THAMEETAW
THIRD
Posted on: Saturday, June 22, 2013
Posted on: Wednesday, June 12, 2013
သောတာပန် ကာမဂုဏ်ခံစားမှုနှင့် ပုထုဇဉ်တို့ ခံစားမှုဟာ အတူတူပဲ မဟုတ်လား
ဒကာ။ ။ အာရုံငါးပါး ကာမဂုဏ်တရား ခံစားတဲ့နေရာမှာ
သောတာပန်, သကဒါဂါမ် ခေါ်တဲ့ အရိယာတို့ ခံစားကြတဲ့ စားသောက် မှု
ရသာရုံ၊ ပွဲက တီးမှုတ်သီဆိုမှုတို့ကို ကြည့်ရှုခံစားခြင်း, ရူပါရုံ, သဒ္ဒါရုံ, ဇနီးခင်ပွန်း
အိပ်ခန်းစက်ရာဝင်ကာ ပေါင်းသင်းမှု စတဲ့ ၀တ္ထုကာမတွေ
ခံစားတဲ့အခါမှာနဲ့၊ ပုထုဇဉ်တို့ခံစားကြတဲ့အခါမှာ ဖြစ်ပေါ် ဖြစ်ပေါ် လာ
နေတဲ့ ရာဂစိတ်တွေဟာ အဲဒီ ၀တ္ထုကာမ သင်္ခါရတွေအပေါ်မှာ သုခ,
သုခ ဟု မှတ်ယူခံစားတာချင်း တူ,မတူ စာပေက ဘယ်လိုဆိုပါသလဲ
ဆရာတော်၊ တပည့်တော်တို့ တူတယ်, မတူဘူး ဟု ငြင်းခုံမှုရှိနေလို့
ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ အင်း....အရိယာနဲ့ ပုထုဇဉ်တို့ဟာ ကာမဂုဏ်ခံစား
ပုံခြင်းကတော့ ကာမ၀တ္ထုချင်း အတူတူပါပဲ၊ သောတာပန်, သကဒါဂါမ်
ခေါ်တဲ့ အရိယာတွေဟာလည်း ဒီ ကိုယ်ပိုင် ကာမ၀တ္ထုကို ခံစားကြတာ
ပဲ၊ ပုထုဇဉ်တွေလည်း ဒီကာမ၀တ္ထုကို ခံစားကြတာပါပဲ။ ဒါပေမဲ့ သုံးစွဲ
ခံစားတဲ့အခါမှာ အတွင်းစိတ်ဓာတ်ဖြစ်လာတာချင်းကတော့ မတူဘူး၊
တော်တော်ပဲ ကွာခြားကြတယ်၊ သောတာပန်, သကဒါဂါမ်တို့ ၀တ္ထု
ကာမကို ခံယူသုံးစွဲပုံက အပါယ်လားကြောင်းမဟုတ်တဲ့ ကာမရာဂ
ကိလေသာ ပူပန်လာတဲ့အခါမျိုးမှာ ထိုထို ကိလေသာ အပူဘေး
အေးငြိမ်းရုံလောက်အတွက်မျှ ဒိဋ္ဌိမဖက်မပါ, မယှဉ်တဲ့ စိတ်နဲ့သာ
အဲဒီတောင့်တပူပန်မှု တစုံတခုသော သင်္ခါရကို သုခသညာနဲ့ မှတ်ယူ
ခံစားကြတာဖြစ်တယ်။
သောတာပန်, သကဒါဂါမ်တို့ ကာမဂုဏ် ခံစားမှု ပြုတဲ့အခါ ဒိဋ္ဌိ
ဝိပ္ပလ္လာသ လုံးဝမပါဘူး၊ သညာဝိပ္ပလ္လာသ လောက်နဲ့သာ သုခဟု
မှတ်ထင်ခံစားကြတာ၊ သူတို့မှာ အနိစ္စနဲ့ အနတ္တလက္ခဏာဟာ အမြဲ
ထင်နေတာမို့ ရံခါ ဒုက္ခကို သုခဟူ၍လည်းကောင်း၊ အသုဘကို သုဘ
ဟူ၍လည်းကောင်း အသိ, အမှတ်, ပြောင်းပြန်ဖြစ်သွားတာကလေး
လောက်ပဲရှိတယ်၊ အဲဒါကို စိတ္တ၀ိပ္ပလ္လာသ နှစ်ပါးနဲ့ ခံစားသွားကြတာပဲ။
အရိယာပုဂ္ဂိုလ်တို့ ငါးဖြာအာရုံ ကာမဂုဏ် ခံစားတဲ့အခါမှာ ကာမ
ဝတ္ထုတစုံတခုသော သင်္ခါရတို့ကို သုခဟု မှတ်ယူသုံးဆောင် ခံစားပုံချင်း
ပုထုဇဉ်နဲ့ မတူပုံကို အင်္ဂုတ္တရ အဋ္ဌကထာဆရာက.....
ဒိဋ္ဌိဝိပ္ပယုတ္တစိတ္တေန ပန အရိယသာဝကော ပရိဠာဟာ ဘိဘူတော
ပရိဠာဟ ဂူပသမတ္တံ၊ မတ္တဟတ္ထိ ပရိတ္တာသိတော ၀ိယ စောက္ခဗြဟ္မဏော
ဂူထံ ကဉ္စိသင်္ခါရံ သုခတော ဥပဂစ္ဆတိ။
မတ္တဟတ္ထိ- အမုန်ယိုမူးယစ်နေတဲံ့ ဆင်ကြီးလိုက်ထိုးသဖြင့်ထိုဘေး
မှလွတ်မြောက်ရေးအတွက် သန့်စင်မြင့်မြတ်သော အကျင့်ရှိတဲ့ ဗြဟ္မာဏ
ဟာ စက်ဆုပ်ရွံရှာလျက်ပင် မစင်တောထဲသို့ မ၀င်မကပ် မခိုလိုဘဲ ၀င်
ရောက်ခိုလှုံလိုက်ရသလို၊ ထိုနည်းတူစွာ အရိယာသာဝကတို့ဟာလည်း
မဂ်ဖြင့်မပယ်သတ်ရသေးတဲ့ အပါယ်လားကြောင်းမဟုတ်သော ကာမရာဂ
ကိလေသာ တစုံတခု ၀င်ရောက်ပူပန်လာသောအခါ ယင်းကိလေသာအပူ
ဘေး ငြိမ်းအေးရုံမျှသာ ဒိဋ္ဌိဖြင့် မယှဉ်တဲ့စိတ်ဖြင့် ဒီသောတာပန်,သကဒါဂါမ်
ပုဂ္ဂိုလ်တို့ဟာ တစုံတရာသော သင်္ခါရကို သုခဟူသောအမှတ်ဖြင့်ခံစားကြ
တယ်-
လို့ဖွင့်ဆိုထားတယ်၊ ပုထုဇဉ်တို့ ကာမဂုဏ်ခံစားပုံကတော့ အများအားဖြင့်
မိစ္ဆာဒိဋ္ဌိနှင့်ယှဉ်ကာ စုံရေမျက်ပြဲ စွဲစွဲလန်းလမ်း အငန်းမရ ၀၀လင်လင် ဆင်
ခြင်ဉာဏ်လုံးဝမပါဘဲ မှားမှားယွင်းယွင်းနဲ့ အားရပါးရကြီးသာ ခံစားကြသော
ကြောင့် အပါယ်လားခြင်းကသာ များချေသည်တဲ့။ ဆိုလိုရင်းကတော့ ပုထုဇဉ်
တို့ ကာမဂုဏ်ခံစားပုံကတော့ အများအားဖြင့်ဒိဋ္ဌိဂတသမ္ပယုတ်စိတ်နဲ့သာ အပါယ်လားကြောင်းဖြစ်အောင် ခံစား, စံစားတတ်ကြသည်၊ သောတာပန်, သကဒါဂါမ်တို့ခံစားပုံကတော့ အပါယ်လားကြောင်းမဟုတ်တဲ့ ဒိဋ္ဌိဂတ၀ိပ္ပ
ယုတ်စိတ်ဖြင့်သာ ပြုလုပ်မှီဝဲ ခံစားကြလေသည်တဲ့၊ အဲဒါဟာ ပုထုဇဉ်နဲ့
အရိယာတို့ ကာမဂုဏ်ခံစားပုံခြင်း မတူကွဲပြား ခြားနားချက်ပဲ၊
ကဲ...ကျေနပ်ကြပြီလား၊ နည်းယူသုံးစွဲ ခံစားတတ်ကရောပေါ့နော်။
ဒကာ။ ။ ရှင်းလင်းကြပြီဖြစ်၍ ကျေနပ်လှပါတယ်ဆရာတော်၊
အရိယာတို့နည်းယူပြီး အပါယ်မလားအောင် သုံးစွဲခံစားဖို့ သတိရှိကြပါပြီ
ဘုရား။
အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ
ခံစားတဲ့အခါမှာနဲ့၊ ပုထုဇဉ်တို့ခံစားကြတဲ့အခါမှာ ဖြစ်ပေါ် ဖြစ်ပေါ် လာ
နေတဲ့ ရာဂစိတ်တွေဟာ အဲဒီ ၀တ္ထုကာမ သင်္ခါရတွေအပေါ်မှာ သုခ,
သုခ ဟု မှတ်ယူခံစားတာချင်း တူ,မတူ စာပေက ဘယ်လိုဆိုပါသလဲ
ဆရာတော်၊ တပည့်တော်တို့ တူတယ်, မတူဘူး ဟု ငြင်းခုံမှုရှိနေလို့
ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ အင်း....အရိယာနဲ့ ပုထုဇဉ်တို့ဟာ ကာမဂုဏ်ခံစား
ပုံခြင်းကတော့ ကာမ၀တ္ထုချင်း အတူတူပါပဲ၊ သောတာပန်, သကဒါဂါမ်
ခေါ်တဲ့ အရိယာတွေဟာလည်း ဒီ ကိုယ်ပိုင် ကာမ၀တ္ထုကို ခံစားကြတာ
ပဲ၊ ပုထုဇဉ်တွေလည်း ဒီကာမ၀တ္ထုကို ခံစားကြတာပါပဲ။ ဒါပေမဲ့ သုံးစွဲ
ခံစားတဲ့အခါမှာ အတွင်းစိတ်ဓာတ်ဖြစ်လာတာချင်းကတေ
တော်တော်ပဲ ကွာခြားကြတယ်၊ သောတာပန်, သကဒါဂါမ်တို့ ၀တ္ထု
ကာမကို ခံယူသုံးစွဲပုံက အပါယ်လားကြောင်းမဟုတ်တဲ့ ကာမရာဂ
ကိလေသာ ပူပန်လာတဲ့အခါမျိုးမှာ ထိုထို ကိလေသာ အပူဘေး
အေးငြိမ်းရုံလောက်အတွက်မျှ ဒိဋ္ဌိမဖက်မပါ, မယှဉ်တဲ့ စိတ်နဲ့သာ
အဲဒီတောင့်တပူပန်မှု တစုံတခုသော သင်္ခါရကို သုခသညာနဲ့ မှတ်ယူ
ခံစားကြတာဖြစ်တယ်။
သောတာပန်, သကဒါဂါမ်တို့ ကာမဂုဏ် ခံစားမှု ပြုတဲ့အခါ ဒိဋ္ဌိ
ဝိပ္ပလ္လာသ လုံးဝမပါဘူး၊ သညာဝိပ္ပလ္လာသ လောက်နဲ့သာ သုခဟု
မှတ်ထင်ခံစားကြတာ၊ သူတို့မှာ အနိစ္စနဲ့ အနတ္တလက္ခဏာဟာ အမြဲ
ထင်နေတာမို့ ရံခါ ဒုက္ခကို သုခဟူ၍လည်းကောင်း၊ အသုဘကို သုဘ
ဟူ၍လည်းကောင်း အသိ, အမှတ်, ပြောင်းပြန်ဖြစ်သွားတာကလေး
လောက်ပဲရှိတယ်၊ အဲဒါကို စိတ္တ၀ိပ္ပလ္လာသ နှစ်ပါးနဲ့ ခံစားသွားကြတာပဲ။
အရိယာပုဂ္ဂိုလ်တို့ ငါးဖြာအာရုံ ကာမဂုဏ် ခံစားတဲ့အခါမှာ ကာမ
ဝတ္ထုတစုံတခုသော သင်္ခါရတို့ကို သုခဟု မှတ်ယူသုံးဆောင် ခံစားပုံချင်း
ပုထုဇဉ်နဲ့ မတူပုံကို အင်္ဂုတ္တရ အဋ္ဌကထာဆရာက.....
