ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Posted on: Sunday, May 26, 2013
ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ် ရဟန္တာ ဖြစ်ခဲ့သော တရားတော်
ရဟန်း ၀တ်ပြီး(၁၅)ရက် ကြာပြီဖြစ်တဲ့ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကို
မြတ်စွာဘုရားရှင် ကိုယ်တိုင် အထက်မဂ် သုံးပါး အတွက် ဟောကြားတော်မူတဲ့
တရားတော် ဖြစ်ပါတယ်။
ခန္ဓာ ရှိတဲ့ ပုဂ္ဂိုလ်တိုင်း သေကြရမှာပါ။ မသေခင်မှာ ဝေဒနာ ကိုခံစားကြရမှာမို့ လို့ 
ဝေဒနာ ကိုရှူတတ်  မှတ်တတ် ရင် ပြုံးပြုံးလေး သေနိုင်ကြပါလိိမ့်မယ်။
၁။အနိစ္စ  = ဖြစ်ပြီး  ပျက်စီးတတ်တဲ့  သဘောတရား။
၂။သင်္ခတ  =ပြုပြင်ပြောင်းလဲ တဲ့ သဘော တရား။
၃။ပဋိစ္စ သမုပ္ပဒ်  = အကြောင်းတစ်လှည့်  အကျိုး တစ်လှည့်။
၎။ ခယ ဓမ္မ  = ကုန်တတ် တဲ့ သဘော တရား။
၅။ ၀ယ ဓမ္မ =  ပျက်တတ်တဲ့ သဘော တရား။
၆။ဝိရာဂ ဓမ္မ = တပ်နှစ်သက်ခြင်း ကင်း တဲ့ သဘော တရား။
၇။နိရောဓ ဓမ္မ =  ပေါ်လာသမျှ ချုပ်သွားတဲ့ သဘော တရား။
ဝေဒနာ ကိုဝေဒနာ လို့ မမြင်ပဲ ဖြစ်ပေါ်လာသမျှ လေးတွေဟာ ပေါ်လာတာနဲ့  ပျက်စီးသွားတာကြီးပါပဲ။
ပြုပြင် ပြောင်းလဲနေတာပဲ။အကြောင်းတစ်လှည့် အကျိုးတစ်လှည့်ဖြစ်နေတာပဲ။ 
ပေါ်လာသမျှ ကုန်တာပါပဲ။ ပျက်တတ်တဲ့ သဘောတွေ ပါပဲ။တပ်နှစ်သက်လို့  မရပါလား။
ပေါ်လာသမျှ ချုပ်ချုပ်သွားပါလားလို့  တွေးတတ် မှတ်တတ်ရင် မဂ် ဖိုလ်နိဗ္ဗာန် ကို လှမ်းဝင်လို့ ရပါပြီ။
ဝေဒနာ ကိုဝေဒနာ လို့ မှတ်ရင် သမထ ဖြစ်ပြီး ဝေဒနာ ပေါ်သမျှ ဖြစ်ပြီး ပျက်တယ်  အစ ရှိသဖြင့် မှတ်ယူ
တတ်ရင်ဝိပဿနာ ဖြစ်ပါတယ်။
မှန်မှန်ကန်ကန် မှတ်တတ်ဖို့  လေ့လာမှတ်သားသင်ယူနိုင်ကြပါစေ/
ကိုးကား။   ။ အရှင် ဥာဏောဘာသာ ၏ ဝေဒနာ သိမ်းနည်း(၇)နည်း တရားခွေ ကို နာကြား
                  မှတ်သား၍ ရေးသားပါသည်။
                *****တတိယမြောက်သမီးတော်*****
Posted on: Tuesday, May 21, 2013
မြင်သောသူကို ရှာပါ
 သင်္ခတ  ကို  မမြင်တဲ့ သူ  ဆိုတာ     အန္ဓပုထုဇဉ်
သင်္ခတ ကိုမြင်တဲ့ သူဆိုတာ  ကလျာဏ ပုထုဇဉ်
အသင်္ခတ ကိုမြင်တဲ့ သူဆိုတာ  အရိယာ ပုဂ္ဂိုလ် ကိုပြောတာ လို့ 
မိုးကုတ်ဆရာတော်ဘုရားကြီး ရဲ့  တရားတော်မှာ  နာကြားလိုက်ရပါတယ်။
တချို့ ကတော့ ဒါန သီလ လောက်နဲ့ ကိုယ့် ကို ကိုယ် ကလျာဏ ပုထုဇဉ်လို့  ဒီလိုထင်နေကြမယ်။
ဆရာတော်ဘုရားကြီး တရားကိုနာကြားလိုက်ရတော့မှ  ကလျာဏ ပုထုဇဉ် ဆိုတာ
ခန္ဓာ ပေါ် ဥာဏ်ရောက်ထားတဲ့ ပုဂ္ဂိုလ်ကို ခေါ်ပါလားဆိုတာ သိလိုက်ရပါတယ်။
ကလျာဏ ပုထုဇဉ် က နိဗ္ဗာန် ကိုရောက်နိုင်ပေမယ့်
အန္ဓ ပုထုဇဉ် ကတော့ နိဗ္ဗာန် နဲ့ဝေး တဲ့ သူပါ။
အသင်္ခတ ဆိုတာ မြဲမြံခြင်း နိဗ္ဗာန် ကို ခေါ်ဆိုတာပါ။အရိယာ တို့ သာ မြင်တွေ့ နိုင်ပါတယ်။
သင်္ခတ ဆိုတာ မမြဲခြင်း သဘော။ အနိစ္စ။ ခန္ဓာရဲ့  ဖြစ်ခြင်းပျက်ခြင်း ကို  ဆိုတာဖြစ်ပါတယ်။
ဖြစ်ခြင်း ပျက်ခြင်း ကိုမှ မမြင်ရင်တော့ နိဗ္ဗာန် နဲ့ ဝေးနေသေးတဲ့သူပါပဲ။သူ့ ကို အန္ဓ ပုထုဇဉ်လို့  ခေါ်ပါတယ်။
ဒါကြောင့် အရိယာ ပုဂ္ဂိုလ်ကို ဆည်းကပ် ခြင်း က နိဗ္ဗာန် ကို မျက်မှောက်ပြုဖို့ 
နည်းလမ်းမှန် ကို ရပါလိမ့်မယ်။
အရိယာ ဆိုတာ ထင်ရှားသိမြင်နိုင်ခြင်း မရှိလေတော့
ကလျာဏ မိတ္တ ကိုရှာ ပြီး ဆည်းကပ်သင့်လှပါတယ်
သင်္ခတ ကိုသော်၎င်း
အသင်္ခတ ကိုသော်၎င်း
မြင်သော ပုဂ္ဂိုလ်ကို ဆည်းကပ်နိုင်ကြပါစေ
                  *****တတိယမြောက် သမီးတော်*****
Posted on: Tuesday, May 14, 2013
လူအ
တစ်ချို့  လူတွေဟာ သူများတွေ တရားအားထုတ်ရာမှာ အေးအေးချမ်းချမ်း ရှိဖို့ 
လှူကြတယ် အဟာရအတွက် နေဖို့  အတွက် မပူမပင် မကြောင့်မကြ နေနိုင်အောင်
လှူလိုက်ကြတာ။ ကိုယ်တိုင်ကြတော့ တရားအားမထုတ်ဘူး။
 အဲ့လိုလူက "လူအ" ပဲ
သူများအေးချမ်းဖို့ ပဲ လုပ်တယ် ကိုယ်တိုင်အေးချမ်းအောင်တော့  အားမထုတ်ဘူး။
တကယ် မှန်မှန်ကန်ကန် မဆုံးဖြတ်တတ်တာမျိုးပါ။
 သူများကိုတော့ အေးတဲ့နေရာ အရိပ်ကိုသွားပါပြောပြီး ကိုယ်က နေပူထဲနေနေတာ
အနှစ်နာခံတဲ့သူရဲကောင်းလို့ သူကိုယ်သူ ထင်နေမယ်
တကယ်တော့ လူအ တွေပါ။
ကိုယ်ဘာသာအေးချမ်းအောင်နေပြီး သူများကိုပူချင်ပူ လို့  နေပူထဲမှာ ပစ်ထားတာလဲ
မှန်ကန် တဲ့ လုပ်ရပ်တော့ မဟုတ်ဘူး။
 ကိုယ်တိုင်လည်းအေးချမ်းအောင် အရိပ်ထဲရောက်အောင် လုပ်ရမယ်။ သူများကိုလည်း အရိပ်ထဲကို
လက်တွဲပြီးခေါ်ရမယ်။ ဒါမှ မှန်ကန်တဲ့လုပ်ရပ် ဖြစ်မယ်။
သူများကိုအေးချမ်းအောင်လုပ်ပါစေ ဆိုပြီး အရိပ်ထဲတွန်းပို့ 
ကိုယ်တိုင်ကတော့ နေပူမှာနေတယ် ဆိုရင်တော့
ကိုယ့်ကို ကိုယ်လူအ လို့  သိထားလိုက်ပေတော့။
(ဓမ္မ ရံသီ မိုးကုတ် ရိပ်သာ ကျောင်းများ၏ ဦးစီး ပဓာန နာယက နိုင်ငံတော် ကမ္မဌာနာစရိယ
ပြည်တွင်းပြည်ပ သာသနာပြု ဓမ္မ ကထိက ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ၏ အခြေခံ ၀ိပဿနာ ရှူပွားနည်း
တရားတော် ) မှ ကောက်နုတ် ဖေါ်ပြပါသည်။
အလှူဒါန နဲ့ တင်းတိမ်ရောင့်ရဲ မနေကြပဲ ကိုယ်ကို တိုင် သစ္စာ တရားသိမြင်၍ သူတပါးကိုပါ လက်တွဲ
ဆွဲခေါ်နိုင်သူများဖြစ်ကြပါစေ
                  *****တတိယမြောက်သမီးတော်*****
Posted on: Wednesday, May 8, 2013
ငါ သေရင် အေးရော
ဝိပဿနာရှူတယ် ဆိုတာ  ငါ  ကိုသေအောင်သတ်တာပါ
ငါ ဆိုတာ  ဒိဌိ ကိုပြောတာ
ဒိဌိ ပြုတ်မှ သောတာပန် တည်မှာဖြစ်ပါတယ်
ငါ့ ကို မချစ်ပါနဲ့
ငါ့ ကိုသေအောင်သတ်ကြပါ
ငါ သေရင် အေးရော
(ဓမ္မ ရံသီ မိုးကုတ် ရိပ်သာ ကျောင်းများ၏ ဦးစီး ပဓာန နာယက နိုင်ငံတော် ကမ္မဌာနာစရိယ
ပြည်တွင်းပြည်ပ သာသနာပြု ဓမ္မ ကထိက ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ၏ အခြေခံ ၀ိပဿနာ ရှူပွားနည်း
တရားတော် ) မှ ကောက်နုတ် ဖေါ်ပြပါသည်။
ပယ်သတ်ရမည့် ကိလေသာ(၁၀)ပါးတွင်  ဒိဌိ နှင့်ဝိစိကိစ္ဆာကို အရင်ဦးစွာ ပယ် ရ သတ်ရမည် ဖြစ်ပါသည်။
ဒိဌိ ကို သိမှ ဒိဌိ ကိုပယ်သတ်ရမည်မှန်းသိပေလိမ့်မည်။ အခြေခံ အားဖြင့် ဒိဌိ (၃) မျိုးကို လေ့ လာ
 မှတ်သားပြီး ၀ိပဿနာ မဂ် ဖြင့် ပယ်သတ်နိုင်ကြပါစေ။
             *****တတိယမြောက်သမီးတော်*****
Posted on: Saturday, May 4, 2013
နိဗ္ဗာန် ရောက်ကြောင်းကျင့်စဉ်(၄)ပါး
ငြိမ်းချမ်းသောဘ၀ ပိုင်ရှင်ဖြစ်ဖို့ ။ လောကဓံ တရားကိုသီးခံနိုင်ဖို့ ။
ငြိမ်းအေးတဲ့ သူတော်ကောင်းရတနာ ဖြစ်ဖို့ ။ တခဏ ဖြစ်ရတဲ့ လူ့  ဘ၀ မှာ
အနှစ် ရှိတဲ့ သူတော်ကောင်းတွေ ဖြစ်ဖို့ ရာ။  သစ္စာသိဖို့ ရာ။  အိုနာသေ ဒုက္ခ က လွှတ် မြောက်ဖို့ ရာ ။
ရည်ရွယ် ချက် နဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက နိဗ္ဗာန်ရောက်ကြောင်းတရားတွေ ကို
 ကျကျ နန  ဟောကြားတော်မူခဲ့ပါတယ်။
နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်(၄)ပါး ရှိပါတယ်။
(၁) ကာယာ နုပဿနာ သတိပဌာန်
(၂)ဝေဒနာ နုပဿနာ သတိပဌာန်
(၃)စိတ္တာ နုပဿနာ သတိပဌာန်
(၄)ဓမ္မာ နုပဿနာ သတိပဌာန်  စသည်တို့  ဖြစ်ကြပါတယ်။
(၁) ကာယာ နုပဿနာ သတိပဌာန် ကတော့  
    ရုပ် ရဲ့ ဖြစ်ပျက်ကို ရှူတာ ပွားများတာ မိမိ သန္တာန်မှာ ပေါ်လာသမျှ ဖောက်ပြန်တိုင်း
    ဖောက်ပြန်တိုင်း  ပျက်စီးတိုင်း ပျက်စီးတိုင်း အမှန် တိုင်းသိအောင် ဆုံးဖြတ်ချက်ချ တဲ့ သတိပဌာန် ကို
    ကာယာ နုပဿနာ သတိပဌာန် လို့  ခေါ်ပါတယ်။ ကိလေသာ ထူပြီး ဥာဏ်ထိုင်းတဲ့သူတွေကို
   ကာယာနုပဿနာ သတိပဌာန် ရှုမှတ်အားထုတ်ရန် သင့်လှပါတယ်။
(၂)ဝေဒနာ နုပဿနာ သတိပဌာန် ကတော့
    ပေါ်လာသမျှ ဝေဒနာ ကို ဖြစ်ပြီးပျက်သွားတာလေး မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချတဲ့
    သတိပဌာန် ဖြစ်ပါတယ်။ ကိလေသာပါးပြီး ဥာဏ်ထက်တဲ့သူ တွေကတော့ ဝေဒနာ နုပဿနာ
   သတိပဌာန် ရှုမှတ် အားထုတ် ရန်သင့်လှပါတယ်။
(၃)စိတ္တာ နုပဿနာ သတိပဌာန် ကတော့
    စိတ် မှာပေါ်လာသမျှ ဖြစ်ပြီးပျက်တယ် လို့  မှန်မှန် ကန်ကန် ဆုံးဖြတ်ချက်ချတဲ့  သတိပဌာန် ပဲ
    ဖြစ်ပါတယ်။ ဒိဌိ စရိုက်များပြီး ဥာဏ်ထိုင်းတဲ့သူ တွေ စိတ္တာ နုပဿနာ သတိပဌာန် ကို
    ရှူ မှတ် ပွားများသင့်လှပါတယ်။
(၄)ဓမ္မာ နုပဿနာ သတိပဌာန် ကတော့
    ပေါ်လာသမျှ ဓမ္မ  ကို ဖြစ်ပျက် မှန်မှန်ကန်ကန် ရှူမှတ် ဆုံးဖြတ် ချက်ချ  ဖို့ ဖြစ်ပါတယ်။
    ကိလေသာပါးပြီး ဥာဏ်ထက်တဲ့သူတွေ ဓမ္မာနုပဿနာသတိပဌာန်ကို ရှူမှတ်ပွားများသင့်လှပါတယ်။
(ဓမ္မ ရံသီ မိုးကုတ် ရိပ်သာ ကျောင်းများ၏ ဦးစီး ပဓာန နာယက နိုင်ငံတော် ကမ္မဌာနာစရိယ
ပြည်တွင်းပြည်ပ သာသနာပြု ဓမ္မ ကထိက ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ၏ အခြေခံ ၀ိပဿနာ ရှူပွားနည်း
တရားတော် ) မှ ကောက်နုတ် ဖေါ်ပြပါသည်။
              *****တတိယမြောက်သမီးတော်*****
Posted on: Friday, April 12, 2013
လှူလိုက်တဲ့အလှူ ဘယ်သူ အကျိုးရှိသလဲ
ဒါန ဆိုတာ ပေးသူအတွက် အကျိုးဖြစ်ထွန်းတာထက်  ယူသူ အတွက် အကျိုးဖြစ်ထွန်းတယ် ဆိုတာကို
စံထားပြီး  မြတ်စွာဘုရားက အဖြေထုတ် ထားပါတယ်။
 အလှူတကာ့  အလှူထဲမှာ တရားအလှူ ဟာ အမြတ်ဆုံးဆိုတာကို  ဗုဒ္ဓ ဘာသာ ၀င် တော်တော် များများ
သိထားပြီးသားပါ။
 ဓမ္မ ဒါန က ဘာကြောင့် မြတ် သလဲ???????
ဥပမာ=   =ရှင် အဿဇိ  က ရှင်သာရိပုတ္တရာကို သင်္ကန်း တစ်စုံ လှူလိုက်မယ် ဆိုရင် သင်္ကန်း မဟောင်းခင်
မစုတ်ခင် ၀တ် ရမှာပါ။ ဆွမ်းလှူလိုက်မယ်ဆိုရင်တစ်ရက်စာ ရမှာပါ။ဆွမ်း အကျိုးပြုမှူ ကလည်း ဒီလောက်ပဲ
သင်္ကန်း အကျိုး ပြုမှူ ကလည်း ဒီ လောက်ပဲ  အဆောက်အဦးလှူ မယ် ဆိုလည်း အဆောက်အဦး အကျိုးပြု
မှူ က ဒီလောက်ပဲ။
ဓမ္မ ဒါန ကြောင့်  ဓမ္မ ကိုရသွားတဲ့အခါ အကျိုးပြုတာ သံသရာက လွတ်သွားတယ်။
အသိညာဏ်တွေ ရသွားတယ်။နိဗ္ဗာန် ထိအောင်ရောက်သွားတယ်။ ဒါကြောင့် ဓမ္မ ဒါန က အမြတ် ဆုံး လို့ 
ဒီ လိုဆိုတာပါ။
အဲ့ ဒီတော့ လှူ တဲ့သူနဲ့  ယူတဲ့သူ ။ ပေးသူ နဲ့ ရသူ  အဲ့ဒီ နှစ်မျိုး ထဲမှာ ရသူမှာ အကျိုးဖြစ်ထွန်း သွားတယ်။
ဘုန်းကြီးတစ်ပါးကိုကျောင်းဆောက်ပြီးလှူမယ်။ဒီဘုန်းကြီး ကျောင်းပေါ်မှာချမ်းချမ်းသာသာ နေရမယ်။
 ကျောင်းရတာကို အကြောင်းပြုပြီး တိုက်ရိုက် နိဗ္ဗာန် မရနိုင်ဘူး။  အဲ့ဒီ ဘုန်းကြီး ကိုတရားပြလို့ 
ဓမ္မ ဒါနအလှူ လှူ လိုက်လို့   အဲ့ဒီ ဘုန်းကြီးတရားသိသွားလို့ ရှိရင် သံသရာဝဋ် က လွတ်တယ် ဆိုတာ
ဖြစ်သွားတယ်။ ဒါကြောင့် ဒါန အလှူ က အမြတ်ဆုံးလို့  ပြောတာ။
ရှင် အဿဇိ က ပေးလှူ လိုက်တဲ့ တရားအလှူ ကို ရှင်သာရိပုတ္တရာက ယူတတ်လို့  သောတာပန် တည်
ပြီးတော့ အသဝေါကုန်ခမ်း ရဟန္တာ ဖြစ်ပြီး အင်မတန်တန်ဖိုးရှိတဲ့ လက်ယာတော် ရံအဂ္ဂသာဝက
 ဖြစ်သွားတာပါ။
 လှူ လိုက်တဲ့အလှူ က ယူတဲ့ သူအတွက် ပိုပြီး အကျိုးရှိတယ် လို့  မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက
ဒီလိုဆိုထားတာဖြစ်ပါတယ်။
(ကျမ်းကိုး။     ။အဂ္ဂမဟာ ပဏ္ဍိတ  အရှင်နန္ဒမာလာဘိဝံသ(Ph.D)၏ *၁၂ နှစ်ကြာ  အဖြေရှာခဲ့ရသော
မေးခွန်းများ* စာအုပ်မှ ကောက်နုတ် ဖေါ်ပြပါသည်။)
                       *****တတိယမြောက်သမီးတော်*****
Posted on: Monday, March 25, 2013
မယား ကိုလိုချင်၍ လင်အား ရာထူး ပေးအပ်ခြင်း
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ဇေတ၀န် ကျောင်းတော်မှာ သတင်းသုံးတော်မူစဉ် အခါက
ပသေနဒိကောသလ မင်းကြီး ဟာ  တခုသော ပွဲသဘင်မှာ ကကြီးတန်ဆာဆင်ထားတဲ့ ဆင်းတစ်စီး
ကို စီး ပြီး မြို့ ကိုလက် ယာရစ် လှည့်လည်တော်မူတယ်။
မထင်မရှားဆင်းရဲသားတစ်ယောက်ရဲ့ မိန်းမ  ကို အမှတ်မထင်တွေ့လိုက်တယ် ဆိုရင်ပဲ
မင်းကြီးဟာ ကောင်းကင်းမှာ လမင်း ကြီး ထွန်းလင်းသလို ခံစားမိသွားတယ် တဲ့။
 အဲ့ဒီတော့ မင်းကြီးရဲ့ မူးမတ်တွေကိုခေါ်ပြီး  မိန်းမငယ်မှာ လင်ယောက်ျား ရှိမရှိကို စုံစမ်း
စေတယ်။လင်ရှိမယား ဖြစ်ကြောင်းကိုသိတော်မူတော့  မိန်းမငယ် ရဲ့ လင်ယောက်ျား ကို ခေါ်ပြန်
ပါတယ်။
အချင်း ယောက်ျား ကလည်း " ငါ့မိန်းမ ကို  အမှီပြု ပြီး ငါတော့ ဘေးရန်ဖြစ်ပြီ "လို့ တွေးမိသတဲ့။
မင်းကြီး က မိန်းမငယ်ရဲ့ ယောက်ျား လုလင်ကို မင်းခစား အဖြစ်နဲ့ လုပ်ကျွေးဖို့  မိန်းတော်မူတော့
လုလင်က မင်းခစား မလုပ်ပါရစေနဲ့  မိမိ အလုပ်ကို လုပ်ပြီး အခွန် အခ သာ ဆက်သွင်း ပါရစေလို့ 
 လျှောက်တင်တာပေါ့။ ဒါပေမယ့် မင်းကြီးက မင်းခစား အဖြစ် တာဝန်ထမ်းဆောင်ဖို့ ကိုပဲ အမိန့် 
ချမှတ်တယ်။ တာဝန်ပေးခိုင်းစေပြီးမှ အပြစ် တစ်စုံတစ်ရာ တင်ပြီး လုလင်ကိုသတ်ဖြတ် ပြီးမှ
လုလင် ရဲ့ မိန်းမ ကိုသိမ်းပိုက်မယ်လို့  မင်းကြီး က အကြံအစည် ရှိထားတာပေါ့။
ကာမဂုဏ် စိတ် က နှိပ်စက်လွန်းလို့  မင်းကြီးမှာ ပူလောင်နေရတယ်။လုလင် ကို အပြစ်ရှာနိုင်ဖို့ အတွက်
ကြံစည်တာပေါ့။
" အချင်းယောက်ျား  နေပြည်တော်ကနေ တစ်ယူဇနာထက် မှာ မြစ်တစ်ခု ရှိတယ် အဲ့ဒီ မြစ် က ကုမုဒြာ
ကြာပန်း ကို ယူဆောင်ချေ ငါ မင်းကြီး ညချမ်းအချိန် ရေချိုး တဲ့အခါ ကြာပန်းနဲ့တကွ အရုဏ ၀တီ
 မြေညက် ကို ဆက်သ ရမယ် အကယ်၍ အချိန် မှီ မရောက်ရင်တော့ မင်းပြစ် မင်းဒဏ် ပေးမယ်" လို့  မိန့် တော်မူ သတဲ့။
လုလင် ယောက်ျား မှာ ကုမုဒြာ ကြာပန်း နဲ့ အရုဏ ၀တီ မြေညက် ဆိုတာ နဂါးပြည့်မှာပဲရှိတာ
ဘယ်လိုများရနိုင်ပါ့မလဲ လို့  စဉ်းစားရင်း မင်းကြီးစေခိုင်းတာကိုလည်း မသွားရင်မဖြစ်လေတော့
သွားရှာတာပေါ့။
လမ်းမှာ တွေ့ တဲ့ ယောက်ျား တစ်ယောက် ကို မိမိ ရဲ့ ထမင်း အနည်းငယ်ကို ပေးလှူပါတယ်။
စား ပြီးကျန်သောထမင်းကို ရေမှာစွန့် ကြဲပြီးခံတွင်း ကိုဆေးကြောတယ်။
 ကျယ်စွာသော အသံ နဲ့   ခရီးသွားယောက်ျား ကိုပေးလှူသော ကုသိုလ် နဲ့ ရေမှာစွန့် ကြဲသော
ကုသိုလ် တို့ ကို အမျှပေးဝေပါတယ် ဒီကုသိုလ် အာနိသင်ကြောင့် ကုမုဒြာ ကြာပန်း နဲ့
အရုဏ၀တီ မြေညက် ကို ဆောင်ယူပေးသနားတော်မူပါလို့  ကြွေးကြော်တယ်။
မြစ်ကို အုပ်စိုးနေတဲ့ နဂါးမင်းကြီး က လုလင် ရဲ့ အသံကိုကြားပြီး နောက်ထပ် တကြိမ်
ကြွေးကြော်ပြီး အမျှဝေပေးဖို့   လုလင် ကို ပြောသတဲံ့။ သုံးကြိမ် တိုင်အောင် အလှူ ရဲ့ အဖို့ ဘာဂ ကို
လုလင် ကို ပေးဝေစေပြီးတော့  ကုမုဒြာကြာပန်း နဲ့ အရုဏ၀တီ မြေညက် ကို နဂါးမင်း က လုလင် ကို
ပေးလိုက်သတဲ့။
မင်းကြီးဟာ သူ့ မယား ကို လိုချင် သူဆိုတော့ လုလင် ကို ပြန်လာလို့ မရအောင်ကြံစည်တာပေါ့။
မြို့ တံခါးကို စောစောတည်း က ပိတ် ပြီး တံခါးသော့ကို မင်းကြီးဆီ   အရောက်ပို့ ဆောင်ခိုင်း
ထားသတဲ့။
လုလင် ပြန်ရောက်တဲ့အချိန်မှာ တံခါး ပိတ် ထားတာမို့ တောင်းပန် ပြီး တံခါးဖွင့်ပေးဖို့  အမျိုးမျိုး
ပြောတာပေါ့။ မင်းကြီးရဲ့အမိန့် နဲ့ဆိုတော့ တံခါးမှူးတွေလည်း မဖွင့်နိုင်ကြဘူး ။
အဲ့ဒီတော့ လုလင် ယောက်ျား က ကျယ်လောင်တဲ့ အသံ နဲ့  "   အို..တိုင်းသူ ပြည်သား လူအများတို့ 
မင်းကြီးစေခိုင်းလိုက်တဲ့ အတွက် ကျွန်ုပ်သွားခဲ့တာကိုသိပါသလား  မင်းကြီး ဟာ ကျွနု ကို အကြောင်းမဲ့
ဖျက်ဆီးခြင်း ကို လိုလားနေပါတယ်" လို့ သုံးကြိမ် တိုင်အောင် ဟစ်အော်ပြီးနောက် ရဟန်းတော်တွေ ရှိတဲ့
ကျောင်းတော်ကို သွားအိပ် သတဲ့။
 မင်းကြီး ကတော့ ကာမတဏှာ ရဲ့နှိပ်စက်မှူကြောင့်အိပ်မပျော် ဖြစ်ပြီး မနက် မိုးလင်းတာနဲ့
 လုလင် ယောက်ျားကိုသတ်စေပြီး သူ့ မိန်းမ ကိုဆောင်ယူဖို့  ကြံစည်နေတာပေါ့။
အဲ့လို အိပ်မပျော် တဲ့အချိန်မှာပဲ အက္ခရာတစ်လုံးစီ ရွတ်ဆိုကြတဲ့အသံ ကို ကြားရတယ်။
ဒီ အသံဟာ မင်းကြီး ကိုပျက်စီးစေမယ့် အသံလား မိဖုရားကြီး ကိုပျက်စီးစေမယ့် အသံလား
တိုင်းပြည်ကို ပျက်စီးစေမယ့် အသံလားဆိုတာ သိချင်တာနဲ့ အရုဏ်တက်မှာ ပုရောဟိတ်
ပုဏ္ဏား တို့ ကိုခေါ်ပြီးမေးတယ်။ပုရောဟိတ် ပုဏ္ဏားတို့ က အဖြေကို စဉ်းစားလို့ မရဖြစ်နေတာကြောင့်
အသက်အန္တရာယ် အတွက်တော့ မဖြစ်နိုင်ဘူး အန္တရာယ် ကင်းအောင် ယဇ် ပူဇော် ဖို့  အကြံညာဏ်
ပေးကြတယ်။
ယဇ်ပူဇော်ဖို့  အတွက် ဥသဘ ငါးရာ။နွားထီးငယ် ငါးရာ။နွားမငယ် ငါးရာ။ဆိတ်ငါးရာ။သိုးငါးရာ။
ယဇ်ပူဇော်ဖို့  ချည်နှောင်ထားတယ်။ကျွန် ယောက်ျား ကျွန် မိန်းမ  အစေအပါး တို့ ကိုယဇ်ပူဇော် ဖို့ 
အတွက်ခြိမ်းခြောက်တယ်။
လူတွေ အားလုံးဟာ သားသမီး ဆွေမျိုးသားချင်းတွေ သေဘေး က လွတ်မြောက်ဖို့ ဟစ်အော်
ငိုကြွေးကြလို့  ပထ၀ီ မြေကြီးဟာ ပဲ့တင်ထပ် သလိုဖြစ်လာတယ်။
အဲ့ဒီ အသံတွေ ရဲ့ အကြောင်းရင်းကို မလ္လိကာ မိဖုရားကြီး ကြားသိရတော့ မင်းကြီး ကို ပညာညာဏ်
နည်းလှပေတယ် လို့ လျှောက်တင် တယ်။ ပုဏ္ဏားတွေစကားနားထောင်ပြီး မိုက်မဲတဲ့အလုပ်ကို
ရပ်ပြီး မြတ်စွာဘုရားရှင် ရဲ့အဆုံးအမ ကိုခံယူဖို့  မင်းကြီး ကို လျှောက်ထားတယ်။
မြတ်စွာဘုရားရှင်က မင်းကြီး ကြားခဲ့တဲ့  ဒု သ န သော ဆို တဲ့အသံတွေဟာ မကောင်းမှူပြုကြသူတွေ
ထင်ရှားပြတဲ့အသံ ပဲဖြစ်တယ်။ ဒကာတော်မင်းကြီး ငါ၏ နောင်တော် ကဿပ ဘုရားရှင်  ဘုရားဖြစ်တော်
မူစဉ် က သူဌေးသားလေးယောက်တို့  ဟာ  သေရည် သောက်စားမူးယစ်ကြလျှက် ပစ္စည်းဥစ္စာ ကို
ပေးကာ သူတစ်ပါးသားမယား ကို  လွန်ကျုးပျော်ပါးခြင်း ပြစ်မှားခြင်း အမှူကို ပြုခဲ့ကြ၍ သေလွန်သည်
ရှိသော် အ၀ီစိ ငရဲ`၌ နှစ်ဆူသောဘုရားရှင်တို့ အကြားကာလပတ်လုံး ကျခံရပြီး  ထိုမှ လောဟကုမ္ဘီ ငရဲ
`၌ ဖြစ်ကြပြန်တယ်။ထို ငရဲ ၏ အထက်မျက်နှာဝ သို့  ရောက်လာ၍ တစ်ဂါထာစီ ရွတ်ဆိုလိုကြသော်လည်း
 ဂါထာ အစတစ်လုံးစီ သာ ရွတ်ဆိုမိပြီး ဂျွမ်းပြန် နစ်မြုပ် သွားရရှာတယ်။
ပသေနဒီ ကောသလ မင်းကြီး ဟာ ဘုရားရှင် ကိုယ်တော်မြတ် မိန့် တော်မူ တာကိုနားထောင်ပြီး
ကြီးစွာ ထိတ် လန့် တော်မူ တာနဲ့ သူတစ်ပါး သားမယား ကို မပြစ်မှားတော့ဘူးလို့  ဆုံးဖြတ် လိုက်တယ်။
မင်းကြီးလျှောက်ထားတာကို ဘေးကနေ နာကြားနေတဲ့ လုလင်က ဘုရားရှင်ကိုလျှောက်ထားပါတယ်။
 အရှင် ဘုရား ယမန်နေ့  ည သည် မင်းကြီးအတွက် ရှည်လျားသည်။ တပည့်တော် အတွက်တော့
တစ်ယူဇနာ ခရီးသည် ရှည်းလျား ပါသည် ဘုရား။
ဘုရားရှင် က နှစ်ယောက် ရဲ့စကားကို  နှီးနှော ပြီး--အချို့ သူအား ညဉ့် သည် ရှည်လျား၏အချို့ သူအား
တစ်ယူဇနာ သောခရီးသည် ရှည်လျား၏။ မိုက်မဲတွေဝေသော သူအား သံသရာသည် ရှည်ကြာ၏ လို့ 
မိန့် တော်မူပြီး တရားဓမ္မ ဟောတော် မူရာ လုလင် ယောက်ျား နှင့် တကွ  များစွာသော သူတို့ 
သောတာပတ္တိ ဖိုလ် `၌ တည်ကြလေတယ်။
ကျမ်းကိုး။     ။
(သာသနာဓဇ သိရီပ၀ရ ဓမ္မာစရိယ ၀ိနယ အကျော်ပြန်  ဘဒ္ဒန္တ ၀ိစာရိန္ဒာ ဘိဝံသထေရ်  မြန်မာ ပြန်ဆို
ရေးသားတော်မူသော ဓမ္မပဒ ၀တ္ထု တော်ကြီး ဒုတိယ တွဲ စာ-၁၄၀ *မထင်ရှားသော ယောက်ျား
တစ်ယောက် ၀တ္ထု *ကို အကျဉ်းချုံး ၍ ဖေါ်ပြပါသည်)
           *****တတိယမြောက်သမီးတော်*****
Posted on: Wednesday, February 27, 2013
ဒိဌိ သုံးမျိုးနှင့် ၀ိစိကိစ္ဆာ သဘော အကျဉ်းချုပ် အထူးမှတ်ဖွယ်
#  အရှိထင်ရှား။ ခန္ဓာငါးပါး။ရုပ်နာမ် တရားကို " သက္ကာယ " လို့ ခေါ်ပါတယ်။
# သက္ကာယ ကို  ငါပဲ သူပဲ  ယောက်ျား မိန်းမ ကလေး လူကြီး လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ် သတ္တ၀ါ
    အသက်  လိပ်ပြာ အတ္တအကောင်  ပဲလို့  အယူလွဲ နဲ့ စွဲခြင်းကို "  သက္ကာယ ဒိဌိ "  လို့  ခေါ်တယ်။
# တစ်ဘ၀ မှ တစ်ဘ၀ ကူုးပြောင်းလိုက်တယ်။ခိုင်တယ် မြဲတယ်။ မပျက် မစီး။ အကြိတ် အခဲ
   အမြဲတည်တံဖို့  အယူလွဲနဲ့  စွဲခြင်းကို  " သဿတ  ဒိဌိ "လို့ ခေါ်ပါတယ်။
#  အကြောင်းလည်း မရှိ။ အကျိုးလည်း မရှိ။ အကြောင်းအကျိုးလည်း မရှိ။ နောက်ဘ၀ လည်းမရှိ။
    သေလျှင်ပြတ်တယ်လို့   အယူလွဲနှင့်စွဲယူခြင်း ကို " ဥစ္ဆေဒ ဒိဌိ  "လို့  ခေါ်ပါတယ်။
#  စိတ်နှစ်ခွ ဒွိဟ ဖြစ်။ သံသယ မကင်း တွေးတောခြင်းကို" ၀ိစိကိစ္ဆာ "  လို့ ခေါ်ပါတယ်။
               *****တတိယမြောက်သမီးတော်*****
Posted on: Tuesday, February 19, 2013
ဝိပဿနာ အကျိုးပြ လင်္ကာ
လက်ရှိခန္ဓာ မတွယ်တာနှင့်။ နောင်လာ ဘ၀။ မတောင့်တ ပဲ၊ကြောင့်ကြဇွဲဖြင့်၊ အမြဲမပြတ်၊၀ိပဿနာ၊
လေ့လာကြိမ်ကြိမ်၊အာစိဏ္ဏကံ၊ ဖြစ်ကြောင်းမှန်မူ၊ထိုသည့်သူကား၊အယူမလွဲ၊ဂတိမြဲ၏၊
မီးစွဲလောင်မှ၊ရေကိုတသော်၊မရဖြစ်အင်၊ ပုံနှိုင်းယှဉ်၍၊မဂ္ဂသန္ဓေ၊တည်မြဲနေအောင်၊ မသေခင်က၊
ပြင်ဆင်တောက်လျှောက်၊မေ့ မပျောက်နှင့်၊ချွေးပေါက်ယိုစီး၊ သေခါနီးဝယ်၊ အပြီးမုချ၊ မဂ္ဂင်ရလိမ့်၊
ကိစ္စမလျော်၊ အကြောင်းပေါ်၍၊ မတော်တဆ၊ မဂ်,မရဦး၊ ဘ၀ အစွန်တမလွန်တွင်၊ ထူးချွန်အံ့လောက်၊
နတ်ပြည်ရောက်၍၊ မဖေါက်မပြန်၊ သောတာပန်အစစ်၊ဧကန်ဖြစ်သည်၊မလစ်ဝိပဿနာ အကျိုးတည်း။
ခက်ဆစ်အဖွင့်
အာစိဏ္ဏကံ=မပြတ်မလပ်
*****တတိယမြောက်သမီးတော်*****
Posted on: Friday, February 15, 2013
မိုးကုတ် ဆရာတော်ဘုရားကြီး၏ တရားအရသာများ
၁။  ။ဖြစ်ပျက်သမျှ သင်္ခါရ၊ဒုက္ခသစ္စာမှတ်။ဖြစ်ပျက်မှူတွင် ငါကောင်ထင်၊ ခင်မင်သမုဒယမှတ်၊
      ရုပ်နာမ်အားလုံး၊ဖြစ်ပျက်သုံး၊ချုပ်ဆုံးနိဗ္ဗာန် မှတ်၊ ချုပ်ဆုံးမှူတွင် ဥာဏ်သက်ဝင်၊ သိမြင် မဂ်ဟု မှတ်။
၂။  ။ယုံကြည်ကျန်းမာ စိတ်ဖြောင့်စွာဖြင့် လွန်စွာအားထုတ်၊ နာမ်နဲ့ရုပ်ကို ဖြစ်ချုပ်ဥာဏ်မြင်၊
      ဤငါးအင် မှန်ပင် မဂ်ရကြောင်း။
၃။  ။မစွန့် ကာမ ဆရာမရှိ ၀ီရိယလျှော့ အားအင် ပျော့ကာ လွန်စွာယူမှား  ဤငါးပါး
      တရားမဂ်ဖိုလ် ဝေးလေသတည်း။
၎။  ။သူတော်ဆည်းကပ်၊မြတ်တရားနာ၊လျော်စွာအကျင့်၊မဂ်ဖိုလ်ခွင့် ရလင့်ဧကန်သာ။
၅။  ။ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာလိုတော့သည်။
                   *****တတိယမြောက်သမီးတော်*****
Posted on: Wednesday, February 13, 2013
ပိုက်ဆံ ရှာဖို့  လူဖြစ်နေကြလေသလား...????
  ဘာရယ်လို့ မဟုတ်ပါဘူး  ဘလော့ဂါ အလင်းသစ် တင်ထားတဲ့ status  လေးမှာ
ဖတ်လိုက်ရတဲ့စာကနေ တွေးမိသွားတာလေးပါ ဘလော့ဂါ မိစံ ကလဲ ဆုတောင်းထားသေးတယ်
မျက်တောင်ခတ်တိုင်း ပိုက်ဆံရပါစေ တဲ့...စေတနာ နဲ့ ပေးကြတဲ့ဆုတွေပါပဲ
အဲ့ဒါ ကို သမီးတော်က မြင်ရင် မြင်တယ် လို့ မမှတ်ပဲ စာကို စာလို့ အသိလေးနဲ့မရပ်ပဲ
လျှောက်တွေးမိသွားလို့ ပါ။
 လူတွေ ဟာ  ဘာကြောင့်လူဖြစ်လာကြတာလဲ ဆိုတာ ထက်
ငွေရှာဖို့ လူဖြစ်လာကြသလားလို့ တောင် တွေးစရာဖြစ်နေပါတယ်။လူတော်တော်များများက
ငွေရှိဖို့ အရေးကြီးနေကြတာပါ ငွေ မရှိရင် ဘာမှ လုပ်လို့ မရဘူးလို့  အတွေးရောက်နေကြပြီ။
ကုသိုလ်အလုပ်ကိုလည်း ငွေ ရှိမှ လုပ်နိုင်မယ်လို့  တွေးထင်ယူဆပြီး ငွေရဖို့ ပဲ အဓိက ထား
ရှာနေကြတော့တယ်။ အကုသိုလ် တွေ လုပ်ပြီး ငွေရှာတယ် ပြီးတော့ အလှူလုပ်ပြီး ကုသိုလ်ပြုတယ်။
 ဘယ်လိုတွေးရမလဲတောင် မသိတော့ပါဘူး။ သီလ ရှိတယ်လို့ ထင်ရတဲ့သူတွေလည်း သူများအသက်
သတ်ပြီး အသက်မွေးဝမ်းကျောင်းနေတဲ့သူတွေကိုအထင်ကြီး နေကြတာ အဲ့လိုလူတွေမြို့ မျက်နှာဖုံး
  ဖြစ်နေကြတာ။ သူတော်ကောင်းတွေ အုပ်စိုးတဲ့ နေရာဆိုတာရှာမတွေ့ အောင်ပါပဲ။
ငွေမျက်နှာနဲ့ နေရာတိုင်း အုပ်စိုးကုန်ကြပြီ။ အဲ့ဒီတော့ ငွေရှိမှ မျက်နှာ မငယ်ရမှာလို့ တွေးပြီး
လူရာဝင်မှာလို့ တွေးပြီး ကျန်းမာရေးစောင့်ရှောက်နိုင်မှာလို့ တွေးပြီး ငွေမှငွေ အရိုးကြေကြေ
အရေခမ်းခမ်း ငွေ ကိုပဲ အသက်ပေးပြီးရှာကုန်ကြပြီ။ အကုသိုလ် ဖြစ်ဖြစ် ကုသိုလ်ဖြစ်ဖြစ်
နားမလည်ဘူး။ငွေရရင် ပြီးရော ရှာနေကြပြီ။
အရာအားလုံးကို ခြုံပြီးလေ့လာကြည့်တော့ လူတွေ ၉၉.၉၉% လောက်က  ငွေရှာဖို့ လူဖြစ်နေကြသလိုပါပဲ။
လူဖြစ်နေလို့ ငွေရှာတယ်လို့ တွေးတဲ့သူက ၀.၀၀၁% လောက်ပဲ ရှိလိမ့်မယ် ထင်ပါတယ်။
အားလုံးရဲ့ အတွေးတွေ စိတ်တွေ လုပ်ဆောင်ချက်တွေ ရည်ရွယ်ချက်တွေက  ငွေ ပဲ အဓိက ဖြစ်နေကြပြီ။
တကယ်ကိုပါပဲ  မိစံ ဆုတောင်းပေးသလို မျက်တောင်ခတ်တိုင်းငွေရချင်နေကြပြီနော်။
အဲ့လိုလူတွေထဲမှာ ကိုယ်မပါဘူးဆိုတဲ့အသိလေးနဲ့ ပဲ စိတ်ထဲအေးချမ်းမိပါရဲ့။
 ပိုက်ဆံအတွက် နဲ့ လူဖြစ် မရှုံးကြပါစေနဲ့လို့  ဆုတောင်းရင်း
အားလုံးလဲ ငွေကြောင့် အသက်ရှင်ကြသူများ မဖြစ်ကြပါစေနဲ့ လို့ ဆုတောင်းလိုက်မိပါတယ်။
            *****တတိယမြောက်သမီးတော်*****
Posted on: Tuesday, February 5, 2013
(၅) ၀ိညာဏက္ခန္ဓာ
(၅) ၀ိညာဏက္ခန္ဓာ(သိမှူသဘော တရားအစု)လို့  အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်
စိတ် ပဲ ဖြစ်ပါတယ်။ စိတ်က အရာရာကိုကောင်း၏ ဆိုး၏ သိတတ်တဲ့သဘော ရှိပါတယ်
 အဲ့သည် သိခြင်းကို ၀ိညာဏက္ခန္ဓာ လို့  ခေါ်ဆိုခြင်းပါ။
 ရူပက္ခန္ဓာ ရဲ့ ဖေါက်ပြန်ပြောင်းလဲခြင်းသဘောတွေ ဝေဒနက္ခန္ဓာရဲ့ ခံစားမှူသဘောတွေ
သညာက္ခန္ဓာ ရဲ့ မှတ်သားမှူသဘောတွေ သင်္ခါရက္ခန္ဓာ ရဲ့ ပြုပြင်ပြောင်းလဲမှူ သဘောတွေ
ကို သိနေတာ က ၀ိညာဏက္ခန္ဓာ ပဲဖြစ်ပါတယ်။
သူ့  အလုပ်က သိနေတဲ့အလုပ်ပါ။ ကိုယ့်ကိုကိုယ်  ဘာဖြစ်လို့ ဖြစ်မှန်းမသိတာက
ဝိညာက္ခန္ဓာ ရဲ့ ပျက်စီးယိုယွင်းခြင်းသဘောလေးပါပဲ။ ရုပ်တရားပဲဖြစ်ဖြစ်  နာမ်တရားပဲဖြစ်ဖြစ်
ပျက်စီးခြင်းတွေ ပဲဖြစ်နေတာပါ။ တည်မြဲခြင်းတွေ ဖြစ်နေတာ မရှိပါဘူး။
အဲ့လိုပျက်စီးခြင်းတွေ ဖြစ်နေတာကို သိနိုင်တဲ့ သိမှူသဘောလေး ထင်ရှားပြီး
မှတ်သားနိုင်မှသာ နိဗ္ဗာန် ကိုမျက်မှောက်ပြုနိင်သော ကိုယ် ဖြစ်ကြပါလိမ့်မယ်။
ငါးပါးသော ခန္ဓာ အစုတို့ ရဲ့ ဖြစ်ခြင်းကို ၎င်း ပျက်ခြင်းကို၎င်း သိမြင်နိုင်ကြသော
သစ္စာ တရားတို့ကို နာကြားနိုင်စွမ်းသော ဥာဏ်နားတို့  ရှိကြပါစေ။
*****တတိယမြောက်သမီးတော်*****
Posted on: Tuesday, January 29, 2013
သစ္စာ ဆိုတာ ခန္ဓာ ထဲမှာပဲရှိတာ
♦သစ္စာ ဆိုတာ ခန္ဓာ ထဲမှာပဲရှိတာ♦
သစ္စာ ကိုသိနေသောကြောင့် သစ္စ ဥာဏ်။ ခန္ဓာ ထဲ ပေါ်နေတာကိုသိမှသာ သစ္စ ဥာဏ်ဖြစ်မယ်နော်။
စာထဲရှိတာသိနေလို့  သစ္စာဥာဏ် မဖြစ်ဘူး။ စာထဲရှိတာက မှတ်တမ်းပဲ ရှိတယ်။
ခန္ဓာထဲမှာဖြစ်ပေါ်တာ ပျောက်ပျက်တာကို စာနဲ့ရေးပြီးမှတ်တမ်းတင်ထားတာ။
♦ဝေဒနာ ကို ကျော်အောင်ကြိုးစား♦
နားလည်တဲ့သူတွေကြတော့ ဖြစ်တာက ဝေဒနာ။ပျက်တာက အနိစ္စ လို့ ခွဲခြားတတ်တယ်။
သစ္စာ ဖြစ်အောင်လုပ်ပြီး အသေတတ်ကြတာပေါ့။ဥာဏ်နဲ့ ကြည့်တဲ့အခါ ဝေဒနာကို
မတွေ့ ရတော့ပဲ ဖြစ်ပျက် ကလေးတွေချည်း တွေ့ နေရတော့တာကို ဝေဒနာ ကျော်တယ်လို့ 
ပြောတာပါ။
ဝေဒနာ ကျော်တယ် ဆိုတာ အနိစ္စ ကိုတွေ့ တယ် အနိစ္စ နဲ့ဖြစ်ပျက်ကလည်း အတူတူ ပဲဆိုတော့
ဝေဒနာ ကျော်တယ် ဆိုတာ ဖြစ်ပျက်မြင်တာပဲလို့ လဲ ပြောလို့ ရတယ်။ ဝေဒနာ ကျော်လွန်အောင်
ရှူထားနိုင်မှစိတ်ချရတာ။
(မိုးကုတ် ဆရာတော်ဘုရားကြီး)
(မိုးကုတ်ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချ နှစ် ငါးဆယ်ပြည့် အထိမ်းအမှတ်
ပြက္ခဒိန်မှ ကောက်နုတ်ဖေါ်ပြပါသည်)
       *****တတိယမြောက်သမီးတော်*****
Posted on: Wednesday, January 23, 2013
(၄)သင်္ခါရက္ခန္ဓာ
နံပါတ်(၄)သင်္ခါရက္ခန္ဓာ(ပြုပြင်မှူသဘောတရားအစု) လို့  အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်
နာမ်ရဲ့ သဘောလေးပါ ခပ်လွယ်လွယ်လေး ပြောရရင်တော့  ထိုင်နေတာကြာရင်
ညောင်း ပြီးပြောင်းချင်လာတယ်။ အဲ့ဒီအခါ ပြောင်းချင်တဲ့စိတ်ကလေး ကြောင့် ပြုပြင်
ပြောင်းလဲတာမျိုးလေးပါပဲ။ပြုပြင်ချင်တဲ့ စိတ်ကလေးပေါ်လာတာ စိတ်က ဖြစ်ချင်သလို
ပြောင်းလဲနေတာ က ပြုပြင်မှူသဘောတရားအစုလေး ပဲဖြစ်ပါတယ်။
ပြုပြင်ခြင်းကလဲ ဖြစ်ပြီးတော့ ပျက်နေတာပါ။ခြေထောက်လေးကို ရွေ့ တယ် တဖြေးဖြေးချင်း
ရွေ့ တယ်။ပင့် မ ရာကနေ တဖြေးဖြေးချင်း ကိုယ်လိုချင်သလိုချတယ်။ အစ က စပြီး ရွေ့ တာ
တဖြေးဖြေး ပြောင်းလဲလာလို့ အစ က အနေ အထား နဲ့မတူ ပဲ ဖြစ်လာသမျှ ပျက်ပျက်သွားပါတယ်။
ပြုပြင်မှူသဘော အစု လေး ကို လဲ ဖြစ်ပျက်မှတ် နိုင်ရင် ဖြစ်ပျက်ဆုံး ပြီး နိဗ္ဗာန် ကို မြင်ရမှာ
ဖြစ်ပါတယ်။
နိဗ္ဗာန်တံခါးကို ဖွင့်နိုင်တဲ့ အားများ ပိုင်ဆိုင်နိုင်ကြပါစေ
*****တတိယမြောက်သမီးတော် *****
Posted on: Sunday, January 20, 2013
ဒုတိယအကြိမ် ဒိုမိန်းလှုဒါန်းခြင်းနဲ့  ထပ်တိုးကောက်ခံရရှိသော အလှုငွေစာရင်း
အလှု စာရင်းရှင်းတမ်းနဲ့ အလှုရှင်စာရင်းလေးကို ဒီနေ့ အသိပေးတင်ပြလိုက်ပါတယ်
ယခုပြုလုပ်တဲ့အလှုအတွက်   ပါဝင်စုပေါင်းထောက်ပံ့ကြသော  သူငယ်ချင်းမိတ်ဆွေ
အလှုရှင်များအားလုံးကို   မောင်(စွယ်စုံကျမ်း) မှ   ကျေးဇူးအထူး  တင်ရှိရပါကြောင်း
ပြောကြားပါတယ် ။စိတ်ကူးလိုက်တဲ့ အစီစဉ်လေး  ပြီးစီးအောင်မြင်သွားလို့ ရင်ထဲမှာ
အတိုင်းမသိ  ၀မ်းမြောက်ပီတိ  ဖြစ်ရပါတယ်။ ဒုတိယအကြိမ်မြောက် ၀က်ဆိုဒ်အလှု
ပြီးသွားလို့ လက်ထဲမှာ  ပိုနေတဲ့ ငွေတွေ   ကျန်ရှိနေပါသေးတယ် ။  အဲ့တာတွေကို
မြန်မာပြည်က  မိဘမဲ့ကလေး  စောင့်ရှောက်ရေး  ဂေဟာတစ်ခုခုကို  လှုကြမယ်လို့ 
စိတ်ကူးထားပါ ။  မလှုဖြစ်သေးတာက   အလှုလုပ်မယ့်နေရာကို   ရှာဖွေနေဆဲမလို့ 
အန်တီတင့် နဲ့ တိုင်ပင်ပီး  တကယ်လိုအပ်တဲ့   လှုတဲ့သူ ရှားပါးတဲ့  နေရာတစ်ခုခုကို
လိုက်ရှာနေပါတယ် တွေ့ ပီဆိုတာနဲ့ ပိုက်ဆံ  ထပ်စုပီး လှုမယ်လို့ စိတ်ကူးထားသလို
အကြံပေးလာတဲ့ သူငယ်ချင်းတွေ ရှိပါတယ် အဲ့ကြောင့် အဖွဲ့ လေး လုပ်ပီး သင့်သလို
စုပေါင်းလှုမလား ဒီတိုင်းပဲ ပိုငွေ 4သိန်းကျော်ကို  လှုလိုက်မလား စဉ်းစားနေကြဆဲပါ
အများကြီးလိုပါတယ်။ ပီးတော့  လစဉ်စုကြေးလေးတွေ လုပ်ပီး  များလာတဲ့အခါမှာမှ
တိုင်ပင်နေဆဲပါ ။ ကျနော်ကိုယ်တိုင်လည်း   စဉ်စားနေရဆဲပါ ။  ဘာလို့ လည်းဆိုရင်
မြန်မာပြည်ပြန်ဖို့ နဲ့  တခြားလုပ်စရာလေးတွေကြောင့် ရေရှည်မစည်းရုံးနိုင်မှာလည်း
စိတ်ပူမိတယ် ။အဖွဲတစ်ခုလုပ်ပီဆိုရင် အောင်မြင်အောင်ပဲ လုပ်ချင်တယ် အမာခံလူ
အတော်များများ ရှိနေပြီမို့ အဖွဲ့ လေးတစ်ခု လုပ်ဖြစ်မယ်လို့  ယုံကြည့်ပါတယ် လစဉ်
စုကြေးဆိုတာ အလှုရှိရှိ မရှိရှိ  တစ်ယောက် နှစ်ဆယ် သုံးဆယ် စုထည့်ထားမယ်ဆို
လူနှစ်ဆယ်ဆို  တစ်လ 2သိန်း  တစ်နှစ်ပြည့်မှ လှုမယ်ဆိုရင်  24 သိန်း  အလိုလိုစုပီး
ဖြစ်မှာပါ တစ်ဦးထဲလုပ်ရင်မသိသာပေမယ့်အဖွဲ့ လိုက်စုမယ်ဆိုရင်တော့ ငွေပမာဏ
လူများများရင် များသလို လှုနိုင်ပါလိမ့်မယ် အဲ့တော့ လုပ်ဖြစ်မယ့် အစီစဉ်ကိုသေချာ
အစီစဉ်တကျ ဖြစ်ဖို့ ကို KL (ကွာလာလမ်ပူ )မှာ တွေ့ ဆုံဆွေးနွေးပွဲ တစ်ကြိမ်လုပ်ပီး
ကောက်ခံပါ့မယ် သဘောတူတဲ့သူများရင် ဆွေးနွေးပွဲလုပ်မယ်ဘယ်လိုပဲဖြစ်ဖြစ်အခု
ဒုတိယအကြိမ် ဒိုမိန်းအလှုပြီးရင် မိဘမဲ့ကလေးဂေဟာအတွက် ပိုငွေတွေကို လှုမှာပါ
အခုနောက်ထပ်  ကောက်ခံရရှိတဲ့ အလှုရှင်စာရင်းကို ရေးပြပါ့မယ် ။  ငွေပမာဏ ကို
တတိယအကြိမ် အလှုနဲ့ အတူ  စာရင်းလုပ်ပီး  အလှုရှင်တစ်ဦးချင်းစီကို ပို့ ပေးပါ့မယ်
အခုဘာလို့ စာရင်းမရှုပ်တာလည်းဆိုရင် နော်ဝေကလွှဲငွေကို မလေးရှားငွေပြောင်းဖို့ 
စာရင်းသာ  ပေးထားပီး  ငွေမလွှဲသေးတာလည်း ရှိနေလို့ ပါ ။ ဘာလို့ လည်းဆိုတော့
လှုမဲ့နေရာအတိအကျ စုံစမ်းရှာဖွေနေဆဲမလို့  ကျနော့်ဘက်က စာရင်းအရင်ယူထား
ငွေကို လှုတဲ့အခါမှ လွှဲဖို့ ပြောထားပါတယ် အဲ့ခါမှ အတိအကျ ပိုငွေကို ရေးတင်မှာပါ
လှုငွေပမာဏ စာရင်ဇယားအတိအကျ ရေးဆွဲပြီး PDF စာအုပ်လေး လုပ်ပီးတင်ဖို့ ကို
တတိယအကြိမ် မိဘမဲ့ကလေးဂေဟာ အလှုမှာ စောင့်ဖတ်ပေးကြပါလို့ ..................။
အလှုပြုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကို အောက်ကလင့်မှာ သေချာဖတ်ပေးပါရန်.......။
အလှုရည်ရွယ်ချက်ကိုတကယ်သိမှ လှုပါ  အဖွဲလုပ်ဖို့ အားပေးပါ သေချာဖတ်ပေးပါ
အလှုရည်ရွက်ချက် ဖတ်ရန် ==> http://www.zwmnna.com/about donation
ယခင်အလှုရှင်စာရင်းဖတ်ရန် ==>http://www.zwmnna.com/donator list
မလေးရှားမှ ဂျိုဟိုးမှ ထပ်တိုးအလှူရှင်စာရင်း 
၁။Frank(RM100)
၂။အောင်မင်းထွဋ်(RM50)      
 ၃။မျိုးအောင်(RM30)     
၎။ခင်ဇော်ဌေး (RM 30) 
၅။အောင်သူဝင်း(RM20)
၆။သက်ပိုင်ဦး(RM 20)
၇။စောခူ(RM 20)
၈။စောဘီး (RM 20)     
 ၉။ဘိုဌေး (RM 20) 
၁၀။စောလုပ်သားမောင်(RM 10)
၁၁။နေလင်းအောင်(RM 10) 
၁၂။ဇော်ထက်အောင်(RM 10)
၁၃။ကျော်မင်းသူ (RM 10)
၁၄။ကျော်ကျော်(RM10)
၁၅။ကိုထွန်း(RM10)
၁၆။အငဲ(RM10)          
Total=RM 380
နော်ဝေမှထပ်တိုး လှုဒါန်းသူ
အဖြူရောင်အားမာန်မိသားစု = 250 (Norway, Krone)
ထိုင်းနိုင်ငံမှထပ်တိုးလှုဒါန်းသူ
ရွှေပါရမီပညာဒါန = 82000 ကျပ်