ဘာရယ်လို့ မဟုတ်ပါဘူး ဘလော့ဂါ အလင်းသစ် တင်ထားတဲ့ status လေးမှာ
ဖတ်လိုက်ရတဲ့စာကနေ တွေးမိသွားတာလေးပါ ဘလော့ဂါ မိစံ ကလဲ ဆုတောင်းထားသေးတယ်
မျက်တောင်ခတ်တိုင်း ပိုက်ဆံရပါစေ တဲ့...စေတနာ နဲ့ ပေးကြတဲ့ဆုတွေပါပဲ
အဲ့ဒါ ကို သမီးတော်က မြင်ရင် မြင်တယ် လို့ မမှတ်ပဲ စာကို စာလို့ အသိလေးနဲ့မရပ်ပဲ
လျှောက်တွေးမိသွားလို့ ပါ။
လူတွေ ဟာ ဘာကြောင့်လူဖြစ်လာကြတာလဲ ဆိုတာ ထက်
ငွေရှာဖို့ လူဖြစ်လာကြသလားလို့ တောင် တွေးစရာဖြစ်နေပါတယ်။လူတော်တော်များများက
ငွေရှိဖို့ အရေးကြီးနေကြတာပါ ငွေ မရှိရင် ဘာမှ လုပ်လို့ မရဘူးလို့  အတွေးရောက်နေကြပြီ။
ကုသိုလ်အလုပ်ကိုလည်း ငွေ ရှိမှ လုပ်နိုင်မယ်လို့  တွေးထင်ယူဆပြီး ငွေရဖို့ ပဲ အဓိက ထား
ရှာနေကြတော့တယ်။ အကုသိုလ် တွေ လုပ်ပြီး ငွေရှာတယ် ပြီးတော့ အလှူလုပ်ပြီး ကုသိုလ်ပြုတယ်။
ဘယ်လိုတွေးရမလဲတောင် မသိတော့ပါဘူး။ သီလ ရှိတယ်လို့ ထင်ရတဲ့သူတွေလည်း သူများအသက်
သတ်ပြီး အသက်မွေးဝမ်းကျောင်းနေတဲ့သူတွေကိုအထင်ကြီး နေကြတာ အဲ့လိုလူတွေမြို့ မျက်နှာဖုံး
ဖြစ်နေကြတာ။ သူတော်ကောင်းတွေ အုပ်စိုးတဲ့ နေရာဆိုတာရှာမတွေ့ အောင်ပါပဲ။
ငွေမျက်နှာနဲ့ နေရာတိုင်း အုပ်စိုးကုန်ကြပြီ။ အဲ့ဒီတော့ ငွေရှိမှ မျက်နှာ မငယ်ရမှာလို့ တွေးပြီး
လူရာဝင်မှာလို့ တွေးပြီး ကျန်းမာရေးစောင့်ရှောက်နိုင်မှာလို့ တွေးပြီး ငွေမှငွေ အရိုးကြေကြေ
အရေခမ်းခမ်း ငွေ ကိုပဲ အသက်ပေးပြီးရှာကုန်ကြပြီ။ အကုသိုလ် ဖြစ်ဖြစ် ကုသိုလ်ဖြစ်ဖြစ်
နားမလည်ဘူး။ငွေရရင် ပြီးရော ရှာနေကြပြီ။
အရာအားလုံးကို ခြုံပြီးလေ့လာကြည့်တော့ လူတွေ ၉၉.၉၉% လောက်က ငွေရှာဖို့ လူဖြစ်နေကြသလိုပါပဲ။
လူဖြစ်နေလို့ ငွေရှာတယ်လို့ တွေးတဲ့သူက ၀.၀၀၁% လောက်ပဲ ရှိလိမ့်မယ် ထင်ပါတယ်။
အားလုံးရဲ့ အတွေးတွေ စိတ်တွေ လုပ်ဆောင်ချက်တွေ ရည်ရွယ်ချက်တွေက ငွေ ပဲ အဓိက ဖြစ်နေကြပြီ။
တကယ်ကိုပါပဲ မိစံ ဆုတောင်းပေးသလို မျက်တောင်ခတ်တိုင်းငွေရချင်နေကြပြီနော်။
အဲ့လိုလူတွေထဲမှာ ကိုယ်မပါဘူးဆိုတဲ့အသိလေးနဲ့ ပဲ စိတ်ထဲအေးချမ်းမိပါရဲ့။
ပိုက်ဆံအတွက် နဲ့ လူဖြစ် မရှုံးကြပါစေနဲ့လို့  ဆုတောင်းရင်း
အားလုံးလဲ ငွေကြောင့် အသက်ရှင်ကြသူများ မဖြစ်ကြပါစေနဲ့ လို့ ဆုတောင်းလိုက်မိပါတယ်။
*****တတိယမြောက်သမီးတော်*****