ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, June 5, 2013

ရှင်မဟာ မောဂ္ဂလာန် ကိုယ်တော်မြတ် ရဟန္တာ ဖြစ်ခဲ့သော တရားတော်


ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ် ကြီး  သောတာပန်တည်ပြီး ရဟန်းဝတ်သည်မှာ
(၇) ရက်မြောက်သောနေ့ ဖြစ်သည်း။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က ဥာဏ်တော်ဖြင့်
ကြည့်ရှူဆင်ခြင်သည်ရှိသော် ရှင် မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်အား အထက်မဂ်သုံးပါးဖြင့်
 အရဟတ္တဖိုလ် ရောက်မည်ကိုမြင်တော်မူသဖြင့် ကိုယ်တော်တိုင်ကြွ၍ ဟောကြားခဲ့သော တရားတော်
ဖြစ်ပါသည်။

၎င်း တရားတော်ကို ဓါတ်(၆)ပါး ကမ္မဌာန်း ဟု ဖေါ်ပြထားပါသည်။

၁။ပထ၀ီဓါတ်=(မြေ ဓါတ်) မာမှူသဘော ပျော့မှူ သဘောကို ဆောင်သော တရားအစု

၂။အာပေါဓါတ်=(ရေဓါတ်) ယိုစီးမှူသဘောကိုဆောင်သော တရားအစု

၃။တေဇောဓါတ်=(မီးဓါတ်) ပူမှူသဘော အေးမှူသဘောကိုဆောင်သော တရားအစု

၎။ဝါယောဓါတ်=(လေဓါတ်)လှူပ်ရှားရုန်းကန်မှူသဘောကိုဆောင်သော တရားအစု

၅။အာကာသဓါတ်=အပေါက်အကြား ကြားဟင်းလင်းပြင် ကိုဖေါ်ဆောင်သော တရားအစု

၆။ဝိဥာဏ္ဏဓါတ်=သိမှူသဘောကိုဆောင်သော တရားအစု


ပထ၀ီ။အာပေါ။တေဇော။ဝါယော ဟု ခေါ်သောဓါတ်ကြီးလေးပါးတို့ သည် တည်မြဲခြင်းမရှိချေ။

ပထ၀ီ၏ မာမှူသဘော ပျော့မှူသဘောတို့  ကြားဖြစ်သည့်အချိန် (အာကာသဓါတ်)ကို
ဥာဏ်ဖြင့်သိမှူ ၀ိဥာဏ္ဏ ဓါတ်ဖြင့် ရှူမှတ်ခြင်းသည်၎င်း။

အာပေါဓါတ်၏ ယိုစီးမှူတွင် နဲနဲ ယိုစီးမှူ များများယိုစီးမှူတို့ကြား  (အာကာသဓါတ်)ကို
ဥာဏ်ဖြင့်သိမှူ ၀ိဥာဏ္ဏ ဓါတ်ဖြင့် ရှူမှတ်ခြင်းသည်၎င်း။

တေဇောဓါတ်၏ ပူမှူ အေးမှူ တွင် တအေးနှင့် တအေးကြား တပူနှင့်တပူကြား ဖြစ်ပေါ်သည့်  (အာကာသဓါတ်)ကိုဥာဏ်ဖြင့်သိမှူ ၀ိဥာဏ္ဏ ဓါတ်ဖြင့် ရှူမှတ်ခြင်းသည်၎င်း။

ဝါယောဓါတ်၏ လှူပ်ရှားရုန်းကန်ခြင်း တလှုပ်နှင့်တလှုပ် ကြား   (အာကာသဓါတ်)ကို
ဥာဏ်ဖြင့်သိမှူ ၀ိဥာဏ္ဏ ဓါတ်ဖြင့် ရှူမှတ်ခြင်းသည်၎င်း။

ကြားဖြစ်ပေါ်သည့် တရားကို ဥာဏ်ဖြင့်ရှူမှတ်ဆင်ခြင် ခြင်းဖြင့်
ဂမ္ဘီရဆန်သော လှို့ ဝှက် နက်နဲ့သော အရိယာတို့သိအပ်သော တရားတို့သည် ဖြစ်ပေါ်လာ၏။

၎င်း အရိယာတို့ သိအပ်သောတရားသည် နိရောဓ သစ္စာ မည်၏။

ဖေါ်ပြပါ ဓါတ်ကြီးလေးပါးတို့  ၏ အာကာသ ဓါတ်ကို ၀ိဥာဏ္ဏဓါတ်ဖြင့် ရှုမှတ်ခြင်းဖြင့်
အရိယာတို့ သိအပ်သော နိရောဓ သစ္စာ ကို မြင်တွေ့ နိုင်ကြပါစေ။



 ကိုးကား။   ။ အရှင် ဥာဏောဘာသာ ၏ဓါတ်(၆)ပါးကမ္မဌာန်း တရားခွေ ကို နာကြား
                  မှတ်သား၍ ရေးသားပါသည်။


                *****တတိယမြောက်သမီးတော်*****

0 comment: