ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Posted on: Friday, December 20, 2013
ကိုယ့်ကိုကိုယ် ချစ်ပါ
လူတိုင်းလိုလိုက ကိုယ့်ကိုကိုယ်ချစ်ရကောင်းမှန်းမသိကြပါဘူး။ဒါကြောင့်လည်း သားအတွက် သမီးအတွက်
ခင်ပွန်းသည်မ အတွက် ခင်ပွန်းသည်အတွက် ဆွေအတွက် မျိုးအတွက်ရယ်လို့ လောဘ ဒေါသတွေဖြစ်နေခဲ့
ကြတယ်။
ဒီဘ၀ တစ်ခုတည်း နဲ့ အပြီးသတ်သွားတာမှ မဟုတ်ပဲ။နောက်ဘ၀တွေဆိုတာလာအုံးမယ်။ပြီးတော့ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့သူတွေ ပိုပြီးဆင်ခြင်သင့်ပါတယ်။ တခြားဘာသာမှာက နောက်ဘ၀ ဆိုတာမရှိကြ
လို့  သံသရာကိုကြောက်ရကောင်းမှန်းမသိကြတာ။ဗုဒ္ဓဘာသာက နောက်ဘ၀ ရှိတယ်ဆိုတာ သိတယ်။
အပါယ်ကို သွားရတတ်တာကိုလည်းသိတယ်။ကောင်းမှူကံကြောင့် သုဂတိ ဘုံကိုရောက်နိုင်တာလည်း
သိတယ်။ကံ ကိုဖြတ်တဲ့ ဘာဝနာ အားထုတ်ရင် သံသရာဆိုတာ ပြတ်တယ် ဆိုတာ သိနေတာပဲ။
အကောင်းဆုံးကို ရွေးပြီးမလုပ်နိုင်လည်း ကိုယ်ကိုကိုယ်ချစ်တဲ့စိတ်နဲ့ ချင့်ချိန်သင့်ပါတယ်။
အဆိုးဆုံးကတော့ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ လူကြီးပိုင်းတွေ။ သိတ်သနားစရာကောင်းပါတယ်။
ကိုယ်မိသားစု သူများတကာထက်သာလွန်ချင်တာနဲ့ပဲ အများပိုင်ငွေကြေးတွေကို ကိုယ်ပိုင်ဖြစ်အောင်
တဖက်လှည့်နဲ့ သုံးစွဲနေကြတယ်။သံသရာဆိုတာကိုလုံးဝ မသိကြတော့ဘူး။ ဒီဘ၀ ကိုယ်ချမ်းသာဖို့ပဲ စဉ်းစား
ပြီးလုပ်လိုက်တဲ့အလုပ်ဟာ နောက်ဘ၀ ပြန်ပေးဆပ်ရတော့ ကိုယ်တစ်ယောက်ထဲ ပေးဆပ်ရမှာပါ။
စားတော့ သုံးတော့ တမိသားစုလုံး သုံးကြတယ်။ပေးဆပ်တော့ ကိုယ်တစ်ယောက်ထဲက ပေးဆပ်နေရတယ်။
အင်မတန်ကြောက်စရာကောင်းမှန်း မသိကြဘူး။ တချို့ သိသိကြီးနဲ့ နောက်ဘ၀ ဆိုတာမြင်ရတာမဟုတ်ဘူး။
လက်ရှိဘ၀ ချမ်းသာဖို့ အဓိက ဆိုပြီး လုပ်နေကြတယ်။
ဒါကြောင့်လည်း မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က သတ္တ၀ါတွေကိုသနားတော်မူတာပါ။ ဘာမှ မသိဘူး။
