မိုးကုတ်ဆရာတော် ဦးဝိမလသည် ယခုအခါ
ဘုန်းကံကြီးမားတော်
မူလှ၏။နေစရာ ကျောင်းကန် အဆောက်အအုံလည်းမရှား၊
ဝတ်စရာ
သင်္ဃန်းဆို၍လည်း ရိုးရိုးပိတ်သင်္ဃန်း
ဗောင်းတံဆိပ် ရွှေလိပ်ပြာ ဗန္ဓုလ
တို့ မဆိုထားဘိ၊ ထိုအချိန် ထိုအခါက
ခေတ်စားခဲ့ကြသည့် ပိုးသင်္ဃန်း
ဆွမ်းပွဲကိုကြည့်လျှင်လည်း ဧရာမ
စားပွဲဝိုင်းကြီးနှင့် ဆွမ်းဟင်းချိုင့်တွေ
ဆွမ်းဟင်းခွက်တွေ အပြည့် အလျှံ၊
မုန့်ပဲ သရေစာတွေဆို တင်စရာ
နေရာမရှိ၊ စားမကုန် သောက်မကုန်
မောက်မောက်ဖြိုးဖြိုး ဤသို့
အကျိုးပေးနေသည်ကို တစ်ပါးတည်း ဘုန်းပေးနေသည်တော့
မဟုတ်ချေ။ စာချဘုန်းကြီးများကိုခေါ်၍
ကျွေးတတ်၏။ တိုက်တွင်းမှ
အကြီးပိုင်း ဘုန်းတော်ကြီးများကိုလည်း
ပင့်၍ကပ်တတ်သည်။
ဆရာတော်၏ တပည့်ကြီး(ဦးဇောကြီးခေါ်)
ဦးဇောတိကသည်
ဆရာတော်နှင့်ရင်းနှီး၏။ ဆရာတော်၏
အနားကိုလည်း အချိန်
မရွေးကပ်ရဲသည်။ ငယ်စဉ်က စ၍ ဆရာတော့်
အနွံအတာကို
ခံခဲ့သူလည်းဖြစ်၏။ ဆရာတော်အား ပြောရဲ
ဆိုရဲ လျှောက်ရဲသူ
လည်းဖြစ်၏။ ထို့ကြောင့် ပြည့်လျှံမောက်ဖြိုးနေသော
ဆွမ်းပွဲ
ကြီးကိုကြည့်ပြီးလျှင်-
“ဘုန်းကြီး..ဟိုတုန်းက တပည့်တော်တို့
ဘုန်းကြီးတို့ ဆရာတပည့်
တွေ စာချနေကြတုန်းက စားစရာဆိုလို့လည်း
ဟုတ်တိပတ်တိ
မရှိ၊ ၀တ်စရာလည်း အနိုင်နိုင်ပါပဲ။
ကိုယ့်ဆွမ်းကိုယ် ချက်စား
လာခဲ့ကြတာ။ ဟိုတုန်းက ပရိယတ်ကိုး။
အခုတော့ “ပဋိပတ်” ဆိုပြီး ဘုန်းကြီးက
ဝိပဿနာတွေ ဟောလာ
တော့ ပေါလိုက်တဲ့ဖြစ်ခြင်း၊ စားမကုန်
သောက်မကုန် ပြည့်ဖြိုး
မောက်လျှံ ၀ိပဿနာဆိုတော့
အာစို လိုက်တာနော်…”ဟူ၍
ရဲရဲတင်းတင်းပင်လျှောက်လိုက်တော့၏။
ဆရာတော့ကိုလည်း
လှမ်း၍ အကဲခတ်နေမိသည် ဟူ၏။ ထိုအခါ
ဆရာတော်၏
မျက်နှာမှာပြုံးယောင်ယောင် ဖြစ်လာပြီးလျှင်
“…အင်း.. ၀ိပဿနာ ဆိုတာ အာစိုတာပဲ..”ဟူ၍
တစ်လုံးတည်း ပြန်၍ မိန့်သည် ဟူသတတ်။
ဟုတ်ပါသည် မိုးကုတ်ဆရာတော် ဦးဝိမလ
ဘုန်းကံကြီးမားသည်။
ဘုန်းကြီးသည် ဆိုသော်လည်း ငယ်စဉ်က
စ၍ တစ်သက်စာလုံး
ဘုန်းကြီးလာသည် မဟုတ်ပါ။ ပရိယတ်တွေကိုပို့ချနေစဉ်တုန်းက
ထုံးစံအတိုင်းသူများတွေလိုပဲ ငတ်ခဲ့ကြသည်သာ။
ကိုယ့်ဆွမ်း
ကိုယ်ချက်စားပြီး စာချလာခဲ့ကြ၏။
စေတနာ သဒ္ဓါတရားကြီးမား
လွန်း၍သာ အဆင်းရဲခံပြီး ပရိယတ်
သာသနာတော်ကို ထမ်းဆောင်
နိုင်ခဲ့ခြင်းဖြစ်လေသည်။
ပရိယတ်ဆိုတ ရဟန်းလောကမှာ ကိုယ့်စာကိုယ်သင်အံ့ပို့ချနေကြတာ
ဆိုတော့ လူတွေနဲ့ မဆက်စပ်ပါဘူး။
လူတွေမှာလည်း အရသာ
မပေါ်ပါဘူး။ထို့ကြောင့် လူတွေကလည်း
ကျေးဇူးတတင် မရှိပါဘူး။
ပရိယတ်ဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာလည်း
သူတို့ မသိကြပါဘူး။ ကုသိုလ်ရချင်လို့
လှုတာ တန်းတာလောက်ပဲ
ရှိပါတယ်။
ဟော ပဋိပတ်ဆိုတဲ့ ၀ိပဿနာ အလုပ်ကြတော့
လူတွေက သူတို့
ကိုယ်တိုင် ကျင့်ကြံကြရတယ်။ ဒီတော့
အထိုက်အလျှောက်စိတ်ငြိမ်းချမ်းမှု
ရကြတယ်။အပူတွေအေးတယ်။ အိမ်တွင်း
သောကမီးတွေလည်း နှိမ်နိုင်တယ်။
အဲ့ဒီက တဆင့် တချို့မှာ တရားထူးတွေ ရကြတဲ့အထိ ဖြစ်ကုန်ကြတယ်။
အဲ့ဒီတော့ သူတို့နဲ့တိုက်ရိုက်
ထိတွေ့မှု ရှိတာပေါ့။ ဒါကြောင့်
ကျေးဇူးတတင် ဖြစ်ကြတယ်။ ကျေးဇူးတင်တော့လည်း
သူတို့
ရှိတာ ဖဲ့ပြီး လှုကြ တန်းကြတော့တာပေါ့။
ဒါကြောင့်
ဝိပဿနာတွေ အာစို ကြတာ။
(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘဝ
သာသနာ မှ)
*****တတိယမြောက်သမီးတော်*****
*****တတိယမြောက်သမီးတော်*****
0 comment:
Post a Comment