ဒိဋ္ဌိဝိပ္ပယုတ္တစိတ္တေန ပန အရိယသာဝကော ပရိဠာဟာ ဘိဘူတော
ပရိဠာဟ ဂူပသမတ္တံ၊ မတ္တဟတ္ထိ ပရိတ္တာသိတော ၀ိယ စောက္ခဗြဟ္မဏော
ဂူထံ ကဉ္စိသင်္ခါရံ သုခတော ဥပဂစ္ဆတိ။
မတ္တဟတ္ထိ- အမုန်ယိုမူးယစ်နေတဲံ့ ဆင်ကြီးလိုက်ထိုးသဖြင့်ထိုဘေး
မှလွတ်မြောက်ရေးအတွက် သန့်စင်မြင့်မြတ်သော အကျင့်ရှိတဲ့ ဗြဟ္မာဏ
ဟာ စက်ဆုပ်ရွံရှာလျက်ပင် မစင်တောထဲသို့ မ၀င်မကပ် မခိုလိုဘဲ ၀င်
ရောက်ခိုလှုံလိုက်ရသလို၊ ထိုနည်းတူစွာ အရိယာသာဝကတို့ဟာလည်း
မဂ်ဖြင့်မပယ်သတ်ရသေးတဲ့ အပါယ်လားကြောင်းမဟုတ်သော ကာမရာဂ
ကိလေသာ တစုံတခု ၀င်ရောက်ပူပန်လာသောအခါ ယင်းကိလေသာအပူ
ဘေး ငြိမ်းအေးရုံမျှသာ ဒိဋ္ဌိဖြင့် မယှဉ်တဲ့စိတ်ဖြင့် ဒီသောတာပန်,သကဒါဂါမ်
ပုဂ္ဂိုလ်တို့ဟာ တစုံတရာသော သင်္ခါရကို သုခဟူသောအမှတ်ဖြင့်ခံစားကြ
တယ်-
လို့ဖွင့်ဆိုထားတယ်၊ ပုထုဇဉ်တို့ ကာမဂုဏ်ခံစားပုံကတော့ အများအားဖြင့်
မိစ္ဆာဒိဋ္ဌိနှင့်ယှဉ်ကာ စုံရေမျက်ပြဲ စွဲစွဲလန်းလမ်း အငန်းမရ ၀၀လင်လင် ဆင်
ခြင်ဉာဏ်လုံးဝမပါဘဲ မှားမှားယွင်းယွင်းနဲ့ အားရပါးရကြီးသာ ခံစားကြသော
ကြောင့် အပါယ်လားခြင်းကသာ များချေသည်တဲ့။ ဆိုလိုရင်းကတော့ ပုထုဇဉ်
တို့ ကာမဂုဏ်ခံစားပုံကတော့ အများအားဖြင့်ဒိဋ္ဌိဂတသမ္ပယုတ်စိတ်
ယုတ်စိတ်ဖြင့်သာ ပြုလုပ်မှီဝဲ ခံစားကြလေသည်တဲ့၊ အဲဒါဟာ ပုထုဇဉ်နဲ့
အရိယာတို့ ကာမဂုဏ်ခံစားပုံခြင်း မတူကွဲပြား ခြားနားချက်ပဲ၊
ကဲ...ကျေနပ်ကြပြီလား၊ နည်းယူသုံးစွဲ ခံစားတတ်ကရောပေါ့နော်။
ဒကာ။ ။ ရှင်းလင်းကြပြီဖြစ်၍ ကျေနပ်လှပါတယ်ဆရာတော်၊
အရိယာတို့နည်းယူပြီး အပါယ်မလားအောင် သုံးစွဲခံစားဖို့ သတိရှိကြပါပြီ
ဘုရား။
အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ
https://www.facebook.com/groups/358953880845864/permalink/471383859602865/
မှ ကူးယူဖေါ်ပြပါသည်။
*****တတိယမြောက်သမီးတော်*****
Posted on: Tuesday, June 11, 2013
ဗုဒ္ဓဘာသာအမှတ်တံဆိပ်တော် နှင့် အဓိပ္ပါယ် ရှင်းလင်းချက်
၁။ မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော် ခြောက်ပါးကို အကြောင်းပြုရည်ရွယ်ကာ ပြုလုပ်ထားသော
သာသနာ့ အလံတော်ကို နောက်ခံထားသည်။
၂။ ၉၆၉ ၏ အဓိပ္ပါယ်မှာ- ဘုရားဂုဏ်တော်(၉)ပါး၊တရားဂုဏ်တော်(၆)ပါး၊သံဃာဂုဏ်တော်(၉)ပါး ကို
ရည်ရွယ်သည်။
၃။ အသောက ကျောက်တိုင် အဓိပ္ပါယ်-ခြင်္သေ့ ၊ ဆင် ၊မြင်း ၊ နွား အရုပ်များပါရှိသည်။ အသောကမင်း၏
သာသနာတော်ထွန်းကားပြန့် ပွားရေး ဆောင်ရွက်ချက်ကြောင့် မြန်မာနိုင်ငံတော်တွင် သာသနာတည်
ရှိနေခြင်း၏ ကျေးဇူးတရားများကို မမေ့ သင့်ပါ။
(၉၆၉-ကိုပေါင်းလျှင်(၂၄)ရပါသည်။ ၂၄ ပစ္စည်းပဌာန်း၏ စက်ဝိုင်းကို သာသနာ့အလံပေါ် နောက်ခံ ထားပါသည်။)
အသောက မင်းကြီး၏ သာသနာစိတ်ဓါတ်
ခြင်္သေ့ မင်း လို ၀ီရိယ မလျော့ ပါနှင့်
♦♦အများအကျိုးကိုဆောင်ရွက်လို။ခြင်္သေ့ လိုကျင့်ရမည်။
ယုံငယ်မှာလည်း မလျော့ပဲ ။အမြဲခုန်အုပ်သည်။
လုံလ ကဲကဲ မလျော့ပဲ၊ အမြဲလုပ်ရမည်။
ဆင်လိုသက်လုံကောင်းပါစေ
♦♦ အများအကျိုးဆောင်ရွက်လို ဆင်လိုကျင့်ရမည်။
လက်နက်မှန်လည်းမလျော့ပဲ ။စစ်ပွဲဆင်နွဲမည်။
ဘာပဲကြုံကြုံ ၊ ကိုမဖြုံ၊ သက်လုံကောင်းရမည်။
မြင်းလိုလျှင်မြန်ရမည်
♦♦အများအကျိုးဆောင်ရွက်လို မြင်းလိုကျင့်ရမည်။
သွက်လက်လျှင်မြန်၊အားသန်သန်၊ပန်းတိုင်မှန်ကို လျှောက်ရမည်။
ပန်းတိုင်းမရောက်ခင်လက် မမြှောက် တောက်လျှောက်ကျင့်ရမည်။
နွားလို လောကဓံကို သည်းခံနိုင်ရမည်။
♦♦အများအကျိုးဆောင်ရွက်လို နွားလိုကျင့်ရမည်။
ရိုက်နက်သော်လည်း စိတ် မဆိုးပဲ အမြဲ သည်းခံမည်။
ဤလောကဓံ၊သည်းညည်းခံ အမှန်ကျင့်ရမည်။
သာသနပါလက ဂဏ၀ါစက သံဃာ့အဖွဲ့ (မော်လမြိုင်)
ဦးဆောင်၍ သာသနာပြုတော်မူသော ဆရာတော်များနှင့်အတူ ကုသိုလ် ပါဝင်လှူဒါန်းနိုင်ပါသည်။
ဖုန်း-၀၉၂၀ ၃၃၆၈၇။၀၉၄၉ ၂၄၄၂၄၁။ ၀၉၄၀ ၀၄၀၇၅၅၉။၀၉၄၀ ၀၄၀၉၃၇၃။
*****တတိယမြောက်သမီးတော်*****
Posted on: Sunday, June 9, 2013
ဘုရားနဲ့  ဆွေမျိုးတော်ချင်သူ နှင့် ဘုရားနှင့် ဆွေမျိုးတော်အောင်ကြိုးစားနည်း။
အခါတပါး မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က နိဗ္ဗာန် ရောက်ကြောင်းတရားသည် အဘယ်တရားနည်းဟု
မေးလေသော် ရဟန်းတော်များတစ်ပါးသော်မျှ ဖြေကြားနိုင်ခြင်းမရှိသည့်အတွက် ဘုရားရှင် ကိုယ်တော်
တိုင် ပြန်လည်ဖြေကြားပေးခဲ့ရလေ၏။
ဝိပဿနာ တရားသာလျှင် နိဗ္ဗာန်ရောက်ကြောင်းတရားဖြစ်၏။
ကောသလ မင်းကြီးသည် ဘုရားရှင်အား ကြည်ညိုလွန်းသူဖြစ်သောကြောင့် ဘုရားရှင်နှင့် ဆွေမျိုးတော်
ရသော်ကောင်းလေ၏ ဟု တွေးတောကြံစည်၍ သာကီဝင်မင်းတို့  ထံမှ မင်းသမီး တစ်ပါးကိုတောင်းခံ
ရာ။ သာကီဝင် အမျိုးအနွယ်တို့ သည် သာကီဝင်နွယ် များသာမြင့်မြတ်သည် ဟု ယူဆ သူများဖြစ်သော
ကြောင့် မင်းသမီးတစ်ပါးပါးကိုအပ်နှင်းခြင်းမပြုပဲ အစေခံကျွန်မ တစ်ယောက်ကိုမင်းသမီးအ၀တ်တန်ဆာတို့ 
ဆင်မြန်းပေး၍ အပ်နှင်းခဲ့ဖူး၏။
ဘုရားရှင် ကိုယ်တော်မြတ်က ငါဘုရား ဟောသောတရားတော်တို့ ကို
နာကြား မှတ်သား ပွားများ အားထုတ် ဖြစ်ပျက် မြင်အောင် လုပ်ပါက ငါဘုရားနှင့် အမျိုးတော်၏ ဟု
မိန့် တော်မူသည်။
ဖေါ်ပြပါဥာဏ်(၃) ပါး ကို ရသောသူသည် ဘုရားရှင် နှင့်ဆွေမျိုးတော်သောဗုဒ္ဓဘာသာ ၀င်အစစ်ဖြစ်သည်။
၁။ ကျိုးကြောင်းသိသော ဥာဏ်
၂။ရုပ် နာမ် သိသောဥာဏ်
၃။ဖြစ် ပျက် မြင်သော ဥာဏ်
ထို(၃)းပါးသော ဥာဏ် ကိုရသောသူသည် ဘုရားရှင်၏ သားသမီး ရတနာများဖြစ်၏
ဘုရားနှင့်ဆွေမျိုးတော်စပ်၏။
ကိုးကား။ ။ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ၏ ဗုဒ္ဓ လမ်းစဉ် ကျင့်စေချင် တရားတော်အား နာကြား
မျှဝေ ပါသည်။

Posted on: Friday, June 7, 2013
ကုသိုလ် စုံအောင် လုပ်ပါ
နောင်တ ဆိုသည်မှာ အကုသိုလ် စိတ် ဟု ဆရာတော်များ ဟောကြားသည်ကိုမှတ်သားနာယူဖူးပါသည်။
အကုသိုလ် ပြုသူသည် နောင်တ ရမည်မှာမလွဲပေ။
သို့ သော် ကုသိုလ် ပြု၍ နောင်တ ရသူ လည်းရှိ၏။
မည်ကဲ့သို့  နောင်တ ရပါမည်လဲ??????????
