THAMEETAW
THIRD
Posted on: Sunday, May 26, 2013
ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ် ရဟန္တာ ဖြစ်ခဲ့သော တရားတော်
ရဟန်း ၀တ်ပြီး(၁၅)ရက် ကြာပြီဖြစ်တဲ့ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကို
မြတ်စွာဘုရားရှင် ကိုယ်တိုင် အထက်မဂ် သုံးပါး အတွက် ဟောကြားတော်မူတဲ့
တရားတော် ဖြစ်ပါတယ်။
ခန္ဓာ ရှိတဲ့ ပုဂ္ဂိုလ်တိုင်း သေကြရမှာပါ။ မသေခင်မှာ ဝေဒနာ ကိုခံစားကြရမှာမို့ လို့ 
ဝေဒနာ ကိုရှူတတ် မှတ်တတ် ရင် ပြုံးပြုံးလေး သေနိုင်ကြပါလိိမ့်မယ်။
၁။အနိစ္စ = ဖြစ်ပြီး ပျက်စီးတတ်တဲ့ သဘောတရား။
၂။သင်္ခတ =ပြုပြင်ပြောင်းလဲ တဲ့ သဘော တရား။
၃။ပဋိစ္စ သမုပ္ပဒ် = အကြောင်းတစ်လှည့် အကျိုး တစ်လှည့်။
၎။ ခယ ဓမ္မ = ကုန်တတ် တဲ့ သဘော တရား။
၅။ ၀ယ ဓမ္မ = ပျက်တတ်တဲ့ သဘော တရား။
၆။ဝိရာဂ ဓမ္မ = တပ်နှစ်သက်ခြင်း ကင်း တဲ့ သဘော တရား။
၇။နိရောဓ ဓမ္မ = ပေါ်လာသမျှ ချုပ်သွားတဲ့ သဘော တရား။
ဝေဒနာ ကိုဝေဒနာ လို့ မမြင်ပဲ ဖြစ်ပေါ်လာသမျှ လေးတွေဟာ ပေါ်လာတာနဲ့ ပျက်စီးသွားတာကြီးပါပဲ။
ပြုပြင် ပြောင်းလဲနေတာပဲ။အကြောင်းတစ်လှည့် အကျိုးတစ်လှည့်ဖြစ်နေတာပဲ။
ပေါ်လာသမျှ ကုန်တာပါပဲ။ ပျက်တတ်တဲ့ သဘောတွေ ပါပဲ။တပ်နှစ်သက်လို့  မရပါလား။
ပေါ်လာသမျှ ချုပ်ချုပ်သွားပါလားလို့  တွေးတတ် မှတ်တတ်ရင် မဂ် ဖိုလ်နိဗ္ဗာန် ကို လှမ်းဝင်လို့ ရပါပြီ။
ဝေဒနာ ကိုဝေဒနာ လို့ မှတ်ရင် သမထ ဖြစ်ပြီး ဝေဒနာ ပေါ်သမျှ ဖြစ်ပြီး ပျက်တယ် အစ ရှိသဖြင့် မှတ်ယူ
တတ်ရင်ဝိပဿနာ ဖြစ်ပါတယ်။
မှန်မှန်ကန်ကန် မှတ်တတ်ဖို့  လေ့လာမှတ်သားသင်ယူနိုင်ကြပါစေ/
ကိုးကား။ ။ အရှင် ဥာဏောဘာသာ ၏ ဝေဒနာ သိမ်းနည်း(၇)နည်း တရားခွေ ကို နာကြား
မှတ်သား၍ ရေးသားပါသည်။
*****တတိယမြောက်သမီးတော်*****
Posted on: Tuesday, May 21, 2013
မြင်သောသူကို ရှာပါ
သင်္ခတ ကို မမြင်တဲ့ သူ ဆိုတာ အန္ဓပုထုဇဉ်
သင်္ခတ ကိုမြင်တဲ့ သူဆိုတာ ကလျာဏ ပုထုဇဉ်
အသင်္ခတ ကိုမြင်တဲ့ သူဆိုတာ အရိယာ ပုဂ္ဂိုလ် ကိုပြောတာ လို့ 
မိုးကုတ်ဆရာတော်ဘုရားကြီး ရဲ့  တရားတော်မှာ နာကြားလိုက်ရပါတယ်။
တချို့ ကတော့ ဒါန သီလ လောက်နဲ့ ကိုယ့် ကို ကိုယ် ကလျာဏ ပုထုဇဉ်လို့  ဒီလိုထင်နေကြမယ်။
ဆရာတော်ဘုရားကြီး တရားကိုနာကြားလိုက်ရတော့မှ ကလျာဏ ပုထုဇဉ် ဆိုတာ
ခန္ဓာ ပေါ် ဥာဏ်ရောက်ထားတဲ့ ပုဂ္ဂိုလ်ကို ခေါ်ပါလားဆိုတာ သိလိုက်ရပါတယ်။
ကလျာဏ ပုထုဇဉ် က နိဗ္ဗာန် ကိုရောက်နိုင်ပေမယ့်
အန္ဓ ပုထုဇဉ် ကတော့ နိဗ္ဗာန် နဲ့ဝေး တဲ့ သူပါ။
အသင်္ခတ ဆိုတာ မြဲမြံခြင်း နိဗ္ဗာန် ကို ခေါ်ဆိုတာပါ။အရိယာ တို့ သာ မြင်တွေ့ နိုင်ပါတယ်။
သင်္ခတ ဆိုတာ မမြဲခြင်း သဘော။ အနိစ္စ။ ခန္ဓာရဲ့  ဖြစ်ခြင်းပျက်ခြင်း ကို ဆိုတာဖြစ်ပါတယ်။
ဖြစ်ခြင်း ပျက်ခြင်း ကိုမှ မမြင်ရင်တော့ နိဗ္ဗာန် နဲ့ ဝေးနေသေးတဲ့သူပါပဲ။သူ့ ကို အန္ဓ ပုထုဇဉ်လို့  ခေါ်ပါတယ်။
ဒါကြောင့် အရိယာ ပုဂ္ဂိုလ်ကို ဆည်းကပ် ခြင်း က နိဗ္ဗာန် ကို မျက်မှောက်ပြုဖို့ 
နည်းလမ်းမှန် ကို ရပါလိမ့်မယ်။
အရိယာ ဆိုတာ ထင်ရှားသိမြင်နိုင်ခြင်း မရှိလေတော့
ကလျာဏ မိတ္တ ကိုရှာ ပြီး ဆည်းကပ်သင့်လှပါတယ်
သင်္ခတ ကိုသော်၎င်း
အသင်္ခတ ကိုသော်၎င်း
မြင်သော ပုဂ္ဂိုလ်ကို ဆည်းကပ်နိုင်ကြပါစေ
*****တတိယမြောက် သမီးတော်*****
Posted on: Tuesday, May 14, 2013
လူအ
တစ်ချို့  လူတွေဟာ သူများတွေ တရားအားထုတ်ရာမှာ အေးအေးချမ်းချမ်း ရှိဖို့ 
လှူကြတယ် အဟာရအတွက် နေဖို့  အတွက် မပူမပင် မကြောင့်မကြ နေနိုင်အောင်
လှူလိုက်ကြတာ။ ကိုယ်တိုင်ကြတော့ တရားအားမထုတ်ဘူး။
အဲ့လိုလူက "လူအ" ပဲ
သူများအေးချမ်းဖို့ ပဲ လုပ်တယ် ကိုယ်တိုင်အေးချမ်းအောင်တော့  အားမထုတ်ဘူး။
တကယ် မှန်မှန်ကန်ကန် မဆုံးဖြတ်တတ်တာမျိုးပါ။
သူများကိုတော့ အေးတဲ့နေရာ အရိပ်ကိုသွားပါပြောပြီး ကိုယ်က နေပူထဲနေနေတာ
အနှစ်နာခံတဲ့သူရဲကောင်းလို့ သူကိုယ်သူ ထင်နေမယ်
တကယ်တော့ လူအ တွေပါ။
ကိုယ်ဘာသာအေးချမ်းအောင်နေပြီး သူများကိုပူချင်ပူ လို့  နေပူထဲမှာ ပစ်ထားတာလဲ
မှန်ကန် တဲ့ လုပ်ရပ်တော့ မဟုတ်ဘူး။
ကိုယ်တိုင်လည်းအေးချမ်းအောင် အရိပ်ထဲရောက်အောင် လုပ်ရမယ်။ သူများကိုလည်း အရိပ်ထဲကို
လက်တွဲပြီးခေါ်ရမယ်။ ဒါမှ မှန်ကန်တဲ့လုပ်ရပ် ဖြစ်မယ်။
သူများကိုအေးချမ်းအောင်လုပ်ပါစေ ဆိုပြီး အရိပ်ထဲတွန်းပို့ 
ကိုယ်တိုင်ကတော့ နေပူမှာနေတယ် ဆိုရင်တော့
ကိုယ့်ကို ကိုယ်လူအ လို့  သိထားလိုက်ပေတော့။
(ဓမ္မ ရံသီ မိုးကုတ် ရိပ်သာ ကျောင်းများ၏ ဦးစီး ပဓာန နာယက နိုင်ငံတော် ကမ္မဌာနာစရိယ
ပြည်တွင်းပြည်ပ သာသနာပြု ဓမ္မ ကထိက ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ၏ အခြေခံ ၀ိပဿနာ ရှူပွားနည်း
တရားတော် ) မှ ကောက်နုတ် ဖေါ်ပြပါသည်။
အလှူဒါန နဲ့ တင်းတိမ်ရောင့်ရဲ မနေကြပဲ ကိုယ်ကို တိုင် သစ္စာ တရားသိမြင်၍ သူတပါးကိုပါ လက်တွဲ
ဆွဲခေါ်နိုင်သူများဖြစ်ကြပါစေ
*****တတိယမြောက်သမီးတော်*****
Posted on: Wednesday, May 8, 2013
ငါ သေရင် အေးရော
ငါ ဆိုတာ ဒိဌိ ကိုပြောတာ
ဒိဌိ ပြုတ်မှ သောတာပန် တည်မှာဖြစ်ပါတယ်
ငါ့ ကို မချစ်ပါနဲ့
ငါ့ ကိုသေအောင်သတ်ကြပါ
ငါ သေရင် အေးရော
(ဓမ္မ ရံသီ မိုးကုတ် ရိပ်သာ ကျောင်းများ၏ ဦးစီး ပဓာန နာယက နိုင်ငံတော် ကမ္မဌာနာစရိယ
ပြည်တွင်းပြည်ပ သာသနာပြု ဓမ္မ ကထိက ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ၏ အခြေခံ ၀ိပဿနာ ရှူပွားနည်း
တရားတော် ) မှ ကောက်နုတ် ဖေါ်ပြပါသည်။
ပယ်သတ်ရမည့် ကိလေသာ(၁၀)ပါးတွင် ဒိဌိ နှင့်ဝိစိကိစ္ဆာကို အရင်ဦးစွာ ပယ် ရ သတ်ရမည် ဖြစ်ပါသည်။
ဒိဌိ ကို သိမှ ဒိဌိ ကိုပယ်သတ်ရမည်မှန်းသိပေလိမ့်မည်။ အခြေခံ အားဖြင့် ဒိဌိ (၃) မျိုးကို လေ့ လာ
မှတ်သားပြီး ၀ိပဿနာ မဂ် ဖြင့် ပယ်သတ်နိုင်ကြပါစေ။
*****တတိယမြောက်သမီးတော်*****
Posted on: Saturday, May 4, 2013
နိဗ္ဗာန် ရောက်ကြောင်းကျင့်စဉ်(၄)ပါး
ငြိမ်းချမ်းသောဘ၀ ပိုင်ရှင်ဖြစ်ဖို့ ။ လောကဓံ တရားကိုသီးခံနိုင်ဖို့ ။
ငြိမ်းအေးတဲ့ သူတော်ကောင်းရတနာ ဖြစ်ဖို့ ။ တခဏ ဖြစ်ရတဲ့ လူ့  ဘ၀ မှာ
အနှစ် ရှိတဲ့ သူတော်ကောင်းတွေ ဖြစ်ဖို့ ရာ။ သစ္စာသိဖို့ ရာ။ အိုနာသေ ဒုက္ခ က လွှတ် မြောက်ဖို့ ရာ ။
ရည်ရွယ် ချက် နဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက နိဗ္ဗာန်ရောက်ကြောင်းတရားတွေ ကို
ကျကျ နန ဟောကြားတော်မူခဲ့ပါတယ်။
နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်(၄)ပါး ရှိပါတယ်။
(၁) ကာယာ နုပဿနာ သတိပဌာန်
(၂)ဝေဒနာ နုပဿနာ သတိပဌာန်
(၃)စိတ္တာ နုပဿနာ သတိပဌာန်
(၄)ဓမ္မာ နုပဿနာ သတိပဌာန် စသည်တို့  ဖြစ်ကြပါတယ်။
(၁) ကာယာ နုပဿနာ သတိပဌာန် ကတော့
ရုပ် ရဲ့ ဖြစ်ပျက်ကို ရှူတာ ပွားများတာ မိမိ သန္တာန်မှာ ပေါ်လာသမျှ ဖောက်ပြန်တိုင်း
ဖောက်ပြန်တိုင်း ပျက်စီးတိုင်း ပျက်စီးတိုင်း အမှန် တိုင်းသိအောင် ဆုံးဖြတ်ချက်ချ တဲ့ သတိပဌာန် ကို
ကာယာ နုပဿနာ သတိပဌာန် လို့  ခေါ်ပါတယ်။ ကိလေသာ ထူပြီး ဥာဏ်ထိုင်းတဲ့သူတွေကို
ကာယာနုပဿနာ သတိပဌာန် ရှုမှတ်အားထုတ်ရန် သင့်လှပါတယ်။
(၂)ဝေဒနာ နုပဿနာ သတိပဌာန် ကတော့
ပေါ်လာသမျှ ဝေဒနာ ကို ဖြစ်ပြီးပျက်သွားတာလေး မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချတဲ့
သတိပဌာန် ဖြစ်ပါတယ်။ ကိလေသာပါးပြီး ဥာဏ်ထက်တဲ့သူ တွေကတော့ ဝေဒနာ နုပဿနာ
သတိပဌာန် ရှုမှတ် အားထုတ် ရန်သင့်လှပါတယ်။
(၃)စိတ္တာ နုပဿနာ သတိပဌာန် ကတော့
စိတ် မှာပေါ်လာသမျှ ဖြစ်ပြီးပျက်တယ် လို့  မှန်မှန် ကန်ကန် ဆုံးဖြတ်ချက်ချတဲ့ သတိပဌာန် ပဲ
ဖြစ်ပါတယ်။ ဒိဌိ စရိုက်များပြီး ဥာဏ်ထိုင်းတဲ့သူ တွေ စိတ္တာ နုပဿနာ သတိပဌာန် ကို
ရှူ မှတ် ပွားများသင့်လှပါတယ်။
(၄)ဓမ္မာ နုပဿနာ သတိပဌာန် ကတော့
ပေါ်လာသမျှ ဓမ္မ ကို ဖြစ်ပျက် မှန်မှန်ကန်ကန် ရှူမှတ် ဆုံးဖြတ် ချက်ချ ဖို့ ဖြစ်ပါတယ်။
ကိလေသာပါးပြီး ဥာဏ်ထက်တဲ့သူတွေ ဓမ္မာနုပဿနာသတိပဌာန်ကို ရှူမှတ်ပွားများသင့်လှပါတယ်။