ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, June 19, 2019

**အရိယာနဲ့ ပုထုဇဉ်​**


အရိယာနဲ့ ပုထုဇဉ်​ ဘာကွာလဲဆို​တော့
အမြင်​ပဲကွာတယ်
ကျန်​တာ ဘာမှ မကွာဘူး
အပြုအမူ အ​ပြောအဆို အ​နေအထိုင်
ဒီအတိုင်းပဲ တူတယ်

ရတနာ

ရတနာတွင်းကြီးရှိမှန်းသိရဲ့သားနဲ့
ရတနာ​တွေကို ရ​အောင်​မရှာဘူး
ရတနာ​တွေမရဘူးဆိုရင်
ဆင်းရဲတွင်းနက်​လိမ့်​အုံးမယ်

Posted on: Saturday, February 23, 2019

ဝဋ်​ကို ဝဋ်​မှန်း သိပါ (၁၂)



ဝဋ်​ကို ဝဋ်​မှန်းသိဖို့ ဝဋ်​ဆင်းရဲက လွတ်​​မြောက်​​စေချင်​လို့
သမီး​တော်​ စွမ်းနိုင်​သ​လောက်​ ​ကျေးဇူးပြုပါတယ်​​နော်​။
စာ​ပေမှာ ဉာဏ်​စဉ်​အလိုက်​​ဖော်​ပြတာ​တွေ ရှိထားတယ်​။
တကယ်​​တော့ စိတ်​ဆိုတာ အင်​မတန်​မြန်​ပါတယ်​။
စာတစ်​လုံး ချ​ရေးတဲ့ အချိန်​ကာလ စကားတစ်​ခွန်း​ပြောတဲ့
အချိန်​ကာလ​လေးမှာ စိတ်​​ပေါင်းက အများကြီးဖြစ်​ပြီး
သွားပါပြီ ။ဉာဏ်​စဉ်​ကို တကယ်​​ရောက်​ပြီးကြတဲ့သူများ

Posted on: Sunday, February 3, 2019

ဝဋ်​ကို ဝဋ်​မှန်းသိပါ (၁၁)

***ဝဋ်​ကို ဝဋ်​မှန်းသိပါ (၁၁)***

ဝဋ်​ကို ဝဋ်​မှန်းသိလို့
ဝဋ်​က လွတ်​​မြောက်​ချင်​တဲ့သူဆိုတာ
ဆိုဆုံးမလွယ်​သူလည်းဖြစ်​ရမယ်​။
စိန္တာမယဉာဏ်​နဲ့လည်း ပြည့်​စုံဖို့
လိုအပ်​တယ်​။ မဟုတ်​ရင်​​တော့
သုတမယဉာဏ်​ကိုရဖို့
ပညာကို ဆည်းပူးခြင်း လုပ်​ပြီးမှ
ဝဋ်​က လွတ်​​မြောက်​ဖို့ အလုပ်​ကို
ကြိုးစားအားထုတ်​ပါလို့
တိုက်​တွန်းပါတယ်​။

ဝဋ်​ကို ဝဋ်​မှန်းသိပါ  (၁၀)


ဝိပဿနာ အလုပ်​ကိုလုပ်​ပြီဆိုတဲ့​နေရာမှာ
မိမိတို့ရဲ့စိတ်​က ကမ္မဋ္ဌာန်းအာရုံ​ပေါ်မှာ
စူးစူးစိုက်​စိုက်​ထားနိုင်​ဖို့ သိတ်​အ​ရေးကြီးပါတယ်​။
ထိုင်​ခြင်းဣရိယာပုတ်​ကိုဖြစ်​​စေ၊
လျောင်းခြင်းဣရိယာပုတ်​ကိုဖြစ်​​စေ ၊
ရပ်​ခြင်း ၊ သွားခြင်း ဣရိယာပုတ်​ကိုဖြစ်​​စေ
မည်​သည့်​ ဣရိယာပုတ်​နဲ့ပဲ ဖြစ်​ဖြစ်

Posted on: Tuesday, January 22, 2019

ဝဋ်​ကို ဝဋ်​မှန်းသိပါ (၉)

***ဝဋ်​ကို ဝဋ်​မှန်းသိပါ (၉)***

စာမတတ်​တဲ့လူတစ်​​ယောက်​ အ​နေနဲ့
တရားအားထုတ်​ဖို့ကြိုးစားတဲ့အခါမှာ
စာနဲ့​ပေနဲ့ အချိန်​ယူပြီးသင်​​ပေး​နေတာထက်
ခန္ဓာ အရှိကို မြင်​​အောင်​ကြည့်​တတ်​ဖို့
ဆရာ​ကောင်းက လမ်းညွှန်​မှု​ပေးနိုင်​ပါတယ်​။
နှာသီးဖျားက ဝင်​​လေ ထွက်​​လေကို
စောင့်​ကြည့်​တာဖြစ်​​စေ ၊ ပူမှု သ​ဘော
အေးမှု သ​ဘော​လေးကို​စောင့်​ကြည့်​တာ
ဖြစ်​​စေ ၊ထင်​ရှားတဲ့ သ​ဘော​လေးကို
ဉာဏ်​နဲ့ မြင်​​အောင်​ ကြည့်​တဲ့ အခါ
သ​ဘောခန္ဓာ​တွေကို ​တွေ့လာပါလိမ့်​မယ်​။

ဝဋ်​ကို ဝဋ်​မှန်း သိပါ  (၈)



နှာသီးဖျားက ဝင်​​လေထွက်​​လေ ဆိုတာ
ထင်​ရှားတဲ့ အာရုံတစ်​ခုပဲဖြစ်​ပါတယ်​။
ပုံမှန်​အသက်​ရူတဲ့အတိုင်း ရူ​နေ ရှိုက်​​နေတာကို
သတိ​လေးကပ်​​ပေးဖို့ပဲ လိုပါတယ်​။