အခါတပါးမြတ်စွာဘုရားထံတော်သို့  (၉)မျိုးသော နတ်တို့သည် စုရုံးရောက်ရှိလာ၍
၎င်းတို့ ၏ ကုသိုလ်ကြောင့် ဖြစ်ရသော နောင်တ ကို လျှောက်တင်ကြလေ၏။
(၁) အရှင်ဘုရားတပည့်တော်တို့ ဟာသံဃာတော်များကို ရှိခိုးနေရာပေးသော်လည်း ခရီးဦးကြိုခြင်းမရှိခဲ့ပါ
ထို့ ကြောင့် နိမ့်ကျသော ဘုံဘ၀ ကို ရကြပါတယ် ဘုရား။
(၂)အရှင်ဘုရား တပည့်တော်တို့ ဟာ သံဃာတော်များကိုခရီးဦးကြိုသော်လည်း နေရာပေးသော်လည်း
ရှိခိုး ခြင်း မပြုခဲ့မိပါဘုရား။ ထို့ ကြောင့် ဘုံဘ၀ နိမ့်ကျခြင်းဖြစ်ပါတယ် ဘုရား။
(၃)အရှင်ဘုရားတပည့်တော်တို့ ဟာ သံဃာတော်များကို ခရီးဦးကြိုခြင်း ရှိခိုးခြင်းပြုသော်လည်း
နေရာထိုင်ခင်း မပေးခဲ့မိပါဘုရား။ ထို့ ကြောင့် နိမ့်ကျသော ဘုံဘ၀ ကို ရခြင်းဖြစ်ပါတယ် ဘုရား။
(၄)အရှင်ဘုရား တပည့်တော်တို့ ဟာသံဃာတော်များကို ခရီးဦးကြိုခြင်း။ရှိခိုးခြင်း။နေရာထိုင်ခင်းပေးခြင်းကို
ရွက်ဆောင်ခဲ့သော်လည်း စွမ်းနိုင်သလောက် မလှူခဲ့ပါဘုရား။ထို့ကြောင့် နိမ့်ကျသော ဘုံဘ၀ ကိုရခြင်း
ဖြစ်ပါတယ် ဘုရား။
(၅)အရှင်ဘုရား တပည့်တော်တို့ ဟာသံဃာတော်များကိုခရီးဦးကြိုခြင်း။ရှိခိုးခြင်း။နေရာထိုင်ခင်းပေးခြင်း။
စွမ်းနိုင်သလောက် လှူဒါန်းခြင်းများ ပြုခဲ့သော်လည်းတရားတော်ကိုနာကြားခြင်းမပြုခဲ့ပါဘုရား။
ထို့ ကြောင့် ဘုံဘ၀ နိမ့်ကျ ခြင်းဖြစ်ပါတယ် ဘုရား။
(၆) အရှင်ဘုရား တပည့်တော်တို့ ဟာသံဃာတော်များကိုခရီးဦးကြိုခြင်း။ရှိခိုးခြင်း။နေရာထိုင်ခင်းပေးခြင်း။ စွမ်းနိုင်သလောက် လှူဒါန်းခြင်း ။တရားတော်ကိုနာကြားခြင်းများ ပြုခဲ့သော်လည်း ထိုတရားတော်ကို
သေချာနားစိုက်၍နာကြားခြင်းများ မရှိခဲ့ပါဘုရား ။ထို့ ကြောင့် ဘုံဘ၀ နိမ့်ကျခြင်း ဖြစ်ရပါတယ်ဘုရား။
(၇)အရှင်ဘုရား တပည့်တော်တို့ ဟာသံဃာတော်များကိုခရီးဦးကြိုခြင်း။ရှိခိုးခြင်း။နေရာထိုင်ခင်းပေးခြင်း။ စွမ်းနိုင်သလောက်လှူဒါန်းခြင်း။တရားတော်ကိုနာကြားခြင်း။သေချာနားစိုက်နာကြားခြင်း။
ပြုခဲ့သော်လည်း မှတ်သား ဆောင်ထားခြင်း မရှိခဲ့ပါ ဘုရား။
ထို့ ကြောင့် ဘုံဘ၀ နိမ့်ကျရခြင်းဖြစ်ပါတယ် ဘုရား။
(၈) အရှင်ဘုရား တပည့်တော်တို့ ဟာသံဃာတော်များကိုခရီးဦးကြိုခြင်း။ရှိခိုးခြင်း။နေရာထိုင်ခင်းပေးခြင်း။ စွမ်းနိုင်သလောက်လှူဒါန်းခြင်း။တရားတော်ကိုနာကြားခြင်း။ထိုတရားတော်ကိုသေချာ
နားစိုက်နာကြားခြင်း။ မှတ်သားဆောင်ထားခြင်းများ ပြုခဲ့သော်လည်းတရားတော်များကိုစဉ်းစားဆင်ခြင်
ခြင်း မပြုခဲ့မိပါဘုရား။ထို့ကြောင့် ဘုံဘ၀ နိမ့်ကျခြင်းပါဘုရား။
(၉) အရှင်ဘုရား တပည့်တော်တို့ ဟာသံဃာတော်များကိုခရီးဦးကြိုခြင်း။ရှိခိုးခြင်း။နေရာထိုင်ခင်းပေးခြင်း။ စွမ်းနိုင်သလောက်လှူဒါန်းခြင်း။တရားတော်ကိုနာကြားခြင်း။ထိုတရားတော်ကိုသေချာနားစိုက်နာကြား
ခြင်း။မှတ်သားဆောင်ထားခြင်း။စဉ်းစာဆင်ခြင်ခြင်းများ ပြုခဲ့သော်လည်း အားမထုတ်ခဲ့မိပါဘုရား။
ထို့ ကြောင့် ဘုံဘ၀ နိမ့်ကျနေခြင်းဖြစ်ပါတယ် ဘုရား ။
အစရှိသဖြင့် ဘုရားရှင်ကိုယ်တော်မြတ်အား အသီးသီးလျှောက်ထား ကြလေသည်။
ထိုနတ်သားတို့၏ လျှောက်ထားချက်ကိုအကြောင့်ပြု၍ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က
" ချစ်သားတို့ ...ကုသိုလ်ပြုပါက ပြည့်ပြည့်စုံစုံ ဖြစ်အောင် ကုသိုလ်ပြုပါ " ဟူ၍ မိန့် တော်မူလေ၏။
++++++
ကုသိုလ်ပြုသူသည် ပြည့်ပြည့်စုံစုံ ပြုသင့်လှပါသည်။ အထက်ဖေါ်ပြပါ အတိုင်း
၁။ခရီးဦးကြိုခြင်း
၂။ရှိခိုးခြင်း။
၃။နေရာထိုင်ခင်းပေးခြင်း။
၎။စွမ်းနိုင်သလောက်လှူဒါန်းခြင်း။
၅။တ၇ားတော်ကိုနာကြားခြင်း။
၆။ဟောကြားသောတရားတော်ကို ဆောင်ထားမှတ်သားခြင်း။
၇။ထိုတရားတော်ကိုအာရုံပျံ့ လွှင့်မှူမရှိပဲ နာကြားခြင်း ။
၈။ထိုတရားတော်တို့ ၏ ဆိုလိုသည့်အဓိပ္ပါယ်ကို အပြန်ပြန် အလှန်လှန် စဉ်းစားဆင်ခြင်ခြင်း။
၉။တရားတော် မှ ညွှန်ပြသည့်အတိုင်း ကြိုးစားအားထုတ်ခြင်း.............စသဖြင့် ပြီးပြည့်စုံအောင်
ရွက်ဆောင် ပြုလုပ်သင့်ပါကြောင်း မှတ်သားမိသည့်အနှစ်သာရ ကို ရေးသားတင်ပြအပ်ပါသည်။
*****တတိယမြောက်သမီးတော်*****
ကျမ်းကိုး။ ။ဆရာတော် အရှင် ပညာဝရ-ဓမ္မဒူတ သိမ်ဇရပ် ၏ ကုသိုလ်စုံမှ ဘုံကောင်းရ တရားတော်ကို
နာကြားမှတ်သား၍ ပြန်လည်မျှဝေပါသည်။
Posted on: Wednesday, June 5, 2013
ရှင်မဟာ မောဂ္ဂလာန် ကိုယ်တော်မြတ် ရဟန္တာ ဖြစ်ခဲ့သော တရားတော်
ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ် ကြီး သောတာပန်တည်ပြီး ရဟန်းဝတ်သည်မှာ
(၇) ရက်မြောက်သောနေ့ ဖြစ်သည်း။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က ဥာဏ်တော်ဖြင့်
ကြည့်ရှူဆင်ခြင်သည်ရှိသော် ရှင် မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်အား အထက်မဂ်သုံးပါးဖြင့်
အရဟတ္တဖိုလ် ရောက်မည်ကိုမြင်တော်မူသဖြင့် ကိုယ်တော်တိုင်ကြွ၍ ဟောကြားခဲ့သော တရားတော်
ဖြစ်ပါသည်။
၎င်း တရားတော်ကို ဓါတ်(၆)ပါး ကမ္မဌာန်း ဟု ဖေါ်ပြထားပါသည်။
၁။ပထ၀ီဓါတ်=(မြေ ဓါတ်) မာမှူသဘော ပျော့မှူ သဘောကို ဆောင်သော တရားအစု
၂။အာပေါဓါတ်=(ရေဓါတ်) ယိုစီးမှူသဘောကိုဆောင်သော တရားအစု
၃။တေဇောဓါတ်=(မီးဓါတ်) ပူမှူသဘော အေးမှူသဘောကိုဆောင်သော တရားအစု
၎။ဝါယောဓါတ်=(လေဓါတ်)လှူပ်ရှားရုန်းကန်မှူသဘောကိုဆောင်သော တရားအစု
၅။အာကာသဓါတ်=အပေါက်အကြား ကြားဟင်းလင်းပြင် ကိုဖေါ်ဆောင်သော တရားအစု
၆။ဝိဥာဏ္ဏဓါတ်=သိမှူသဘောကိုဆောင်သော တရားအစု
ပထ၀ီ။အာပေါ။တေဇော။ဝါယော ဟု ခေါ်သောဓါတ်ကြီးလေးပါးတို့ သည် တည်မြဲခြင်းမရှိချေ။
ပထ၀ီ၏ မာမှူသဘော ပျော့မှူသဘောတို့  ကြားဖြစ်သည့်အချိန် (အာကာသဓါတ်)ကို
ဥာဏ်ဖြင့်သိမှူ ၀ိဥာဏ္ဏ ဓါတ်ဖြင့် ရှူမှတ်ခြင်းသည်၎င်း။
အာပေါဓါတ်၏ ယိုစီးမှူတွင် နဲနဲ ယိုစီးမှူ များများယိုစီးမှူတို့ကြား (အာကာသဓါတ်)ကို
ဥာဏ်ဖြင့်သိမှူ ၀ိဥာဏ္ဏ ဓါတ်ဖြင့် ရှူမှတ်ခြင်းသည်၎င်း။
တေဇောဓါတ်၏ ပူမှူ အေးမှူ တွင် တအေးနှင့် တအေးကြား တပူနှင့်တပူကြား ဖြစ်ပေါ်သည့် (အာကာသဓါတ်)ကိုဥာဏ်ဖြင့်သိမှူ ၀ိဥာဏ္ဏ ဓါတ်ဖြင့် ရှူမှတ်ခြင်းသည်၎င်း။
ဝါယောဓါတ်၏ လှူပ်ရှားရုန်းကန်ခြင်း တလှုပ်နှင့်တလှုပ် ကြား (အာကာသဓါတ်)ကို
ဥာဏ်ဖြင့်သိမှူ ၀ိဥာဏ္ဏ ဓါတ်ဖြင့် ရှူမှတ်ခြင်းသည်၎င်း။
ကြားဖြစ်ပေါ်သည့် တရားကို ဥာဏ်ဖြင့်ရှူမှတ်ဆင်ခြင် ခြင်းဖြင့်
ဂမ္ဘီရဆန်သော လှို့ ဝှက် နက်နဲ့သော အရိယာတို့သိအပ်သော တရားတို့သည် ဖြစ်ပေါ်လာ၏။
၎င်း အရိယာတို့ သိအပ်သောတရားသည် နိရောဓ သစ္စာ မည်၏။
ဖေါ်ပြပါ ဓါတ်ကြီးလေးပါးတို့  ၏ အာကာသ ဓါတ်ကို ၀ိဥာဏ္ဏဓါတ်ဖြင့် ရှုမှတ်ခြင်းဖြင့်
အရိယာတို့ သိအပ်သော နိရောဓ သစ္စာ ကို မြင်တွေ့ နိုင်ကြပါစေ။
ကိုးကား။ ။ အရှင် ဥာဏောဘာသာ ၏ဓါတ်(၆)ပါးကမ္မဌာန်း တရားခွေ ကို နာကြား
မှတ်သား၍ ရေးသားပါသည်။
*****တတိယမြောက်သမီးတော်*****