ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, December 30, 2015

ပါရမီ တွေနဲ့ ခြောက်လှန့်ထား


 ဤသို့ဖြစ်နေကြရသည်မှာ ပုဂံခေတ်တွင် မဟာယာနဂိုဏ်း
လွှမ်းမိုးခဲ့ရာမှ အငွေ့အသက်များမကုန်ပဲ ကျန်နေခဲ့သော
ကြောင့် ဖြစ်သည်။ မဟာယာန ဂိုဏ်း၏ ၀ါဒမှာ ယောက်ျားတိုင်းပင်
ဘုရားလောင်းဖြစ်ကြ၏။ ဘုရားဆုကိုတောင်းကြရ ဘုရားဆုကို
ပန်ကြရသည်။


ထို့ကြောင့် ပုဂံခေတ် ကောင်းမှု ကျောက်စာများကို ဖတ်ကြည့်လျှင်
 ကျောက်စာတိုင်းလိုလိုပင် “ ပုရဟား ဖြစ်ရလိုသောဝ်” (ဘုရားဖြစ်
ရပါလို၏) ဟူ၍ချည်း ဆုတောင်းထားကြသည်ကို တွေ့ရမည်။
ဘုရားဖြစ်လိုသူသည် ပါရမီ (၁၀)ပါးကိုဖြည့်ကြရမည် ဖြစ်၏။
ထို့ကြောင့်
ဒါနံ သီလဉ္စ နေက္ခမ္မံ။
ပညာ ၀ီရိယ ပဉ္စမံ။
စသည်ဆိုကြပြီးလျှင် ဦးစွာ ပထမ  ဒါန ပါရမီကိုဖြည့်ရမည်။
ပြီးတော့ သီလပါရမီ၊ အဲ့ဒီနောက်တော့ နေက္ခမ္မ (ကာမဂုဏ်နယ်မှ
ထွက်မြောက်တဲ့) ပါရမီ ပြီးတော့ ပညာ ပါရမီ ၀ီရိယ ပါရမီ စသည်
ဆယ်ပါး ဖြည့်ကြရမည်။

ဒါတွေပြည့်တော့မှ သစ္စာတရားတွေ သိပြီး နိဗ္ဗာန်ရမည် လို့
သိထားတော့ အဲ့ဒီ ပါရမီတွေကလည်း မပြည့်သေး ဒါကြောင့်
ယခုဘ၀ဟာ တရားရနိုင်တဲ့ ဘ၀ မဟုတ်သေး လို့ ထင်မှတ်
နေခဲ့ကြ၏။ ဤသို့လျှင် ပါရမီတွေနဲ့ ခြောက်လှန့်ထားခဲ့ကြ၍
စိတ်ဓါတ်တွေ ဆုတ်နစ်နေခဲ့ကြရသည်။

ပါရမီဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးအတွက်ဖြည့်ဖို့လိုသလဲ လို့
မခွဲခြားနိုင်ခဲ့ကြ၍ ယောင်တီး ယောင်တ ဖြစ်ခဲ့ကြရသည်။
ဆုကြီးပန်နှင့် ရိုးရိုးမကွဲပဲဖြစ်နေကြသည်။
အမှန်မှာ ပါရမီ ဆိုတာ  ဆုကြီးပန်တွေ အတွက်သာ ဖြစ်သည်။
သမ္မာသမ္ဗုဒ္ဓ အတွက်၊ ပစ္စေက ဗုဒ္ဓါ အတွက် ပါရမီ လိုတယ်၊
လက်ယာတော်ရံ လက်ဝဲတော်ရံ အဂ္ဂသာဝက အတွက်
ပါရမီ လိုတယ်။ မဟာသာဝက အသီတိ သာဝကအတွက်လဲ
ပါရမီလိုတယ်။

ရိုးရိုး ပကတိ သာဝကအတွက် ပါရမီ မလို။(နိဗ္ဗာန်ရမယ်ဆို
ဘယ်အချိန်ရရ ယူမယ်ဆိုတဲ့) ရိုးရိုး ပကတိ သာဝကတွေ အတွက်
ပါရမီက ပြည့်နေပြီ၊ နောက်ထပ် ဖြည့်နေဖို့ မလို။ဤ အချက်ကို
မကွဲပဲ ဖြစ်နေကြသည်။ ရှေ့ဘက်က ဖေါ်ပြပြီး ပုဂ္ဂိုလ်ကြီးများ နှင့်
ရောနေ၏။ထို့ကြောင့် လည်း ဒီဘ၀ဟာ တရားရနိုင်တဲ့ဘဝ
မဟုတ်သေးဘူး  လို့ကိုယ့်ကိုကိုယ် ထင်နေခဲ့ကြသည်။
လျော့တွက်ခဲ့ကြသည်။

အို…. ယောဂီ၊ ဘုရားလက်ထက်က ပုနဗ္ဗသုမာတာ၊
ပိယင်္ကရမာတာ ဆိုတဲ့ ဆင်းရဲမွဲတေ နုံချာလှသူများ
သောတာပန် ဖြစ်ရ၏။ သုပ္ပဗုဒ္ဓကုဋ္ဌိ(အနူကြီး) သောတာပန်ဖြစ်သွားရ၏။
ဇေတ၀န်ကျောင်းတိုက်ထဲသို့ ဘုရားကိုယ်တော်မြတ်ကြီး
တရားဟောနေချိန်တွင် ယောင်လည် ယောင်လည်နဲ့ ရောက်လာကြတဲ့
ခါးပိုက်နှိုက်(၂)ဦးအနက် တစ်ဦး သောတာပန် ဖြစ်သွားရသည်။
သူတို့တွေဟာ အသင်ယောဂီတို့ထက် ပါရမီတွေပြည့်စုံနေလို့
တရားရသွားကြတယ် ဆိုဦးမလား။


(မိုးကုတ် ဆရာတော်ဘုရားကြီး ၏ တစ်ဘ၀ သာသနာ မှ)



*****တတိယမြောက်သမီးတော်*****

0 comment: