နိဗ္ဗာန်ကို ချမ်းသာလို့ ခေါ်တယ်၊
ဓမ္မပဒမှာ ဟောထားတယ်၊
နိဗ္ဗာန ပရမံသုခံ၊နိဗ္ဗာန်ဟာ
အမြတ်ဆုံးချမ်းသာ၊ နိဗ္ဗာန်ထက်သာတဲ့
ချမ်းသာရယ်လို့  မရှိတော့ဘူး။အဲ့ဒီ
ချမ်းသာဆိုတာနဲ့ပတ်သက်ပြီးတော့
နိဗ္ဗာန်ဟာ ခံစားမှု ရှိသလား။
ခံစားမှုရှိရင် ဘယ်လိုလုပ် ချမ်းသာမလဲ။
ရှင်သာရိပုတ္တရာရဲ့ အဖြေကတော့ ခံစားမှု
မရှိတာကိုက ချမ်းသာတဲ့။
ခံစားမှုရှိရင် ဒီခံစားမှုက ချုပ်ဦးမယ်
မဟုတ်လား။ အကောင်းခံစားမှုပဲ
ပြောကြပါစို့ ၊ အကောင်းခံစားမှုရှိရင်၊
ခံစားမှု ဥပါဒ် ဌီ ဘင် လာရဦးမယ်
မဟုတ်လား၊ ချုပ်ရဦးမယ် ဆိုရင် သူက
အစစ် မဟုတ်သေးဘူး။
ဒါကြောင့်မို့  ခံစားမှု
မရှိတာသည်ပင်လျှင် သုခ တဲ့။ ချမ်းသာတဲ့၊ သိပ်မှန်တယ်။
ဒါကြောင့်မြတ်စွာဘုရားဟောတဲ့ သုခ
ချမ်းသာဆိုတာ အမြင့်ဆုံး အနေ နဲ့ 
ပြောရရင် ခံစားမှု မရှိတဲ့ အေးချမ်းတဲ့
သုခကိုဆိုလိုတယ်။ သူ့အောက်ဆင်းလိုက်
မယ်ဆိုရင် သမာပတ်ချမ်းသာတွေ
ဈာန်ချမ်းသာတွေရှိသေးတယ်။
သုတ်တစ်သုတ်မှာ မြတ်စွာဘုရားဟောထားတာ
သိပ်ကောင်းတယ်။
အောက်ဆုံးတန်း
ချမ်းသာကနေပြီးတဖြည်းဖြည်းတက် တက်သွားတာ။
ဆိုပါတော့ လောကလူတွေ ပြောနေကြတဲ့
ကာမဂုဏ်ချမ်းသာ မြင်ချင်
တာ မြင်ရတယ်။ စားချင်တာ စားရတယ်။
စသည်ဖြင့် ဒါကိုလည်းချမ်းသာ
တယ်လို့ ဆိုရတယ်ပေါ့လေ။
မြတ်စွာဘုရားက အဲ့ဒီချမ်းသာထက်
ဈာန်ချမ်းသာက သာတယ်။ ပထမ
ဈာန်ထက် ဒုတိယဈာန်က သာတယ်။ ဒုတိယ
ဈာန်ထက် တတိယဈာန်က
သာတယ် နဲ့  တဖြည်းဖြည်းသာ သာ
သွားလိုက်တာ နေ၀သညာ နာသညာ
ယတန ကျတော့ ချမ်းသာမှာဖြင့်
ထိပ်တန်းလောက်ပဲ။ လောကီချမ်းသာမှာဖြင့်
ထိပ်တန်းရောက်သွားတယ်။
အဲ့ဒီချမ်းသာကိုတောင်မှ မြတ်စွာဘုရားက
ဒုက္ခသဘောတရား မကင်းသေးဘူး
လို့  ဟောတာ။ သူကလည်း ဥပါဒ် ဌီ
ဘင် ရှိသေးတယ်။ ဖြစ် တည် ချုပ်
ရှိသေးတယ်။
အဲ့ဒီ တော့ ချုပ်သေးတာပဲ။ ချုပ်သေးရင် အဖြစ်
အပျက် ရဲ့ အနှိပ်စက်ကို ခံရသေးတာပဲ။
အဖြစ်အပျက်ရဲ့ အနှိပ်စက်ခံရရင်
ဒုက္ခပဲ။ ဒုက္ခတရားပဲ။
အဲ့ဒီထက် ချမ်းသာတာ ရှိသေးတယ်။ နိရောဓ
သမာပတ်ဝင်စားတဲ့အခါပေါ့။
နေ၀သညာနာသညာယတန ထက် သာသွားပြန်ပြီ။
နောက်ဆုံးအဆင့်အမြင့်ဆုံး
ချမ်းသာကတော့ အနုပါဒိသေသ နိဗ္ဗာန်ခေါ်တဲ့
ဘုရား ရဟန္တာတွေ ပရိနိဗ္ဗာန်ပြုသွားတဲ့အခါမှာ
ဖြစ်ပေါ်တဲ့ နိဗ္ဗာန် ချမ်းသာမျိုးပေါ့။
အဲ့ဒါကြောင့် ချမ်းသာဆိုတာ
လောကီအနေနဲ့ ပြောရင် ကောင်းတာတွေ
မြင်ရတာ စားရတာကို ချမ်းသာလို
့ဆိုတာကိုး။ လောကုတ္တရာ အမြင်နဲ့တော့
အေးချမ်းနေတာကို ချမ်းသာလို့ ခေါ်တယ်။
အဲ့ဒီတော့
လောကမှာ လူတွေကပြောတယ်။ ဗုဒ္ဓဘာသာတွေက ဒုက္ခပဲ၊
ငါတို
့ဖြင့်မကြိုက်ဘူးလို့  ပြောနေတယ်။ လောကမှာ ချမ်းသာတွေလည်း
ရှိတာပဲ။ဗုဒ္ဓဘာသာက
ဆင်းရဲတာကိုပဲ ပြောနေတယ်။ ဒါကြောင့် မကြိုက်
ဘူး
လို့  ပြောနေတာတွေရှိတယ်။
ဦးဇင်းကတော့ပြန်ပြောရတယ်။
မြတ်စွာဘုရားက ချမ်းသာအမျိုးမျိုးကို
ခံစားခဲ့ဖူးပြီးသား။
အောက်တန်းစား ကာမဂုဏ်ချမ်းသာနေပြီး၊ နိဗ္ဗာန်ချမ်းသာ
အထိ
မြတ်စွာဘုရားက ခံစားဖူးခဲ့တယ်။ ခံစားဖူးခဲ့တော့ ဘယ်ချမ်းသာဟာ
ဘယ်လောက်
တန်ဖိုးရှိတယ် မရှိဘူး ဆိုတာ ကိုယ်တိုင်သိတယ်။ မြတ်စွာဘုရား
အဖို
့က ကာမဂုဏ် ချမ်းသာကို ကောင်းပါတယ်လို့  ဘယ်နည်းနဲ့မှ မဟောနိုင်ဘူး။
ဒီထက် အဆင့်အတန်းမြင့်တဲ့  ချမ်းသာတွေကို
သိထားပြီးပြီ။ ကိုယ်တိုင်လည်း
ခံစားဖူးထားပြီးပြီ။
ပထမ ဈာန် ချမ်းသာကိုလည်း ချမ်းသာအစစ်လို့ မပြောရဲသေးဘူး။
ဒုတိယ
ဈာန်၊ တတိယဈာန် စသည်လည်း ဒီအတိုင်းပေါ့၊ နိဗ္ဗာန်ချမ်းသာကျမှ ချမ်းသာ
အစစ်လို
့ မြတ်စွာဘုရား ဟောတော်မူတာ။
ကိုယ်က
ကိုယ့်အသိဥာဏ်လေးနဲ့ကြည့်ပြီးတော့ ဘုရားကို မကြိုက်နိုင်ဘူး။
ဒုက္ခချည်း
ဟောနေတာပဲလို့ ပြောရင် ကိုယ့်ရဲ့ spiritual
level ကိုဖေါ်ပြရာ
ရောက်တယ်။
ကာမဂုဏ်ချမ်းသာကိုပဲ ချမ်းသာထင်နေတဲ့ အဆင့်အတန်းပဲ
ရှိသေးတယ်။
ဒီထက်ပိုပြီးမရောက်သေးဘူးလို့ ထင်ရမယ်။
ဆိုပါတော့
လူတစ်ယောက်ဟာ မွဲနေတယ်။ စားစရာမရှိဘူး။ ညနေစာ အတွက်တောင်
မရှိဘူး။
သူ့ ကိုငွေတစ်ရာ သွားပေးလိုက်စမ်း။ သူ့ အဖို့ တော့ အများကြီးဖြစ်သွားပြီ။
သူဝမ်းသာသွားပြီး။
သဘောကျသွားပြီး။ နောင်အခါ သူက အလုပ်လေး ဘာလေးရသွား
တဲ့အခါကျတော့
ငွေတစ်ရာဟာ သူ့ အဖို့ မများတော့ဘူး။
ထို
့အတူပဲ သူဟာ တဖြည်းဖြည်းနဲ့
တိုးတက်သွားလို့  ကြီးပွားသွားတဲ့အခါ
ကျတော့
တစ်ထောင်လည်း မများတော့ဘူး။ တစ်သောင်းလည်း မများတော့ဘူး။
သိန်းသန်း
ကုဋေလည်း မများတော့ဘူး ဆိုတဲ့ အဖြစ်ရောက်နိုင်မှာပဲ။ ဘီလျံနာ
လောက်ဖြစ်သွားပြီးတဲ့
လူတစ်ယောက်က ငွေတစ်ရာဟာ အလကားပါကွာလို့ 
ပြောမှာပဲ။ငွေတစ်ရာ
မဖြစ်လောက်ပါဘူးလို့ ပြောမယ်။
အဲ့ဒါ
ကိုယ်က သွားပြီးတော့ ဒီလူဟာ ငွေတစ်ရာကို မဖြစ်လောက်ပါဘူးလို့ 
ပြောနေတယ်။
ငွေတစ်ရာဟာ တကယ် ဖြစ်လောက်ပါတယ်လို့  ပြောမိရင်
ကိုယ်က
အောက်ဆုံးလူအဆင့်အတန်း လောက်ပဲ ရှိသေးလို့ ပါ။
အဲ့သလို
ခုခေတ်လူတွေက ချမ်းသာကို တယ်ကြိုက်တာကိုး။ လောကီ ချမ်းသာ
သိတ်ကြိုက်ကြတော့
ဗုဒ္ဓဘာသာက ဒုက္ခဟောရင် သူတို့ မကြိုက်တော့ဘူး။
ဗုဒ္ဓဘာသာက
ဒုက္ခတင်ဟောပြီးတော့ စိတ်ညစ်လက်မှိုင်ချနေတာ မဟုတ်ဘူး။
ဒါဟာ
အလွန် အရေးကြီးတယ်။အမှန်ကို အမှန်အတိုင်း
မြင်အောင်ကြည့်တာ၊
ဒါကို လက်ခံရမယ်။ မကောင်းဘူးဆိုတာ
လက်ခံပြီး မကောင်းတာကို လွတ်
မြောက်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ 
လွတ်မြောက်ရေး လမ်းစဉ်ကို မြတ်စွာ
ဘုရားက ဟောထားတာ၊ လောကကြီးဟာ
ဒုက္ခဆင်းရဲပဲ၊ ဒီဒုက္ခ ဆင်းရဲကို မင်းတို့ 
ဘယ်လိုမှ ပြန်လှန်
လုပ်နိုင်စွမ်းမရှိဘူး။ ဒီအတိုင်းပဲ နေကြတော့ ဒီ အတိုင်းပေခံ
နေတော့လို့  ဒီလိုဟောထားတာ မဟုတ်ဘူး။
လူတစ်ယောက်မှာ ရောဂါရှိလို့  diagnosis
လုပ်ရင် မင်းမှာ ရောဂါရှိနေပြီလို့ 
ရှိတဲ့အကြောင်းကို ဆရာဝန်က
ပြောရမှာပဲ။ ဆရာဝန်က ဒီလိုမပြောရင် သူဟာ
သမားကောင်း မဟုတ်တော့ဘူး။ သူဟာ
ဆေးရှာကြံပြီး ကုရမယ်။
အဲ့ဒီ အတိုင်းပဲ၊ အဲ့သလို မမြင်ဘူး
ဆရာဝန်က မမြင်ချင်ယောင်ဆောင်နေမယ်။
ဆိုရင် ဘယ်လိုလုပ် ဆေးကုတော့မလဲ။
ဒီလူနာ ဘယ်လိုလုပ် ပျောက်တော့မလဲ။
အဲ့သလိုပဲ၊ ဗုဒ္ဓဘာသာက အရှိကို
အရှိအတိုင်း သေသေချာချာ မြင်အောင်
ကြည့်တယ်။ အမှန်ကို
အမှန်အတိုင်းလက်ခံတယ်။ လက်ခံပြီးတော့မှ ဒါလွတ်
အောင် ဘယ်လိုလုပ်မလဲဆိုတဲ့
လွတ်မြောက်ရေးအထိပါ ဟောထားတာ။
ဒါကြောင့်မို့  နိဗ္ဗာန် ချမ်းသာဆိုတာ
တကယ် အဆင့်အတန်း အမြင့်ဆုံးချမ်းသာ
Appreciate မလုပ်နိုင်သေးတာ ကိုယ့်အဆင့်အတန်း နိမ့်သေးလို
့ပဲ။
တရားကို သွားပြီးအပြစ်ပြောလို့ မရဘူး။
ကိုယ့်ကိုကိုယ် အပြစ်ပြောရမယ်။
အရှင် သီလာနန္ဒာဘိဝံသ
………………………………………………………………..
အဆင့်အမြင့်ဆုံးသော နိဗ္ဗာန်၏
ချမ်းသာခြင်းကို မိမိတို့ ကိုယ်တိုင် ကျင့်ကြံ
ကြိုးကုတ် အားထုတ်၍
မျက်မှောက်ပြုနိုင်ကြခြင်းသည် ဖြစ်ကြပါစေ။
*****တတိယမြောက်သမီးတော်*****
4 comment:
သာဓု သာဓု သာဓု....
အသိတိုးစေပြီး အများအကျိုးအတွက် ပြန်လည်မျှဝေပေးတာ ကျေးဇူးပါ သမီးတော်ရေ ....
ဖတ်မှတ်သွားလို့  ၀မ်းသာ ကျေးဇူးတင်မိပါတယ် မမတင့်
လူတစ်ယောက်မှာ ရောဂါရှိလို့  diagnosis လုပ်ရင် မင်းမှာ ရောဂါရှိနေပြီလို့ 
ရှိတဲ့အကြောင်းကို ဆရာဝန်က ပြောရမှာပဲ။ ဆရာဝန်က ဒီလိုမပြောရင် သူဟာ
သမားကောင်း မဟုတ်တော့ဘူး။ သူဟာ ဆေးရှာကြံပြီး ကုရမယ်။
အဲ့ဒီ အတိုင်းပဲ၊ အဲ့သလို မမြင်ဘူး ဆရာဝန်က မမြင်ချင်ယောင်ဆောင်နေမယ်။
ဆိုရင် ဘယ်လိုလုပ် ဆေးကုတော့မလဲ။ ဒီလူနာ ဘယ်လိုလုပ် ပျောက်တော့မလဲ။
---------------------------------------ဟုတ်တာပေါ့ သမီးတော်ရေ......အဲတာအမှန်တရားပဲ
ဒုက္ခသစ္စာမှန်းသိပြီး ဒုက္ခသစ္စာကနေ လွတ်အောင်
ကြိုးစားကြဖို့  ဥပမာလေးပါ ဂျက်ရေ
Post a Comment