လိုချင်ရချင်တာပဲသိတယ်။ လိုချင်ရချင်လို့  ဒုက္ခ ဖြစ်တာကိုမသိဘူး။ လိုချင်တာရပြီးတော့လည်း ဒုက္ခ ဖြစ်
တာကိုမသိဘူး။ဒုက္ခကို ဒုက္ခ မှန်းမသိပဲ သုခ ထင်ပြီး သုခ လို့ မြင်ပြီး ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း ကြိုးစား
နေကြတာ။တကယ်ပါ ။ သစ္စာ မသိသေးလည်း စေ့စေ့ တွေးကြည့်တတ်ရင် ကြောက်စရာကောင်းတယ်ဆို
တာ မြင်နိုင်ပါတယ်။
ကိုယ့်ကိုကိုယ် ချစ်တယ် ဆိုရင် အကြွေးတွေ မယူပါနဲ့။ လက်ငင်းပဲယူပါ။ ကိုယ်ရသင့်တာကို ယူပါ။ ရထိုက်တာကိုယူပါ။ကိုယ်နဲ့ တကယ်ထိုက်တန်တာကိုယူပါ။လုပ်ပိုင်ခွင့်ရှိလို့  မသိမသာလေးဖြစ်ဖြစ် သိသိ
သာသာဖြစ်ဖြစ် ယူလိုက်တာက အကြွေးတစ်ခုဖြစ်တယ်ဆိုတာကိုဆင်ခြင်ပါ။ကိုယ်ရတာက တစ်ခါတည်း။
ပြန်ပြီးပေးဆက်ရတော့ အကြိမ်ကြိမ်အခါခါပေးဆပ်ရမှာပါ။
ကုသိုလ်ပဲပြုပြု အကုသိုလ်ပဲပြုပြု ဇောက (၇)ကြိမ်ဇောတယ် ဆိုတဲ့  ဘာသာရေးအသိလေးတော့ရှိစေချင်ပါ
တယ်။ ပထမ ဇောက လက်ရှိဘ၀ မှာအကျိုးပေးတယ်။ သတ္တမ ဇောက ဒုတိယ ဘ၀ မှာအကျိုးပေးတယ်။
အလယ်ဇော(၅) ချက်က သံသရာမှာ ကျင်လည်နေသမျှ ကာလ ပတ်လုံး သူအကျိုးပေးချင်တဲ့ ဘ၀ မှာ
အကျိုးပေးပါတယ်။ မြတ်စွာဘုရားရှင်လို ပါရမီတော်တွေပြည့်စုံတဲ့ ဘုရာ;ရှင်တောင်မှ ၀ဋ်ကြွေးတွေပေးဆပ်
ရတာ။ တခြားသူတွေ ၀ဋ်ကြွေး ကလွတ်စရာအကြောင်းကိုမရှိဘူး။
စီးပွားရေးသမားတွေမှာလည်းနည်းလမ်းတွေအများကြီးနဲ့အကုသိုလ်ဖြစ်တာရှိပါတယ်။ ဥပမာ -ပြောရရင်
ဆန်အရောင်းအ၀ယ် သမားဆိုပါစို့ ။  ဆန် အသစ်ထွက်တဲ့အချိန်မှာ ဆန် အဟောင်းထဲ ဆန် အသစ်တွေ
ရောပြီး ဆန် ဟောင်းလုပ်ရောင်းတာရှိပါတယ်။ ဒါက လိမ်တာပဲ။သူများမသိအောင် လိမ်တာ။ သမီးတော်
အစာအိမ်သမားတွေဆို ဆန်အသစ်ကိုစားမိရင် ရောဂါဖြစ်တယ်။ဆေးကုရတယ်။ ဒီတော့ ဆန် အဟောင်းပဲ
စားလို့ ရတယ်။ဆန် အဟောင်းက ဆန် အသစ်ထက်ကို ဈေးကြီးပေးပြီးဝယ်ရပါတယ်။ဆန်အသစ်က
အဟောင်းထက် ဈေးနှုန်းသက်သာတယ်။အမြတ်များများရချင်တော့ ဆန်အဟောင်းထဲကို အသစ်တွေရော
