ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Posted on: Sunday, September 30, 2012
ပဋိစ္စ သမုပ္ပဒ် (၄)
                                               ပဋိစ္စသမုပ္ပဒ်(၄)      ကတော့  အင်္ဂါ တစ်ဆယ့်နှစ်ပါး ပါ
အင်္ဂါ တစ်ဆယ့် နှစ်ပါး မှာ အ၀ိဇ္ဇာ နဲ့ သင်္ခါရ က (၁) ကွက်မှာ ရှိပါတယ် အနီရောင် နဲ့ဝိုင်းပြထားပါတယ်
တဏှာ၊ဥပါဒါန်၊ကမ္မဘ၀ ဆိုတဲ့ အင်္ဂါတွေကတော့(၃)ကွက်မှာအနီရောင်နဲ့ ၀ိုင်းပြထားပါတယ်
ဇာတိ ဇရာ မရဏ ကတော့ (၄)ကွက်မှာရှိပါတယ်။
Posted on: Sunday, September 23, 2012
မငြိမ်မလှုပ်ကူးနည်း
ဆရာတော် ရဝေနွယ်-အင်းမ
************************
တစ်ခါတုန်းက မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် ညတစ်ည သန်းခေါင်ယံအချိန်မှာ ရူပဗြဟ္မာတစ်ဦးက မြတ်စွာဘုရားဆီကို လာပြီး မေးခွန်းမေးပါတယ်။
“မြတ်စွာဘုရား...သြဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာကို တစ်ဖက်ကမ်းရောက်အောင် ဘယ်လိုကူးခဲ့ပါသလဲဘုရား။”
“ဒါယကာ....ငါဟာ ငြိမ်ပြီးလည်း မကူးဘူး၊ လှုပ်ပြီးလည်း မကူးဘူး၊ မငြိမ်မလှုပ်သံသရာတစ်ဖက်ကမ်းကို ကူးခဲ့တာ”
Posted on: Friday, September 21, 2012
ပဋိစ္စသမုပ္ပဒ်(၃)
ပဋိစ္စသမုပ္ပဒ်(၃)     ကတော့     အလွှာတွေပါ
အတိတ် အကြောင်း တစ်လွှာ၊ပစ္စုပ္ပန် အကျိုးတစ်လွှာ၊ ပစ္စုပ္ပန် အကြောင်းတစ်လွှာ
အနာဂတ် အကျိုးတစ်လွှာ    ဆိုပြီး လေးလွှာရှိပါတယ်။    
Posted on: Tuesday, September 18, 2012
ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ
မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း
ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာတဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိ
ုအပ်လာတယ်၊
Posted on: Sunday, September 16, 2012
ချန်မထားလိုက်ပါနဲ့
ချန်မထားလိုက်ပါနဲ့
လူနဲ့တိရစ္ဆာန် ဘာကွာသလဲဆိုတော့ လူဟာ ကိုယ့်စိတ်ကို ကိုယ်သိနိုင်တယ်။ သိနေတာကိုလည်း သိနိုင်တယ်။ တိရစ္ဆာန်ဟာ သူ့စိတ်ကိုသူမသိဘူး။ မသိတဲ့အတွက်ကြောင့် သိနေတယ်ဆိုတာလည်း သိဖို့ရာ သူ့မှာအလားအလာ အခွင့်အရေးမရှိဘူး။ ကိုယ့်စိတ်ကို ကိုယ်သိတယ်ဆိုတာ တခြားဘယ်သတ္တဝါမှ မလုပ်နိုင်ဘူး။ လူ့လောကမှာ လူသာလျှင် ဒီလိုလုပ်လို့ရတယ်။ ဒါဟာလူရဲ့ အထူးခြားဆုံး ဂုဏ်ထူးဝိသေသပဲ။ အထူးခြားဆုံးအလုပ်ပဲ။ ဒီအလုပ်ကို မလုပ်ပဲနဲ့ ချန်ထားရင် လူကောင်းကောင်း မပီသသေးဘူး။ တကယ်အဆင့်မြင့်တဲ့ လူတစ်ယောက် မဖြစ်သေးဘူး။
 ဆရာတော်ဦးဇောတိက
(ဖေ့ဘုတ်ကနေ ကူးလာတာ   မျှဝေချင်လို့  https://www.facebook.com/photo.php?fbid=342103982539343&set=a.296389060444169.70079.296362797113462&type=1&theater)
             *****တတိယမြောက်သမီးတော်*****
Posted on: Thursday, September 13, 2012
ပဋိစ္စသမုပ္ပဒ်(၂)
      ပဋိစ္စသမုပ္ပဒ်(၂) ကတော့   ဒုက္ခ သစ္စာ နဲ့သမုဒယ သစ္စာပဲဖြစ်ပါတယ်အစိမ်းရောင်လေးနဲ့
ဝိုင်းပြထားပါတယ်။
ဒုက္ခ သစ္စာ ဆိုတာ ဆင်းရဲခြင်းအမှန်တရားကိုဆိုတာပါ
သမုဒယ သစ္စာ ဆိုတာ  ဆင်းရဲဖြစ်စေကြောင်း အမှန်တရားကိုဆိုတာပါ
 သတ္တ၀ါတွေဟာ  ဆင်းရဲတာကိုဆင်းရဲမှန်းမသိလို့ချမ်းသာတယ်လို့ ပဲမြင်လို့
လိုချင်ရချင်ပါတယ် လိုချင်ရချင်တဲ့ တဏှာစိတ်ကြောင့်   ဆုတွေတောင်းကြပါတယ်
ဆုတွေတောင်းတာက သမုဒယ သစ္စာပါ သမုဒယ သစ္စာကို  ကိုယ်က လုပ်တော့
ဒုက္ခသစ္စာရပါတယ်
Posted on: Tuesday, September 11, 2012
" ဗုဒ္ဓသာသနာ ကွယ်ခြင်းအကြောင်းရင်း "
" ဗုဒ္ဓသာသနာ ကွယ်ခြင်းအကြောင်းရင်း "
~~~~~~~~~~~~~~~~~~~~~~
" ချစ်သား ကဿပ -
ဥပမာအားဖြင့် လောက၌ ရွှေတုငွေတု မပေါ်သေးသမျှ
ရွှေစစ်ငွေစစ်သည် မကွယ်ပျောက်နိုင်၊ရွှေတုငွေတုပေါ်သော
အခါကျမှ သာလျှင် ရွှေစစ်ငွေစစ်ကွယ်ပျောက်သကဲ့သို့
ထို့အတူလောက၌ တရားတု၊ တရားယောင်၊ တရားလက်သစ်
မပေါ်သေးသမျှ သူတော်ကောင်းတို့၏တရားစစ်တည်းဟူသော
သာသနာတော်သည် မကွယ်ပျောက်နိုင်။
Posted on: Sunday, September 9, 2012
ပဋိစ္စသမုပ္ပုဒ်(၁)
မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့  ပဋိစ္စသမုပ္ပဒ် စက်ဝိုင်းလည်ပုံလေးကို ပုံမှာဖေါ်ပြထားသလို တစ်သွယ်ခြင်း
ဆီ ရှင်းပါတယ်  တစ်သွယ်ခြင်းဆီ လို့  ဆိုထားတော့  သူက ရှစ်သွယ်ရှိတာပါ
                   ပထမဆုံးအနေနဲ့    လင်္ကာလေးကို တင်ပေးပါ့မယ်
မူလနှစ်ဖြာ။သစ္စာနှစ်ခု။ လေးခုအလွှာ။အင်္ဂါတစ်ဆယ်နှစ်ပါး။တရားကိုယ်များနှင့်။သုံးပါးအစပ်။
နှစ်ရပ်မူလ။ဝဋ်သုံးဝနှင့်။ကာလသုံးဖြာ။ခြင်းရာနှစ်ဆယ်။ဤရှစ်သွယ်ကို ။အလွယ်ကျက်မှတ်။
သိစေအပ်သည်။သံသရာမှလွတ်ကြောင်းတည်း။
Posted on: Monday, September 3, 2012
သိကြားသာသနာ
သိကြားသာသနာ
ကောင်းသူကို ကယ်တင်မည်၊ မကောင်းသူကို ဖယ်ရှားပါတော့မည်။
မကြာမီ "သိကြားသာသနာ" ရောက်လုနီးပါပြီ။
ခေတ်ဟောင်းသီချင်းတစ်ပုဒ်ထဲက သီချင်းအပိုဒ်တစ်ပိုဒ် ဖြစ်ပါသည်။
ဤသည်ကို ခေတ်ပောာင်းအဆိုတော်က ဆိုခဲ့သည်။
ယခုခေတ်တွင်လည်း ခေတ်သစ်အဆိုတော်တို့ ပြန်ဆိုထားသည်။
စင်စစ်မူ သုတ် ၀ိနည်း အဘိဓမ္မာဟူသော ပိဋကတ်သုံးပုံစလုံးတွင် ဘုရားရှင်က
သိကြားမင်းအား သာသနာတော်ကို စောင့်ရှောက်ရန်
မှာခဲ့သည် ဟူသော အချက်မှာ လုံးဝမပါပါ။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က
ဒေ၀ဒတ်က ဘုရားရှင်အား "အရှင်ဘုရား သက်တော်ကြီရင့်ပါပြီ၊
အေးအေးဆေးဆေး နေတော်မူပါ။
သံဃာကို တပည့်တော် အုပ်ချုပ်၍ ဆုံးမပါမည်" ဟု လျှောက်တင်ထားပါသည်။
Posted on: Sunday, September 2, 2012
ငါ မရှိ ရှာ၍ လည်းတွေ့မည်မဟုတ်ပေ
                                 ပြီးခဲ့သော ကဗျာတွင် မိမိ သည်  မိမိ ကိုမိမိ ပြန်ရှာကြည့်ခဲ့သည်။
ပျော်ရွှင်စွာနေထိုင်တတ်သော အကျင့်မျိုးဖြင့်  အမြဲတမ်းလိုလို  စနောက်ပျော်ရွှင်နေထိုင်ခဲ့သူ
ဖြစ်သောကြောင့် ယခုလိုချစ်သူ ၏ စွန့်ပစ်ခြင်းကိုခံရသောအခါ  မပျော်နိုင် မရွှင် နိုင်ဖြစ်ပြီး
စိတ်သောက ခံစားနေရခြင်းကြောင့်  ယခင် က ပျော်ပျော်ရွှင်ရွှင်နေတတ်ခဲ့သော
မိမိ ကို မိမိ ပြန်ရှာဖွေခြင်း သဘောဖြင့် ရေသားခဲ့ခြင်းဖြစ်သည်။
အမှန်မှာ  မိမိ သည် မရှိသော တရားသာဖြစ်သည်။ ပညတ် သဘောအရ သာရှိပြီး
ပရမတ်သဘောအရ မရှိသောသူဖြစ်သည်။ မရှိသောသူကိုရှာဖွေခြင်းသည် ရူးသွပ်ခြင်းသာဖြစ်သည်။
ဤသည်ကို မိမိ မသိသည် မဟုတ်ပါ။သိသည်သာဖြစ်သည်။ သို့ သော်....
Posted on: Tuesday, August 28, 2012
ထူးခြားသော စကားလက်ဆောင်
အခါတပါး၌ မြို့တမြို့တွင် ကုဋေကြွယ် ကုံလုံကြွယ်ဝချမ်းသာသော သူဌေးကြီးတဦးရှိ၏။ တနေ့သောအခါ ထိုသူဋ္ဌေးကြီး နေသောမြို့သို့ ရသေ့တပါးကြွလာသည်။ ရတနာသုံးပါး ရိုသေဆည်းကပ်သူ သူဋ္ဌေးကြီးသည် ထိုသတင်းကိုကြားလျှင်ကြားချင်း ရသေ့ဆရာကြီးအား မိမိနေအိမ်သို့ ပင့်ဖိတ်ပြီး ဆွမ်းကပ်သည်။ ဆွမ်းဘုဉ်းပေးပြီး၍ ရသေ့ကြီး ပြန်ကြွမည်အပြုတွင် ကုန်သည်သူဋ္ဌေးကြီးက ရသေ့ကြီးအား
အရှင်ရသေ့၊ ပြန်မကြွမီ တပည့်တော်အား တန
်ဖိုးရှိသော အဆုံးအမသြ၀ါဒ စကားလေးများ ပြောကြားတော်မူပါ-ဟု ပန်ကြားသည်။
ရသေ့ကြီးက-သူဋ္ဌေးမင်း၊ နောက်တပတ် ဒီလိုအချိန်တွင် ကျွန်ုပ်ကို စောင့်ပါ၊ ထိုအခါ သင်လိုချင်သော တရားအဆုံးအမစကားကို ကျွန်ုပ်မြွက်ကြားမည်။ ယခုသော် ကျွန်ုပ်အတွက် ခရီးဆက်ရန် တာဝန်ရှိ၍ ခွင့်ပြုပေဦးလော့-ဟု ဆိုကာ ကြွသွားလေသည်။
အရွယ်သုံးပါးစလုံး ကာမဂုဏ်၌ မနေကောင်း
ရှေးလွန်လေပြီးသောအခါ မှုးမတ်တစ်ဦး၏သား (ဘုရားလောင်း) နှင့် ပညာရှိတစ်ဦး၏သား ငယ်သူငယ်ချင်းနှစ်ယောက် ရှိကြလေ၏။ အရွယ်ရောက်ကြသောအခါ မိဘများမှ တက္ကသိုလ်ပြည် ဒိသာပါမောက္ခထံ စေလွှတ်၍ အတတ်ပညာများ ဆည်းပူးစေ၏။ မူး
မတ်၏သားသည် ယောက်ျားတို့ တတ်အပ်သော အတတ်ပညာ (၁၈) ရပ်တို့ကို ကောင်းစွာ အထူးကြိုးစားတတ်မြောက်ပြီး ပညာရှိ သူတော်ကောင်း၏သားမှာ အတတ်ပညာများ တတ်မြောက်သော်လည်း တိုင်းရေပြည်ရာ၌ စိတ်ဝင်စားမှုနည်းကာ သူတော်ကောင်းစိတ်ထားမျိုးဖြင့်သာ အေးချမ်းစွာ နေလိုသောဆန္ဒရှိ၏။
Posted on: Wednesday, August 15, 2012
လူသားနှင့် အချစ်
                             ကိလေသာတောတွင် နှစ်မျောနေသူများပီပီ လိုချင်ရချင် ပျော်ချင်ပါးချင်ကြသည်။
ထိုထိုသော လောဘစေရာနောက်ကိုလိုက်ရင်း ဘ၀ မောတွင် မျှော်လင့်ရင်းရှင်သန်  ရှင်သန်ရင်းမျှော်လင့်
 ကာ  အဓိပ္ပါယ်တို့  က လေးနက်မြင့်မား ခွန်းအားတွေအပြည့်ဖြင့် ဘ၀ ကိုချီတက်ကြသည်။
မျှော်လင့်စရာရှိသူတို့ က ထိုကဲ့သို့ မျှော်လင့်ရှင်သန်ကြသော်လည်း မျှော်လင့်စရာဘာမှမရှိသည့်မိန်းမသား
တစ်ယောက်၏ဘ၀  ။ ဘာဆက်လုပ်သင့်သလဲစဉ်းစားတိုင်း ကိုယ့်ကို ကိုယ် သေမိန့် ပေးနေမိသည်။
                                  နေခြင်းထက် သေခြင်းကို  အလိုရှိခဲ့ပြီ။
    သစ်ပင်ပင်စည်မှာ မျက်စိစုံမှိတ် အံ ကိုကြိတ်၍ စိတ်နောက်ကိုယ်ပါ မိုက်ကန်းစွာ .......
                  ++++++++
Posted on: Saturday, August 11, 2012
ကျေးဇူးရှင် ဆားတောင် ဆရာတော်ဘုရားကြီး၏ သြ၀ါဒတော်များ
၁။ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် တရားကတော့ အားထုတ်ရမှာပဲ။ အားထုတ်ခွင့်ကြုံတုန်း အားထုတ် ကြ။ သာသနာပပြီဆိုရင် ၀ိပဿနာနဲ့ တွေ့ရမှာ မဟုတ်ဘူး။ ဒီတော့ ပိုနစ်နာတယ်။
... ၂။ တရားအားထုတ်ဖို့တော့ မအားဘူး။ မအားဘူးလို့ ပြောကြတယ်။ သေချိန်ကျလာလို့ မသေ ချင်ဘူးလို့ ပြောလို့ရတာ မဟုတ်ဘူး။ မအားဘူးလို့ ပြောလို့ရတာ မဟုတ်ဘူး။
၃။ တရား အားထုတ်တယ်ဆိုတာ အားနဲ့မာန်နဲ့ အားထုတ်ရတယ်။ မသေချာ မရေရာတဲ့ အ လုပ်တွေတောင်မှ ဟုတ်နိုးနိုး၊ တော်နိုးနိုးနဲ့ သက်စွန့်ဆံဖျား လုပ်နေရတာပဲ။ သေချာရေရာတဲ့အလုပ် ဘာမလုပ်ရဲစရာ ရှိလဲ။ ဆင်းရဲ တစ်ဘ၀ပေါ့။ တစ်ဘ၀တောင်မှ ခဏလေးပါ။
Posted on: Tuesday, July 24, 2012
မုန်းမာန်ဖွဲ့ ကာ ညှိုး ရက်သူကြောင့်
ဟောဒီမြို့  တမြို့ လုံးမှာတော့ ကျမ က အလှဆုံး ရှင့်..
ပြီးတော့ကျမ မိဘတွေကလည်းချမ်းသာတဲ့သူတွေလေ..။
အစစ အရာရာ ကျမ လိုချင်တာဘာမဆိုရတယ်…။
မျက်နှာတချက်မညှိုးစေရဘူး..။အဲ့တော့ ကျမ  က ဘာမဆို
လိုတရ ဖြစ်နေတာပေါ့..။ ဟော….ခုလည်းကြည့်…
ရာဇ၀တ်သင့်လာတဲ့ သတ္တုက ဆိုတဲ့လူကိုမြင်မြင်ချင်းချစ်မိသွားတာ