ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Sunday, December 6, 2015

ဘာအဓိပ္ပါယ်ရှိသလဲ

ဘ၀တစ်ခုရလာတယ်။ ပထမဆုံး အသက်ရှင်ဖို့ကြိုးစားရတယ်
ပြီးတော့ ၀တ်ဖို့ကြိုးစားရတယ်။ ပြီးတော့ နေစရာရှိဖို့ကြိုးစားရတယ်။
သံယောဇဉ်အနှောင်အဖွဲ့တွေနဲ့ ပူပန်ကြစိုးရိမ်ကြ
အစစအရာရာ အေးချမ်းတယ်ဆိုတာ မရှိပါဘူး
အကြောင်းတစ်ခုမဟုတ်တစ်ခု ပူပန်ကြရတာမလွဲပါ။
ဘာများအဓိပ္ပါယ်ရှိပါသလဲ။


လူတစ်ယောက်အသက်ရှင်ဖို့ကြိုးစားရတယ်။
ဘယ်တော့မှ မသေအောင်စောင့်ရှောက်နိုင်သလား။
သေမယ်ဆိုတာ သိပါလျက် မသေအောင်ကြိုးစားနေရတာ
ဘယ်လောက်မောသလဲ။စားပေးရတယ်
သင့်လျော်တဲ့အဟာရတွေ။
အချိန်နဲ့အချိန် လွန်မသွားအောင် ဂရုစိုက်ရ။
ဝတ်ပေးရတယ် ရာသီဥတုနဲ့ လျော်ညီိတာ
အေးတဲ့အချိန်နွေးအောင်
ပူတဲ့အချိန် အပူဒဏ်ခံနိုင်အောင် ။
အေးတဲ့အချိန် နွေးအောင်မလုပ်ပြန်ရင်
အအေးလွန်ပြီးသေ သတဲ့။
ပူတဲ့အချိန် အပူဒဏ်ကိုထိန်းမထားနိုင်ရင်လည်း
အပူလွန်ပြီးသေ သတဲ့။ အပူ အအေးကို ညီညွတ်မျှတအောင်
ထိန်းသိမ်းပြီးဂရုတစိုက် နေထိုင်တော့ကော
အချိန်တန်ရင်သေတာပဲတဲ့။

ကဲ...စောစောမသေအောင် ဂရုစိုက်နေရတာ ဘယ်လောက်မောသလဲ။
စားပေးရ ၀တ်ပေးရ သင့်လျော်အောင်နေပေးရ။
ဘယ်လောက်ပဲဂရုစိုက်စိုက် သူကတော့သေမှာပဲ။
ဒါနဲ့များ ဘာလို့ရှင်ဖို့ကြိုးစားကြတာလဲ။
ရှင်နေတာကိုက ဒုက္ခဖြစ်နေဖို့သက်သက်ပါလား။
မသေခင် ပျော်ပျော်ရွှင်ရွှင်နေထိုင်ပြီး ပြညိ့ပြညိ့စုံစုံပဲထားပါတော့
အဲ့ဒါနဲ့သေသွာတယ်။နောက်ဘ၀တစ်ခု ထပ်ရလာတယ်
ရှင်ဖို့ကြိုးစားရပြန်တယ်။ စားပေးရ ၀တ်ပေးရ
အပူအအေးညှိပေးရ
တစ်ယောက်နဲ့ တစ်ယောက် စိုးရိမ်ကြ ပူပန်ကြ
အချိန်တန်တော့သေကြ။
ဘာအဓိပ္ပါယ်ရှိသလဲ။

စဉ်းစားသင့်တာနော်။
နေ့စဉ်နဲ့အမျှ ရှာဖွေနေကြရတဲ့ ဒုက္ခ
ကိုယ့်ခန္ဓာက တဖြေးဖြေးနဲ့ အိုမင်းလာတယ်။
ချက်ချင်းမသေဖို့အရေး သေရွာသွားရင်းနဲ့ ရှာနေရတာ။

သေချင်သလားလို့မေးရင် မသေချင်ဘူးလို့ဇြေကြမယ်။
မသေတဲ့အလုပ်ကို လုပ်ပါလားဆိုတော့ စပ်ဖြဲဖြဲ ရယ်ကျဲကျဲ။
မသေခင် တကယ်လုပ်ရမယ့်အလုပ်ကို မလုပ်ပဲ
သေတဲ့အခါ ကျန်ရစ်တဲ့သူတွေ အလှုလုပ်ပေးဖို့
အမျှဝေပေးဖို့ မျှော်လင့်နေပါသလား။ သေ၇င်ပါအောင်လို့
ဒါန သီလတွေလုပ်နေပါသလား။
ဒီဘ၀ နဲ့ နောက်ဘ၀ ကောင်းစားဖို့ကိုပဲ
အရေးတကြီး လုပ်ကြတယ်။
ဘ၀ရလို့ဆင်းရဲတယ်ဆိုတာသိပြီး ဆင်းရဲတာတွေ
အဆုံးသတ်ဖို့တော့ ဘာကြောင့်များ ၀န်လေးနေပါသလဲ။
သားအတွက်ပူနေသလား။ သမီးအတွက်ပူနေသလား
မိမိအတွက် ပူပန်စရာ မလိုတော့ဘူးလား။

တကယ်တော့ ကရုဏာ ဆိုတဲ့စကားဟာ
အရိယာတွေသာ သုံးသင့်တဲ့စကားတစ်ခုပါပဲ။
ဆင်းရဲတဲ့သူပဲဖြစ်ဖြစ် ချမ်းသာတဲ့သူပဲဖြစ်ဖြစ်
ဒုက္ခက မလွတ်ကြသေးလို့
ခန္ဓာ့ဒုက္ခကိုမသိမမြင်ကြသေးလို့
ဆင်းရဲတာမှန်းကိုမသိကြသေးတာက
သနားစရာဖြစ်နေတာပါ။
ဆင်းရဲတာကိုသိပြီး သစ္စာလေးပါးပြည့်စုံပြီး
ဖြစ်တဲ့ သောတာပန် သကဒါဂါမ်
အစရှိတဲ့အရိယာများကတော့ ဆင်းရဲလွတ်ရာ
နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးသူများဖြစ်လို့
ချမ်းသာအစစ်ကိုပိုင်ဆိုင်ထားသူများဖြစ်လို့
သစ္စာမသိကြသေးတဲ့ ပုထုဇဉ်တွေကို
သနားတယ်ဆိုတာကမှ အစစ်အမှန်ဂရုဏာစိတ်ပဲ။
ကိုယ်ချမ်းသာသလို မချမ်းသာကြတဲ့
သူဆင်းရဲတွေကိုတွေ့ရင် သနားတဲ့စိတ်ဖြစ်ဖူးတယ်
ဆိုရင် အရိယာတို့က သနားတဲ့စိတ်ဖြစ်တာ
ဒိထက်ပိုပါတယ်

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က
ဘုရားဖြစ်တာနဲ့ သတ္တ၀ါတွေကို ရွှေဥာဏ်တော်
ကွန်ယက်ဖွင့်ပြီး ကြည့်တော်မူတော့
အ၀ိဇ္ဇာ အမှောင်ဖုံးပြီး တဏှာနဲ့ပျော်နေကြတဲ့
သတ္တ၀ါတွေကို သနားတော်မူသတဲ့
မြတ်စွာဘုရားရဲ့ မဟာဂရုဏာတော်ကတော့
နှိုင်းယှဉ်စရာမရှိပေါ့။
မြတ်စွာဘုရားရှင် ဂရုဏာ ဖြစ်သလိုမျိုး
အရိယာ သာဝကတိုင်း သူ့အတိုင်းအတာနဲ့သူ
ဂရုဏာဖြစ်ကြတယ်။ သူတို့သစ္စာသိသလို သိစေချင်ကြတယ်
သူတို့ချမ်းသာသလို ချမ်းသာစေချင်ကြတယ်။
ရုပ်နဲ့နာမ်ပဲရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း
သိစေချင်ကြတယ်။ ဒိဋ္ဌိ ၀ီစိကိစ္ဆာကို သမုဒ္ဆေဒ ပဟာန်နဲ့
ပယ်ပြီးဖြစ်စေချင်ကြတယ်။ သညာသိ ၀ိဉာဏ်သိထက်
ပညာသိနဲ့ သိစေချင်ကြတယ်။ ဥာဏ်နဲ့ထိုးထွင်းပြီး
သိ စေချင်ကြတယ်

စားစရာ နေစရာပြည့်စုံနေတာလောက်နဲ့တော့
ချမ်းသာတယ်လို့ သိမြင်တွေးထင်ပြီး ဘ၀ကူးသွားမယ်ဆိုရင်
လူဖြစ်ရှူံးတဲ့သူပဲဖြစ်ပါလိမ့်မယ်

ခန္ဓာရထားပြီး သစ္စာ မသိသေးတဲ့ ဒုက္ခသည် အချင်းချင်း
လူဖြစ်ဖြစ် နတ်ဖြစ်ဖြစ် ဗြဟ္မာဖြစ်ဖြစ် ငရဲသားပဲဖြစ်ဖြစ်
အားလုံးဟာ သနားစရာဘ၀က မလွတ်ကြသေးတဲ့
သူအချင်းချင်းပြန်ပြီးသနားနေကြတာပါပဲ
သစ္စာမသိသေးတဲ့သူမှန်ရင် ကိုယ်တိုင်လည်း
သနားစရာသတ္တ၀ါပါလားလို့ သိပြီး ဆင်ခြင်ရပါလိမ့်မယ်
ကိုယ်တိုင်က သနားစရာဖြစ်နေတာကိုမသိပဲ
တဖက်လူကို သနားနေတယ်ဆိုတာ
ရီစရာကြီးတောင်ဖြစ်နေပါတယ်။
တဖက်သားကို ကိုယ့်လောက်မပြည့်စုံဘူးလို့
ကာမဂုဏ်အာရုံတွေနဲ့နှိုင်းယှဉ်ပြီး ချမ်းသားတယ်လို့
ယူဆတာတွေ ကံကောင်းတယ်လို့ အမြင် အတွေးနဲ့
မောက်မာနေကြတာတွေဟာ အရိယာ မျက်လုံးနဲ့ကြည့်
ရင်တော့ ရီစရာတွေကြီးပါပဲ။
ဒါကြောင့်လည်း ဆရာတော်ကြီးများက
မှာကြားကြတာပါ။
အရိယာတို့ နားမျက်စိနဲ့ မတော်တာတွေမလုပ်ကြနဲ့လို့
ွှအရိယာတို့ နားမျက်စိနဲ့ မတော်တာက
ချမ်းသာခြင်းအတုတွေကို ဂုဏ်ဖေါ်ပြီး
မော်ကြွားတာတွေကိုပြောတာပါပဲ။

လောဘဖြစ်တယ် ဒေါသဖြစ်တယ်ဆိုတာ
ကိန်းတဲ့ကိလေသာမပယ်ရသေးရင်တော့
သောတာပန်ဖြစ်ဖြစ် သကဒါဂါမ်ပဲဖြစ်ဇြစ်
ပေါ်ကြမှာပါပဲ။ ဒါပေမယ့် ကာမဂုဏ်အာရုံကို
မပယ်နိုင်သေးလို့ ခံစားကြတာ မော်ကြွားစရာ
မောက်မာစရာမရှိပါဘူး။ဒါကိုချမ်းသာတယ်လို့လည်း
အရိယာတွေက မမြင်ပါဘူး။
ကံရဲ့အထောက်အပံ့ကောင်းလို့ အကျိုးပေးကောင်းလို့
ပြည့်စုံနေတာလို့ မြင်ပါတယ်တဲ့။

ဒါကြောင့်လည်း လူရယ်လို့ဖြစ်လာပြီး
သစ္စာသိတဲ့ အရိယာဖြစ်ခဲ့ရင်တော့
လက်ရှိဘ၀ဟာ အဓိပ္ပါယ်ရှိသွားပါပြီ။
ကာမဂုဏ် အာရုံတွေ ခံစားပျော်ပါးနေလည်း
သူ့သံသရာ သူုဖြတ်ပြီးသားမို့ ဆင်း၇ဲပေမယ့်လည်း
သူ့ရဲ့ ဆင်းရဲခြင်းက အဆုံးသတ်ရှိထားပြီးသား
ဖြစ်ပါတယ်။

သစ္စာသိဖို့ ကြိုးစားနေတာမှ မဟုတ်ရင် သံသရာလည်ကြောင်း
တွေနဲ့ပဲ အချိန်ကုန်နေမယ်ဆိုရင်
ဘာအဓိပ္ပါယ်ရှိမလဲ

သုဂတိဘုံကိုရောက်လာပြီး အသိဥာဏ်လည်းရှိရဲ့သားနဲ့
ကာမဂုဏ်အာရုံတွေအတွက်ပဲအလုပ်လုပ်နေကြမယ်ဆိုရင်
ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ကြပေါ့
ဒီလိုတွေလုပ်နေတာ ဘာအဓိပ္ပါယ်ရှိလဲ လို့




*****တတိယမြောက်သမီးတော်*****

0 comment: