမဟုတ်ဘူး။ အမြဲတမ်း ဖြစ်ပျက်
ပြောင်းလဲနေကြတာတွေ့မယ်။ အကုန်လုံး ပေါ်လိုက် ပျောက်လိုက်။
ပေါ်လိုက် ပျောက်လိုက်။

Posted on: Wednesday, January 13, 2016

ဝိမုတ္တိယုဂ ခေတ်


“ခေတ်” ဆိုတာ ခေတ္တ ဆိုတဲ့ ပါဠိက လာတာ။ ခေတ္တဆိုတာက
အခိုက်အတန့် အချိန်တိုကလေး ဟု အဓိပ္ပါယ်ရသည်။ အချိန်ကာလ
ရှည်ကြီးတစ်ခုကို အချိန်တို အခိုက်အတန့်ကလေး ၅-ခု၊
ခေတ်  ၅- ခေတ် ဖြင့် ပိုင်းခြား ပါသတတ်။တစ်ခေတ် တစ်ခေတ်တွင်
လည်း နှစ်ပေါင်း(၅၀၀) ရှိသည်ဆို၏။

Posted on: Tuesday, January 12, 2016

ရုပ်ရှင်ကြည့်ရသလိုပဲ မှတ်ပါ


ပထမ ဦးစွာ ဖြစ်ပျက် မြင်အောင်ရှုပါ။ပြီးတော့ မုန်းအောင်ရှုပါ။
ဒီ ဖြစ်ပျက်တွေက ဒုက္ခသစ္စာတွေ၊ ဒါကြောင့်မို့လို့ကို မလိုချင်ဘူး။

Posted on: Monday, January 11, 2016

သစ္စာနုလောမိက ဥာဏ်


 ဒိဋ္ဌိရှိနေလို့ကတော့ ဘယ်ဒိဋ္ဌိရှိရှိ သဿတ-ဥစ္ဆေဒ-သက္ကာယ
တစ်မျိုးမျိုးရှိနေရင် မဂ် မဆိုထားနဲ့။ မဂ်ရှေ့က အနုလောမ ဥာဏ်တောင်
 မပေါ်နိုင်ဘူး-တဲ့။

Posted on: Sunday, January 10, 2016

ပရိညာ အမျိုးအစား ၃ ပါး


ပရိညာ= ပိုင်းခြား၍ သိခြင်း  ဟု အဓိပ္ပါယ်ရ၏ ထိုပရိညာသည်
၃-မျိုးရှိ၏။ ယင်းတို့မှာ-
၁။ဥာတပရိညာ
၂။တီရဏပရိညာ
၃။ပဟာနပရိညာ တို့ဖြစ်ကြသည်။

Posted on: Saturday, January 9, 2016

ဒုဗ္ဗလ၀ိပဿနာ ဖြစ်နေလျှင်


“၀ိပဿနာ- ၀ိပဿနာ” နဲ့ လူပြောများလို့ “ကဲ..ငါလည်း
စမ်းကြည့်အုံးမယ်” ဆိုတဲ့အနေနဲ့ ထပြီး ကြိုးစားတိုင်း ထမြောက်
အောင်မြင်သည်ကား မဟုတ်ချေ။ စနစ်ကျမှ အောင်မြင်နိုင်မည်။
သို့ဖြစ်လျှင် စနစ်ကျအောင် မည်သို့ ရွက်ဆောင်ရမည်နည်း။