ထည့်ပြီး အဟောင်းဈေးနဲ့ရောင်းကြတယ်။လိမ်စားတာပါ။ အကုသိုလ်ဆိုတာ မသိတော့ အမေက လုပ်ပါတယ်။ သမီးတော်တို့ကလည်း လုပ်ကူပါတယ်။ နောက်ပိုင်းဘာသာရေးကိုလေ့လာပြီး မှ အမေ့ ကို
မလုပ်ခိုင်းပါဘူး။ သမီးတော်တို့လည်း မလုပ်တော့ဘူး။ အမေက အမြတ်လေးပိုရချင်တော့ တခါတခါ လုပ်
တယ်။ သမီးတော်တို့ ညီအစ်မ နှစ်ယောက် တားတယ်။ သံသရာမှာအမေ တစ်ယောက်တည်း ခံစားရမှာ။
စားတော့ တအိမ်လုံးစားနေတာ။ ခံတော့အမေ က ခံရမှာ။ အမေ့ ကို ၀ဋ်ကြွေးတွေ မခံစေချင်လို့  တားမြစ်
ခဲ့ကြတယ်။ နောက်တော့အမေ လည်းမလုပ်တော့ပါဘူး။ စီးပွားတူတဲ့ အဒေါ်တစ်ယောက် နင်တို့အမေ က
တော်တော် အ တယ် တဲ့ ။သူများတကာ အဟောင်းထဲကိုအသစ်ရောပြီးရောင်းနေတာကို နင်တို့ အမေ က
အဲ့လိုမလုပ်လို့  စီးပွားမဖြစ်တာတဲ့ လေ။ သမီးတော်လည်း ချက်ချင်းပြောပြတယ်။ အဲ့ဒါ အကုသိုလ် အလုပ်
ပဲလေ။ သူများကိုလိမ်စားတာ။ သူများကိုလိမ်ထားရင် သူများကိုယ့်ကိုလိမ်တာ ပြန်ခံရမယ်။ ဒါကြောင့် အမေ့ 
ကိုမလုပ်ခိုင်းတာလို့ ပြောလိုက်တော့ ပါးစပ်ပိတ်သွားရော။သူများလို စီးပွားမရှာလို့ လဲ သမီးတော်တို့ 
မချမ်းသာတာပါ။ဒါပေမယ့် မဆင်းရဲပါဘူး။
ပိုက်ဆံ တစ်ခုကိုပဲကြည့်နေရင်ပိုပြီးဆင်းရဲတယ်။အကုသိုလ် မဖြစ်အောင် စီးပွားကိုလုပ်တတ်ဖို့ လိုပါတယ်။
ပိုက်ဆံကိုရှာတတ်ဖို့ လိုပါတယ်။ဈေးရောင်းတဲ့ဈေးသည်က ရောင်းတတ်ရင် ကုသိုလ်ဖြစ်ပေမယ့် မရောင်း
တတ်ရင် အကုသိုလ် ၀ယ်နေတာနဲ့ တူပါတယ်။
ဘ၀ တစ်ခု ရပ်တည်တာ ကိုယ့်ကိုကိုယ် ချစ်တဲ့စိတ်နဲ့ ရပ်တည်ခြင်းက သံသရာမှာလည်း အကျိုးစီးပွားကို
ဖြစ်ထွန်းစေပါတယ်။
အတိတ်ဘ၀က ကုသိုလ်ကံ အကျိုးပေးကောင်းလို့  ကံကောင်းနေရင် ဆက်ပြီးကံကောင်းအောင် အကျိုးပေး
ကောင်းအောင်ဆက်ပြီးကြိုးစားအားထုတ်နေထိုင်သင့်ပါတယ်။ ကုသိုလ်ကံ အကြွင်းအကျန်လေးနဲ့ အသက်
ရှင်ပြီးရပ်တည်ပြီး။အကုသိုလ်တွေ စုဆောင်းနေတဲ့သူ မဖြစ်ကြပါစေနဲ့လို့  တိုက်တွန်းလိုက်ပါရစေပါ။
သံသရာစီးပွား အကျိုးများနိုင်ကြပါစေ
*****တတိယမြောက်သမီးတော်*****
0 comment: