ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Thursday, June 7, 2012

မီး(၁၁)မီးငြိမ်းဖို့

ဘာသာရေးနဲ့ပတ်သက် ပြီး ဘာမှ သဲသဲကွဲကွဲ မလေ့လာမိသေးတဲ့အချိန်ကပါ
အမကြီးတယောက်က ဘယ်က ကြားလာမှန်းမသိ တဲ့လုပ်နည်းလေးတခုကိုပြောလို့
လိုက်လုပ်ခဲ့မိပါတယ်.. သူပြော တာက

 ပုလင်းတစ်လုံးထဲကို ရေအပြည့်ထဲ့ သကြား(၁၀)သားထဲ့ ပြီးရင် ရှောက်ရွက်
(၁၁)ရွက် ကိုထဲ့ အဖုံးပိတ် ပြီး(၃)ရက် လောက် နေလှန်းရပါတယ်..
အဲံဒီ အရေ ကိုသောက်ရင်(၁၁)မီးငြိမ်းတယ် ဆိုလို့  ဘယ်လိုများငြိမ်း တာလဲ
ဆို တာ သိ ချင် တာနဲ့ ..စမ်းလုပ် ကြည့် ခဲ့ ပါတယ်...အရေ ကသောက် လို့ တော့
 ကောင်း ပါတယ်..ရှတတ  အရသာ နဲ့ ပါ  ကဇော် သောက်ရသလိုပါပဲ...
အဲ့ဒါ သောက်ပြီး (၁၁) မီးဆိုတာ ဘာလဲ လို့ မေး တော့လဲ ဘာမှသဲသဲ ကွဲ ကွဲ
မဖြေ နိုင် ပါ ဘူး..နောက်ပိုင်းလေ့လာမိတော့  မှ (၁၁)မီး ကိုသိ လာ တာ ပါ..
မီး(၁၁) မီး
  က။  ဘ၀မီး(၃)မီး
         (၁)ဇာတိမီး(ပဋိသဋေနေရခြင်း)
         (၂)ဇရာမီး(မအိုချင်ပဲအိုရခြင်း)
         (၃)မရဏမီး(မသေချင်ပဲသေရခြင်း)
 ခ။ကိလေသာမီး(၃)မီး
        (၁)လောဘမီး
        (၂)ဒေါသမီး
        (၃)မောဟမီး
 ဂ။ အခြားမီး(၅)မီး
      (၁)သောကမီး(စိုးရိမ် ပူပန် ခြင်း)
      (၂)ပရိဒေ၀မီး(ငိုကြွေးခြင်း)
      (၃)ဒုက္ခမီး(ကိုယ်ဆင်းရဲခြင်း)
      (၄)ဒေါမနဿ မီး(စိတ် ဆင်းရဲခြင်း)
      (၅)ဥပါယာသမီး(ပြင်းစွာပူလောင်ခြင်း)

       စသဖြင့် မှတ် သားရ ပါတယ်....ကဲ သမီးတော်လုပ်ခဲ့တဲ့ ရှောက်ရေ က
မီး(၁၁)မီးကို ဘယ်လိုများငြိမ်းသတ်မှာပါလိမ့် နော်.....
  တကယ် ကတော့  မီး(၁၁)မီးငြိမ်းဖို့ဆိုရင် ၀ိပဿနာအားထုတ်မှ
ုငြိမ်းနိုင်ပါလိမ်မယ်.
  ဘုမသိ  ဘမသိ  နဲ့ လုပ်ခဲ့မိပေမယ့်  သိအောင် လေ့လာချင်တတ်တဲ့
စိတ် ကြောင့်တော့ သိခွင့်ရ ခဲ့ပါ တယ်..
  တခြား .ကြီးကြီးမားမား ဘာ မှ  လျှောက် မလုပ် မိ လို့ 
့တော် ပါသေး တယ်.....
   ဖတ် ပါ မှတ် ပါ  လေ့ လာ ပါဆိုတဲ့စကားနဲ့အညီ
လေ့လာမှတ်သားလို့ အသိတရားတိုးပွားနိုင်ကြပါစေ


**************တတိယမြောက် သမီးတော်*******


3 comment:

စံပယ်ချို said...

မှတ်သားခဲ့ပါတယ်
ဒါနဲ့ ပုလင်းထဲကအရည်တွေရောသွန်လိုက်တာလားသောက်လိုက်တာလား

3rdthameetaw said...

ဟိဟိ ကုန်အောင်အရင်သောက်လိုက်တာစပယ် ရေ..
ပြီးမှ စောင့်ကြည့်နေတာလေ...မီး(၁၁)မီးဘယ် လိုငြိမ်းတယ် ဆိုတာကို
ဘာမှထူးခြားတာမတွေ့လို့ မီး(၁၁)မီးကဘာလဲလို့ မေးလိုက်တာ..ဘာမှမဖြေနိုင်ဘူး.
ဒါကြောင့်မသိသေးတဲ့သူတွေ အတွက် ရည်ရွယ်ပြီး ခုလိုတင်လိုက်ရတာ.
လာဖတ်သွားလို့ ကျေးဇူးနော်..

3rdthameetaw said...

အသိအမြင်ပွားများကြပါစေ