ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Sunday, December 20, 2015

ခန္ဓာဥာဏ်ရောက်ဖြစ်အောင် နာကြ


ဒကာ ဒကာမတွေ တရားနာတဲ့အခါမှာ တရားအဓိပ္ပါယ်ကို
သိနေရုံလောက်မျှနှင့် ကျေနပ်မနေကြနဲ့။


ခု တရားနာနေတဲ့အခိုက်အတံ့မှာပဲ ကိုယ့်ဥာဏ်က ကိုယ့်ခန္ဓာပေါ်မှာ
စိုက်ထားပါ၊ ဒီကဘုန်းကြီးက ပြောတဲ့အတိုင်း ကိုယ့်ဥာဏ်က
ကိုယ့်ခန္ဓာအစဉ်ပေါ်မှာ လျှောက်နေပါစေ။ စာက ဆိုတာက-
“ ဒေသနာ ဥာဏာနုသာရေန ဥာဏံ ပေသေန္တဿ
ဥာဏုတ္တရဿ ဟောတိ-တဲ့။”
ဒေသနာဥာဏာနုသာရေန- ဟောတော်မူတဲ့ ဒေသနာ ဥာဏ်တော်ကို
 အစဉ်လျှောက်သဖြင့်၊ ဥာဏံ-မိမိဥာဏ်ကို၊ပေသေန္တဿ-ခန္ဓာထဲသို့
စေလွှတ်သော အဿ-ထိုပုဂ္ဂိုလ်၏၊ ဥာဏံ-ဥာဏ်သည်၊ ဥတ္တရံ-
မြင့်မြတ်ရင့်ကျက် ထက်မြက်လာသည်။ ဟောတိ-ဖြစ်၏။

သူ့အဓိပ္ပါယ်က “ ဒေသနာဥာဏ်ကိုအစဉ်လျှောက်ပြီး ကိုယ့်ဥာဏ်ကို
ကိုယ့်ခန္ဓာထဲ စေလွှတ်လိုက်တဲ့အခါ ဥာဏ်ထူးဥာဏ်မြတ်ကြီး
ဖြစ်သွားလို့တရားထူးရနိုင်တယ်-တဲ့။

ဘုရားလက်ထက်တော်တုန်းက တရားတစ်ပွဲအပြီး-အပြီးမှာ
တရားထူးတွေ ရ - ရကုန်ကြတယ်ဆိုတာ အဲ့လိုဥာဏ်ကို
စေလွှတ်လို့ရကြတာ၊ နာရုံသက်သက်နဲ့ ဘယ်တရားရလိမ့်မလဲ။

ဥာဏ်က ခန္ဓာပေါ်ရောက်လို့ရကြတာ၊ ခန္ဓာပေါ် မရောက်ဘဲနဲ့
ဘယ်တရားရနိုင်လိမ့်မလဲ၊ ခန္ဓာဥာဏ်ရောက်မှဖြစ်မှ တရားရနိုင်မှာပါ။

ဒါကြောင့်  “ နားက တရားကို နာ၊ ဥာဏ်က ခန္ဓာပေါ်လှည့်ထားပါ”။


(မိုးကုတ် ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာမှ)




*****တတိယမြောက်သမီးတော်*****

0 comment: