ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Posted on: Tuesday, July 24, 2012
မုန်းမာန်ဖွဲ့ ကာ ညှိုး ရက်သူကြောင့်
ဟောဒီမြို့  တမြို့ လုံးမှာတော့ ကျမ က အလှဆုံး ရှင့်..
ပြီးတော့ကျမ မိဘတွေကလည်းချမ်းသာတဲ့သူတွေလေ..။
အစစ အရာရာ ကျမ လိုချင်တာဘာမဆိုရတယ်…။
မျက်နှာတချက်မညှိုးစေရဘူး..။အဲ့တော့ ကျမ  က ဘာမဆို
လိုတရ ဖြစ်နေတာပေါ့..။ ဟော….ခုလည်းကြည့်…
ရာဇ၀တ်သင့်လာတဲ့ သတ္တုက ဆိုတဲ့လူကိုမြင်မြင်ချင်းချစ်မိသွားတာ
Posted on: Saturday, July 21, 2012
ငါ ရင်ဆိုင်တွေ့ လိုက်သောသေခြင်းတရား
အချိန် က နောက်ကျနေပြီ
အလင်းရောင်တွေ မှိန်ဖျော့နေပြီ
မသဲမကွဲ အလင်းရောင်နဲ့
လျှောက်နေရတဲ့လမ်းက
ဖုထစ် ချိုင့်ခွက်လို့ 
စမ်းတ၀ါးဝါး
ကြိုးစားပြီးလျှောက်လာ
လမ်းက လည်း တောင်တက်လမ်း
အကွေ့ အကောက်တွေ နဲ့
Posted on: Friday, July 20, 2012
စည်းစိမ် ချမ်းသာပြည့်စုံရခြင်း နှင့် အခြံအရံ ပေါများရခြင်း
စည်းစိမ် ချမ်းသာပြည့်စုံရခြင်း နှင့်  အခြံအရံ ပေါများရခြင်း
အကြောင်းရင်းတို့မှာအောက်ပါအတိုင်းဖြစ်ကြကုန်၏။
(က)  ၁-ယောက်သောသူသည် မိမိ ကိုယ်တိုင် ပေးလှူ၏။သူတစ်ပါးကို
မတိုက်တွန်း။ထိုသူသည် ဖြစ်တိုင်းဖြစ်တိုင်သောဘ၀`၌ စည်းစိမ်ချမ်းသာ
နှင့်သာ ပြည့်စုံရ၍ အခြံအရံနှင့်မပြည့်စုံ။
Posted on: Wednesday, July 18, 2012
အပြန်အလှန် အညှိုး
တစ်ဦးတည်းသောသားကို မိန်းမပေးစားပြီးကာမှမိန်းမမြုံ ဖြစ်နေလို့
 တခြားမိန်းမ တစ်ယောက်နဲ့ ပေးစားပြန်သတဲ့..။
အဲ့ဒီတော့ မယားကြီးနေရာကနေတဲ့သူကမယားငယ်သာ ကလေးမွေး
နိုင်ခဲ့ရင်တော့ သူပဲမျက်နှာသာရလို့ စည်းစိမ်တွေ ပိုင်ဆိုင်တော့မှာပဲဆိုပြီး
မနာလိုစိတ် နဲ့ မယားငယ်ကိုကြံစည်တယ်..။ ကိုယ်ဝန်ဆောင်ရင်သူ့ ကို
အကြောင်းကြားဖို့ ပေါ့..။မယားငယ်ကလည်း ကောင်းတဲ့စိတ်နဲ့ပြောတယ်ထင်လို့
တကယ်ပဲ ကိုယ်ဝန်ဆောင်တော့ ပြောပြတာပေါ့လေ..။ အဲ့ဒီမှာ
မယားကြီးလုပ်သူ က ဂရုစိုက်သလိုလိုနဲ့ ယာဂုလို့ခေါ်တဲ့ အဟာရ ကို
Posted on: Monday, July 9, 2012
ချစ်ကံခေ
ပွင့်သစ်စ ပန်းလေးတစ်ပွင့်လောက ကြီးအကြောင်းကိုကောင်းကောင်းမသိသေး။
သို့ သော် မိဘများက သာကေတ မြို့ မှသူဌေးသားတစ်ဦးနှင့်ပေးစားဖို့ပြောလာတော့
အံသြတုန်လှူပ် လက်မခံနိုင်စွာ ခေါင်းခါမိသည်။တစ်ဦးတည်းသောသမီးလေး ..ဒါသီ
အိမ်မှူကိစ္စ ဗာဟီရ `၌ ကျွမ်းကျင်လိမ်မာသူလေး။မိဘများက ဖူးဖူးမှူတ် သဲသဲလှူပ်
ချစ်မဆုံး။ အနန္တော အနန္တ ငါးပါးကိုလည်း ဦးထိပ်ထားကာ သဒ္ဒါရိုကျိုးမြတ်နိုးကြည်
ညိုသူ။အလှူရေစက် လက်နှင့်မကွာသူ။သီလ အရာမှာ နိစ္စဓူဝ ပဉ္စင်္ဂ သီလကိုခါးဝတ်
ပုဆိုးလိုမြဲမြံအောင်ဆောက်တည်သူ။
  အဆင်းလည်းလှ။အချင်းနှင့်လည်းပြည့်စုံ။လိမ္မာရေးခြားလည်းရှိ အနေအထိုင်သိပ်
သည်း  မိန်းမတော်-မိန်းမကောင်းလေး ဣသိဒါသီ  …တဲ့။ဒီနာမည်လေးကို မသိသူမရှိ။
ကာလ သားတို့ တမ်းတမ်းစွဲ စုံမက်နှစ်သက်ကြ၏။မြတ်နိုးတန်ဖိုးထား၏။အိမ်နားတ၀ိုက်
ဣသိဒါသီ ကိုမြင်ရနိုးနိုး လျှောက်ပြန်သံပေး အဝေးမှချောင်းမြောင်းကြည့်ကြ၏။
     သို့ ရာတွင် ဗိုင်းကောင်းကျောက်ဖိဣသိဒါသီလေး၏ အရိပ်အရောင်သော်မှ မမြင်ရ။
လောက၏ သဘာဝ မရနိုင်လေ လိုချင်လေ ဖြစ်၏။
``အဖေ ကလဲတွေ့ ရာလူနဲ့ပေးစားပါ့မလား..အဖေတို့ထက်နှစ်ဆ ချမ်းသာတယ်။
ယောင်္ကျားလေးကလဲ အဖက်ဖက် ကတော်ရှာတယ်။သောက်စားမူးယစ်မရှိဘူး။
သမီးနဲ့လိုက်ဖက်တဲ့  သတို့သားလောင်းလေးပါကွယ်``
``မိဘနဲ့အတူနေတာလောက်စိတ်ချမ်းသာစရာကောင်းတဲ့နေရာ..သမီးတော့
ရှာမတွေ့သေးဘူး အဖေရယ်``
Posted on: Wednesday, July 4, 2012
သမိုင်း
         လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော် ကတည်းက
မဂ္ဂသစ္စာကို ရှာဖွေခဲ့သည်မှာ ဒုတ်ထိုးအိုးပေါက်ပြောရမည်ဆိုလျှင်
အသေအကြေကိုဖြစ်သည်။တကိုယ်တော် နေထိုင်
သူတစ်ဦးအနေဖြင့် အလုပ်မများသော တာဝန်များကြောင့် 
အားနေတတ်သောအခါ ဘာလုပ်ရမှန်းမသိ ဖြစ်တတ်ကြသည်။
မိမိ သည်လည်းတကိုယ်တော် နေထိုင်သူဖြစ်သဖြင့်
အကောင်းဆုံးလုပ်ဆောင်မည်ဆိုသော စိတ်ကူးလေးတစ်ခု
ရှိနေခြင်းသည်ပင် တော်တော် ကိုအဖိုးထိုက်တန်သူ ဟု 
မိမိကိုယ်မိမိ ကင်ပွန်းတပ် အမွှန်းတင် လိုက်မိသည်။:D
                      သို့ သော်
Posted on: Wednesday, June 27, 2012
ဘုရားကို အမှန်တကယ် ပူဇော်နိုင်ကြပါစေ
ဘုရားနှစ်မျိုးရှိပါတယ်…
သဏ္ဍန်တော် ဘုရားနဲ့  ဥာဏ်တော် ဘုရား ပါ..
အားလုံးမြင်နေ ၊ တွေ့ နေ ပူဇော် နေကြတဲ့ .ဘုရား က သဏ္ဍန်တော် ဘုရား ဖြစ်ပါတယ်..
စေတီတော် ၊ ရုပ်တုတော် ၊ ပုံတော် စသဖြင့် ပေါ့ ... လူတိုင်းပုဂ္ဂိုလ်တိုင်း
Posted on: Monday, June 25, 2012
ဆုတောင်း
ဝေဿန္တရာ ဇာတ်တော်ကို ဖတ်မှတ်ဖူးသူတိုင်းသိပြီး
ကြမည်ဖြစ်ပါသည်။ဝေဿန္တရာမင်းကြီးသည် သားတော်
သမီးတော်တို့ကိုပုဏ္ဏားအားလှူဒါန်းပြီးသောအခါ
တာဝတိံသာ နတ်ပြည်မှ နတ်တို့ သနင်းသိကြာမင်းကြီးသည်
မင်းကြီးဝေဿန္တရာကို ပြုစုသူမဲ့မည်စိုးသောကြောင့် 
Posted on: Sunday, June 24, 2012
သောတာပန် ဖြစ်နိုင်တဲ့ အကြောင်း လေးပါး
သောတာပန်ဖြစ်နိုင်တဲံအကြောင်းလေးပါးကို
 ကျန်းဂမ်များမှာဤသို့ ဖေါ်ပြပါတယ်
Posted on: Saturday, June 23, 2012
အမြတ်ဆုံး
 မြတ်စွာဘုရားရှင်ဇေတ၀န် ကျောင်းတော် `၌ သီတင်းသုံးတော် မူစဉ်
သိကြားမင်းနှင့် တကွ နတ်အပေါင်းတို့ သည် စုဝေးရောက်ရှိကြကုန်၍
              သိကြားမ င်း က“ဘုန်းတော်ကြီးမြတ်သောမြတ်စွာဘုရား…
ဤမည်သော ပြဿနာ လေးရပ် တို့ ၏ အနက် အဓိပ္ပါယ် ကို
ကျွန်ုပ် တို့ အား ထင်ရှားဖြေဆို ပါကုန် ’’ဟူ၍ လျှောက်ထားလေ၏။
Posted on: Tuesday, June 19, 2012
မီးလွတ်စားသုံးသည်ဆိုရာဝယ်
မြတ်စွာဘုရားရှင် က မီးလွတ်စားကြဖို့မှာကြားဆုံးမတော်မူခဲ့ပါသည်။
ထို့ အတွက်ကြောင့်လားတော့မသိ မီးလွတ်စားသောကိုယ်တော်များ
တချို့ တချို့ နေရာများတွင် ရှိကြသည်။ကြည်ညိုကြသူများကလည်း
တအုံးအုံးနှင့်ပင်။လူတွေများစည်မှ စည် ။
                     ဘုရားဟောသည့်မီးလွတ်စားရန် အကြောင်းမှာ ဘယ်လိုမျိုး
ပါလဲ ဟူ၍ နည်းနည်းမှ လည်းမလေ့လာ။မိမိ ကတော့ ပြောအားရှိတာပေါ့။
Posted on: Monday, June 18, 2012
မင်္ဂလာရှိသောသူ
မြတ်စွာဘုရားဟောကြားတော်မူထားတဲ့ 
မင်္ဂလာတရားတော် ထဲမှာ 
``ဖုဌဿ လောက ဓမ္မေဟိ၊စိတ္တံ ယဿ န ကမ္ပတိ။``
               လို့ ပါပါတယ်…
Posted on: Sunday, June 17, 2012
မတူသော အကြောင်းများ
မြတ်စွာဘုရားရှင် ကိုယ်တော် မြတ်ကြီး ကသတ္တ၀ါတွေရဲ့  အကျိုးစီးပွား
အလို့ ငှါ  သစ္စာ(၂)ပါးကို ဟောကြားတော်မူပါတယ်…
 အတော်များများသိကြတာက သစ္စာ(၄)ပါး ပါ..
ခုပြောမယ့်သစ္စာ(၂)ပါး ကို တော့ ဟီရိ သြတပ္ပ  အလို့ ငှါ
Posted on: Friday, June 15, 2012
တည်းခိုခန်း
,ဂျပန် ဘုန်းတော်ကြီးတစ်ပါးဟာ  နန်းတော်ထဲ ကိုဝင် လာတယ်...
အမှတ်တမဲ့ ဆိုတော့ အစောင့်တွေ ကသတိမထားမိလိုက်ဘူး..
ရှင် ဘုရင် က ဘုန်းတော်ကြီးကိုတွေ့ တော့ မေးတယ်.
``အရှင်ဘုရား..ဘာအလိုရှိပါသလဲ ဘုရား .``
Posted on: Thursday, June 14, 2012
ဘယ်ကလာလို့  .ဘယ်ကိုသွားကြမှာလဲ
မြတ်စွာဘုရားရှင် ဟောကြားခဲသော မရဏဿတိ ကို 
ယက်ကန်းသည်မလေးသည် သဒ္ဒါကြည်ညိုစွာပွားများခဲ့
သဖြင့် ၃ နှစ်ကြာသောအခါ ဥာဏ်တော်ရင့် နေသည်ကို 
သိတော်မူသော မြတ်စွာဘုရားက ရာဇဂြိုလ် ပြည်
 ဇေတ၀န်ကျောင်းတော် တွင် သီတင်းသုံးရာမှ 
အာဠ၀ီပြည် သို့  ကြွတော်မူ၍တရားပွဲကျင်းပရာ
လူပရိသတ်အလယ်`၌ယက်ကန်းသည်မ ၏ 
သမီးကို ပြဿနာလေးချက်အား မေးလေ၏။ 
(ဗုဒ္ဓ)………………သတို့ သမီး..သင်ဘယ်ကလာသနည်း၊